ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာတစ်ဦး ထပ်မံတွေ့ရှိ

#voiceofmyanmar #VOM #ရခိုုင္ #ကိုုရိုုနာ

ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာတစ်ဦး ထပ်မံတွေ့ရှိ

စစ်တွေ၊ မတ် ၄- ၂၀၂၀
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်မှာ (COVID- 19) ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာတစ်ဦး ထပ်မံတွေရှိထားကြောင်း ဒီကနေ့ မတ်လ ၃ ရက်နေ့မှာ မြန်မာနိုင်ငံ မြန်မာနိုင်ငံကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အဲလူနာဟာ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ကဖြစ်ပြီး အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်းဦးဖြစ်ပြီး ထိုင်းနိုင်ငံက မြန်မာနိုင်ငံသို့ ရောက်ရှိနေသည်မှာ ၁၄ ရက် ကြာမြင့်နေပြီဖြစ်ကြောင်း သိရပါတယ်။

အဲဒီ လူနာအမျိုးသားရဲ့သွေးကို မနေ့က ရန်ကုန်သို့ပို့ဆောင်ကာ ဓာတ်ခွဲစမ်းသပ်မှုတွေပြုလုပ်ရာ ကိုရိုနာဗိုင်းရပ်ရောဂါပိုးမတွေ့ရှိကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်ပိုင်က ပြောပါတယ်။

” သူ့အခြေအနေက ဒီနေ့ပဲအဖြေရပါတယ်။ မနေ့က ရန်ကုန်ဓာတ်ခွဲဌာနကိုပို့ပြီးစစ်တော့ ဒီနေ့ပဲ အဖြေရတယ်။ Negative ပါဘဲ။ သူ့မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးမတွေ့ပါဘူး။ အခြေအနေက ကောင်းပါတယ်။ သူ့ကို နဂိုကတည်းက ပိုးသတ်ဆေးဖြန်းပါတယ်။ ဒါပေမယ့် သူကမသက်သာဘူး။ ကို့ဟာကိုသံသယနဲ့ လာပြတာကြောင့် ဆေးထိုးထားတယ်။” လို့ သူကပြောပါတယ်။

ထိုင်းနိုင်ငံက မိမိနိုင်ငံသို့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က စတင်ရောက်ရှိကာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က စတင်ပြီး ဖျားနာ၊ ချောင်းဆိုး၊ ရင်ဘတ်အင့်တာ စတဲ့ရောဂါလက္ခဏာတွေခံစားရတာကြောင့် စစ်တွေမြို့မှာရှိတဲ့ ပြင်ပဆေးခန်းတစ်ခုမှာ ပြသခဲ့ရာ အဲဒီဆေးခန်းကတဆင့် စစ်တွေဆေးရုံကြီးသို့ ညွှန်းပို့ပေခြင်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်လက်ပြီး ဒေါက်တာစိုးဝင်းပိုင်က ” ဒီနေ့သက်သာတယ်သူကလေ။ ရင်ဘတ်အင့်တာတွေရော၊ အဖျားတွေပါကျတာတွေရတယ်။ လန်းဆန်းနေကောင်းလာတာတွေ့ရတယ်။ ဆေးရုံက မဆင်းရသေးဘူး။ သူကအခု စစ်တွေဆေးရုံမှာဘဲရှိသေးတယ်။” လို့ ပြောပါတယ်။

လူနာရဲ့မိသားစုတွေနဲ့ လူနာစောင့်ကိုပါ ပုဏ္ဏားကျွန်းမြို့နယ်ကျန်းမာရေးဦးစီးဌာနက စောင့်ကြပ်စစ်ဆေးမှုတွေပြုလုပ်နေပြီး ရောဂါပိုးမတွေရှိကြောင်း သိရပါတယ်။

အဲဒီလူနာကို စစ်တွေမြို့ဆေးရုံကြီးရှိ သီးသန့်ခန်းတစ်ခုမှာထားရှိပြီး စောင့်ကြည့်လူနာ(PUI) အဖြစ်သတ်မှတ်ကာ ကြပ်မတ်ကုသပေးလျက်ရှိပြီး ဓာတ်ခွဲနမူနာရယူပြီး စစ်ဆေးဖို့ဆောင်ရွက်လျှက်ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာ ရှိပါတယ်။

လွန်ခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့နဲ့ ဖေဖော်ဝါရီ ၉ ရက်ကလည်း မင်းပြားမြို့နယ်နဲ့ မောင်တောမြို့နယ်မှာ ဝူဟန် နိုဘယ်ကိုရိုနာဗိုင်းရပ်စ် သံသယနဲ့ စောင့်ကြည့်လူနာ(အမျိုးသား) တစ်ဦးစီတွေ့ရှိထားကြောင်း မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ဘူးပါတယ်။

#voiceofmyanmar #VOM #ရခိုင် #ကိုရိုနာ

zawgyi

ရခိုင္ျပည္နယ္မွာ ကို႐ိုနာဗိုင္းရပ္စ္ ေစာင့္ၾကည့္လူနာတစ္ဦး ထပ္မံေတြ႔႐ွိ

စစ္ေတြ၊ မတ္ ၄- ၂၀၂၀
ခိုင္လင္းစံ (VOM)

ရခိုင္ျပည္နယ္မွာ (COVID- 19) ကို႐ိုနာဗိုင္းရပ္စ္ ေစာင့္ၾကည့္လူနာတစ္ဦး ထပ္မံေတြ႐ွိထားေၾကာင္း ဒီကေန႔ မတ္လ ၃ ရက္ေန႔မွာ ျမန္မာႏိုင္ငံ ျမန္မာႏိုင္ငံက်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက သတင္းထုတ္ျပန္ခ်က္အရ သိရပါတယ္။

