ပြည်ကြီးမွန်ဖေါင်တော်ပေါ်က တင်ဆက်တဲ့ ၂၀၂၀ ခုနှစ် မတ်လ ၄ ရက်နေ့ ဗီအိုအမ်ရဲ့ ညနေခင်းသတင်းရုပ်သံအစီအစဉ်

ပြည်ကြီးမွန်ဖေါင်တော်ပေါ်က တင်ဆက်တဲ့ ၂၀၂၀ ခုနှစ် မတ်လ ၄ ရက်နေ့ ဗီအိုအမ်ရဲ့ ညနေခင်းသတင်းရုပ်သံအစီအစဉ် ပထမဆုံးသတင်းကတော့ ရခိုင်ပြည်နယ်မှာ (COVID- 19) ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာတစ်ဦး ထပ်မံတွေရှိထားတယ်လို့ ဒီနေ့ မတ်လ ၃ ရက်နေ့မှာ မြန်မာနိုင်ငံ မြန်မာနိုင်ငံကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်တဲ့သတင်း ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်နဲ့ မင်းပြားမြို့နယ်ကြားမှာ ဒီကနေ့မနက် ၁၀ နာရီကျော်လောက်က တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲတွေဖြစ်လို့ စာမေးပွဲဖြေဆိုနေကြတဲံ့ ကျောင်းသူကျောင်းသားတွေလည်း ထွက်ပြေးသွားရတဲ့သတင်း ဒီလို ဖြစ်နေတာတွေ လူသေဆုံးမှုတွေ မြင့်တက်နေတာတွေကြောင့် ရခိုင်ပြည်နယ်ရဲ့ နိုင်ငံရေးပါတီတွေဖြစ်တဲ့ ရခိုင့်ဦးဆောင်ပါတီ(AFP)၊ ရခိုင်အမျိုးသားပါတီ (ANP)တို့ကို လက်ရှိရခိုင်ပြည်နယ်ရဲ့အခြေအနေကို တွေ့ဆုံဆွေးနွေးနိုင်ရေး အတွက် ကမ်းလှမ်းထားတယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD) ဥက္ကဋ္ဌ ဦးကျော်မြင့်က ပြောတဲ့သတင်း စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် မော်လူးဒေသမှာ မတ်လ(၄)ရက် မနက်(၆)နာရီလောက်မှာ အင်အား ရစ်(ခ်)တာ…

Read More

ရှေးဟောင်းသုတေသနရဲ့ခွင့်ပြုချက်နဲ့ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ မင်္ဂလာဆောင်အကြို မှတ်တမ်းရိုက်ကူးမှုကို ကုန်းဘောင်ဆက်မောင်နှမတွေကန့်ကွက်

