ဈေးဝယ်လာတဲ့ လူငယ်တစ်ဦး မိုင်းနင်းမိပြီး ဒဏ်ရာရရှိ

ကျောက်တော်၊ဒီဇင်ဘာ ၃၁-၂၀၁၈ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကျောက်တော်မြို့နယ်အတွင်း အခုလ ၂၉ ရက်နေ့ နေ့လည် ၂ နာရီလောက်က မိုင်းနင်းမိပြီး ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီလူငယ်ဟာ ကျောက်တော်မြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ် နယ်စပ်မှာရှိတဲ့ လိပ်ဖာကျေးရွာက မောင်မင်းမင်း (ဘ) ဦးထွန်းအောင်ကျော် ၁၆ နှစ်ဟာ အဲဒီနေ့က အစ်ကိုဖြစ်သူ ဦးကျော်သိန်းနဲ့အတူ ခမောင်းကျေးရွာကို ဈေးဝယ်လာစဉ် လမ်းမှာ မြေမြှုပ်မိုင်းနင်းမိခဲ့တာဖြစ်ပါတယ်။ “မိုင်းနင်းမိတဲ့ကလေးက အသက် ၁၆ နှစ်ပါ။ သူတို့ညီအစ်ကိုနှစ်ဦးဟာ ဆန်၊ဆီ၊ ဆားစတဲ့ အစားအစာတွေဝယ်ဖို့အတွက် လာကြတာလို့သိရတယ်။ အဲဒီမှာ ခမောင်းကျေးရွာနားအကိုအရောက်မှာ ချောင်းကမ်းစပ်မှာ မိုင်းနင်းမိတယ်လို့ပြောပါ တယ်။”လို့ ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ထွန်းဝင်းက ပြောပါတယ်။ ခမောင်းကျေးရွာမှာ ပုဏ္ဏားကျွန်းမြို့နယ် သင်းပုန်းတန်းကျေးရွာအုပ်စုအတွင်းက ကျေးရွာတစ်ရွာဖြစ်ပြီး အိမ်ခြေ ၁၀ အိမ်အောက်သာရှိကြောင့်နဲ့ သွားလာရေးခက်ခဲ့တဲ့ကျေးရွာဖြစ်ပြီး အဲဒီကျေးရွာသားတွေဟာ…

Read More

လီဗာပူးနဲ့ပွဲရှုံးရင် ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ အဆုံးသတ်သွားမယ်လို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာ ဖွင့်ဟ

မန်ချက်စတာ၊ ဒီဇင်ဘာ-၃၁ ရန်နိုင်ထွန်း(VOM) ဇန်န၀ါရီ ၃ ရက်မှာ မန်စီးတီးရဲ့ အိမ်ကွင်းမှာ လက်ခံကစားရမယ့် လီဗာပူးအသင်းနဲ့ ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ အဆုံးသတ်သွားမှာဖြစ်တယ်လို့ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ဖွင့်ဟပြောဆိုလိုက်ပါတယ်။ မိမိတို့ကံမကောင်းစွာနဲ့ပွဲစဉ်နှစ်ပွဲရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုအချိန်မှာဘဲ ဥရောပ အကောင်းဆုံးအသင်း သို့မဟုတ် ကမ္ဘာပေါ်မှာ အကောင်းဆုံးဆိုတဲ့ အသင်းနဲ့ ယှဉ်ပြိုင်ရတော့မှာဖြစ်ပြီး ဒီပွဲမှာသာ ရှုံးနိမ့်ခဲ့ရင် အားလုံးအဆုံးသတ်သွားမှာ ဖြစ်ပြီး ဇာတ်သိမ်းသွားမှာပါ။ လီဗာပူးကို ပြန်လိုက်မှီဖို့ဆိုတာ လုံးဝနီးပါးမဖြစ်နိုင်တော့ပါဘူး လို့ ၎င်းက ဆိုပါတယ်။ လက်ရှိ ပရီးမီးယားလိဂ်ပွဲစဉ် ၂၀ ကစားပြီးချိန်မှာတော့ လီဗာပူးအသင်းက ၅၄ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး မန်စီးတီးအသင်းကတော့ ၄၇ မှတ်ရရှိထားကာ နှစ်သင်းအကြား ခုနှစ်မှတ်ကွာဟနေတာဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ခြေစွမ်းတည်ငြိမ်ပြီး တောင့်တင်းတဲ့ အသင်းဖြစ်ပေမယ့် မန်စီးတီးအိမ်ကွင်း အီသီဟတ်မှာ ကစားရမှာဖြစ်လို့ မိမိတို့ရဲ့…

