ကိုရိုနာဗိုင်းရပ်စ်စိုးရိမ်မှုတွေကြောင့် တိုကျိုအိုလံပစ်ပွဲတော် ရွှေ့ဆိုင်းရနိုင်

#voiceofmyanmar #VOM #ဂ်ပန္ #တိုုက်ိဳ #အိုုလံပစ္ပြဲေတာ္

ကိုရိုနာဗိုင်းရပ်စ်စိုးရိမ်မှုတွေကြောင့် တိုကျိုအိုလံပစ်ပွဲတော် ရွှေ့ဆိုင်းရနိုင်

တိုကျို၊ မတ်-၄-၂၀၂၀
မျိုးဆက် (VOM)

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုတွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေကြောင့် ဂျပန်နိုင်ငံမှာ ကျင်းပမယ့် ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲကို ရွှေ့ဆိုင်းကျင်းပရနိုင်တယ်လို့ ဂျပန်အိုလံပစ်ဝန်ကြီး ဆီကိုဟာရှီမိုတိုကပြောပါတယ်။

တိုကျိုအိုလံပစ်ကို ဇူလိုင် ၁၄ ရက်ကနေ သြဂုတ် ၉ ရက်အထိ ကျင်းပဖို့ မူလကစီစဉ်ထားတာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယခုနှစ် နှစ်ကုန်ပိုင်းအထိ ရွှေ့ဆိုင်းရနိုင်တယ်လို့သူကပြောပါတယ်။

နိုင်ငံတကာအိုလံပစ်ကော်မတီနဲ့ ဂျပန်နိုင်ငံတို့ ချုပ်ဆိုထားတဲ့စာချုပ်မှည အိုလံပစ်ပွဲတော်ကို ၂၀၂၀ ခုနှစ်အတွင်း ကျင်းပရမယ်လို့ပါရှိတာကြောင့် ရွှေ့ဆိုင်းကျင်းပလို့ရကြောင်း ဂျပန်ပါလီမန်မှာ လွှတ်တော်အမတ်တစ်ဦးရဲ့ မေးခွန်းကို အိုလံပစ်ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း မူလစီစဉ်ထားတဲ့အတိုင်း ကျင်းပဖို့ အစွမ်းကုန်ကြိုးစားလုပ်ဆောင်နေတယ်လို့ သူကပြောပါတယ်။ အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် နိုင်ငံနဲ့ သဘောတူညီချက်အရ နိုင်ငံတကာအိုလံပစ်ကော်မတီဟာ အားကစားပွဲတွေကို ဖျက်သိမ်းပိုင်ခွင့်လည်းရှိနေပါတယ်။

၂၀၂၀ ခုနှစ်တိုကျိုအိုလံပစ်အားကစားပွဲတော်ကို အောင်မြင်စွာကျင်းပနိုင်ရေး ယုံကြည်မှုရှိနေဆဲဖြစ်ကြောင်း နိုင်ငံတကာအိုလံပစ်ကော်မတီဥက္ကဋ္ဌ သောမတ်ဘတ်ချ်ကထုတ်ဖော်ပြောဆိုထားပါတယ်။

Ref : BBC
Photo: Getty Images
#voiceofmyanmar #VOM #ဂျပန် #တိုကျို #အိုလံပစ်ပွဲတော်

Zawgyi

ကိုရိုနာဗိုင္းရပ္စ္စိုးရိမ္မႈေတြေၾကာင္႔ တိုက်ိဳအိုလံပစ္ပြဲေတာ္ ေရႊ႕ဆိုင္းရနိုင္

တိုက်ိဳ၊ မတ္-၄-၂၀၂၀
မ်ိဳးဆက္ (VOM)

ကိုရိုနာဗိုင္းရပ္စ္ကူးစက္ပ်ံ႕နွံ႕မႈေတြနဲ႔ပတ္သက္ျပီး စိုးရိမ္ပူပန္မႈေတြေၾကာင္႔ ဂ်ပန္နုိ္င္ငံမွာ က်င္းပမယ္႔ ၂၀၂၀ တိုက်ိဳအိုလံပစ္ျပိဳင္ပဲြကို ေရႊ႕ဆိုင္းက်င္းပရနုိင္တယ္လို႔ ဂ်ပန္အိုလံပစ္၀န္ၾကီး ဆီကိုဟာရိွီမိုတုိကေျပာပါတယ္။

တိုက်ိဳအိုလံပစ္ကို ဇူလိုင္ ၁၄ ရက္ကေန ၾသဂုတ္ ၉ ရက္အထိ က်င္းပဖို႔ မူလကစီစဥ္ထားတာျဖစ္ျပီး ကိုရိုနာဗိုင္းရပ္စ္ေၾကာင္႔ ယခုနွစ္ နွစ္ကုန္ပိုင္းအထိ ေရႊ႕ဆိုင္းရနိုင္တယ္လို႔သူကေျပာပါတယ္။

နိုင္ငံတကာအိုလံပစ္ေကာ္မတီနဲ႔ ဂ်ပန္နိုင္ငံတို႔ ခ်ဳပ္ဆိုထားတဲ႔စာခ်ဳပ္မွည အိုလံပစ္ပြဲေတာ္ကို ၂၀၂၀ ခုနွစ္အတြင္း က်င္းပရမယ္လို႔ပါရိွတာေၾကာင္႔ ေရႊ႔ဆိုင္းက်င္းပလို႔ရေၾကာင္း ဂ်ပန္ပါလီမန္မွာ လႊတ္ေတာ္အမတ္တစ္ဦးရ႕ဲ ေမးခြန္းကို အိုလံပစ္၀န္ၾကီးက ျပန္လည္ေျဖၾကားခဲ႔ပါတယ္။

ဒါေပမယ္႔လည္း မူလစီစဥ္ထားတဲ႔အတိုင္း က်င္းပဖို႔ အစြမ္းကုန္ၾကိဳးစားလုပ္ေဆာင္ေနတယ္လို႔ သူကေျပာပါတယ္။ အိမ္ရွင္အျဖစ္လက္ခံက်င္းပမယ္႔ နိုင္ငံနဲ႔ သေဘာတူညီခ်က္အရ နိုင္ငံတကာအိုလံပစ္ေကာ္မတီဟာ အားကစားပြဲေတြကို ဖ်က္သိမ္းပိုင္ခြင္႔လည္းရိွေနပါတယ္။

၂၀၂၀ ခုနွစ္တိုက်ိဳအိုလံပစ္အားကစားပြဲေတာ္ကို ေအာင္ျမင္စြာက်င္းပနိုင္ေရး ယံုၾကည္မႈရိွေနဆဲျဖစ္ေၾကာင္း နိုင္ငံတကာအိုလံပစ္ေကာ္မတီဥကၠ႒ ေသာမတ္ဘတ္ခ်္ကထုတ္ေဖာ္ေျပာဆိုထားပါတယ္။

Ref : BBC
Photo: Getty Images
#voiceofmyanmar #VOM #ဂ်ပန္ #တိုုက်ိဳ #အိုုလံပစ္ပြဲေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW