ရှေးဟောင်းသုတေသနရဲ့ခွင့်ပြုချက်နဲ့ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ မင်္ဂလာဆောင်အကြို မှတ်တမ်းရိုက်ကူးမှုကို ကုန်းဘောင်ဆက်မောင်နှမတွေကန့်ကွက်

#voiceofmyanmar #မႏၲေလး #VOM #ကုန္းေဘာင္ဆက္ #Pre Wedding

ရှေးဟောင်းသုတေသနရဲ့ခွင့်ပြုချက်နဲ့ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ မင်္ဂလာဆောင်အကြို မှတ်တမ်းရိုက်ကူးမှုကို ကုန်းဘောင်ဆက်မောင်နှမတွေကန့်ကွက်

မန္တလေး မတ် ၄-၂၀၂၀
ဖြူဖြူ ( VOM)

မန္တလေးနန်းတွင်းရှိ မြနန်းစံကျော်မြေနန်းပြဿဒ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက Pre wedding ရိုက်ကူးခဲ့ခြင်းကို ကန့်ကွက်ကြောင်း မတ်လ ၅ ရက်မှာ ယဉ်ကျေးမှုဝန်ကြီးဌာနကို စာတင်သွားမယ်လို့ ကုန်းဘောင်ဆက်မောင်နှမများက သိရပါတယ်။

မတ်လ ၁ ရက်နေ့မနက်ပိုင်းက မြနန်းစံကျော်မြေနန်းပြဿဒ်နေရာနဲ့ အဲဒီနေရာရှိ သီဟာသနပလ္လင်ရှေ့မှာ မင်္ဂလာအခမ်းအနား Pre Wedding ဓါတ်ပုံတွေ ရိုက်ကူးခဲ့တာပါ။

မြနန်းစံကျော်မြေနန်းပြဿဒ်နေရာဟာ ဘုရင်လက်ထက်က အထွဋ်အမြတ်ထားတဲ့ ညီလာခံကျင်းပရာနေရာဖြစ်ပြီး မင်္ဂလာအခမ်းအနား ကျင်းပတဲ့ထုံးစံမရှိသလို သီဟာသနပလ္လင်ဟာလည်း နိုင်ငံတော်ရဲ့အချုပ်အခြာနေရာဖြစ်တဲ့အတွက် ဒီလိုနေရာတွေမှာ ဓါတ်ပုံရိုက်ကူးရုံတင်မဟုတ်ဘဲ အခမ်းအနားအသွင်ရိုက်ကူးခဲ့တာက ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကို အဂါရဝဖြစ်စေတယ်လို့ ကုန်းဘောင်ဆက်မောင်နှမများမှာ မင်းတုန်းမင်းကြီးရဲ့ တီတော် ဦးထိပ်တင်အောင်က ပြောပါတယ်။

“အခုဖြစ်သွားတဲ့ဖြစ်စဉ်ကိုရှုတ်ချပြီးနောင်ကို ဘယ်လိုလုပ်မလဲ၊ ဝန်ကြီးဌာနအနေနဲ့ ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ဖို့အစီအစဉ်ရှိမရှိ အဲဒါကို စာတင်ထားတာပါ။”လို့ ဦးထိပ်တင်အောင်က ပြောပါတယ်။

အခုဖြစ်ပေါ်ခဲ့တဲ့ Pre Wedding ရိုက်ကူးမှုဟာ မင်္ဂလာဆောင်အခမ်းအနားအသွင်နဲ့ ရိုက်ကူးဖို့ကို ညပိုင်းကတည်းက စီစဉ်ဆောင်ရွက်ထားတာဖြစ်ပြီး ဒီ့အတွက်ကို ရှေးဟောင်းသုတေသနရဲ့ခွင့်ပြုချက်နဲ့ လုပ်ဆောင်ခဲ့တာလို့ ကာယကံရှင်တွေက ပြောဆိုကြောင်း သိရပါတယ်။

ဒီကိစ္စကို ကုန်းဘောင်ဆက်အနွယ်ဝင်တွေက သက်ဆိုင်ရာကို အကြောင်းကြားရာမှာ ချက်ချင်းဖယ်ရှားလိုက်ပြီလို့ ပြောဆိုပေမယ့် မြေပြင်မှာက ဆက်လက်ရိုက်ကူးနေဆဲဖြစ်သလို သွားရောက်တားမြစ်ရာမှာလည်း မချေမငံပြောဆိုမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကလည်း အဂါရဝဖြစ်စေတဲ့ဝတ်စားးဆင်ယင်မှုတွေနဲ့ ယောဂကျင့်တဲ့ဓါတ်ပုံတွေ လူမှုကွန်ယက်မှာ ပြန့်နှံ့ခဲ့ပါသေးတယ်။ နန်းတွင်းမှာ ဝန်ထမ်းတွေနဲ့ cctv တွေရှိပေမယ့် အခုလိုကိစ္စတွေဖြစ်ပေါ်တာက သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ အောက်ခြေဝန်ထမ်းတွေရဲ့ ချိတ်ဆက်လုပ်ဆောင်မှုတွေဟာ အားနည်းတယ်လို့ ဦးထိပ်တင်အောင်က ပြောပါတယ်။

ဓါတ်ပုံ ဦးထိပ်တင်အောင်
#voiceofmyanmar #မန္တလေး #VOM #ကုန်းဘောင်ဆက် #Pre Wedding

Zawgyi

ေရွးေဟာင္းသုေတသနရဲ႕ခြင့္ျပဳခ်က္နဲ႔ လုပ္ေဆာင္ခဲ့တယ္ဆိုတဲ႕ မဂၤလာေဆာင္အၾကိဳ မွတ္တမ္းရိုက္ကူးမွဳကို ကုန္းေဘာင္ဆက္ေမာင္ႏွမေတြကန္႕ကြက္

မႏၲေလး မတ္ ၄-၂၀၂၀
ျဖဴျဖဴ ( VOM)

မႏၲေလးနန္းတြင္းရွိ ျမနန္းစံေက်ာ္ေျမနန္းျပႆဒ္မွာ ၿပီးခဲ့တဲ့ရက္ပိုင္းက Pre wedding ႐ိုက္ကူးခဲ့ျခင္းကို ကန႔္ကြက္ေၾကာင္း မတ္လ ၅ ရက္မွာ ယဥ္ေက်းမႈဝန္ႀကီးဌာနကို စာတင္သြားမယ္လို႔ ကုန္းေဘာင္ဆက္ေမာင္ႏွမမ်ားက သိရပါတယ္။

မတ္လ ၁ ရက္ေန႔မနက္ပိုင္းက ျမနန္းစံေက်ာ္ေျမနန္းျပႆဒ္ေနရာနဲ႔ အဲဒီေနရာရွိ သီဟာသနပလႅင္ေရွ႕မွာ မဂၤလာအခမ္းအနား Pre Wedding ဓါတ္ပုံေတြ ႐ိုက္ကူးခဲ့တာပါ။

ျမနန္းစံေက်ာ္ေျမနန္းျပႆဒ္ေနရာဟာ ဘုရင္လက္ထက္က အထြြဋ္အျမတ္ထားတဲ့ ညီလာခံက်င္းပရာေနရာျဖစ္ၿပီး မဂၤလာအခမ္းအနား က်င္းပတဲ့ထုံးစံမရွိသလို သီဟာသနပလႅင္ဟာလည္း ႏိုင္ငံေတာ္ရဲ႕အခ်ဳပ္အျခာေနရာျဖစ္တဲ့အတြက္ ဒီလိုေနရာေတြမွာ ဓါတ္ပုံ႐ိုက္ကူး႐ုံတင္မဟုတ္ဘဲ အခမ္းအနားအသြင္႐ိုက္ကူးခဲ့တာက ယဥ္ေက်းမႈ ဓေလ့ထုံးတမ္းေတြကို အဂါရဝျဖစ္ေစတယ္လို႔ ကုန္းေဘာင္ဆက္ေမာင္ႏွမမ်ားမွာ မင္းတုန္းမင္းႀကီးရဲ႕ တီေတာ္ ဦးထိပ္တင္ေအာင္က ေျပာပါတယ္။

“အခုျဖစ္သြားတဲ့ျဖစ္စဥ္ကိုရႈတ္ခ်ၿပီးေနာင္ကို ဘယ္လိုလုပ္မလဲ၊ ဝန္ႀကီးဌာနအေနနဲ႔ ျပဳျပင္ထိန္းသိမ္း ေဆာင္႐ြက္ဖို႔အစီအစဥ္ရွိမရွိ အဲဒါကို စာတင္ထားတာပါ။”လို႔ ဦးထိပ္တင္ေအာင္က ေျပာပါတယ္။

အခုျဖစ္ေပၚခဲ့တဲ့ Pre Wedding ႐ိုက္ကူးမႈဟာ မဂၤလာေဆာင္အခမ္းအနားအသြင္နဲ႔ ႐ိုက္ကူးဖို႔ကို ညပိုင္းကတည္းက စီစဥ္ေဆာင္႐ြက္ထားတာျဖစ္ၿပီး ဒီ့အတြက္ကို ေရွးေဟာင္းသုေတသနရဲ႕ခြင့္ျပဳခ်က္နဲ႔ လုပ္ေဆာင္ခဲ့တာလို႔ ကာယကံရွင္ေတြက ေျပာဆိုေၾကာင္း သိရပါတယ္။

ဒီကိစၥကို ကုန္းေဘာင္ဆက္အႏြယ္ဝင္ေတြက သက္ဆိုင္ရာကို အေၾကာင္းၾကားရာမွာ ခ်က္ခ်င္းဖယ္ရွားလိုက္ၿပီလို႔ ေျပာဆိုေပမယ့္ ေျမျပင္မွာက ဆက္လက္႐ိုက္ကူးေနဆဲျဖစ္သလို သြားေရာက္တားျမစ္ရာမွာလည္း မေခ်မငံေျပာဆိုမႈေတြရွိခဲ့တယ္လို႔ ဆိုပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ကုန္ပိုင္းကလည္း အဂါရဝျဖစ္ေစတဲ့ဝတ္စားးဆင္ယင္မႈေတြနဲ႔ ေယာဂက်င့္တဲ့ဓါတ္ပုံေတြ လူမႈကြန္ယက္မွာ ျပန႔္ႏွံ႔ခဲ့ပါေသးတယ္။ နန္းတြင္းမွာ ဝန္ထမ္းေတြနဲ႔ cctv ေတြရွိေပမယ့္ အခုလိုကိစၥေတြျဖစ္ေပၚတာက သက္ဆိုင္ရာဝန္ႀကီးဌာနေတြနဲ႔ ေအာက္ေျခဝန္ထမ္းေတြရဲ႕ ခ်ိတ္ဆက္လုပ္ေဆာင္မႈေတြဟာ အားနည္းတယ္လို႔ ဦးထိပ္တင္ေအာင္က ေျပာပါတယ္။

ဓါတ္ပံု ဦးထိပ္တင္ေအာင္
#voiceofmyanmar #မႏၲေလး #VOM #ကုန္းေဘာင္ဆက္ #Pre Wedding

Related posts

Leave a Comment

VOM News

FREE
VIEW