ရန်ကုန် ၊ဧပြီ ၂၇-၂၀၁၉ TGH(VOM) ခွေးကိုက်ခံရပြီး ချက်ခြင်း ခွေးရူးပြန်ကာကွယ်ဆေးထိုးနှံမှုတွေ မပြုလုပ်ဘူးဆိုရင် ခွေးရူးပြန်ရောဂါဖြစ်ပွားပြီး အသက်ဆုံးရှုံးတာတွေ ပိုဖြစ်လာနိုင်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းတင်က သတိပေးပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်တိုင်း ၊ သာကေတမြို့နယ်မှာ အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး ခွေးရူးပြန်ရောဂါနဲ့ သေဆုံးသွားခဲ့တဲ့ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။ခွေးကိုက်ခံရမှု အကြိမ်ရေများပြားခဲ့ပြီး လူကြီးမိဘတွေကို အသိမပေးခဲ့ရာကနေ အချိန်လွန်ကာ ခွေးရူးပြန်ရောဂါဖြစ်ပွားပြီး သေဆုံးသွားခဲ့ရတာဖြစ်ပါတယ်။ “ခွေးရူးပြန်ရောဂါနဲ့ သေဆုံးသွားတဲ့သူတွေရှိတယ်။ သေသွားသူတွေရဲ့ နောက်ကြောင်းကိုမေးကြည့်တဲ့အခါမှာ အသိနောက်ကျတာ ၊ ဆေးရုံးအလာနောက်ကျ ၊ဆေးထိုးနောက်ကျတာတွေကြောင့်သိရတယ်။ ခုနောက်ပိုင်း ခွေးကိုက်ခံရတဲ့ လူနာနှုန်းကတော့ ပိုများလာတယ်။ ဒါပေမယ့် ခွေးရူးပြန် ရောဂါကြောင့်သေဆုံးနှုန်းကတော့ လျော့လာတယ်လို့ ပြောလို့ရတယ် ။ခွေးကိုက်တယ်ဆိုရင် အမြန်ဆုံး ၊ အချိန်မလွန်ခင် ကာကွယ်ဆေးသွားထိုးပါ။ တကယ်လို့ ဆေးမထိုးဖြစ်ဘူးဆိုရင် ဒါထက်မက အသက်ဆုံးရှုံးမှုတွေဖြစ်နိုင်တယ်။…
Read MoreCategory: ကျန်းမာရေး
Dog Bite Center ရန်ကုန်က ဆေးရုံကြီး ၄ခုမှာ ဖွင့်မယ်
ရန်ကုန် ၊ ဧပြီ ၂၃-၂၀၁၉ TGH(VOM) မြန်မာတစ်နိုင်ငံလုံး ခွေးကိုက်ခံရမှုစာရင်းတွေအရ အများဆုံးဖြစ်နေတဲ့ ရန်ကုန်တိုင်းမှာ ခွေးကိုက်ခံရတဲ့လူနာတွေကို ကုသပေးမယ့် Dog Bite Center ကို ဆေးရုံကြီး လေးခုမှာ မေလ အကုန်စတင်ဖွင့်လှစ်သွား မယ်လို့ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းတင်က ပြောပါတယ်။ ” တိုင်းနဲ့ပြည်နယ် အားလုံးကနေ တင်ပြလာတဲ့ သတင်းအချက်အလက်တွေအရ ခွေးကိုက်ခံရမှုအများဆုံးက ရန်ကုန်နဲ့ မန္တလေးဖြစ်တယ်။ ဒါကြောင့် ဒီနေရာတွေကို အရင်းဆုံးစတင်မယ်။ လက်ရှိမှာလည်း ပြင်ဆင်မှုတွေလုပ်နေတယ်။ ဒီလို ခွေးကိုက်ခံရတဲ့လူနာတွေအတွက် ကုသရေးဌာန