တောင်ကိုရီးယားမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တစ်ရက်တည်း နှစ်ဆကျော်မြင့်တက်

တောင်ကိုရီးယားမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တစ်ရက်တည်း နှစ်ဆကျော်မြင့်တက် ဆိုးလ်၊ ဖေဖော်ဝါရီ-၂၃-၂၀၂၀ မျိုးဆက် (VOM) တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက်ဟာ တစ်ရက်တည်း နှစ်ဆကျော်မြင့် တက်လာတယ်လို့ အာဏာပိုင်တွေက ဖေဖော်ဝါရီ ၂၂ ရက်မှာပြောပါတယ်။ ဖေဖော်ဝါရီ၂၁ရက်နောက်ပိုင်း ရောဂါထပ်မံကူးစက်ခံရသူဦးရေ ၂၂၉ဦးရှိပြီး နောက်တစ်နေ့မှာတော့ စုစုပေါင်း ၄၃၃ဦး ထိမြင့်တက်လာသလို လူနှစ်ဦးသေဆုံးသွားပါတယ်။ ဒါဟာ ဗိုင်းရပ်စ်ကူးစက်မှုအကြီးအကျယ်ဖြစ်ပွားတဲ့အခြေအနေလို့ တောင်ကိုရီးယား ဝန်ကြီးချုပ် Chung Sye-kyun ရုပ်မြင်သံကြား မိန့်ခွန်းတစ်ရပ်မှာ ပြောပါတယ်။ ရောဂါကူးစက်မှုတွေဟာ ဆေးရုံတစ်ခုနဲ့ ဒဲဂုမြို့အရှေ့တောင်ပိုင်းအနီး ဘာသာရေးအဖွဲ့တစ်ခုနဲ့ ဆက်နွယ်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဗိုင်းရပ်စ်စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံမှာတော့ လူ ၂၃၄၅ ဦးသေဆုံးပြီး ၇၆၂၈၈ ဦးရောဂါကူးစက်ခံ ထားရပါတယ်။ တရုတ်နိုင်ငံပြင်ပမှာတော့ နိုင်ငံပေါင်း ၂၆ နိုင်ငံမှာ ကူးစက်မှု ၁၂၀၀ ကျော်ရှိနေပြီး လူရှစ်ဦးသေဆုံးခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ ကျန်းမာရေးစနစ်အားနည်းတဲ့…

Read More

ထိုင်းအတိုက်အခံပါတီ ဖျက်သိမ်းခံရမှု ဘန်ကောက်မှာလူရာပေါင်းများစွာ ဆန္ဒပြ

ထိုင်းအတိုက်အခံပါတီ ဖျက်သိမ်းခံရမှု ဘန်ကောက်မှာလူရာပေါင်းများစွာ ဆန္ဒပြ ဘန်ကောက်၊ ဖေဖော်ဝါရီ-၂၃-၂၀၂၀ မျိုးဆက် (VOM) ထိုင်းနိုင်ငံရေးမှာ စစ်တပ်ရဲ့ထိန်းချုပ်မှုကို အဆုံးသတ်ဖို့ တောင်းဆိုခဲ့တဲ့ အတိုက်အခံပါတီ ဖျက်သိမ်းခံလိုက်ရတာကြောင့် ကျောင်းသားတွေနဲ့ ပြည်သူရာပေါင်းများစွာဟာ ဘန်ကောက်မှာဆန္ဒပြခဲ့ကြပါတယ်။ ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးဟာ Future Forward ပါတီကို ဖေဖော်ဝါရီ ၂၁ ရက်မှာ ဖျက်သိမ်းဖို့အမိန့်ချလိုက်ပြီး ရန်ပုံငွေတွေကို တရားမဝင်ရယူခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်က စွပ်စွဲထားပါတယ်။ အဲဒီပါတီဟာ လွန်ခဲ့တဲ့မတ်လအတွင်း ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲအပြီးမှာ ပါလီမန်အတွင်း တတိယအင်အားအကြီးဆုံးပါတီဖြစ်လာပြီး စစ်တပ်အကြီးအကဲဟောင်း ပရာယွတ်ချန်အိုချာဦးဆောင်တဲ့ လက်ရှိအစိုးရကို ဝေဖန်မှုတွေပြုလုပ်ခဲ့ပါတယ်။ လွတ်လပ်အမှီအခိုကင်းတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးဟာ အာဏာရှင်ကိုအရှုံးပေးခဲ့ရကြောင်း၊ ထိုင်းနိုင်ငံမှာ တရားမျှတမှုမရှိတော့ဘူးလို့ ဘန်ကောက်မှလုပ်တဲ့ ဆန္ဒပြပွဲမှာ တက္ကသိုလ်ကျောင်းသားတွေက ပြောပါတယ်။ ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးဟာ အရင်ကလည်း နိုင်ငံရေးပါတီတွေကို ဖျက်သိမ်းဖို့ အမိန့်ထုတ်ခဲ့တာတွေရှိပြီး ပြည်တွင်းနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။…

