ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံလုံးဆိုင်ရာ ညီလာခံကျင်းပရေး ရွှေ့ဆိုင်းဖို့ တရုတ်အစိုးရစဉ်းစားနေ ပေကျင်း၊ ဖေဖော်ဝါရီ-၁၈-၂၀၂၀ မျိုးဆက် (VOM) တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေတာကြောင့် မတ်လ ၅ ရက်မှာ စတင်ဖို့စီစဉ်ထားတဲ့ တရုတ်နိုင်ငံလုံးဆိုင်ရာ ညီလာခံကို ရွှေ့ဆိုင်းဖို့ တရုတ်အစိုးရက စဉ်းစားနေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ညီလာခံအမြဲတမ်းကော်မတီဝင်တွေဟာ ဖေဖော်ဝါရီ ၂၄ ရက်မှာ ဆွေးနွေးကြမှာဖြစ်တယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။ အမြဲတမ်းကော်မတီဟာ တောရိုင်းတိရိစ္ဆာန်ရောင်းဝယ်မှုနဲ့ စားသုံးမှုကိုတားမြစ်ခြင်းအပါအဝင် လူတွေအပေါ် သေစေနိုင်တဲ့ ဗိုင်းရပ်စ်ကူးစက်မှုကိုဖြစ်ပေါ်စေတဲ့ အလေ့အထတွေကို တားဆီးဖို့နည်းလမ်းတွေကိုလည်း ဆွေးနွေးသွားမှာဖြစ်ပါတယ်။ လာမယ့်နှစ်အတွက် မူဝါဒတွေချမှတ်ဖို့အတွက် နှစ်စဉ်ပြုလုပ်တဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံကို တရုတ်နိုင်ငံတစ်ဝန်းမှ ကိုယ်စားလှယ် ၃၀၀၀ နီးပါး တက်ရောက်လေ့ရှိပါတယ်။ ၁၉၉၈ ခုနှစ်မှစပြီး ညီလာခံကို မတ်လ ၅ ရက်မှာ ဖွင့်လှစ်လေ့ရှိပါတယ်။ လက်ရှိအချိန်ထိ တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၈၆၈…
Read MoreCategory: Lifestyle
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဆက်တိုက်ကျဆင်းသွားကြောင်း တရုတ်နိုင်ငံကြေညာ
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဆက်တိုက်ကျဆင်းသွားကြောင်း တရုတ်နိုင်ငံကြေညာ ပေကျင်း၊ ဖေဖော်ဝါရီ-၁၆-၂၀၂၀ မျိုးဆက် (VOM) တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တတိယမြောက်နေ့အဖြစ် ဆက်တိုက်ကျဆင်းသွားကြောင်း တရုတ်နိုင်ငံက ကြေညာလိုက်ပါတယ်။ နိုင်ငံတစ်ဝန်း ရောဂါဖြစ်ပွားမှုအသစ်တွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်အစောပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး ကူးစက်ခံရသူ ၂၀၀၉ ဦးရှိကာ သေဆုံးသူ ၁၄၂ ဦးရှိကြောင်း တရုတ်အာဏာပိုင်တွေက ဖေဖော်ဝါရီ ၁၆ ရက်မှာ ပြောပါတယ်။ လက်ရှိအချိန်ထိ တရုတ်နိုင်ငံမှာ ရောဂါကူးစက်ခံရသူ ၆၈၀၀၀ ဦးရှိပြီး သေဆုံးသူအရေအတွက် ၁၆၆၅ ဦးအထိ တိုးမြင့်လာပါတယ်။ တရုတ်နိုင်ငံပြင်ပ နိုင်ငံ ၃၀ နီးပါးမှာတော့ ရောဂါကူးစက်မှု ၅၀၀ ကျော်ရှိနေပြီး ပြင်သစ်၊ ဟောင်ကောင်၊ ဂျပန်နဲ့ ဖိလစ်ပိုင်တို့မှာ လူတစ်ဦးစီသေဆုံးခဲ့ကာ ပြင်သစ်နိုင်ငံမှာ သေဆုံးမှုကတော့ ဥရောပဒေသမှာ ပထမဆုံးသေဆုံးမှုဖြစ်ပါတယ်။ တရုတ်နိုင်ငံအတွင်း ရောဂါကူးစက်မှုတွေ ကျဆင်းလာတာဟာ ဗိုင်းရပ်စ်ကိုထိန်းချုပ်လာနိုင်တာကို ပြသခြင်းဖြစ်ကြောင်း…
