စစ်ကိုင်းတိုင်းလွှတ်တော်ရုံးက ဒုညွှန်ချုပ်အား ရာထူးမှရပ်ဆိုင်း

စစ်ကိုင်းတိုင်းလွှတ်တော်ရုံးက ဒုညွှန်ချုပ်အား ရာထူးမှရပ်ဆိုင်း

မုံရွာ-ဖေဖေါ်ဝါရီ ၂၃-၂၀၂၀
ရန်နိုင်စိုး (VOM)

စစ်ကိုင်းတိုင်းလွှတ်တော်ရုံးဒုတိယညွှန်ကြား‌ရေးမှုးချုပ် ဦးကျော်သူရကို ကို ရာထူးကနေယာယီရပ်ဆိုင်းလိုက်တယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တချို့ဆီက သိရပါတယ်။

အခုလို တာဝန်ကနေ ယာယီရပ်စဲခံရတာဟာ အဂတိတိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားထားတဲ့ လွှတ်တော်အတွက် ကား‌တွေဝယ်တဲ့ ကိစ္စတချို့နဲ့ ဆက်စပ်တယ်လို့ ခိုင်မာတဲ့ သတင်းရပ်ကွက်ကနေ သိရပါတယ်။

” ကျနော်သိရသလောက်တော့ ၂၀ ရက်နေ့က တာဝန်က‌နေရပ်စဲလိုက်တယ်လို့ ကြားရတာပေါ့နော်။ အဂတိကို အတိုင်ခံရလို့သိတယ်။ တိုင်တဲ့သူတွေက လက်မှတ်ထိုးတိုင်တယ်လို့ သိရတယ်။ လက်မှတ်ထိုးတဲ့အထဲ ကျနော်တော့မပါဘူး။ စစ်ဆေးနေဆဲဆိုတော့ အတွင်းကျကျပြောလို့ မရသေးဘူး။ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စစ်နေသိထားတယ် ” လို့ ကနီမြို့နယ် တိုင်းဒေသလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးသန်းကို ဗီအိုအမ်က အကြိမ်ကြိမ်ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဖုန်းကိုင်ဖြေကြားခြင်းမရှိပါဘူး။ ခုယာယီရပ်စဲထားတဲ့ ဒုညွှန်ချုပ်ကို ပမာဏစုံစမ်းစစ်ဆေးရေးပြုလုပ်ပြီး ဝန်ထမ်းဥပဒေအရ ဌာနအတွင်းစုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ လွှတ်တော်အသိုင်းအဝိုင်းကသိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်းတိုင်းလွှတ်တော် #ဒုညွန်ချုပ်

 

Zawgyi

စစ္ကိုင္းတိုင္းလႊတ္ေတာ္႐ုံးက ဒုၫႊန္ခ်ဳပ္အား ရာထူးမွရပ္ဆိုင္း

မံုရြာ-ေဖေဖၚဝါရီ ၂၃-၂၀၂၀
ရန္နိုင္စိုး (VOM)

စစ္ကိုင္းတိုင္းလႊတ္ေတာ္႐ုံးဒုတိယၫႊန္ၾကား‌ေရးမႈးခ်ဳပ္ ဦးေက်ာ္သူရကို ကို ရာထူးကေနယာယီရပ္ဆိုင္းလိုက္တယ္လို႔ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္တခ်ိဳ႕ဆီက သိရပါတယ္။

အခုလို တာဝန္ကေန ယာယီရပ္စဲခံရတာဟာ အဂတိတိုက္ဖ်က္ေရးေကာ္မရွင္ထံ တိုင္ၾကားထားတဲ႕ လႊတ္ေတာ္အတြက္ ကား‌ေတြဝယ္တဲ့ ကိစၥတခ်ိဳ႕နဲ႔ ဆက္စပ္တယ္လို႔ ခိုင္မာတဲ့ သတင္းရပ္ကြက္ကေန သိရပါတယ္။

” က်ေနာ္သိရသေလာက္ေတာ့ ၂၀ ရက္ေန႔က တာဝန္က‌ေနရပ္စဲလိုက္တယ္လို႔ ၾကားရတာေပါ့ေနာ္။ အဂတိကို အတိုင္ခံရလို႔သိတယ္။ တိုင္တဲ့သူေတြက လက္မွတ္ထိုးတိုင္တယ္လို႔ သိရတယ္။ လက္မွတ္ထိုးတဲ့အထဲ က်ေနာ္ေတာ့မပါဘူး။ စစ္ေဆးေနဆဲဆိုေတာ့ အတြင္းက်က်ေျပာလို႔ မရေသးဘူး။ စုံစမ္းစစ္ေဆးေရးအဖြဲ႕ ဖြဲ႕စစ္ေနသိထားတယ္ ” လို႔ ကနီျမိဳ႕နယ္ တိုင္းေဒသလႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းထြန္းဝင္းက ေျပာပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ျပီး စစ္ကိုင္းတုိင္းလႊတ္ေတာ္ဥကၠ႒ ဦးသန္းကိုု ဗီအိုအမ္က အၾကိမ္ၾကိမ္ဖုန္းဆက္သြယ္ခဲ႕ေပမယ့္ ဖုန္းကိုင္ေျဖၾကားျခင္းမရွိပါဘူး။ ခုယာယီရပ္စဲထားတဲ႕ ဒုၫႊန္ခ်ဳပ္ကို ပမာဏစုံစမ္းစစ္ေဆးေရးျပဳလုပ္ၿပီး ဝန္ထမ္းဥပေဒအရ ဌာနအတြင္းစုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ေနတယ္လို႔ လႊတ္ေတာ္အသိုင္းအဝိုင္းကသိရပါတယ္။

#voiceofmyanmar #VOM #စစ္ကိုင္းတိုင္းလႊတ္ေတာ္ #ဒုညြန္ခ်ဳပ္

Related posts

Leave a Comment

VOM News

FREE
VIEW