Read More

တောင်ရိုးအမျိုးသားနေ့ အခမ်းအနားစတင်

တောင်ရိုးအမျိုးသားနေ့ အခမ်းအနားစတင် ရှမ်း ၊ ဖေဖော်ဝါရီ ၂၃ ၊ ၂၀၂၀ အောင်ထူးနိုင်(VOM) နှစ်စဉ်ပြုလုပ်လေ့ရှိတဲ့ တောင်ရိုးအမျိုးသားနေ့ စုံညီပွဲတော်ကို ရှမ်းပြည်နယ်(တောင်ပိုင်း)ညောင်ရွှေမြို့နယ်၊ ကျေးပေါခုံကျေးရွာအုပ်စု ကျားတွန်ရွာမှာ ဖေဖော်ဝါရီ ၂၂ ရက် ညနေပိုင်းမှာ စတင်ကျင်းပနေပါပြီ။ အဲဒီပွဲတော်ကို ဖေဖော်ဝါရီ ၂၅ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး တောင်ရိုးအမျိုးသား အလံတင်အခမ်းအနားအပါအဝင် ယဉ်ကျေးမှုအဖွဲ့တွေက ဖျော်ဖြေခြင်း၊ ယှဉ်ပြိုင်းခြင်းနဲ့ ယဉ်ကျေးမှုပြခန်းတွေကိုလည်း ပြသသွားမှာ ဖြစ်တယ်လို့ ပွဲတော်ကျင်းပရေးကော်မတီထံမှ သိရပါတယ်။   တောင်ရိုးအမျိုးသားနေ့ စုံညီပွဲတော်ကို နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအဖွဲ့ဝန်တွေကိုလည်း ဖိတ်ကြားထားတယ်လို့ သိရပါတယ်။ တောင်ရိုးမျိုးနွယ်စုက ရှမ်းတိုင်းရင်းသား မျိုးနွယ်စု (၃၃)မျိုးထဲမှာ ပါဝင်တဲ့ မျိုးနွယ်စုတစ်ခုဖြစ်ပါတယ်။ တောင်ရိုးအမျိုးသားနေ့ကို ဒီနှစ်ဆိုရင် (၁၁)ကြိမ်မြောက်အထိ ကျင်းပနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ တောင်ရိုးမျိုးနွယ်စုတွေဟာ လူဦးရေ တစ်သိန်းခွဲခန့် ရှိပြီး အစိုးရရဲ့ တရားဝင်ထုတ်ပြန်တဲ့…

Read More

စစ်ကိုင်းတိုင်းလွှတ်တော်ရုံးက ဒုညွှန်ချုပ်အား ရာထူးမှရပ်ဆိုင်း

စစ်ကိုင်းတိုင်းလွှတ်တော်ရုံးက ဒုညွှန်ချုပ်အား ရာထူးမှရပ်ဆိုင်း မုံရွာ-ဖေဖေါ်ဝါရီ ၂၃-၂၀၂၀ ရန်နိုင်စိုး (VOM) စစ်ကိုင်းတိုင်းလွှတ်တော်ရုံးဒုတိယညွှန်ကြား‌ရေးမှုးချုပ် ဦးကျော်သူရကို ကို ရာထူးကနေယာယီရပ်ဆိုင်းလိုက်တယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တချို့ဆီက သိရပါတယ်။ အခုလို တာဝန်ကနေ ယာယီရပ်စဲခံရတာဟာ အဂတိတိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားထားတဲ့ လွှတ်တော်အတွက် ကား‌တွေဝယ်တဲ့ ကိစ္စတချို့နဲ့ ဆက်စပ်တယ်လို့ ခိုင်မာတဲ့ သတင်းရပ်ကွက်ကနေ သိရပါတယ်။ ” ကျနော်သိရသလောက်တော့ ၂၀ ရက်နေ့က တာဝန်က‌နေရပ်စဲလိုက်တယ်လို့ ကြားရတာပေါ့နော်။ အဂတိကို အတိုင်ခံရလို့သိတယ်။ တိုင်တဲ့သူတွေက လက်မှတ်ထိုးတိုင်တယ်လို့ သိရတယ်။ လက်မှတ်ထိုးတဲ့အထဲ ကျနော်တော့မပါဘူး။ စစ်ဆေးနေဆဲဆိုတော့ အတွင်းကျကျပြောလို့ မရသေးဘူး။ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စစ်နေသိထားတယ် ” လို့ ကနီမြို့နယ် တိုင်းဒေသလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးသန်းကို ဗီအိုအမ်က အကြိမ်ကြိမ်ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဖုန်းကိုင်ဖြေကြားခြင်းမရှိပါဘူး။ ခုယာယီရပ်စဲထားတဲ့ ဒုညွှန်ချုပ်ကို ပမာဏစုံစမ်းစစ်ဆေးရေးပြုလုပ်ပြီး ဝန်ထမ်းဥပဒေအရ ဌာနအတွင်းစုံစမ်းစစ်ဆေးမှုတွေ…

