ကျောက်တော်မြို့ပေါ် ပစ်ခတ်မှုဖြစ်လို့ ဒဏ်ရာရတဲ့သူတွေကို စစ်တွေဆေးရုံသို့ပို့ရ

ကျောက်တော်မြို့ပေါ် ပစ်ခတ်မှုဖြစ်လို့ ဒဏ်ရာရတဲ့သူတွေကို စစ်တွေဆေးရုံသို့ပို့ရ

ကျောက်တော်၊ ဖေဖော်ဝါရီ ၂၃- ၂၀၂၀
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်အတွင်း၊ ကျောက်တော်မြို့ပေါ်မှာ မနေ့ဖေဖော်ဝါရီလ ၂၂ ရက်၊ ညနေပိုင်း ၈ နာရီ ၅၀ မိနစ် လောက်က ပစ်ခတ်မှုတစ်ခုဖြစ်ပြီးနောက် အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားတစ်ဦး ဒဏ်ရာရရှိသွားပါတယ်။

ပစ်ခတ်မှုကြောင့် ဒဏ်ရာရသွားတဲ့ထဲက သားမိနှစ်ယောက်မှာ ဒဏ်ရာပြင်းထန်တာကြောင့် စစ်တွေဆေးရုံသို့ ပို့ဆောင်ရတာဖြစ်ပြီး ကျန်တစ်ယောက်ကို ကျောက်တော်ဆေးရုံမှာ စိုးရိမ်စရာမရှိဘူးလို့သိရပါတယ်။

” ကျနော်တို့အခု စစ်တွေကိုယူ လာနေတယ်။ ပစ်ခတ်မှုဖြစ်လို့ ဒဏ်ရာရသူ ၃ ယောက်မှာ နှစ်ယောက်ကို အခု စစ်တွေသို့ယူလာနေတယ်။ ဘယ်အချိန်ရောက်မယ်ဆိုတာမသိသေးဘူး။ စစ်ဆေးရေးဂိတ်တွေ အပေါ်မှာမူတည်နေတယ်။” လို့ ဖြူစင်မေတ္တာပရဟိတအဖွဲ့ ကတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒဏ်ရာရရှိသူတွေဖြစ်တဲ့ အမျိုးသမီး နှစ်ယောက်မှာ ၅၆ နှစ်အရွယ် တစ်ယောက်၊ ၅၇ နှစ်အရွယ် တစ်ယောက်နဲ့ အမျိုးသား ၁၇ နှစ်အရွယ် စသည်ဖြင့် ၃ ယောက်ဒဏ်ရာရရှိကြတာ ဖြစ်ပါတယ်။

အခင်းဖြစ်ပွားတဲ့နေရာဟာ ကျောက်တော်မြို့ ပိုက်သည်ရပ်၊ ဒုံးချောင်းအစုမှာ ဖြစ်ပြီး တပ်မတော်စစ်ကားတစ်စီးကနေ RPG နဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ကျောက်တော် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

” မနေ့က ညပိုင်း ၈ နာရီ ၅၀ လောက်မှာ ဖြစ်တာ။ စစ်ကားက အဲ့ဒီနားက သွားတယ်။ ကားပေါ်ကနေပြီး ပစ်ခတ်ခဲ့တယ်။ အဲ့ဒီပုံစံမျိုးပါပဲ။” လို့ ကျောက်တော်မြို့ပေါ် ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ပထမတန်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝင်းဇော်ဦးကိုဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်းမရှိသေးပါဘူး။

#voiceofmyanmar #VOM #ကျောက်တော်ပစ်ခတ်မှု

zawgyi

ေက်ာက္ေတာ္ၿမိဳ႕ေပၚ ပစ္ခတ္မႈျဖစ္လို႕ ဒဏ္ရာရတဲ႕သူေတြကို စစ္ေတြေဆးရံုသို႔ပို႔ရ

ေက်ာက္ေတာ္၊ ေဖေဖာ္ဝါရီ ၂၃- ၂၀၂၀
ခိုင္လင္းစံ (VOM)

