ကလေးတွင် စိတ်ကြွဆေး အပြား ၁ ​သောင်း ဖမ်းမိ

ကလေးlဒီဇင်ဘာ ၃၁-၂၀၁၈
သူရိယထက်​(VOM)

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ဘိန်းဖြူ ၁.၀၈၉ ကီလိုနှင့် စိတ်ကြွဆေးပြား အပြား၁​သောင်းကို ဒီဇင်ဘာ ၂၉ ရက်နေ့ နံနက် ၃ နာရီခန့်က တာဟန်းရပ်ကွက်ရှိ နေအိမ်​အနီးမှာ သတင်းအရ ရဲတပ်ဖွဲ့ဝင်​တွေက စောင့်ကြည့်နေစဉ် ခြံဝင်းအတွင်းက​နေ ငြိမ်းချမ်း (၂၅)နှစ်၊ (ဖ)ဦးမြင့်ရှိန်၊ တမူးမြို့နေသူ မောင်းလာတဲ့ ဆိုင်ကယ်ထွက်လာတာ​ကြောင့်​ ရပ်တန့်စစ်ဆေးရာက​​နေ ဖမ်းဆီးရမိခဲ့ပါတယ်​။

ဖမ်းဆီးရမိရာတွင်​ဆပ်ပြာခွက် ၉၉ ခွက်ဖြင့်ထည့်ထားသည့် ဘိန်းဖြူ ၁.၀၈၉ ကီလို(၁ ကီလိုလျှင် ၁၀၀,၀၀၀,၀၀၀ ကျပ်နှုန်းဖြင့် ၁၀၈,၉၀၀,၀၀၀ ကျပ်)အား ဖမ်းဆီးရမိခဲ့ပါတယ်​။

သတင်းအရ ​ဆက်လက်ရှာဖွေရာ အိမ်ရှင် ဒေါ်ကပ်လျန်ဆုန်(၅၀)နှစ်အား စိတ်ကြွဆေးပြား ၁၄၉၄၀ ပြား(၁ ပြားလျှင် ၃,၀၀၀ ကျပ်နှုန်းဖြင့် ၄၄,၈၂၃,၀၀၀ ကျပ်)နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ကလေးမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ​ပြောပါတယ်​။

ကလေးမြို့မရဲစခန်းက မူးယစ်(ပ)၁၉၁/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၀(က)/၂၁ ဖြင့် အမှုဖွင့်စစ်ဆေး၍ ကွင်းဆက်ဖော်ထုတ်လျက်ရှိပါတယ်​။

#voiceofmyanmar#က​လေး#​ဆေးပြား၁​သောင်းမိ#

Related posts

Leave a Comment

VOM News

FREE
VIEW