တောင်ကိုရီးယားမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တစ်ရက်တည်း နှစ်ဆကျော်မြင့်တက်

တောင်ကိုရီးယားမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တစ်ရက်တည်း နှစ်ဆကျော်မြင့်တက်

ဆိုးလ်၊ ဖေဖော်ဝါရီ-၂၃-၂၀၂၀
မျိုးဆက် (VOM)

တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက်ဟာ တစ်ရက်တည်း နှစ်ဆကျော်မြင့် တက်လာတယ်လို့ အာဏာပိုင်တွေက ဖေဖော်ဝါရီ ၂၂ ရက်မှာပြောပါတယ်။

ဖေဖော်ဝါရီ၂၁ရက်နောက်ပိုင်း ရောဂါထပ်မံကူးစက်ခံရသူဦးရေ ၂၂၉ဦးရှိပြီး နောက်တစ်နေ့မှာတော့ စုစုပေါင်း ၄၃၃ဦး ထိမြင့်တက်လာသလို လူနှစ်ဦးသေဆုံးသွားပါတယ်။
ဒါဟာ ဗိုင်းရပ်စ်ကူးစက်မှုအကြီးအကျယ်ဖြစ်ပွားတဲ့အခြေအနေလို့ တောင်ကိုရီးယား ဝန်ကြီးချုပ် Chung Sye-kyun ရုပ်မြင်သံကြား မိန့်ခွန်းတစ်ရပ်မှာ ပြောပါတယ်။

ရောဂါကူးစက်မှုတွေဟာ ဆေးရုံတစ်ခုနဲ့ ဒဲဂုမြို့အရှေ့တောင်ပိုင်းအနီး ဘာသာရေးအဖွဲ့တစ်ခုနဲ့ ဆက်နွယ်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဗိုင်းရပ်စ်စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံမှာတော့ လူ ၂၃၄၅ ဦးသေဆုံးပြီး ၇၆၂၈၈ ဦးရောဂါကူးစက်ခံ ထားရပါတယ်။ တရုတ်နိုင်ငံပြင်ပမှာတော့ နိုင်ငံပေါင်း ၂၆ နိုင်ငံမှာ ကူးစက်မှု ၁၂၀၀ ကျော်ရှိနေပြီး လူရှစ်ဦးသေဆုံးခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ကျန်းမာရေးစနစ်အားနည်းတဲ့ အာဖရိကနိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှာနဲ့ပတ်သက်ပြီး လက်ရှိအချိန်မှာ အစိုးရိမ်းဆုံးဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲက ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref: BBC
Photo: AFP
#voiceofmyanmar #VOM #တောင်ကိုရီးယားမှာကိုရိုနာဗိုင်ရပ်စ်ကူး

 

ေတာင္ကိုရီးယားမွာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈ တစ္ရက္တည္း နွစ္ဆေက်ာ္ျမင္႔တက္

ဆိုးလ္၊ ေဖေဖာ္၀ါရီ-၂၃-၂၀၂၀
မ်ိဳးဆက္ (VOM)

ေတာင္ကိုရီးယားနုိင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရသူအေရအတြက္ဟာ တစ္ရက္တည္း နွစ္ဆေက်ာ္ျမင္႔ တက္လာတယ္လို႔ အာဏာပိုင္ေတြက ေဖေဖာ္၀ါရီ ၂၂ ရက္မွာေျပာပါတယ္။

ေဖေဖာ္ဝါရီ၂၁ရက္ေနာက္ပုိင္း ေရာဂါထပ္မံကူးစက္ခံရသူဦးေရ ၂၂၉ဦးရွိျပီး ေနာက္တစ္ေန႔မွာေတာ႔ စုစုေပါင္း ၄၃၃ဦး ထိျမင့္တက္လာသလို လူနွစ္ဦးေသဆံုးသြားပါတယ္။
ဒါဟာ ဗိုင္းရပ္စ္ကူးစက္မႈအၾကီးအက်ယ္ျဖစ္ပြားတဲ႔အေျခအေနလို႔ ေတာင္ကိုရီးယား ဝန္ၾကီးခ်ဳပ္ Chung Sye-kyun ရုပ္ျမင္သံၾကား မိန္႔ခြန္းတစ္ရပ္မွာ ေျပာပါတယ္။

ေရာဂါကူးစက္မႈေတြဟာ ေဆးရံုတစ္ခုနဲ႔ ဒဲဂုျမိဳ႔အေရွ႔ေတာင္ပုိင္းအနီး ဘာသာေရးအဖြဲ႔တစ္ခုနဲ႔ ဆက္ႏြယ္ေနတယ္လို႔ တာ၀န္ရိွသူေတြက ေျပာပါတယ္။

ဗိုင္းရပ္စ္စတင္ျဖစ္ပြားခဲ႔တဲ႔ တရုတ္နိုင္ငံမွာေတာ႔ လူ ၂၃၄၅ ဦးေသဆံုးျပီး ၇၆၂၈၈ ဦးေရာဂါကူးစက္ခံ ထားရပါတယ္။ တရုတ္နိုင္ငံျပင္ပမွာေတာ႔ နုိင္ငံေပါင္း ၂၆ နိုင္ငံမွာ ကူးစက္မႈ ၁၂၀၀ ေက်ာ္ရိွေနျပီး လူရွစ္ဦးေသဆံုးခ႔ဲတယ္လို႔ ကမၻာ႔က်န္းမာေရးအဖြဲ႔က ထုတ္ျပန္ထားပါတယ္။

က်န္းမာေရးစနစ္အားနည္းတဲ႔ အာဖရိကနိုင္ငံေတြမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မွာနဲ႔ပတ္သက္ျပီး လက္ရိွအခ်ိန္မွာ အစိုးရိမ္းဆံုးျဖစ္တယ္လို႔ ကမၻာ႔က်န္းမာေရးအဖြဲ႔ အၾကီးအကဲက ထုတ္ေဖာ္ေျပာဆိုထားပါတယ္။

Ref: BBC
Photo: AFP
#voiceofmyanmar #VOM #ေတာင္ကိုရီးယားမွာကိုရိုနာဗိုင္ရပ္စ္ကူး

Related posts

Leave a Comment

VOM News

FREE
VIEW