ဖွင့်လှစ်တာက ခုလုပ်နေတဲ့ လုပ်ငန်းတွေကိုပိုပြီး ထိထိရောက်ရောက်လုပ်ဆောင်ဖို့နဲ့ ဆေးအလေအလွင့်တွေမရှိအောင် ထိန်းသိန်းနိုင်ဖို့ဖြစ်ပါတယ်။ ရန်ကုန်မှာ ဖွင့်တာနဲ့ တစ်ပြိုင်တည်းပဲ မန္တလေးမှာလည်း ဖွင့်ဖို့ကိုလုပ်နေတယ်” လိှု့ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းတင်ကဆိုပါတယ်။ ရန်ကုန်တိုင်းထဲမှာ လူနာတွေသွားလာရလွယ်ကူမယ့် နေရာတွေကို…
Read Moreမြန်မာနိုင်ငံထဲကို ၀က်အပြင်းဖျားရောဂါမ၀င်ရောက်နိုင်ဖို့ တင်သွင်းမှုတွေကန့်သတ်
မတ် ၁၂ -၂၀၁၉ TGH ( VOM) မြန်မာနိုင်ငံထဲကို အာဖရိက ၀က်အပြင်းဖျားရောဂါကူးစက်ဝင်ရောက်မှု မရှိစေဖို့ အတွက် ၄င်းရောဂါဖြစ်ပွားနေတဲ့ တရုတ်နိုင်ငံအပါအ၀င် တခြားနိုင်ငံအချို့ကနေ ၀က်နဲ့ ဆက်စပ် ပစ္စည်းတင်သွင်းမှုကန့်သတ်ထားသလို တရားမ၀င်လမ်းကြောင်းတွေကနေ ၀င်ရောက်မှု မရှိစေဖို့ကိုလည်း လုပ်ဆောင်နေတယ်လို့သိရပါတယ်။ ဒီလိုကန့်သတ်ထားမှုနဲ့ပတ်သက်ပြီး စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းရေးဝန်ကြီးဌာန ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဘက်ကနေ မွေးမြူရေးလုပ်ငန်းအတွက် ၀က်သားပေါက်တင်သွင်းခွင့်ပြုဖို့ အဆိုပြုချက်တစ်ခု ဆွေးနွေးတောင်းဆိုထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောပါတယ်။ “ ရောဂါမရှိတဲ့နိုင်ငံတွေကနေ မွေးမြူရေးလုပ်ငန်းအတွက် အဓိကဖြစ်တဲ့ ၀က်သားပေါက်တင်သွင်းခွင့်ပြုဖို့ စိုက် / မွေး ဘက်ကနေ ဆွေးနွေးတောင်းဆိုထားတယ်။ အကြမ်းဖျင်း ဆွေးနွေးတဲ့ အတွင်းဝန်ခြင်း ပူးပေါင်းအစည်းအဝေးမှာပေါ့။ တစ်ဖက်နိုင်ငံက ရောဂါကင်းရှင်းကြောင်း အသိအမှတ်ပြုလက်မှတ်တောင်းတယ် ပြီးရင် စစ်ဆေးမှုတွေလည်း လုပ်မယ်ပေါ့။ဒါလည်းဆွေးနွေးမှုတွေလုပ်ရအုံးမှာပါ။သူတို့ပြောတာက ပြည်တွင်းမှာက ၀က်သားပေါက်တွေကို…
Read Moreသက်ရှိထင်ရှား အသက်အရှည်ဆုံးပုဂ္ဂိုလ်အဖြစ် အသက် ၁၁၆ နှစ်အရွယ်ဂျပန်အဖွား ဂင်းနစ်စံချိန်တင်