#voiceofmyanmar #မန္တလေး #VOM #ကုန်းဘောင်ဆက် #Pre Wedding

ရှေးဟောင်းသုတေသနရဲ့ခွင့်ပြုချက်နဲ့ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ မင်္ဂလာဆောင်အကြို မှတ်တမ်းရိုက်ကူးမှုကို ကုန်းဘောင်ဆက်မောင်နှမတွေကန့်ကွက် မန္တလေး မတ် ၄-၂၀၂၀ ဖြူဖြူ ( VOM) မန္တလေးနန်းတွင်းရှိ မြနန်းစံကျော်မြေနန်းပြဿဒ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက Pre wedding ရိုက်ကူးခဲ့ခြင်းကို ကန့်ကွက်ကြောင်း မတ်လ ၅ ရက်မှာ ယဉ်ကျေးမှုဝန်ကြီးဌာနကို စာတင်သွားမယ်လို့ ကုန်းဘောင်ဆက်မောင်နှမများက သိရပါတယ်။ မတ်လ ၁ ရက်နေ့မနက်ပိုင်းက မြနန်းစံကျော်မြေနန်းပြဿဒ်နေရာနဲ့ အဲဒီနေရာရှိ သီဟာသနပလ္လင်ရှေ့မှာ မင်္ဂလာအခမ်းအနား Pre Wedding ဓါတ်ပုံတွေ ရိုက်ကူးခဲ့တာပါ။ မြနန်းစံကျော်မြေနန်းပြဿဒ်နေရာဟာ ဘုရင်လက်ထက်က အထွဋ်အမြတ်ထားတဲ့ ညီလာခံကျင်းပရာနေရာဖြစ်ပြီး မင်္ဂလာအခမ်းအနား ကျင်းပတဲ့ထုံးစံမရှိသလို သီဟာသနပလ္လင်ဟာလည်း နိုင်ငံတော်ရဲ့အချုပ်အခြာနေရာဖြစ်တဲ့အတွက် ဒီလိုနေရာတွေမှာ ဓါတ်ပုံရိုက်ကူးရုံတင်မဟုတ်ဘဲ အခမ်းအနားအသွင်ရိုက်ကူးခဲ့တာက ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကို အဂါရဝဖြစ်စေတယ်လို့ ကုန်းဘောင်ဆက်မောင်နှမများမှာ မင်းတုန်းမင်းကြီးရဲ့ တီတော် ဦးထိပ်တင်အောင်က ပြောပါတယ်။ “အခုဖြစ်သွားတဲ့ဖြစ်စဉ်ကိုရှုတ်ချပြီးနောင်ကို ဘယ်လိုလုပ်မလဲ၊ ဝန်ကြီးဌာနအနေနဲ့ ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ဖို့အစီအစဉ်ရှိမရှိ…

Read More

မြောက်ဦးမြို့နယ်နဲ့ မင်းပြားမြို့နယ်အကြားတိုက်ပွဲဖြစ် ကျောင်းသားတွေ စာမေးပွဲက ထွက်ပြေးခဲ့ရ

မြောက်ဦးမြို့နယ်နဲ့ မင်းပြားမြို့နယ်အကြားတိုက်ပွဲဖြစ် ကျောင်းသားတွေ စာမေးပွဲက ထွက်ပြေးခဲ့ရ မြောက်ဦး၊ မတ် ၄-၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်နဲ့ မင်းပြားမြို့နယ်အကြားမှာ ဒီကနေ့မနက် ၁၀ နာရီကျော်လောက်က တပ်မတော်နဲ့ အေအေတို့တိုက်ပွဲတွေဖြစ်ပွားခဲ့ကြပါတယ်။ အဲ့ဒီတိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာဟာ မြောက်ဦးမြို့နယ်အရှေ့ဘက် ပိုးဖြူကျွန်းကျေးရွာကနေ ပင်းပြားမြို့နယ် မြောက်ဘက်အစွန်ဆုံး ပန်းမြောင်းကျေးရွာဘက်ကို လေးမြို့မြစ်အတွင်း ဖြတ်သန်းနေတဲ့ ကူးတို့လှေကို အေအေဘက်က ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဒေခသံတွေရဲ့ပြောဆိုချက်အရသိရပါတယ်။ အဲ့ဒီတိုက်ပွဲအတွင်း နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ကြပြီး ထိခိုက်မှုတွေမရှိခဲ့ကြောင်းနဲ့ အနီးဝန်းကျင်က ကျေးရွာသားတွေကတော့ နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးနေကြတယ်လို့ ဆိုပါတယ်။ “မနက် ၉ နာရီလောက်မှာ စစ်ကြောင်းက ကျွန်တော်တို့ရွာကနေဖြတ်သွားတယ်။ ၁၁ နာရီမထိုးခင်လောက်မှာ ပစ်ခတ်သံတွကိုကြားလိုက်ရတယ်။ သူတို့မြစ်ကူးနေတဲ့အချိန် ကူးတို့လှေကို ပစ်ခတ်ခဲ့တယ်လို့ သိရတယ်။ လောလောဆယ်တော့ ရွာကလူအများစုက ထွက်ပြေးသွားကြပြီ။”လို့ ကျောက်တွင်းကုန်းကျေးရွာသားတစ်ဦးက ပြောပါတယ်။ အဲ့ဒီတိုက်ပွဲဖြစ်ပွားခဲ့ပြီးနေက်ပိုင်း ပန်းမြောင်းကျေးရွာ အောင်မင်္ဂလာတောင်ပေါ်မှာရှိတဲ့ တပ်မတော်မြောက်…

