ပြည်၊ နိုဝင်ဘာလ ၈-၂၀၁၉ လမင်း (VOM) ယခုလက်ရှိမြန်မာ့ရုပ်ရှင်တွေဟာ နိုင်ငံတကာကရုပ်ရှင်တွေနဲ့ယှဉ်ရင် ငွေသုံးစွဲမှု့အားနည်းသလို စံချိန်တွေလည်းကျနေတယ်လို့ ဝေဖန်တာတွေများနေတဲ့အတွက် မြန်မာ့ရုပ်ရှင်တွေကို နိုင်ငံတကာဈေးကွက်ကို ထိုးဖောက်နိုင်ဖို့အတွက် ကြိုးစားနေပြီလို့ ပြည်မြို့က မင်္ဂလာသီရီရုပ်ရှင်ရုံမှာ ထာဝရနှောင်ကြိုးရုပ်ရှင်ဇာတ်ကား အမှတ်တရလက်မှတ်ရေးထိုးပွဲတက်ရောက်ခဲ့တဲ့ သရုပ်ဆောင်ဇာတ်ခီက ပြောပါတယ် ။ “အစထဲကကျွန်တော်တို့ရည်ရွယ်ထားတဲ့အတိုင်းဘဲ မြန်မာရုပ်ရှင်ကို ကမ္ဘာ့ဈေးကွက်မှာရောင်းချနိုင်ရေးပေါ့ ကမ္ဘာ့ဈေးကွက်ကကြမ်းတယ်၊ တော်ရုံတန်ရုံကောင်းယုံနဲ့ရောင်းစားလို့မရဘူး၊ ကျွန်တော်တို့မှန်ထားတာကတော့ ဈေးကွက်မှာရောင်းချနိုင်တဲ့အဆင့်ထိရောက်အောင် မှန်းထားပါတယ်” လို့ ရုပ်ရှင်သရုပ်ဆောင် ဇာတ်ခီကပြောပါတယ် ။ “ ဒီဇာတ်ကားလေးထဲကချစ်ခြင်းမေတ္တာကိုကြည့်ပြီးတော့ကျတော်တော်လေးကိုမျက်ရည်ကျမိတယ် ရုံထဲမှာဆိုးလည်းငြိမ်နေတာဘဲပရိတ်သတ်ကဘာဖြစ်လာမလဲဘာဖြစ်လာမလဲဆိုစောင့်ကြည့်နေကြတာ ဘာသံမှမကြားရဘူး၊ ထာဝရနှောင်ကြီုးဇာတ်ကားကြီးက ရသမျိုးစုံကိုပေးစွမ်းနိုင်ပြီး လာကြည့်တဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်တဲ့ဇာတ်ကားတစ်ကားဖြစ်လို့ နောက်ကိုလည်း ခုလိုရသစုံလင်ပြီး ပရိတ်သတ်ဖမ်းစားနိုင်တဲ့ ဇာတ်ကားမျိုးတွေမျှော်လင့်နေတယ် ” လို့ ထာဝရနှောင်ကြိုးရုပ်ရှင်ကို လာကြည့်တဲ့ ဒေါ်အေးအေးပြုံးကပြောပါတယ်။ ထာဝရနှောင်ကြိုးရုပ်ရှင်ဇာတ်ကားအတွက် ဒီလိုမျိုးအမှတ်တရလက်မှတ်ရေးထိုးပွဲတွေကို ပဲခူး၊တောင်ငူ၊နေပြည်တော်၊ပျဉ်းမနား၊ရန်ကုန်၊ မန္တလေး၊မုံရွာ၊မိတ္ထီလာ၊မကွေး နဲ့ ပြည်မြို့တွေမှာ အောက်တိုဘာလ ၃၁ ရက်…
Read MoreCategory: Lifestyle
ကျိုက်ထီးရိုး တောင်တော်ကို ရှေးဟောင်းဇုန်အဖြစ် သတ်မှတ်ဖို့ ခက်ခဲနေ
Zawgyi ကျိုက်ထို ၊ အောက်တိုဘာ ၂၉-၂၀၁၉ သူရိန်(VOM) မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်ရှိ ရှေးဟောင်း သမိုင်းဝင် ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော် တည်ရှိတဲ့ ကျိုက်ထီးရိုး တောင်တော်ကို ရှေးဟောင်းဇုန် အဖြစ် သတ်မှတ်ဖို့ခက်ခဲ နေတယ်လို့မွန်ပြည်နယ်အစိုးရအဖွဲ့ ဝင်လူမှုရေး ဝန်ကြီး ဒေါက်တာထိန်လင်းကပြောပါတယ်။ ရှေးဟောင်းယဉ်ကျေးမှုဇုန်အဖြစ် သတ်မှတ် ပြီးရင် ဘုရားပြင်တာတို့၊ ရွှေချတာတို့၊အဲဒါတွေ လုပ်လို့မရတော့ဘူး ။ရှေးဟောင်းဘုရားအနေနဲ့ စည်းကမ်းချက်ထဲမှာ အဲဒါတွေပါတယ် ။ဂေါပက အဖွဲ့တွေရော ၊ အဲဒီက လုပ်ငန်းရှင်တွေရော ၊ ဟိုတယ်ပိုင်ရှင် တွေရော ၊ ဈေးသည်တွေရော အားလုံးကို ဒီစည်းကမ်းချက်တွေကိုရှင်းပြရမယ် ၊ စည်းကမ်းဖောက်ဖျက်ရင်တော့ ဥပဒေ အရ အရေးယူတာတို့ ဘာတို့ရှိလာလိမ့်မယ်လို့ ဝန်ကြီး ဒေါက်တာထိန်လင်းကပြောပါတယ်။ ဒီနေရာကိုမွန်ပြည်နယ် အစိုးရက ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်ဇုန် အဖြစ်သတ်မှတ် ပြဋ္ဌာန်း…