Read More

ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် ရှိတ်ဟာဆီနားရဲ့ အာဏာရပါတီ အပြတ်အသတ်အနိုင်ရ

ဒါကာ၊ ဒီဇင်ဘာ ၃၁-၂၀၁၈ မျိုးဆက် (VOM) မနေ့က ကျင်းပခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်ရှိတ်ဟာဆီနာရဲ့ အာဏာရပါတီက အပြန်အသတ်အနိုင်ရခဲ့ပြီး ၎င်းရဲ့ ဝန်ကြီးချုပ် တတိယသက်တမ်း အတွက် အနိုင်သေချာသွားပြီဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာ ၃၁ ရက်မှာ ပြောပါတယ်။ ဝန်ကြီးချုပ် ဟာဆီနာရဲ့ အာဏာရပါတီနဲ့ ၎င်းရဲ့ မဟာမိတ်တွေဟာ ပါလီမန်အမတ်နေရာ ၃၀၀ မှာ ၂၈၈ နေရာအနိုင်ရခဲ့ပြီး ယခင်ရွေးကောက်ပွဲထက် ပိုမိုသာလွန်စွာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ အတိုက်အခံများကတော့ အဆိုပါရွေးကောက်ပွဲဟာ အဓိပ္ပါမယ်မရှိတဲ့ ရွေးကောက်ပွဲအဖြစ် ပြစ်တင်ဝေဖန်ခဲ့ကြပြီး အကြမ်းဖက်မှုတွေ၊ ခြိမ်ခြောက်တောင်းဆိုမှုတွေ၊ မဲသမာမှုတွေနဲ့ ရုပ်ဆိုးအကျည်းတန်ခဲ့တယ်လို့ ဆိုပါတယ်။ အတိုက်အခံတွေအနေနဲ့ အမတ်နေရာ ခုနှစ်နေရာသာ အနိုင်ရရှိခဲ့ပြီး ရွေးကောက်ပွဲပြန်လည်ကျင်းပပေးဖို့လည်း တောင်းဆိုထားကြပါတယ်။ အဓိပ္ပါယ်မရှိတဲ့ ရွေးကောက်ပွဲရလဒ်ကို ချက်ချင်းပယ်ဖျက်ပေးဖို့ ရွေးကောက်ပွဲကော်မရှင်ကို မိမိတို့တိုက်တွန်းကြောင်း အတိုက်အခံခေါင်းဆောင် ခါမယ်ဟို့စိန်းက ပြောပါတယ်။ နိုင်ငံတစ်ဝန်းမှာ မဲမသမာမှုများတွေနဲ့…