Read More

အစာငတ်ခံသပိတ်မှောက်တဲ့ အလုပ်သမားတွေကိစ္စ NLD ရုံးချုပ်က ကူရှင်းပေး

#VOM #Voiceofmyanmar #NLD #မြောင်းတကာ #အလုပ်သမားသပိတ်

အစာငတ်ခံသပိတ်မှောက်တဲ့ အလုပ်သမားတွေကိစ္စ NLD ရုံးချုပ်က ကူရှင်းပေး ရန်ကုန် မတ် ၄ -၂၀၂၀ သိင်္ဂီ(VOM) မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုံ၊ Pacific သံရည်ကျိုစက်ရုံအလုပ်သမားအချို့ဟာ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ တစ်နေ့လုပ်ခလစာ ၉၀၀၀ ရရှိဖို့ အစာငတ်ခံ ဆန္ဒပြသပိတ်မှောက်နေပေမယ့် အလုပ်ရှင်ဘက်က မလိုက်လျောတာကြောင့် ဒီကိစ္စကိုဖြေရှင်းပေးဖို့ ရန်ကုန် ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်က တာဝန်ရှိသူတွေဆီ အလုပ်သမားတွေက ဒီကနေ နေ့လယ်ပိုင်းမှာ လာရောက်တွေ့ဆုံ ညှိနိူင်းတောင်းဆိုခဲ့ပါတယ်။ အလုပ်သမားတွေ တောင်းဆိုတဲ့ကိစ္စကို ဒီကနေ့ ညနေပိုင်းမှာပဲ ပြည်တွင်းပြည်ပအလုပ်သမားရေးရာကော်မတီ( NLD )ဗဟိုရုံး တာဝန်ရှိသူတွေဟာ မြောင်းတကာစက်မှုဇုန် ဖြေရှင်းဖို့ သွားပေးနေပြီလို့ အလုပ်သမားတွေဆီက သိရပါတယ်။ “ကျနော်တို့ သပိတ်မှောက်ကာလကလည်းကြာနေပြီ၊ အစာငတ်ခံလုပ်နေတာလည်းကြာပြီ။မှော်ဘီကသက်ဆိုင်ရာတာဝန်ရှိသူတွေညှိနိူင်းပေးပေမယ့်လည်း စက်ရုံဘက်ကအဆင်မပြေပါဘူး။ ဒါကြောင့် ဒီကတာဝန်ရှိသူတွေ လာရောက်တွေ့ဆုံဖြေရှင်းပေးဖို့ တောင်းဆိုတာပါ။ ညှိနိူင်းတာပါ။ အလုပ်ခေါ်တုန်းက လစာတစ်မျိုး ၊ ခုပေးနေတာကျတမျိုးဖြစ်နေပါတယ်။ လုပ်ငန်းခွင်ကအသက်အန္တရာယ်အတွက်လည်း ဘေးမကင်းပါဘူး”လို့ဒီကနေ့…

