ခိုကိုးရာမဲ့ ဘိုးဘွားများပြားလာလို့ မုံရွာမှာ ဘိုးဘွားရိပ်သာအသစ်ဖွင့်

 

ခိုကိုးရာမဲ့ ဘိုးဘွားများပြားလာလို့ မုံရွာမှာ ဘိုးဘွားရိပ်သာအသစ်ဖွင့်

မုံရွာ -ဖေဖေါ်ဝါရီ ၂၃-၂၀၂၀
ရန်နိုင်စိုး(VOM)

မုံရွာမြို့မှာ ခိုကိုးရာမဲ့ဘိုးဘွားတွေကို ပြုစုစောင့်ရှောက်ဖို့ ဘိုးဘွားရိပ်သာအသစ်ကို ရွှေဇလုပ်ရပ်ကွက်မှာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ဖွင့်ပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီဘိုးဘွားရိပ်သာကို ရွှေရောင်ဆည်းဆာ ဘိုးဘွားရိပ်သာလို့နာမည်ပေးထားပါတယ်။

ရွှေရောင်ဆည်းဆာ ဘိုးဘွားရိပ်သာကို ဦးစီးတည်ထောင်တဲ့ သီလရှင်ဒေါ်ရူပသိင်္ဂ ီက

” ဆရာလေး‌တို့က စစ်ကိုင်းတိုင်းမှာ ခိုကိုးရာမဲ့ ဘိုးဘွားတွေများပြားလာတယ်။ သားသမီးမရှိတာတို့၊ သားသမီးက လုပ်မကျွေးတာတို့ပေါ့။ ဒီလို အချက်လက်တွေနဲ့ညီရင် လာအပ်တဲ့သူလက်မှတ်နဲ့ ရပ်ကွက်ထောက်ခံစာပါရင်ရတယ်။ နောက်ပြီး စွန့်ပစ်ခံရတဲ့ ကလေးတွေကို စောင့်ရှောက်ဖို့ အစီစဉ်လည်း ရှိတယ်။ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာရင် ရိပ်သာမှာ ဝန်ထမ်းတွေကို ခန့်အပ်သွားဖို့ စီစဉ်ထားတယ်။ အခုတော့ ကျောင်းမှာရှိတဲ့ သီလရှင်တွေက စောင့်ရှောက်ထားတာ ” လို့ပြောပါတယ်။

လတ်တလောမှာ ခိုကိုးရာမဲ့ လာရောက်ခိုလှုံသူဘိုးဘွား အသက် ၉၀ ကျော် ၁ ဦး၊ အသက် ၅၀ ကနေ ၈၀ ကျော်ထိ ၈ ဦးရှိပါတယ်။

ရိပ်သာမှာ ဘိုးဘွားလက်ခံဖို့ဆိုရင် လူဦးရေ ၅၀ ကျော် ခန့်မှန်းထားတယ်လို့ သိရပါတယ်။

ရိပ်သာအနေနဲ့ ဘိုးဘွားတွေအတွက် နေရေးထိုင်ရေးနဲ့ စားရေးသောက်ရေးအပါဝင် ကျန်းမာရေးကိစ္စ စောင့်ရှောက်မှုပေးထားတယ်လို့ သိရပါတယ်။

အလှူရှင်‌တွေ ရှိလာရင်တော့ ဘိုးဘွားတွေနေထိုင်ဖို့ အဆောက်ဦးတွေ တိုးချဲ့ဆောက်လုပ်သွားမှာဖြစ်သလို စွန့်ပစ်ခံရတဲ့ ကလေးငယ်တွေအတွက်လည်း ဒီထက် ပြုစုစောင့်ရှောက်ဖို့ တိုးချဲ့ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ဘိုးဘွားရိပ်သာတည်ထောင်ဖို့ မုံရွာမြို့ခံတွေရဲ့ အလှူငွေနဲ့တည်ထောင်တာဖြစ်ပြီး ‌နောက်ရလာမယ့်အလှူ ငွေတွေန‌ဲ့ ရိပ်သာလည်ပတ်ဖို့ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းမှာ ခိုကိုးရာမဲ့ ဘိုးဘွားဦးရေ တစ်နှစ်ထက်တစ်နှစ်တိုးပွားလျှက်ရှိပြီး မုံရွာတောင်ရပ်က လူမှုဝန်ထမ်းလက်အောက်မှာရှိတဲ့ ဘိုးဘွားရိပ်သာမှာလည်း ဘိုးဘွားဦးရေ ၃၀၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

#VOM #VOICEOFMYANMAR #မုံရွာဘိုးဘွားရိပ်သာ

ခိုကိုးရာမဲ႕ ဘိုးဘြားမ်ားျပားလာလို႕ မုံ႐ြာမွာ ဘိုးဘြားရိပ္သာအသစ္ဖြင့္

မံုရြာ -ေဖေဖၚဝါရီ ၂၃-၂၀၂၀
ရန္နိုင္စိုး(VOM)