Read More

ကလေးတွင် စိတ်ကြွဆေး အပြား ၁ ​သောင်း ဖမ်းမိ

ကလေးlဒီဇင်ဘာ ၃၁-၂၀၁၈ သူရိယထက်​(VOM) စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ဘိန်းဖြူ ၁.၀၈၉ ကီလိုနှင့် စိတ်ကြွဆေးပြား အပြား၁​သောင်းကို ဒီဇင်ဘာ ၂၉ ရက်နေ့ နံနက် ၃ နာရီခန့်က တာဟန်းရပ်ကွက်ရှိ နေအိမ်​အနီးမှာ သတင်းအရ ရဲတပ်ဖွဲ့ဝင်​တွေက စောင့်ကြည့်နေစဉ် ခြံဝင်းအတွင်းက​နေ ငြိမ်းချမ်း (၂၅)နှစ်၊ (ဖ)ဦးမြင့်ရှိန်၊ တမူးမြို့နေသူ မောင်းလာတဲ့ ဆိုင်ကယ်ထွက်လာတာ​ကြောင့်​ ရပ်တန့်စစ်ဆေးရာက​​နေ ဖမ်းဆီးရမိခဲ့ပါတယ်​။ ဖမ်းဆီးရမိရာတွင်​ဆပ်ပြာခွက် ၉၉ ခွက်ဖြင့်ထည့်ထားသည့် ဘိန်းဖြူ ၁.၀၈၉ ကီလို(၁ ကီလိုလျှင် ၁၀၀,၀၀၀,၀၀၀ ကျပ်နှုန်းဖြင့် ၁၀၈,၉၀၀,၀၀၀ ကျပ်)အား ဖမ်းဆီးရမိခဲ့ပါတယ်​။ သတင်းအရ ​ဆက်လက်ရှာဖွေရာ အိမ်ရှင် ဒေါ်ကပ်လျန်ဆုန်(၅၀)နှစ်အား စိတ်ကြွဆေးပြား ၁၄၉၄၀ ပြား(၁ ပြားလျှင် ၃,၀၀၀ ကျပ်နှုန်းဖြင့် ၄၄,၈၂၃,၀၀၀ ကျပ်)နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ကလေးမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ​ပြောပါတယ်​။ ကလေးမြို့မရဲစခန်းက မူးယစ်(ပ)၁၉၁/၂၀၁၈၊…

Read More

နျူကလီယားအရေးဆွေးနွေးဖို့ တောင်ကိုရီးယားသမ္မတနဲ့ မကြာခဏ တွေ့မယ်လို့ ကင်ဂျုံအန်ကတိပြု

ဆိုးလ်၊ ဒီဇင်ဘာ ၃၁-၂၀၁၈ မျိုးဆက် (VOM) နျူကလီးယားစွန့်လွှတ်ရေး ဆွေးနွေးဖို့အတွက် လာမယ့်နှစ်မှာ တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်နဲ့ မကြာခဏ တွေ့ဆုံသွားမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ကတိပြုပြောဆိုလိုက်ပါတယ်။ နှစ်နိုင်ငံအကြား ငြိမ်းချမ်းရေးရရှိဖို့နဲ့ ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးပြသနာကို အတူတကွဖြေရှင်းဖို့ ဆန္ဒရှိနေတယ်လို့ တောင်ကိုရီးယားသို့ ကြုံတောင့်ကြုံခဲ ပေးပို့ခဲ့တဲ့ စာတစ်စောင်မှာ ကင်ဂျုံအန်က ရေးသားထားတယ်လို့ သမ္မတမွန်ဂျေးအင်ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် ၂၀၁၈ ခုနှစ်အတွင်း တောင်ကိုရီးယားကို လာရောက်နိုင်ခြင်းမရှိတဲ့ အတွက် များစွာနောင်တရမိတယ်လို့လည်း ကင်ဂျုံအန်က ထည့်သွင်းပြောဆိုထားပါတယ်။ စက်တင်ဘာလအတွင်းက မြောက်ကိုရီးယားသို့ သမ္မတမွန်ဂျေးအင် သွားရောက်ပြီးနောက် တောင်ကိုရီးယားနိုင်ငံသို့ လာရောက်မယ်လို့ ကင်ဂျုံအန်က ကတိပြုပြောဆိုခဲ့တာဖြစ်ပါတယ်။ ကင်ဂျုံအန်ထံမှ စာကိုဘယ်လိုလက်ခံရရှိတယ်ဆိုတာကို သမ္မတမွန်ဂျေးအင်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ပြောဆိုခြင်းမရှိပေမယ့် အဆိုပါစာဟာ ရင်းနှီးနွေးထွေးတဲ့အကြောင်းအရာတွေပါကြောင်းနဲ့ အနာဂါတ်အခြေအနေတွေကိုကြည့်ပြီး တောင်ကိုရီးယားကို လာရောက်ရန် ခိုင်မာစွာဆုံးဖြတ်ထားတယ်လို့ ကင်ဂျုံအန်က ရေးသားထားတယ်လို့…

