ရွှေအက်ဖ်အမ်က ဂီတဆုက အမြဲအမှတ်တရ ဖြစ်နေမှာပါဆိုတဲ့ နေတိုး

ရန်ကုန် ဒီဇင်ဘာ ၃၁-၂၀၁၈
သင်းသဒ္ဒါ(VOM)

လရောင်ချော့တေးနဲ့ ရွှေFM ကဆု ရခဲ့တဲ့ ပရိသတ်အချစ်တော် အကယ်ဒမီနေတိုးကတော့ ကျွန်တော့် ဘဝမှာ ဂီတနဲ့ပတ်သက်ပြီး မှတ်မှတ်ရရ ရခဲ့တဲ့ဆုအတွက် အမြဲအမှတ်တရ ဖြစ်နေမှာပါလို့ ဆိုပါတယ်။

ရွှေ FM ၉ နှစ်ပြည့် ” ရွှေ FM ပွဲနေ့က ပုဂံမှာ ကားရိုက်နေလို့ ကျွန်တော် မရောက်ဖြစ်လိုက်လို့ သီချင်း တောင်း ပေးတဲ့ ပရိသတ်တွေကို စင်ပေါ်မှာ ကျေးဇူးတင်စကား ပြောခွင့်မရလိုက်လို့ ဒီနေရာကပဲ ကျေးဇူးတင်ကြောင်း ပြောပါရစေ၊ ရုပ်ရှင်ဇာတ်ဝင်သီချင်းတွေကို ကျွန်တော်တို့ရင်ထဲမှာ ဖြစ်ပေါ်လာတဲ့ ဂီတကို တင်ဆက်ခွင့်ရခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်၊ ဒီသီချင်းလေးအပေါ် ကျွန်တော်နဲ့ တစ်သားတည်းဖြစ်ပြီး ဇာတ်ကားနဲ့လည်း အရမ်းကို လိုက်ဖက်တဲ့ သီချင်းလေး ဖြစ်သွားတာပါ၊ပရိသတ်နားထောင်တဲ့ အချိန်မှာရော ကြည့်တဲ့အချိန်မှာပါ ရသတစ်ခုကို ထိထိရောက်ရောက်ခံစားနေရတယ် လို့ ကျွန်တော် မြင်ပါတယ်၊ ဒီလိုဆိုနိုင်အောင် ဒီသီချင်းကို ဖန်တီးနိုင်အောင် အဓိကပံ့ပိုး ပေးခဲ့တဲ့ အန်တီဝါတို့ ပြီးတော့ ထုတ်လုပ်ရေးအပါအဝင် တစ်ဖွဲ့လုံးကို ကျေးဇူး တင် ပါတယ်၊ ပြီးတော့ သီချင်းတောင်းပေးတဲ့ ပရိသတ်တွေကို ကျေးဇူးတင်တယ်”လို့ ဆိုပါတယ်။

သူကတော့ ဇန်န၀ါရီ ၁၁ ရက်နဲ့ ၁၂ ရက်မှာကပြဖျော်ဖြေမယ့် နှင်းဆီပုဝါခြုံတဲ့လက် အငြိမ့်မှာ လူရွှင်တော် အဖြစ်နဲ့ပါဝင်ဖို့အတွက် ကျော်ကျော်ဗိုလ်၊ မင်းမော်ကွန်း၊ထွန်းထွန်း ၊ ရဲလေး၊မိုးယုစံ၊ မိုးပြည့်ပြည့် မောင် ၊ဖိုးစုံ တို့ နဲ့အတူ ပြတ်လုံးတွေတိုက်နေတယ်လို့ သိရပါတယ်။

“ဒီဆုကိုလည်း ပရိသတ်တွေအတွက် ရည်စူးပြီး အလှူတစ်ခု လုပ်ပေးမှာပါ၊ဒီအငြိမ့်မပြီးခင် ဒါမှမဟုတ် အချိန်ရရင် တစ်ရက်မှာလှူပေးဖြစ်မှာပါ၊ ဘယ်လို လှူ ဖြစ်မလဲဆိုတာကိုတော့ တိုင်ပင်လိုက်ပါဦးမယ်၊ ထိရောက်ပြီး ပရိသတ်ရော ကျွန်တော်လည်း သွားရလာရတာ အဆင်ပြေမယ့် နေရာတစ်ခုမှာ လှူ ဖြစ်ဖို့ များပါတယ်”လို့ဆိုပါတယ်။

#voiceofmyanmar#​နေတိုး#
ဓာတ်ပုံ နေတိုဖေ့စ်ဘွတ်​ခ

Related posts

Leave a Comment

VOM News

FREE
VIEW