Read Moreပလက်ဝမြို့နယ်မှာ ဝမ်းပျက်ဝမ်းလျောရောဂါစဖြစ်နေ
ပလက်ဝမြို့နယ်မှာ ဝမ်းပျက်ဝမ်းလျောရောဂါစဖြစ်နေ ကလေး ဖေဖော်ဝါရီ ၁၆-၂၀၂၀ ငြိမ်းသူမင်း(VOM) ချင်းပြည်နယ် တောင်ပိုင်း အစွန်ဆုံးက ပလက်ဝမြို့ ပြည်သူ့ဆေးရုံမှာ ဝမ်းပျက်ဝမ်းလျောရောဂါနဲ့ လာရောက်ဆေးကုသမှု ခံယူနေရသူ ပျမ်းမျှ အနေနဲ့ နှစ်ရက်ကို တစ်ဦးနှုန်း ရှိတယ်လို့သိရပါတယ်။ ပလက်ဝမြို့နယ် ပြည်သူ့ဆေးရုံကြီး က မြို့နယ်ဆရာဝန် ဒေါက်တာ စိုးသက်ဝင်း က ပြောပြတာကတော့ “ဆေးရုံပေါ်မှာ ခုလတ်တလောကတော့ လေးဦး ရှိပါတယ်။ ဒီလူတွေကတော့ ခု တစ်ရက် နှစ်ရက်ကမှ ရောက်လာတဲ့ လူနာတွေပါ။ ရာသီ အကူးအပြောင်းမှာ ကလေးတွေ ဖျားကြတယ်။ ဖျားပြီးတဲ့ အခါကျရင် ဝမ်းပျက်ဝမ်းလျော ဖြစ်လာတဲ့ သဘောရှိတယ်။ တစ်ယောက်နဲ့ တစ်ယောက်နဲ့ အစုလိုက် အပြုံလိုက် တစ်နေရာတည်းမှာ ဖြစ်နေတာမျိုးတော့ မဟုတ်ဘူး။ ရိုးရိုးဝမ်းပျက် ဝမ်းလျော ဖြစ်နေတာကို မိဘတွေက စိုးရိမ်လို့ ဆေးရုံလာတက်ကြတာ။ စိုးရိမ်ရလို့…
Read Moreမူဆယ်မှာ ဝူဟန်ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကာကွယ်တဲ့အနေနဲ့ ပြည်ထောင်စုနေ့မလုပ်
မူဆယ်မှာ ဝူဟန်ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကာကွယ်တဲ့အနေနဲ့ ပြည်ထောင်စုနေ့အခမ်းအနာမလုပ် ဖေဖေါ်ဝါရီ ၁၂-၂၀၂၀ ဖြူဖြူဖွေး(VOM) (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ရှမ်းပြည်နယ် ပင်လုံမြို့၌ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ကာ ရှမ်းပြည်နယ်အတွင်းကမြို့တွေမှာ ကျင်းပကြပေမယ့် မူဆယ်မှာတော့ တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ပြင်းထန်အဆုတ်ရောင် ရောဂါမဖြစ်ပွားစေရန် နှင့် ကူးစက်မှုမရှိစေရန် ကြိုတင်ကာကွယ်သောအနေဖြင့် လူစုလူဝေးလျော့ဖို့ မလုပ်တာလို့ သက်ဆိုင်ရာကသိရပါတယ်။ ” ကျွန်တော်တို့ရပ်မိရပ်ဖတွေပြောတာကတော့ မူဆယ်မြို့ဟာ တရုတ်နိုင်ငံနဲ့ အနီးစပ်ဆုံးနယ်နိမိတ်မှာရှိတဲ့အတွက် တရုတ်နိုင်ငံ ဝူဟန်မြို့တွင်စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ကြောင့် မလိုလားအပ်တဲ့ ရောဂါကူးတက်မှုတွေမဖြစ်အောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပါ။ဒီရောဂါကြီးက အကောင်လိုက်လာတာကို မမြင်ရတာကြောင့် ကြိုတင်ကာကွယ်မှတော်ကာကြမှာဖြစ်သောကြောင့် လူစုလူဝေးကို ဖြေလျော့ချင်းဖြင့် ရောဂါကိုကြိုတင်ကာကွယ်တာပါ” လို့ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသိန်းကျော်က ပြောပါတယ်။ အလားတူ ကိုရိုနာဗိုင်းရပ်ပိုး အန္တရာယ်ကြောင့်ဖေဖေါ်ဝါရီလ ၇…
Read Moreရွှေလီရဲက အကူအညီတောင်းခံခဲ့သူ ၅ ဦးအနက် ဒုတိယမြောက်တစ်ဦး ထပ်မံတွေ့ရှိ
ရွှေလီရဲက အကူအညီတောင်းခံခဲ့သူ ၅ ဦးအနက် ဒုတိယမြောက်တစ်ဦး ထပ်မံတွေ့ရှိ မူဆယ် ၊ဖေဖေါ်ဝါရီ ၁၂-၂၀၂၀ ဖြူဖြူဖွေး(VOM) တရုတ်နိုင်ငံရွှေလီရဲဌာနက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဆီ အကူအညီတောင်းခံခဲ့သူ ၅ ဦးအနက် ဒုတိယအကြိမ်မြောက် အမျိုးသားတစ်ဦး ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှသိရပါတယ်။ ယခုတွေ့ရှိတဲ့သူက ဖေဖေါ်ဝါရီ ၇ ရက်နေ့က ရွှေလီရဲဌာနကို လူကိုယ်တိုင်လာရောက်ခဲ့တာနဲ့ သူမှာ ကိုရိုနာဗိုင်းရပ်စ်ကူးဆက်ခံထားရမှုမရှိဘူးလို့လည်း ရွှေလီရဲဌာနက ဖေဖေါ်ဝါရီလ ၁၁ ရက်နေမှာ အကြောင်းပြန်လာပါတယ်။ ကျန် နေတဲ့သူများကိုလည်း ကျွန်တော်တို့ဘက်က သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး အပူတပြင်းရှာဖွေနေလျက်နဲ့ ယခုချိန်ထိမတွေ့သေးတာကလည်း တရုတ်နိုင်ငံအတွင်း လမ်းပန်းဆက်သွယ်ရေး များပိတ်ထားမှုကြောင့် ၎င်းတို့ရောက်ရှိရာမြို့တွေမှာ ပိတ်မိနေနိုင်တာလည်းဖြစ်နိုင်ပါတယ်လို့ မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးအောင်ထိန်လင်းက VOM သို့ပြောပါတယ်။ တရုတ်နိုင်ငံ ရွှေလီရဲဌာနမှ အကူအညီတောင်းခံတဲ့စာမှာ မူဆယ်ဒေသတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ သံသယရှိသူ တရုတ်နိုင်ငံသား ၅ ဦးရောက်ရှိနေကြောင်း ဖေါ်ပြထားပါတယ်အကြောင်းကြားစာအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့က…
Read Moreတရုတ်နိုင်ငံ စီချွမ်ပြည်နယ်မှာ H5N6 ငှက်တုပ်ကွေးဖြစ်ပွားနေ