တိုကျို၊ မတ်-၉-၂၀၁၉ မျိုးဆက် (VOM) ကမ္ဘာပေါ်တွင် သက်ရှိထင်ရှားရှိတဲ့ အသက်အရှည်ဆုံး ပုဂ္ဂိုလ်အဖြစ် ဂျပန်နိုင်ငံမှ အသက် ၁၁၆ နှစ်အရွယ်အမျိုးသမီးတစ်ဦးကို ကမ္ဘာ့စံချိန် ဂင်းနစ်မှတ်တမ်းမှာ ထည့်သွင်းသတ်မှတ်လိုက်ပါတယ်။ Kane Tanaka လို့အမည်ရတဲ့ အဆိုပါ ဂျပန်အမျိုးသမီးကို ဂျပန်နိုင်ငံအနောက်တောင်ပိုင်း ဖူကူအိုကာရှိ ၎င်းနေထိုင်ရာ စောင့်ရှောက်ရေးဂေဟာမှာ မတ် ၉ ရက်က အခမ်းအနားတစ်ခုကျင်းပပြီး အသိအမှတ်ပြုခဲ့တာဖြစ်ပါတယ်။ Tanaka ကို ၁၉၀၃ ခုနှစ် ဇန်န၀ါရီ ၂ ရက်နေ့မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။ ၁၉၂၂ ခုနှစ်မှာ Hideo Tanaka နဲ့လက်ထပ်ခဲ့ပြီး ကလေးလေးယောက်မွေးဖွားခဲ့ကာ နောက်ထပ်ကလေးငယ်တစ်ဦးကို မွေးစားခဲ့ပါတယ်။ ယခင်က အသက်ရှင်လျက်ရှိတဲ့ အသက်အကြီးလူအဖြစ် သတ်မှတ်ခံရသူမှာလည်း ဂျပန်အမျိုးသမီးတစ်ဦးဖြစ်သူ Chiyo Miyako ဖြစ်ပြီး လွန်ခဲ့တဲ့ ဇူလိုင်လက အသက် ၁၁၇ နှစ်အရွယ်မှာ…
Read Moreကျမ္မာရေးမှူးတွေကို စွမ်းရည်မြှင့်ပေးမယ့်စီမံကိန်း စတော့မည်
ရန်ကုန် ၊ မတ် ၃ -၂၀၁၉ TGH (VOM) သိန်းပေါင်း ၇၀၀၀ ၀န်းကျင်လောက်ကုန်ကျမယ့် ၅ နှစ်စာမဟာဗျူဟာစီမံကိန်းကို မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းက ဒီကနေ့မှာစတင်မိတ်ဆက်ခဲ့ပါတယ်။ ဒီစီမံကိန်းကို လာမယ့် ဇွန်လမှာစတင်လုပ်ဆောင်မှာဖြစ်ပါတယ်။ ဒီစီမံကိန်းကနေ ကျန်းမာရေးမှူးတွေရဲ့ စွမ်းရည်တွေနဲ့ ပြည်သူတွေအတွက် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်တွေကို လုပ်ဆောင်ပေးသွားမှာဖြစ်ကြောင်း ၊ ဒီထဲမှာ တီဗီရောဂါ ၊ ငှက်ဖျားရောဂါ ၊ ရေနဲ့သန့်ရှင်းရေး စတဲ့ လုပ်ငန်းတွေပါဝင်ပါတယ်။ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းအနေနဲ့ ပြည်နယ်နှင့်တိုင်းဒေသကြီးတွေမှာရှိတဲ့ မြို့ပေါင်း ၃၀၇ ခုမှာ အသင်းဖွဲတွေစည်းထားကြောင်းနဲ့ ခုဆိုရင် အဖွဲ့ဝင်ပေါင်း ၅၀၀၀ ကျော်အပြင် နိုင်ငံတကာအလှူရှင်အဖွဲ့ ၆ ဖွဲ့ ၊ မိတ်ဖက်အဖွဲ့အစည်း ၁၁ ဖွဲ့ ရှိနေပြီလို့သိရပါတယ်။ အဲဒီအသင်းဟာဆိုရင် နိုင်ငံသားတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို စီမံချက်ရေးဆွဲလုပ်နေတဲ့အဖွဲ့တစ်ခုပဲဖြစ်ပါတယ်။ #voiceofmyanmar #ကျမ္မာရေးမှူး