အဲလူနာဟာ ရခိုင္ျပည္နယ္ ပုဏၰားကြၽန္းၿမိဳ႕နယ္ကျဖစ္ၿပီး အသက္ ၂၉ ႏွစ္အရြယ္ အမ်ိဳးသားတစ္းဦးျဖစ္ၿပီး ထိုင္းႏိုင္ငံက ျမန္မာႏိုင္ငံသို႔ ေရာက္႐ွိေနသည္မွာ ၁၄ ရက္ ၾကာျမင့္ေနၿပီျဖစ္ေၾကာင္း သိရပါတယ္။

အဲဒီ လူနာအမ်ိဳးသားရဲ႕ေသြးကို မေန႔က ရန္ကုန္သို႔ပို႔ေဆာင္ကာ ဓာတ္ခြဲစမ္းသပ္မႈေတြျပဳလုပ္ရာ ကိုရိုနာဗိုင္းရပ္ေရာဂါပိုးမေတြ႔႐ွိေၾကာင္း ရခိုင္ျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာန လက္ေထာက္ၫႊန္ၾကားေရးမႉး ေဒါက္တာစိုးဝင္ပိုင္က ေျပာပါတယ္။

” သူ႔အေျခအေနက ဒီေန႔ပဲအေျဖရပါတယ္။ မေန႔က ရန္ကုန္ဓာတ္ခြဲဌာနကိုပို႔ၿပီးစစ္ေတာ့ ဒီေန႔ပဲ အေျဖရတယ္။ Negative ပါဘဲ။ သူ႔မွာ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါပိုးမေတြ႔ပါဘူး။ အေျခအေနက ေကာင္းပါတယ္။ သူ႔ကို နဂိုကတည္းက ပိုးသတ္ေဆးျဖန္းပါတယ္။ ဒါေပမယ့္ သူကမသက္သာဘူး။ ကို႔ဟာကိုသံသယနဲ႔ လာျပတာေၾကာင့္ ေဆးထိုးထားတယ္။” လို႔ သူကေျပာပါတယ္။

ထိုင္းႏိုင္ငံက မိမိႏိုင္ငံသို႔ ေဖေဖာ္ဝါရီလ ၁၈ ရက္ေန႔က စတင္ေရာက္႐ွိကာ ေဖေဖာ္ဝါရီလ ၂၁ ရက္ေန႔က စတင္ၿပီး ဖ်ားနာ၊ ေခ်ာင္းဆိုး၊ ရင္ဘတ္အင့္တာ စတဲ့ေရာဂါလကၡဏာေတြခံစားရတာေၾကာင့္ စစ္ေတြၿမိဳ႕မွာ႐ွိတဲ့ ျပင္ပေဆးခန္းတစ္ခုမွာ ျပသခဲ႔ရာ အဲဒီေဆးခန္းကတဆင့္ စစ္ေတြေဆးရံုႀကီးသို႔ ၫႊန္းပို႔ေပျခင္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရပါတယ္။

ဆက္လက္ျပီး ေဒါက္တာစိုးဝင္းပိုင္က ” ဒီေန႔သက္သာတယ္သူကေလ။ ရင္ဘတ္အင့္တာေတြေရာ၊ အဖ်ားေတြပါက်တာေတြရတယ္။ လန္းဆန္းေနေကာင္းလာတာေတြ႔ရတယ္။ ေဆးရံုက မဆင္းရေသးဘူး။ သူကအခု စစ္ေတြေဆးရံုမွာဘဲ႐ွိေသးတယ္။” လို႔ ေျပာပါတယ္။

လူနာရဲ႕မိသားစုေတြနဲ႔ လူနာေစာင့္ကိုပါ ပုဏၰားကြၽန္းၿမိဳ႕နယ္က်န္းမာေရးဦးစီးဌာနက ေစာင့္ၾကပ္စစ္ေဆးမႈေတြျပဳလုပ္ေနၿပီး ေရာဂါပိုးမေတြ႐ွိေၾကာင္း သိရပါတယ္။

အဲဒီလူနာကို စစ္ေတြၿမိဳ႕ေဆးရံုႀကီး႐ွိ သီးသန္႔ခန္းတစ္ခုမွာထား႐ွိၿပီး ေစာင့္ၾကည့္လူနာ(PUI) အျဖစ္သတ္မွတ္ကာ ၾကပ္မတ္ကုသေပးလ်က္႐ွိၿပီး ဓာတ္ခြဲနမူနာရယူၿပီး စစ္ေဆးဖို႔ေဆာင္ရြက္လ်ွက္႐ွိတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားတာ ႐ွိပါတယ္။

လြန္ခဲ့တဲ့ ေဖေဖာ္ဝါရီလ ၂ ရက္ေန႔နဲ႕ ေဖေဖာ္ဝါရီ ၉ ရက္ကလည္း မင္းျပားၿမိဳ႕နယ္နဲ႕ ေမာင္ေတာၿမိဳ႕နယ္မွာ ဝူဟန္ ႏိုဘယ္ကို႐ိုနာဗိုင္းရပ္စ္ သံသယနဲ႔ ေစာင့္ၾကည့္လူနာ(အမ်ိဳးသား) တစ္ဦးစီေတြ႔႐ွိထားေၾကာင္း ျမန္မာႏိုင္ငံ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက သတင္းထုတ္ျပန္ဘူးပါတယ္။

#voiceofmyanmar #VOM #ရခိုုင္ #ကိုုရိုုနာ

Related posts

Leave a Comment

VOM News

FREE
VIEW