တရုတ်နိုင်ငံ စီချွမ်ပြည်နယ်မှာ H5N6 ငှက်တုပ်ကွေးဖြစ်ပွားနေ ပေကျင်း၊ ဖေဖော်ဝါရီ-၁၁-၂၀၂၀ မျိုးဆက် (VOM) တရုတ်နိုင်ငံ စီချွမ်ပြည်နယ်ရှိ မွေးမြူရေးခြံတစ်ခုမှာ ကူးစက်မှုမြင့်မားတဲ့ H5N6 ငှက်တုပ်ကွေးရောဂါဖြစ်ပွားနေကြောင်း တရုတ်စိုက်ပျိုး မွေးမြူရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ မွေးမြူရေးခြုံရှိ ကြက်ကောင်ရေ ၂၅၀၀ အနက် ၁၈၄၀ ဟာ H5N6 ငှက်တုပ်ကွေးဖြစ်ပွားမှုကြောင့် သေဆုံးသွားတယ်လို့ ဝန်ကြီးဌာနက ပြောဆိုပြီး ရောဂါကူးစက်မှုကနေ ကာကွယ်တားဆီးဖို့ကျန်ရှိနေတဲ့ ကြက်တွေကို သုတ်သင်လိုက်တယ်လို့ဆိုပါတယ်။ ယခုအစောပိုင်းကလည်း ဟူနန်ပြည်နယ်ရှိ မွေးမြူရေးလုပ်ငန်းတစ်ခုမှာ ကူးစက်မြန် H5N1 ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့တယ်လို့ တရုတ်စိုက်ပျိုးမွေးမြူရေး ဝန်ကြီးဌာနက ပြောပါတယ်။ တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုနဲ့ သေဆုံးသူအရေအတွက် မြင့်တက်နေချိန်မှာ ငှက်တုပ်ကွေးရောဂါတွေ ဆက်တိုက်ဆိုသလိုဖြစ်ပွားနေတာတွေကို တရုတ်အာဏာပိုင်တွေက အထူးတလည် အရှိန်မြင့်ပြီး ကာကွယ်တားဆီးနေကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံတစ်ဝန်းမှာ လူ ၁၀၁၆ ဦးသေဆုံးခဲ့ပြီး ရောဂါကူးစက်ခံထားရသူဦးရေ ၄၂၀၀၀ ကျော်ရှိနေကာ…
Read Moreရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာတစ်ဦးတွေ့ရှိထား
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာတစ်ဦးတွေ့ရှိထား မောင်တော၊ ဖေဖော်ဝါရီလ ၁၀- ၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ဝူဟန် နိုဘယ်ကိုရိုနာဗိုင်းရပ်စ် သံသယနဲ့ စောင့်ကြည့်လူနာ(အမျိုးသား) တစ်ဦးတွေ့ရှိထားကြောင်း မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မနေ့က ဖေဖော်ဝါရီ ၉ ရက် ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန သို့ဆက်သွယ်ခဲ့ရာ” မောင်တောမှာ စောင့်ကြည့်တဲ့လူနာတစ်ယောက်ရှိတယ်။ ကျနော်တို့က နမူနာယူပြီး အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာန (NHL) သို့ ဒီနေ့ပို့ထားတယ်။ လူနာအခြေအနေကတော့ ကောင်းပါတယ်။” လို့ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူ း ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့က အဲ့ဒီအမျိုးသားဟာ ဖျားနာ၊ ချောင်းဆိုးနဲ့ လည်ချောင်းနာကျင် စတဲ့ရောဂါလက္ခဏာတွေကြောင့် မောင်တောမြို့ ပြည်သူ့ဆေးရုံသို့ လာရောက်ပြသစဉ်…
Read Moreဂျပန်ကမ်းလွန် အပျော်စီးသဘောၤပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၁ ဦးထိရှိလာ