Read Moreအိန္ဒိယနိုင်ငံမှာ အဆိပ်သင့်ချက်အရက်တွေသောက်လို့ လူ ၁၃၀ သေဆုံး
ဒေလီ၊ ဖေဖော်ဝါရီ-၂၄-၂၀၁၉ မျိုးဆက် (VOM) အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းမှာ အဆိပ်သင့်နေတဲ့ မှောင်ခိုအရက်တွေကို သောက်မိတာကြောင့် လူပေါင်း ၁၃၀ ဦးသေဆုံးသွားပြီး လူ ၂၀၀ ကျော်ကိုဆေးရုံတင်ထားရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ နိုင်ငံမြောက်ပိုင်းရှိ ဥတာပရာဒက်နဲ့ ဥတာရာခန် ပြည်နယ်တွေမှာ မှောင်ခိုအရက်တွေကြောင့် လူ ၁၀၀ခန့်သေဆုံးခဲ့ပြီးနောက် ရက်ပိုင်းအကြာ ဖေဖော်ဝါရီ ၂၄ ရက်မှာ အာသံပြည်နယ်အတွင်းမှာ နောက်ထပ် ၃၅ ဦးသေဆုံးခဲ့တာဖြစ်ပါတယ်။ ယင်းဖြစ်စဉ်နဲ့ပတ်သက်ပြီး လူဆယ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ အဆိပ်မိသူတွေထဲမှာ အမျိုးသမီးတွေလည်းပါဝင်ပြီး ၎င်းတို့အားလုံးဟာ အာသံပြည်နယ်ရှိ လက်ဖက်စိုက်ခင်းတွေမှာ အလုပ်လုပ်ကိုင်နေသူတွေဖြစ်ကြပါတယ်။ ဒီလိုအဆိပ်သင့်မှုကြောင့် ဖေဖော်ဝါရီ ၂၁ ရက်က ပထမဆုံးလူသေဆုံးခဲ့တယ်လို့ ပြည်နယ်တာဝန်ရှိသူတွေက ပြောပါတယ်။ ၂၀၁၁ ခုနှစ်က အနောက်ဘန်ဂေါပြည်နယ်မှာ အရက်အဆိပ်သင့်မှုကြောင့် လူ ၁၇၀ သေဆုံးခဲ့တာထက်…
Read Moreဝက်သက်ရောဂါကာကွယ်ရေး ပျံကျရွေ့လျားနေထိုင်သူတွေပါဝင်ဖို့ QGIS စနစ်အသုံးပြုမယ်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၁၉ TGH (VOM) ရန်ကုန်တိုင်းအတွင်းက မြို့နယ် ၇ မြို့နယ်မှာ ဝက်သက်ရောဂါကာကွယ်ဆေး အပိုဆောင်း ထိုးနှံတဲ့ အခါ ပျံကျရွေ့လျားနေထိုင်သူတွေရဲ့ အချက်အလက်ကိုပါ အတိအကျသိရှိနိုင်မယ့် QGIS စနစ်သုံးပြီး ပထဝီမြေပြင် တည်နေရာနဲ့ သတင်းအချက်အလက် စနစ်အသုံးချ ဆောင်ရွက်သွားမယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဆိုပါတယ်။ ဒီစနစ်နဲ့ ပျံကျ ရွေ့လျားနေထိုင်သူတွေရဲ့ အချက်အလက်တွေကောက်ယူဖို့ ကနဦး စီစဉ်ထားတဲ့ နေရာတွေကတော့ အရှေ့ပိုင်းခရိုင် ထဲက ဒဂုံအရှေ့၊ ဒဂုံတောင်၊ ဒဂုံဆိပ်ကမ်းမြို့နယ်နဲ့ မြောက်ပိုင်းခရိုင်ထဲက လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ အင်းစိန်မြို့နယ်တွေဖြစ်ပါတယ်။ QGIS software အသုံးပြုဆောင်ရွက်တဲ့အခါ သက်ဆိုင်ရာ နေရာဒေသအလိုက် ကာကွယ်ဆေးထိုးရမယ့် ရပ်ကွက်၊ ကျေးရွာ၊ အိမ်ခြေ တွေရဲ့ တည်နေရာ၊ ကာကွယ်ဆေးထိုးနှံရမယ့် လူဦးရေ၊ ကျန်းမာရေးဌာနတည်နေရာ၊ ကာကွယ်ဆေးထိုးလုပ်ဆောင်ရွက်ရာမှာ…
