ထိုင်းအတိုက်အခံပါတီ ဖျက်သိမ်းခံရမှု ဘန်ကောက်မှာလူရာပေါင်းများစွာ ဆန္ဒပြ

ထိုင်းအတိုက်အခံပါတီ ဖျက်သိမ်းခံရမှု ဘန်ကောက်မှာလူရာပေါင်းများစွာ ဆန္ဒပြ

ဘန်ကောက်၊ ဖေဖော်ဝါရီ-၂၃-၂၀၂၀
မျိုးဆက် (VOM)

ထိုင်းနိုင်ငံရေးမှာ စစ်တပ်ရဲ့ထိန်းချုပ်မှုကို အဆုံးသတ်ဖို့ တောင်းဆိုခဲ့တဲ့ အတိုက်အခံပါတီ ဖျက်သိမ်းခံလိုက်ရတာကြောင့် ကျောင်းသားတွေနဲ့ ပြည်သူရာပေါင်းများစွာဟာ ဘန်ကောက်မှာဆန္ဒပြခဲ့ကြပါတယ်။

ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးဟာ Future Forward ပါတီကို ဖေဖော်ဝါရီ ၂၁ ရက်မှာ ဖျက်သိမ်းဖို့အမိန့်ချလိုက်ပြီး ရန်ပုံငွေတွေကို တရားမဝင်ရယူခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်က စွပ်စွဲထားပါတယ်။

အဲဒီပါတီဟာ လွန်ခဲ့တဲ့မတ်လအတွင်း ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲအပြီးမှာ ပါလီမန်အတွင်း တတိယအင်အားအကြီးဆုံးပါတီဖြစ်လာပြီး စစ်တပ်အကြီးအကဲဟောင်း ပရာယွတ်ချန်အိုချာဦးဆောင်တဲ့ လက်ရှိအစိုးရကို ဝေဖန်မှုတွေပြုလုပ်ခဲ့ပါတယ်။

လွတ်လပ်အမှီအခိုကင်းတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးဟာ အာဏာရှင်ကိုအရှုံးပေးခဲ့ရကြောင်း၊ ထိုင်းနိုင်ငံမှာ တရားမျှတမှုမရှိတော့ဘူးလို့ ဘန်ကောက်မှလုပ်တဲ့ ဆန္ဒပြပွဲမှာ တက္ကသိုလ်ကျောင်းသားတွေက ပြောပါတယ်။

ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးဟာ အရင်ကလည်း နိုင်ငံရေးပါတီတွေကို ဖျက်သိမ်းဖို့ အမိန့်ထုတ်ခဲ့တာတွေရှိပြီး ပြည်တွင်းနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။

Ref : NHK
Photo: Reuters
#VOM #Voiceofmyanmar #ထိုင်းအတိုက်အခံပါတီဖျက်သိမ်းခံရ #ထိုင်းမှာဆန္ဒပြ

ထိုင္းအတိုက္အခံပါတီ ဖ်က္သိမ္းခံရမႈ ဘန္ေကာက္မွာလူရာေပါင္းမ်ားစြာ ဆႏၵျပ

ဘန္ေကာက္၊ ေဖေဖာ္၀ါရီ-၂၃-၂၀၂၀
မ်ိဳးဆက္ (VOM)

ထိုင္းနုိင္ငံေရးမွာ စစ္တပ္ရဲ႕ထိန္းခ်ဳပ္မႈကို အဆံုးသတ္ဖို႔ ေတာင္းဆိုခဲ႔တဲ႔ အတိုက္အခံပါတီ ဖ်က္သိမ္းခံလိုက္ရတာေၾကာင္႔ ေက်ာင္းသားေတြနဲ႔ ျပည္သူရာေပါင္းမ်ားစြာဟာ ဘန္ေကာက္မွာဆႏၵျပခဲ႔ၾကပါတယ္။

ထိုင္းဖြဲ႔စည္းပံုအေျခခံဥပေဒဆိုင္ရာ တရားရံုးဟာ Future Forward ပါတီကို ေဖေဖာ္၀ါရီ ၂၁ ရက္မွာ ဖ်က္သိမ္းဖို႔အမိန္႔ခ်လိုက္ျပီး ရန္ပံုေငြေတြကို တရားမ၀င္ရယူခဲ႔ေၾကာင္း ေရြးေကာက္ပြဲေကာ္မရွင္က စြပ္စြဲထားပါတယ္။

အဲဒီပါတီဟာ လြန္ခဲ႔တဲ႔မတ္လအတြင္း က်င္းပခဲ႔တဲ႔ အေထြေထြေရြးေကာက္ပြဲအျပီးမွာ ပါလီမန္အတြင္း တတိယအင္အားအၾကီးဆံုးပါတီျဖစ္လာျပီး စစ္တပ္အၾကီးအကဲေဟာင္း ပရာယြတ္ခ်န္အိုခ်ာဦးေဆာင္တဲ႔ လက္ရိွအစိုးရကို ေ၀ဖန္မႈေတြျပဳလုပ္ခဲ႔ပါတယ္။

လြတ္လပ္အမွီအခိုကင္းတဲ႔ ဖြဲ႔စည္းပံုအေျခခံဥပေဒဆိုင္ရာ တရားရံုးဟာ အာဏာရွင္ကိုအရံႈးေပးခဲ႔ရေၾကာင္း၊ ထိုင္းနုိင္ငံမွာ တရားမွ်တမႈမရိွေတာ႔ဘူးလို႔ ဘန္ေကာက္မွလုပ္တဲ႔ ဆႏၵျပပြဲမွာ တကၠသိုလ္ေက်ာင္းသားေတြက ေျပာပါတယ္။

ထိုင္းနုိင္ငံ ဖြဲ႔စည္းပံုအေျခခံဥပေဒဆိုင္ရာ တရားရံုးဟာ အရင္ကလည္း နိုင္ငံေရးပါတီေတြကို ဖ်က္သိမ္းဖို႔ အမိန္႔ထုတ္ခဲ႔တာေတြရိွျပီး ျပည္တြင္းနဲ႔ နိုင္ငံတကာအသိုင္းအ၀ိုင္းက ေ၀ဖန္မႈေတြနဲ႔ရင္ဆိုင္ခဲ႔ရပါတယ္။

Ref : NHK
Photo: Reuters
#VOM #Voiceofmyanmar #ထိုင္းအတိုက္အခံပါတီဖ်က္သိမ္းခံရ #ထိုင္းမွာဆႏၵျပ

Related posts

Leave a Comment

VOM News

FREE
VIEW