ဂျပန်ကမ်းလွန် အပျော်စီးသဘောၤပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၁ ဦးထိရှိလာ တိုကျို၊ ဖေဖော်ဝါရီ-၇-၂၀၂၀ မျိုးဆက် (VOM) ဂျပန်ကမ်းလွန်ရှိ အပျော်စီးသင်္ဘောပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၁ ဦးကို ကူးစက်ခံထားရကြောင်း ထပ်မံစစ်ဆေးတွေ့ရှိခဲ့ပြီး လက်ရှိအချိန်ထိ သင်္ဘောနှင့်လိုက်ပါလာသူတွေထဲမှာ ရောဂါကူးစက်ခံထားသူဦးရေ ၆၁ဦးထိရှိသွားပြီဖြစ်ပါတယ်။ လူပေါင်း၃၇၀၀လိုက်ပါလာတဲ့ ဒိုင်းမွန်းပရင့်စ်သင်္ဘောကို ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုကြောင့် ယိုကိုဟားမားမှာ သီတင်းနှစ်ပတ်ထက်မနည်း သီးခြားထားပြီး စောင့်ကြည့်မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက အဲဒီသင်္ဘောပေါ်မှာ လိုက်ပါစီးနှင်းခဲ့ဖူးသူ အသက်၈၀အရွယ် ဟောင်ကောင် အမျိုးသားတစ်ဦးဟာ ကိုရိုနာရောဂါကူးစက်ခံထားရကြောင်း သိရှိရပြီးနောက် သင်္ဘောပေါ်ကလူတွေကို စစ်ဆေးမှုတွေ စတင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သူဟာ ဇန်နဝါရီ၂၀နေ့က ယိုကိုဟားမားရှိ အပျော်စီးသဘောၤကို လိုက်ပါစီးနင်းခဲ့ပြီး ဇန်နဝါရီ၂၅ရက်မှာ ဟောင်ကောင်ကို ရောက်ရှိချိန်မှာတော့ သင်္ဘောပေါ်ကနေ ဆင်းသွားခဲ့တာဖြစ်ပါတယ်။ ဒိုင်းမွန်းပရင့်စ်သင်္ဘောအပြင် အခြားသီးခြားခွဲထားတဲ့ အပျော်စီးသင်္ဘောကတော့ ဟောင်ကောင်မှာဖြစ်ပြီး World Dreamအမည်ရှိ သင်္ဘောပေါ်မှာ စီးနှင်းဖူးတဲ့ ခရီးသည်ရှစ်ဦး ရောဂါကူးစက်ခံထားရတာကြောင့် သီးခြားခွဲထားပြီး…
Read Moreမြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးခံရသူ ၅ဦး ရောက်နေတယ်ဆိုတဲ့ တရုတ်ပြည်က အကြောင်းကြားစာအရ ရှာဖွေတာမှာ တဦးတွေ့ပေမယ့်ရောဂါမရှိဘဲ ကျန်သူတွေကိုဆက်ရှာနေဆဲ
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးခံရသူ ၅ဦး ရောက်နေတယ်ဆိုတဲ့ တရုတ်ပြည်က အကြောင်းကြားစာအရ ရှာဖွေတာမှာ တဦးတွေ့ပေမယ့်ရောဂါမရှိဘဲ ကျန်သူတွေကိုဆက်ရှာနေဆဲ မူဆယ် ၊ဖေဖေါ်ဝါရီ ၇-၂၀၂၀ ဖြူဖြူဖွေး(VOM) တရုတ်နိုင်ငံ ရွှေလီရဲဌာနမှ အကူအညီတောင်းခံတဲ့စာထဲမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ သံသယရှိသူ တရုတ်နိုင်ငံသား ၅ ဦး မူဆယ်ဒေသကို ရောက်ရှိနေကြောင်း အကြောင်းကြားစာအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့က ဖေဖေါ်ဝါရီလ ၆ ရက်နေ့က အပူတပြင်းရှာဖွေခဲ့ရာ ညနေ ၆ နာရီခွဲ အချိန်ခန့်မှာ ပန်ဆိုင်း(ကြူကုတ်)မြို့မှာ အမျိုးသမီးတစ်ဦးကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ပြန်လည်ရှာဖွေတွေ့ရှိခဲ့တဲ့ မကျင်းရွှေဖန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးဆက်ခံထားရတဲ့ လက္ခဏာ မရှိဘူးလို့ မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူး ရုံးက သိရပါတယ်။ “ ကျွန်တော်တို့ဘက်ကစစ်တော့လည်း ရောဂါလက္ခဏာမတွေ့ရပါဘူး၊ တရုတ်နိုင်ငံဘက်က ဒီနေ့အကြောင်းပြန်လာတဲ့အထဲမှာလည်း အဲဒီအမျိုးသမီးမှာ ကိုရိုနာဗိုင်းရပ်ကူးစက်ခံထားရမှုမရှိဘူးလို့လည်း အကြောင်းပြန်ကြားလာပါတယ်။ ကျန်ရှိနေတဲ့တရုတ်နိုင်ငံသား ၄ ဦးကိုလည်း သက်ဆိုင်ရာ အဖွဲ့အစည်းများပူးပေါင်းပြီး အပူတပြင်းလိုက်လံစုံစမ်းရှာဖွေနေပါတယ်”…
Read Moreဖိလစ်ပိုင်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူတစ်ဦးသေဆုံးမှုဖြစ်ပွား
ဖိလစ်ပိုင်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူတစ်ဦးသေဆုံးမှုဖြစ်ပွား မနီလာ၊ ဖေဖော်ဝါရီ -၂- ၂၀၂၀ မျိုးဆက် (VOM) ဖိလစ်ပိုင်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ အမျိုးသားတစ်ဦးသေဆုံးသွားပြီး ဒါဟာ တရုတ်နိုင်ငံပြင်ပမှာ ရောဂါကြောင့် ပထမဆုံးသေဆုံးမှုလည်းဖြစ်ပါတယ်။ သေဆုံးသွားသူဟာ ဗိုင်းရပ်စ်စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံ ဟူဘေးပြည်နယ် ဝူဟန်မြို့မှ အသက်၄၄နှစ်အရွယ် တရုတ်အမျိုးသားဖြစ်ပါတယ်။ သူဟာ ဖိလစ်ပိုင်နိုင်ငံသို့မရောက်မီ ရောဂါကူးစက်ခံထားရပုံရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။ လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေ ၃၀၀ကျော်ရှိနေပြီး သေဆုံးသူအများစုဟာ ဟူဘေးပြည်နယ်မှဖြစ်ပြီး ရောဂါကူးစက်ထားရသူဦးရေး ၁၄၀၀၀ကျော်ရှိနေပါတယ်။ တရုတ်နိုင်ငံကို သွားရောက်ခဲ့တဲ့ နိုင်ငံခြားသားတွေအားလုံးကို အမေရိကန်၊ သြစတြေးလျ၊ ရုရှား၊ ဂျပန်၊ ပါကစ္စတန်နဲ့ အီတလီနိုင်ငံတို့အပါအဝင် ကမ္ဘာ့နိုင်ငံအတော်များများက ဝင်ခွင့်မပြုတော့ဘူးလို့ ထုတ်ပြန်ထားပါတယ်။ ဒီလိုခရီးသွားလာတာကို တားမြစ်လိုက်တာဟာ သတင်းအချက်အလက်ရရှိမှုနဲ့ ဆေးဝါး ထောက်ပံ့ပေးပို့မှုကို နှောင့်နှေးစေပြီး အခြားကိစ္စရပ်တွေမှာပါ အခက်အခဲဖြစ်စေလို့ အနှုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုသာရှိလိမ့်မယ်လို့ WHO ကပြောဆိုပါတယ်။…
Read More