Read Moreပိုးသတ်ဆေးမသုံးဘဲ အမာရွတ်ပေါ်မှာ တက်တူးထိုးမယ်ဆိုရင် ဘီပိုး ၊ စီပိုး ရောဂါပိုးတွေကူးစက်နိုင်တယ်
ရန်ကုန် ဖေဖော်ဝါရီ ၅-၂၀၁၉ TGH(VOM) နည်းစနစ်မကျတဲ့ နည်းလမ်းတွေနဲ့ အမာရွတ်ပေါ်မှာတက်တူးထိုးခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးက အသည်းရောင်အသားဝါ ၊ ဘီပိုး ၊ စီပိုး ရောဂါပိုးတွေကူးစက်နိုင်တာကြောင့် အထူးဂရုစိုက်ဖို့လိုအပ်တယ်လို့ အရေပြားအထူးကုဆရာဝန်ကြီး ဒေါက်တာစိုးဝင်းဦးကပြောပါတယ်။ “သေချာ ပရော်ဖက်ရှင်နယ်ဖြစ်တဲ့လူမှထိုးမယ်။ စနစ်ကျတဲ့ နည်းလမ်းကိုသုံးမယ်။ တကယ့်တက်တူးဆေး ကိုမှန်မှန်ကန်ကန်သုံးမယ်ဆိုရင်တော့ ကောင်းတယ်။ ဒါပေမယ့် မြန်မာပြည်မှာကတော့ ဘုရားပွဲမှာလည်း ထိုးနေတာပဲ။ ပြောရမယ်ဆိုရင် နိုင်ငံခြားမှာသွားထိုးမယ်ဆိုရင် တက်တူးကလိုင်စင်ရဖို့ လိုတယ်။ လိုင်စင်ရှိဖို့လိုတယ်။ ဘာလို့လိုင်စင်ရှိဖို့လိုလဲဆိုတော့ ဘယ်လိုဆေးကိုသုံးမှာလဲ။ ထိုးတဲ့သူက အတွေ့အကြုံရှိလား ၊အဲဒါမျိုးတွေပေါ်မှာ ကြပ်မတ်ဖို့လိုင်စင်လုပ်တာ။ ဒီမှာက ဘုရားပွဲမှာ ထောင်ဂဏန်းနဲ့ရတယ်။ နောက်ပြီးခုဆို သင်္ဘောဆေးနဲ့ထိုးလို့ရနေတယ်။ ပိုတောင်လှသေးတယ်။ တက်တူးဆေးထက်စိုသေးတယ်။ ဒါပေမယ့်ပြန်ဖျက်ချင်ရင် ဖျက်လို့မရဘူး။ ဒါမြန်မာပြည်မှာပဲရှိတယ်။ ပြောချင်တာက အနည်းဆုံးတော့ပိုးသတ်ထားရမယ်။ ပိုးသတ်မထားဘူးဆိုရင် ပိုးဝင်နိုင်တယ်၊ နောက်တစ် ခါအပ်ကိုသေချာမလုပ်ပဲ ပြန်သုံးတာလည်း ရောဂါပိုးကူးနိုင်တယ်။ ကူးရမယ်လို့မဆိုလိုဘူး။ ဒါပေမယ့် မြန်မာနိုင်ငံက…
Read Moreကလေးမြို့မှာ ပထမဆုံးအကြိမ်အဖြစ် ရင်ချင်းဆက်အမွှာပူးမွေးဖွား