မုံ႐ြာၿမိဳ႕မွာ ခိုကိုးရာမဲ့ဘိုးဘြားေတြကို ျပဳစုေစာင့္ေရွာက္ဖို႔ ဘိုးဘြားရိပ္သာအသစ္ကို ေ႐ႊဇလုပ္ရပ္ကြက္မွာ ေဖေဖာ္ဝါရီလ ၂၂ ရက္ေန႔က ဖြင့္ပြဲ ျပဳလုပ္ခဲ့ပါတယ္။ ဒီဘိုးဘြားရိပ္သာကို ေရႊေရာင္ဆည္းဆာ ဘိုးဘြားရိပ္သာလို႕နာမည္ေပးထားပါတယ္။

ေ႐ႊေရာင္ဆည္းဆာ ဘိုးဘြားရိပ္သာကို ဦးစီးတည္ေထာင္တဲ့ သီလရွင္ေဒၚ႐ူပသိဂၤ ီက

” ဆရာေလး‌တို႔က စစ္ကိုင္းတိုင္းမွာ ခိုကိုးရာမဲ႕ ဘိုးဘြားေတြမ်ားျပားလာတယ္။ သားသမီးမရွိတာတို႔၊ သားသမီးက လုပ္မေကြၽးတာတို႔ေပါ့။ ဒီလို အခ်က္လက္ေတြနဲ႔ညီရင္ လာအပ္တဲ့သူလက္မွတ္နဲ႔ ရပ္ကြက္ေထာက္ခံစာပါရင္ရတယ္။ ေနာက္ၿပီး စြန႔္ပစ္ခံရတဲ့ ကေလးေတြကို ေစာင့္ေရွာက္ဖို႔ အစီစဥ္လည္း ရွိတယ္။ က်ယ္က်ယ္ျပန႔္ျပန႔္ ျဖစ္လာရင္ ရိပ္သာမွာ ဝန္ထမ္းေတြကို ခန႔္အပ္သြားဖို႔ စီစဥ္ထားတယ္။ အခုေတာ့ ေက်ာင္းမွာရွိတဲ့ သီလရွင္ေတြက ေစာင့္ေရွာက္ထားတာ ” လို႔ေျပာပါတယ္။

လတ္တေလာမွာ ခိုကိုးရာမဲ့ လာေရာက္ခိုလႈံသူဘိုးဘြား အသက္ ၉၀ ေက်ာ္ ၁ ဦး၊ အသက္ ၅၀ ကေန ၈၀ ေက်ာ္ထိ ၈ ဦးရွိပါတယ္။

ရိပ္သာမွာ ဘိုးဘြားလက္ခံဖို႔ဆိုရင္ လူဦးေရ ၅၀ ေက်ာ္ ခန႔္မွန္းထားတယ္လို႔ သိရပါတယ္။

ရိပ္သာအေနနဲ႔ ဘိုးဘြားေတြအတြက္ ေနေရးထိုင္ေရးနဲ႔ စားေရးေသာက္ေရးအပါဝင္ က်န္းမာေရးကိစၥ ေစာင့္ေရွာက္မႈေပးထားတယ္လို႔ သိရပါတယ္။

အလႉရွင္‌ေတြ ရွိလာရင္ေတာ့ ဘိုးဘြားေတြေနထိုင္ဖို႕ အေဆာက္ဦးေတြ တိုးခ်ဲ႕ေဆာက္လုပ္သြားမွာျဖစ္သလို စြန႔္ပစ္ခံရတဲ့ ကေလးငယ္ေတြအတြက္လည္း ဒီထက္ ျပဳစုေစာင့္ေရွာက္ဖို႔ တိုးခ်ဲ႕ေဆာင္႐ြက္သြားမယ္လို႔ သိရပါတယ္။

ဘိုးဘြားရိပ္သာတည္ေထာင္ဖို႔ မုံ႐ြာၿမိဳ႕ခံေတြရဲ႕ အလွဴေငြနဲ႕တည္ေထာင္တာျဖစ္ျပီး ‌ေနာက္ရလာမယ့္အလွဴ ေငြေတြန‌ဲ့ ရိပ္သာလည္ပတ္ဖို႕ ေဆာင္႐ြက္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

စစ္ကိုင္းတိုင္းမွာ ခိုကိုးရာမဲ့ ဘိုးဘြားဦးေရ တစ္ႏွစ္ထက္တစ္ႏွစ္တိုးပြားလွ်က္ရွိၿပီး မုံ႐ြာေတာင္ရပ္က လူမွဳဝန္ထမ္းလက္ေအာက္မွာရွိတဲ႕ ဘိုးဘြားရိပ္သာမွာလည္း ဘိုးဘြားဦးေရ ၃၀၀ ဝန္းက်င္ရွိတယ္လို႕ သိရပါတယ္။

#VOM #VOICEOFMYANMAR #မံုရြာဘိုးဘြားရိပ္သာ

Related posts

Leave a Comment

VOM News

FREE
VIEW