Read More

ကျန်မာရေးနဲ့ညီညွတ်တဲ့မုန့်ရောင်းချတဲ့ ရန်ကုန်ကကျောင်း ၃၆ ကျောင်းကို စည်ပင်ကဆုပေး

#VOICEOFMYANMAR #VOM #ရန်ကုန်စည်ပင် #ကျမ္မာရေးနဲ့ညီတဲ့မုန့်

ကျန်မာရေးနဲ့ညီညွတ်တဲ့မုန့်ရောင်းချတဲ့ ရန်ကုန်ကကျောင်း ၃၆ ကျောင်းကို စည်ပင်ကဆုပေး ရန်ကုန်-မတ်-၄-၂၀၂၀ ရန်အောင်ထွန်း(VOM) ရန်ကုန်စည်ပင်နယ်နိမိတ်အတွင်းက အခြေခံပညာကျောင်း ၃၆ ကျောင်း ကျောင်းမုန့်ဆိုင်မှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာ ရောင်းချမှုကြောင့် ဆုရသွားပါတယ်။ ဆုပေးမှုကိုတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှာ မတ်လ ၄ ရက်နံနက်ပိုင်းက ပြုလုပ်ခဲ့တာပါ။ ကလေးတွေအများဆုံးထိတွေ့နေတဲ့ ကျောင်းမုန့်ဆိုင်တွေမှာ ကျန်းမာရေးနဲ့ ညီညွတ်စွာရောင်းချမှုရှိ မရှိ ၊ ဆိုးဆေးတွေ ၊ တာရှည်ခံဆေးတွေ ၊ အစားအစာမှာ ထည့်ဖြည့်တဲ့ပစ္စည်းတွေပါဝင်‌နေမှု၊ FDA က စားသုံးဖို့ မသင့်ဘူးလို့ ပြောထားတဲ့ ပစ္စည်းတွေ ၊ သက်တမ်းလွန်မုန့်တွေ ရောင်းချမှု ရှိ/ မရှိ ၊ ပြည်ပက မုန့်တွေမှာ စက်ရုံလိပ်စာ ၊ ပါဝင်ပစ္စည်းတွေ ဖော်ပြထားမှု ရှိမရှိ စစ်ဆေးပြီး အကဲဖြတ်ဆုံးဖြတ်တာလို့ သိရပါတယ်။ အဲ့ဒီလို ဆောင်ရွက်ရတဲ့အပေါ် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက…

Read More

ရခိုင်ပြည်နယ်ရဲ့နိုင်ငံရေးအခြေအနေကို နိုင်ငံရေးပါတီသုံးခု တွေ့ဆုံဆွေးနွေးဖို့ ALD ဖိတ်ခေါ်

#VOM #Voiceofmyanmar #ရခိုင်နိုင်ငံရေးအခြေအနေ

ရခိုင်ပြည်နယ်ရဲ့နိုင်ငံရေးအခြေအနေကို နိုင်ငံရေးပါတီသုံးခု တွေ့ဆုံဆွေးနွေးဖို့ ALD ဖိတ်ခေါ် စစ်တွေ၊ မတ် ၄- ၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံရေးအခြေအနေအရပ်ရပ်နဲ့ပတ်သတ်သက်ပြီး ရခိုင်နိုင်ငံရေးပါတီသုံးခုတွေဆုံဆွေးနွေးဖို့ ALD ကကမ်းလှမ်းထားကြောင်း သိရပါတယ်။ ရခိုင်ပြည်နယ်ရဲ့ နိုင်ငံရေးပါတီတွေဖြစ်တဲ့ ရခိုင့်ဦးဆောင်ပါတီ(AFP)၊ ရခိုင်အမျိုးသားပါတီ(ANP)တို့ကို လက်ရှိရခိုင်ပြည်နယ်ရဲ့အခြေအနေကို တွေ့ဆုံဆွေးနွေးနိုင်ရေး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ကကမ်းလှမ်းတာဖြစ်ကြောင်း သိရပါတယ်။ ” အဲဒါက စီစဉ်နေတုန်းပဲရှိသေးတယ်။ ခေါင်းစဉ်ကတော့ ဖိတ်စာမှာပါတဲ့အတိုင်း ရခိုင်ပြည်နိုင်ငံရေး ဆွေးနွေးဖို့ပေါ့။ ကို့ရခိုင်ပြည်နယ်မှာ လက်ရှိ ဖြစ်နေတဲ့ဖြစ်စဉ်တွေက သိတဲ့အတိုင်းပဲလေ။ အဲကိစ္စတွေကို ဆွေးနွေးမှာပေါ့။” လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD) ဥက္ကဋ္ဌ ဦးကျော်မြင့်က ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ANPနဲ့ AFP ပါတီတွေရဲ့ ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေတဲ့အခြေအနေတွေကို ရခိုင်နိုင်ငံရေးပါတီတွေက ဆွေးနွေးကြဖို့ ALD ရဲ့ဖိတ်ခေါ်ချက်အပေါ် အမြင်သဘောထားကိုသိလို့တာကြောင့် ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။ တွေ့ဆုံဆွေးနွေးဖို့ နေရာကတော့…