ကလေး – ဖေဖော်ဝါရီ ၁- ၂၀၁၉ မိန်းကလေးရင်ခြင်းဆက် အမွှာ နှစ်ဦးကို ကလေးမြို့ ပြည်သူ့ဆေးရုံက အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့တယ်လို့ ကလေးမြို့ ပြည်သူ့ဆေးရုံကနေ သိရပါတယ်။ အောင်မင်္ဂလာရပ်ကွက် နယ်မြေ(၃) တွင်နေထိုင်တဲ့ ဦးကျော်ဇေယျရဲ့ဇနီး ဒေါ်သီတာဝင်း အသက်(၂၈) နှစ်ဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းက ကလေးမြို့ ပြည်သူ့ဆေးရုံမှာ ၈ပေါင်နဲ့ ၈အောင်စ ရှိတဲ့ ရင်ခြင်းဆက် အမွှာမိန်းကလေး တွေကို မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ကလေး အထူးကုဆရာဝန်ကြီးဒေါက်တာနုနုထွေး က “အခုက စောင့်ကြည့်နေတယ်။ ကျန်းမာရေးကောင်းတယ်ဆိုရင် မန္တလေးဆေးရုံ ကို လွှဲပြောင်းပြီး ခွဲစိတ်မှုတွေ ဆက်လုပ်သွားမှာပါ”လို့ ပြောပါတယ်။ ကလေးမြို့ပြည်သူ့ဆေးရုံကနေ ရင်ချင်းဆက်အမွှာ ကို ပထမဦးဆုံးအကြိမ် ခွဲစိတ် မွေးဖွားနိုင်ခဲ့တာ ဖြစ်ပြီး မြန်မာတစ်နိုင်လုံးမှာတော့ ရင်ခြင်းဆက် အမွှာ၇ မွှာ ကို…
Read Moreဂျပန်နိုင်ငံမှာ ၁၉၉၉ ခုနှစ်နောက်ပိုင်း တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေ ဒုတိယအမြင့်ဆုံးအဆင့်သို့ ရောက်ရှိ
၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီ-၂၉-၂၀၁၉ ဇီဝညို ၁၉၉၉ ခုနှစ်ကတည်းက စတင်ပြီး လေ့လာဆန်းစစ်မှုများ ပြုလုပ်နေခဲ့ရာ ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ တတိယပတ် တစ်ပတ်အတွင်းမှာ ဂျပန်နိုင်ငံက ဆေးရုံ၊ ဆေးခန်းတစ်ခုချင်းဆီကို လာရောက်ပြသခဲ့ကြတဲ့ တုပ်ကွေးလူနာဦးရေဟာ ဒုတိယအမြင့်ဆုံးကိန်းဂဏန်းအဆင့်ကို ရောက်ရှိနေကြောင်း ဂျပန်နိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ နိုင်ငံတ၀ှမ်းက ဆေးရုံ၊ ဆေးခန်းစုစုပေါင်း ငါးထောင်ကို ပုံမှန်စောင့်ကြည့်ခဲ့ရာမှာ တုပ်ကွေးလူနာ ပျမ်းမျှဦးရေဟာ ယခင်ရက်သတ္တပတ်မှာ ရှိခဲ့တဲ့ ပျမ်းမျှလူနာ (၁၅ ဒသမ ၃၇) ကနေ (၅၃ ဒသမ ၉၁) အထိ တစ်ပတ်အတွင်း မြင့်မားလာခဲ့ပြီးတော့ ဒီကိန်းဂဏန်းပမာဏဟာ ၂၀၁၈ ခုနှစ်က စံချိန်တင်တုပ်ကွေးလူနာဦးရေ (၅၄.၃၃) နောက်မှာ ဒုတိယလိုက်ခဲ့တာဖြစ်ကြောင်း ၀န်ကြီးဌာနက ကြေညာခဲ့ပါတယ်။ တစ်ပတ်တာကာလအတွင်း နိုင်ငံတ၀ှမ်း စုစုပေါင်းတုပ်ကွေးလူနာဦးရေ (၂ ဒသမ ၁၃)သန်း ရှိခဲ့ပြီးတော့…
Read More