ရခိုင္ျပည္နယ္အတြင္း၊ ေက်ာက္ေတာ္ၿမိဳ႕ေပၚမွာ မေန႔ ႔ေဖေဖာ္ဝါရီလ ၂၂ ရက္၊ ညေနပိုင္း ၈ နာရီ ၅၀ မိနစ္ ေလာက္က ပစ္ခတ္မႈတစ္ခုျဖစ္ၿပီးေနာက္ အမ်ိဳးသမီးႏွစ္ဦးနဲ႔ အမ်ိဳးသားတစ္ဦး ဒဏ္ရာရ႐ွိသြားပါတယ္။

ပစ္ခတ္မွုေၾကာင့္ ဒဏ္ရာရသြားတဲ့ထဲက သားမိနွစ္ေယာက္မွာ ဒဏ္ရာျပင္းထန္တာေၾကာင့္ စစ္ေတြေဆးရံုသို႔ ပို႔ေဆာင္ရတာျဖစ္ၿပီး က်န္တစ္ေယာက္ကို ေက်ာက္ေတာ္ေဆးရံုမွာ စိုးရိမ္စရာမရွိဘူးလို႕သိရပါတယ္။

” က်ေနာ္တို႔အခု စစ္ေတြကိုယူ လာေနတယ္။ ပစ္ခတ္မႈျဖစ္လို႔ ဒဏ္ရာရသူ ၃ ေယာက္မွာ ႏွစ္ေယာက္ကို အခု စစ္ေတြသို႔ယူလာေနတယ္။ ဘယ္အခ်ိန္ေရာက္မယ္ဆိုတာမသိေသးဘူး။ စစ္ေဆးေရးဂိတ္ေတြ အေပၚမွာမူတည္ေနတယ္။” လို႔ ျဖဴစင္ေမတၱာပရဟိတအဖြဲ႔ ကတာဝန္႐ွိသူတစ္ဦးက ေျပာပါတယ္။

ဒဏ္ရာရ႐ွိသူေတြျဖစ္တဲ့ အမ်ိဳးသမီး ႏွစ္ေယာက္မွာ ၅၆ ႏွစ္အရြယ္ တစ္ေယာက္၊ ၅၇ ႏွစ္အရြယ္ တစ္ေယာက္နဲ႔ အမ်ိဳးသား ၁၇ ႏွစ္အရြယ္ စသည္ျဖင့္ ၃ ေယာက္ဒဏ္ရာရ႐ွိၾကတာ ျဖစ္ပါတယ္။

အခင္းျဖစ္ပြားတဲ့ေနရာဟာ ေက်ာက္ေတာ္ၿမိဳ႕ ပိုက္သည္ရပ္၊ ဒံုးေခ်ာင္းအစုမွာ ျဖစ္ၿပီး တပ္မေတာ္စစ္ကားတစ္စီးကေန RPG နဲ႔ ပစ္ခတ္ခဲ့တာျဖစ္တယ္လို႔ ေက်ာက္ေတာ္ ေဒသခံအမ်ိဳးသားတစ္ဦးက ေျပာပါတယ္။

” မေန႔က ညပိုင္း ၈ နာရီ ၅၀ ေလာက္မွာ ျဖစ္တာ။ စစ္ကားက အဲ့ဒီနားက သြားတယ္။ ကားေပၚကေနၿပီး ပစ္ခတ္ခဲ့တယ္။ အဲ့ဒီပံုစံမ်ိဳးပါပဲ။” လို႔ ေက်ာက္ေတာ္ၿမိဳ႕ေပၚ ေဒသခံ အမ်ိဳးသားတစ္ဦးက ေျပာပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး အေနာက္ပိုင္း တိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီး ပထမတန္း ေျပာေရးဆိုခြင့္႐ွိသူ ဗိုလ္မွဴးႀကီးဝင္းေဇာ္ဦးကိုဆက္သြယ္ခဲ့ရာ ဖုန္းလက္ခံေျဖဆိုျခင္းမ႐ွိေသးပါဘူး။

#voiceofmyanmar #VOM #ေက်ာက္ေတာ္ပစ္ခတ္မွဳ

Related posts

Leave a Comment

VOM News

FREE
VIEW