Read More

အင်းတော် နဲ့ မော်လူးမှာ ငလျင်ကြောင့် သာသနိကအဆောက်အဦတွေနဲ့ တံတားတစ်စင်းပျက်

#voiceofmyanmar #VOM #အင်းတော် #မော်လူး #ငလျင်

အင်းတော် နဲ့ မော်လူးမှာ ငလျင်ကြောင့် သာသနိကအဆောက်အဦတွေနဲ့ တံတားတစ်စင်းပျက် စပ်ခွန်သာ – ရှိုင်းအောင် ကသာ၊ မတ်လ-၄-၂၀၂၀ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မော်လူးဒေသ တွင်မတ်လ(၄)ရက် နံနက်(၆)နာရီတွင်အင်အားရစ်(ခ်)တာစကေး(၅)အဆင့်ရှိ အင်းအားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်သွားခဲ့ပါတယ်။ အဲဒီဒဏ်ကြောင့် ၊ပုန်းဟုန်ကျေးရွာအနီးရှိ ဖုန်ကုန်းတောင်ရန်အောင်မင်္ဂံလာကျောင်းတိုက်အတွင်းက အဝင်မုခ်ဦးပြိုကျခြင်း၊ အုတ်တံတိုင်းအက်ခြင်း၊ အင်္ဂံတေကွာကျခြင်းနှင့်ဖုန်ကုန်းကိုဆက်သွယ်ထားသောချောင်းကူးတံတား (၁)ပေခန့်မြင့်တက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဦးစီးမှူး ဦးစဝီလီဖရန့် က “ တံတားတစ်စင်းနဲ့ ဘုန်းကြီးကျောင်းက အဆောက်အဦးတွေ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ခဲ့တယ် “ လို့ ပြောပါတယ်။ မော်လူးမြို့မှလက်ထောက်မီးသတ်ဦးစီးမှူး သိန်းထိုက်ကလည်း “ဖုန်းကုန်းရယ်၊မင်းသာကစေတီပုထိုးအနည်းငယ်ယိုင်သွားတာရယ်လောလောဆယ်သိရတယ်။ပျက်စီးသွားတဲ့နေရာကိုအုပ်ချုပ်ရေးမှူးနဲ့တစ်ကွမီးသတ်တပ်ဖွဲ့ဝင်တွေသွားရောက်နေပါပြီ။အဲ့ဒီနေရာကျေးရွာက မော်လူးနဲ့(၂)မိုင်လောက်ဝေးပါတယ်” လို့ ပြောပါတယ်။ “ ဖုန်ကုန်းတောင်၊ ရန်အောင်မြင်၊ မင်္ဂလာကျောင်းတိုက် အဝင်မုခ်ဦးပြိုကျတယ်။အုတ်တံတိုင်းတွေအက်တယ်။အင်္ဂံတေတွေကွာကျတယ်။ ရှေးရေတွင်းဟောင်းပွင့်သွားတယ်။ မီးဖိုချောင်သမံသလင်းအက်တယ်။ သမိုင်းဝင်ဒီပင်္ကံရာတံတားနဲ့ ရန်အောင်မြင်ချဉ်းကပ်လမ်းပေ(၂၀)လောက် မြေကျွံပြီးတံတားက(၁)ပေမြောက်တက်သွားတယ်။ ဒီပင်္ကံရာကနဂါးရုံဘုရားမုခ်ဦးပြိုကျသွားလို့သိရတယ်။” လို့…