Read More

ဖောင်းပြင်မြို့၌ မိန်းမဖြစ်သူက ခင်ပွန်း ကို တုတ်ဖြင့် ရိုက်သတ်မှုဖြစ်ပွား

ဖောင်းပြင် ဒီဇင်ဘာ ၃၁-၂၀၁၈ မိုင်​ချယ်​ရီ(VOM) စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ သရက်ကုန်းကျေးရွာမှာ ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေပိုင်း အချိန်က မူးယစ်ဆေးဝါးဝယ်ရန် ပိုက်ဆံတောင်းရာ ပိုက်ဆံမပေးတဲ့ မိန်းမ ကို ရန်ရှာလည်ပင်းညှစ်တဲ့ ခင်ပွန်း ဖြစ်သူကို မိန်းမဖြစ်သူက တုတ်နဲ့ ရိုက်သတ်တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ ဖောင်းပြင်မြို့မရဲစခန်း ကနေ သိရပါတယ်။ ခင်ပွန်းဖြစ်သူ တောင်းတဲ့ ငွေကို မပေးတာကြောင့် ခင်ပွန်းဖြစ်သူ က မိန်းမဖြစ်သူ ကို လည်ပင်းညှစ်ပြီး လက်သီးနဲ့ ထိုးတာကြောင့် သစ်သားထင်းချောင်းနဲ့ ခင်ပွန်းဖြစ်သူကို ရိုက်လိုက်ရာကနေ ခင်ပွန်းဖြစ်သူ ရဲ့ ဦးခေါင်း နောက်စေ့ပြဲဒဏ်ရာ ၊ညာဖက် အပေါ်နှုတ်ခမ်းပေါက်ပြဲ ဒဏ်ရာ ၊ ဘယ် ညာ အပေါ်မျက်ခုံး ချိုင့်ဝင် ဒဏ်ရာ ၊နဖူးပေါက်ပြဲ ဒဏ်ရာတွေ ရရှိပြီး အရိုက်ခံရတဲ့ နေရာမှာ…

Read More

ရွှေအက်ဖ်အမ်က ဂီတဆုက အမြဲအမှတ်တရ ဖြစ်နေမှာပါဆိုတဲ့ နေတိုး

ရန်ကုန် ဒီဇင်ဘာ ၃၁-၂၀၁၈ သင်းသဒ္ဒါ(VOM) လရောင်ချော့တေးနဲ့ ရွှေFM ကဆု ရခဲ့တဲ့ ပရိသတ်အချစ်တော် အကယ်ဒမီနေတိုးကတော့ ကျွန်တော့် ဘဝမှာ ဂီတနဲ့ပတ်သက်ပြီး မှတ်မှတ်ရရ ရခဲ့တဲ့ဆုအတွက် အမြဲအမှတ်တရ ဖြစ်နေမှာပါလို့ ဆိုပါတယ်။ ရွှေ FM ၉ နှစ်ပြည့် ” ရွှေ FM ပွဲနေ့က ပုဂံမှာ ကားရိုက်နေလို့ ကျွန်တော် မရောက်ဖြစ်လိုက်လို့ သီချင်း တောင်း ပေးတဲ့ ပရိသတ်တွေကို စင်ပေါ်မှာ ကျေးဇူးတင်စကား ပြောခွင့်မရလိုက်လို့ ဒီနေရာကပဲ ကျေးဇူးတင်ကြောင်း ပြောပါရစေ၊ ရုပ်ရှင်ဇာတ်ဝင်သီချင်းတွေကို ကျွန်တော်တို့ရင်ထဲမှာ ဖြစ်ပေါ်လာတဲ့ ဂီတကို တင်ဆက်ခွင့်ရခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်၊ ဒီသီချင်းလေးအပေါ် ကျွန်တော်နဲ့ တစ်သားတည်းဖြစ်ပြီး ဇာတ်ကားနဲ့လည်း အရမ်းကို လိုက်ဖက်တဲ့ သီချင်းလေး ဖြစ်သွားတာပါ၊ပရိသတ်နားထောင်တဲ့ အချိန်မှာရော ကြည့်တဲ့အချိန်မှာပါ ရသတစ်ခုကို ထိထိရောက်ရောက်ခံစားနေရတယ် လို့ ကျွန်တော်…

Read More
VOM News

FREE
VIEW