Read More

ကျောက်တော်မြို့ပေါ် ပစ်ခတ်မှုဖြစ်လို့ ဒဏ်ရာရတဲ့သူတွေကို စစ်တွေဆေးရုံသို့ပို့ရ

ကျောက်တော်မြို့ပေါ် ပစ်ခတ်မှုဖြစ်လို့ ဒဏ်ရာရတဲ့သူတွေကို စစ်တွေဆေးရုံသို့ပို့ရ ကျောက်တော်၊ ဖေဖော်ဝါရီ ၂၃- ၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်အတွင်း၊ ကျောက်တော်မြို့ပေါ်မှာ မနေ့ဖေဖော်ဝါရီလ ၂၂ ရက်၊ ညနေပိုင်း ၈ နာရီ ၅၀ မိနစ် လောက်က ပစ်ခတ်မှုတစ်ခုဖြစ်ပြီးနောက် အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားတစ်ဦး ဒဏ်ရာရရှိသွားပါတယ်။ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသွားတဲ့ထဲက သားမိနှစ်ယောက်မှာ ဒဏ်ရာပြင်းထန်တာကြောင့် စစ်တွေဆေးရုံသို့ ပို့ဆောင်ရတာဖြစ်ပြီး ကျန်တစ်ယောက်ကို ကျောက်တော်ဆေးရုံမှာ စိုးရိမ်စရာမရှိဘူးလို့သိရပါတယ်။ ” ကျနော်တို့အခု စစ်တွေကိုယူ လာနေတယ်။ ပစ်ခတ်မှုဖြစ်လို့ ဒဏ်ရာရသူ ၃ ယောက်မှာ နှစ်ယောက်ကို အခု စစ်တွေသို့ယူလာနေတယ်။ ဘယ်အချိန်ရောက်မယ်ဆိုတာမသိသေးဘူး။ စစ်ဆေးရေးဂိတ်တွေ အပေါ်မှာမူတည်နေတယ်။” လို့ ဖြူစင်မေတ္တာပရဟိတအဖွဲ့ ကတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဒဏ်ရာရရှိသူတွေဖြစ်တဲ့ အမျိုးသမီး နှစ်ယောက်မှာ ၅၆ နှစ်အရွယ် တစ်ယောက်၊ ၅၇ နှစ်အရွယ်…

Read More

ခိုကိုးရာမဲ့ ဘိုးဘွားများပြားလာလို့ မုံရွာမှာ ဘိုးဘွားရိပ်သာအသစ်ဖွင့်

  ခိုကိုးရာမဲ့ ဘိုးဘွားများပြားလာလို့ မုံရွာမှာ ဘိုးဘွားရိပ်သာအသစ်ဖွင့် မုံရွာ -ဖေဖေါ်ဝါရီ ၂၃-၂၀၂၀ ရန်နိုင်စိုး(VOM) မုံရွာမြို့မှာ ခိုကိုးရာမဲ့ဘိုးဘွားတွေကို ပြုစုစောင့်ရှောက်ဖို့ ဘိုးဘွားရိပ်သာအသစ်ကို ရွှေဇလုပ်ရပ်ကွက်မှာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ဖွင့်ပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီဘိုးဘွားရိပ်သာကို ရွှေရောင်ဆည်းဆာ ဘိုးဘွားရိပ်သာလို့နာမည်ပေးထားပါတယ်။ ရွှေရောင်ဆည်းဆာ ဘိုးဘွားရိပ်သာကို ဦးစီးတည်ထောင်တဲ့ သီလရှင်ဒေါ်ရူပသိင်္ဂ ီက ” ဆရာလေး‌တို့က စစ်ကိုင်းတိုင်းမှာ ခိုကိုးရာမဲ့ ဘိုးဘွားတွေများပြားလာတယ်။ သားသမီးမရှိတာတို့၊ သားသမီးက လုပ်မကျွေးတာတို့ပေါ့။ ဒီလို အချက်လက်တွေနဲ့ညီရင် လာအပ်တဲ့သူလက်မှတ်နဲ့ ရပ်ကွက်ထောက်ခံစာပါရင်ရတယ်။ နောက်ပြီး စွန့်ပစ်ခံရတဲ့ ကလေးတွေကို စောင့်ရှောက်ဖို့ အစီစဉ်လည်း ရှိတယ်။ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာရင် ရိပ်သာမှာ ဝန်ထမ်းတွေကို ခန့်အပ်သွားဖို့ စီစဉ်ထားတယ်။ အခုတော့ ကျောင်းမှာရှိတဲ့ သီလရှင်တွေက စောင့်ရှောက်ထားတာ ” လို့ပြောပါတယ်။ လတ်တလောမှာ ခိုကိုးရာမဲ့ လာရောက်ခိုလှုံသူဘိုးဘွား…

Read More
VOM News

FREE
VIEW