Read More

ကောင်းမှုတော် စေတီတော်ကြီးက ရရှိတဲ့ အင်္ဂတေအပိုင်းအစတွေနဲ့ ပုံစံတူစေတီအသေး တည်ဆောက်မှုစတင်

#VOICEOFMYANMAR #VOM #ကောင်းမှုတော် #စစ်ကိုင်း

ကောင်းမှုတော် စေတီတော်ကြီးက ရရှိတဲ့ အင်္ဂတေအပိုင်းအစတွေနဲ့ ပုံစံတူစေတီအသေး တည်ဆောက်မှုစတင် စစ်ကိုင်း၊မတ် ၄ -၂၀၂၀ ရှိုင်းအောင် (VOM) စစ်ကိုင်းမြို့၊ရာဇမဏိစူဠာကောင်းမူတော်စေတီကြီးကို ရွှေဆေးသင်္ကန်းကနေ အဖြူရောင်ဆေးသင်္ကန်းပြောင်းလဲကပ်လှုခြင်းလုပ်ငန်းက ထွက်ရှိလာတဲ့ ရွှေဆေးအမှုန်တွေနဲ့ အင်္ဂတေအပိုင်းအစတွေကို ပုရာဏ ဘွဲ့အမည်ရှိတဲ့ ကောင်းမူတော်စေတီပုံစံငယ်တစ်ဆူ စတင်တည်ထား နေပြီဖြစ်တယ်လို့ ကောင်းမူတော်စေတီဂေါပကအဖွဲ့ဝင် ဦးညွှန့်စိုး ကပြောပါတယ်။ ဒီနေ့ မတ်လ ၄ ရက်နေ့မှာ စေတီတော် တည်ဆောက်နေခြင်းလုပ်ငန်းကို တင်းတိပ်ရပ်ကွက်၊ မကျီးစဉ်အနောက်ရပ်၊မကျီးစဉ် အရှေ့ရပ်၊ သိမ်တော်ရပ်ကွက်၊ မကျီးကုန်းရပ် နဲ့ တောင်ငူကုန်းရပ်ကွက် နေ လူအင်းအား၂၀၀ ကျော်တို့က လုပ်အားဒါန ပြုလုပ်နေတယ်လို့ သိရပြီးတော့ အဲ့ဒီ အဖွဲ့တွေထဲမှာ သက်ကြီးရွယ်အို ၁၀ ယောက်ကျော် ပါဝင်တယ်လို့ သိရပါတယ်။ ပုရာဏ ဘွဲ့အမည်ရှိတဲ့ ကောင်းမူတော်စေတီပုံစံငယ်ကို ရာဇမဏိစူဠာကောင်းမှုတော်ဘုရားကြီး အရှေ့မုခ် သီကြားဂူ နားမှာ တည်ထားကိုးကွယ်နေတာဖြစ်ပြီး တည်ထားကိုးကွယ်ရန်အတွက်…

Read More

ကိုရိုနာဗိုင်းရပ်စ်စိုးရိမ်မှုတွေကြောင့် တိုကျိုအိုလံပစ်ပွဲတော် ရွှေ့ဆိုင်းရနိုင်

#voiceofmyanmar #VOM #ဂျပန် #တိုကျို #အိုလံပစ်ပွဲတော်

ကိုရိုနာဗိုင်းရပ်စ်စိုးရိမ်မှုတွေကြောင့် တိုကျိုအိုလံပစ်ပွဲတော် ရွှေ့ဆိုင်းရနိုင် တိုကျို၊ မတ်-၄-၂၀၂၀ မျိုးဆက် (VOM) ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုတွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေကြောင့် ဂျပန်နိုင်ငံမှာ ကျင်းပမယ့် ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲကို ရွှေ့ဆိုင်းကျင်းပရနိုင်တယ်လို့ ဂျပန်အိုလံပစ်ဝန်ကြီး ဆီကိုဟာရှီမိုတိုကပြောပါတယ်။ တိုကျိုအိုလံပစ်ကို ဇူလိုင် ၁၄ ရက်ကနေ သြဂုတ် ၉ ရက်အထိ ကျင်းပဖို့ မူလကစီစဉ်ထားတာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယခုနှစ် နှစ်ကုန်ပိုင်းအထိ ရွှေ့ဆိုင်းရနိုင်တယ်လို့သူကပြောပါတယ်။ နိုင်ငံတကာအိုလံပစ်ကော်မတီနဲ့ ဂျပန်နိုင်ငံတို့ ချုပ်ဆိုထားတဲ့စာချုပ်မှည အိုလံပစ်ပွဲတော်ကို ၂၀၂၀ ခုနှစ်အတွင်း ကျင်းပရမယ်လို့ပါရှိတာကြောင့် ရွှေ့ဆိုင်းကျင်းပလို့ရကြောင်း ဂျပန်ပါလီမန်မှာ လွှတ်တော်အမတ်တစ်ဦးရဲ့ မေးခွန်းကို အိုလံပစ်ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း မူလစီစဉ်ထားတဲ့အတိုင်း ကျင်းပဖို့ အစွမ်းကုန်ကြိုးစားလုပ်ဆောင်နေတယ်လို့ သူကပြောပါတယ်။ အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် နိုင်ငံနဲ့ သဘောတူညီချက်အရ နိုင်ငံတကာအိုလံပစ်ကော်မတီဟာ အားကစားပွဲတွေကို ဖျက်သိမ်းပိုင်ခွင့်လည်းရှိနေပါတယ်။ ၂၀၂၀ ခုနှစ်တိုကျိုအိုလံပစ်အားကစားပွဲတော်ကို အောင်မြင်စွာကျင်းပနိုင်ရေး ယုံကြည်မှုရှိနေဆဲဖြစ်ကြောင်း နိုင်ငံတကာအိုလံပစ်ကော်မတီဥက္ကဋ္ဌ သောမတ်ဘတ်ချ်ကထုတ်ဖော်ပြောဆိုထားပါတယ်။ Ref…

Read More

ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာတစ်ဦး ထပ်မံတွေ့ရှိ

#voiceofmyanmar #VOM #ရခိုုင္ #ကိုုရိုုနာ

ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာတစ်ဦး ထပ်မံတွေ့ရှိ စစ်တွေ၊ မတ် ၄- ၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်မှာ (COVID- 19) ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာတစ်ဦး ထပ်မံတွေရှိထားကြောင်း ဒီကနေ့ မတ်လ ၃ ရက်နေ့မှာ မြန်မာနိုင်ငံ မြန်မာနိုင်ငံကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ အဲလူနာဟာ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ကဖြစ်ပြီး အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်းဦးဖြစ်ပြီး ထိုင်းနိုင်ငံက မြန်မာနိုင်ငံသို့ ရောက်ရှိနေသည်မှာ ၁၄ ရက် ကြာမြင့်နေပြီဖြစ်ကြောင်း သိရပါတယ်။ အဲဒီ လူနာအမျိုးသားရဲ့သွေးကို မနေ့က ရန်ကုန်သို့ပို့ဆောင်ကာ ဓာတ်ခွဲစမ်းသပ်မှုတွေပြုလုပ်ရာ ကိုရိုနာဗိုင်းရပ်ရောဂါပိုးမတွေ့ရှိကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်ပိုင်က ပြောပါတယ်။ ” သူ့အခြေအနေက ဒီနေ့ပဲအဖြေရပါတယ်။ မနေ့က ရန်ကုန်ဓာတ်ခွဲဌာနကိုပို့ပြီးစစ်တော့ ဒီနေ့ပဲ အဖြေရတယ်။ Negative ပါဘဲ။ သူ့မှာ…

Read More
VOM News

FREE
VIEW