Read Moreအသက် ၂၅ နှစ်အရွယ် တောင်ကိုရီးယား ကေပေါ့စတားဆူလီ ရုတ်တရက် ကွယ်လွန်
Zawgyi ဆိုးလ်၊ အောက်တိုဘာ-၁၅-၂၀၁၉ မျိုးဆက် (VOM) တောင်ကိုရီးယားနိုင်ငံမှ ကေပေါ့စတားတစ်ဦးဖြစ်သူ f(x) တေးဂီတအဖွဲ့ဝင်ဟောင်း ဆူလီဟာ အသက် ၂၅ နှစ်အရွယ်မှာ ရုတ်တရက် ကွယ်လွန်သွားပါတယ်။ ဆူလီရဲ့ ရုပ်အလောင်းကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့အနီးရှိနေအိမ်မှာ သူ့ရဲ့မန်နေဂျာဖြစ်သူက ရှာဖွေတွေ့ရှိခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဆူလီ သေဆုံးရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး ကိုယ့်ကိုကိုယ်သတ်သေတာမျိုး ဖြစ်နိုင်ဖွယ်ရှိတယ်ဆိုတဲ့ ယူဆချက်တွေနဲ့ ပတ်သက်ပြီးလည်း စစ်ဆေးနေတယ်လို့ဆိုပါတယ်။ ကေပေါ့စတား ဆူလီဟာ သူရုပ်ဆောင်အလုပ်ကိုအာရုံစိုက်ဖို့အတွက် ၂၀၁၅ ခုနှစ်မှာ f(x) တေးဂီတအဖွဲ့ကနေ နှုတ်ထွက်ခဲ့ပါတယ်။ ဒါပေမယ့်သူဟာ အွန်လိုင်းပေါ်မှာ ဝေဖန်နှောက်ယှက်မှု တွေခံခဲ့ရတာကြောင့် ကေပေါ့အဖွဲ့မှာ လှုပ်ရှားမှုတွေကို ရပ်ဆိုင်းလိုက်တာလို့ အချို့ကယုံကြည်နေပါတယ်။ ဆူလီဟာ အငြင်းပွားဖွယ်ရာကိစ္စတွေမှာလည်း လူသိများခဲ့ပြီး…
Read Moreမြောက်ဦးကိုယူနက်စ်ကိုအသိအမှတ်ပြုနိုင်ရေးအဆိုပြုလွှာမူကြမ်းတင်သွင်းလိုက်ပြီ
မြောက်ဦး၊စက်တင်ဘာ၂၉-၂၀၁၉ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်အတွင်းကရှေးဟောင်းသမိုင်းဝင်အမွေအနှစ်တွေအများအပြားတည်ရှိနေတဲ့မြောက်ဦးမြို့ကိုကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်လာဖို့ယူနက်စ်ကိုအသိအမှတ်ပြုနိုင်ရေးအတွက်အဆိုပြုလွှာမူကြမ်းကိုအခုလ၂၅ရက်နေ့မှာတင်သွင်းလိုက်ပြီဖြစ်ပါတယ်။ အဲ့ဒီအဆိုပြုလွှာကိုပြီးခဲ့တဲ့၂၀၁၇ခုနှစ်ကနေစတင်ပြုစုခဲ့တာဖြစ်ပြီးနှစ်နှစ်တာကာလအတွင်းပြုစုခဲ့ရတဲ့အချိန်မှာလက်ရှိဖြစ်ပွားနေတဲ့ဒေသမတည်ငြိမ်မှုတွေကြောင့်အခက်အခဲတွေလည်းရှိခဲ့တယ်လို့မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးကော်မတီဥက္ကဌဒေါ်ခင်သန်းကပြောပါတယ်။ “တိုက်ပွဲတွေမဖြစ်ခင်ယဉ်ကျေးမှုအမွေအနှစ်ပေါင်း၁၀၄၄ခုလောက်ကိုကောက်ယူပြီးစီးခဲ့ပါတယ်။စစ်ပွဲတွေဖြစ်လာတော့ရပ်တန့်သွားခဲ့ရတယ်။အဲ့ဒီကောက်ယူရရှိထဲတဲ့စာရင်းတွေနဲ့ပဲအဆိုပြုလွှာမူကြမ်းကိုရေးသားထုတ်ဝေခဲ့တာဖြစ်ပါတယ်။”လို့ဒေါ်ခင်သန်းကပြောပါတယ်။ အဲ့ဒီအဆိုပြုလွှာမှုကြမ်းမှာသမိုင်းဝင်ရှေးဟောင်းအမွေအနှစ်အမျိုးအစားပေါင်း၂၇မျိုးကိုထည့်သွင်းရေးဆွဲထားတာဖြစ်ပြီးနန်းတော်ကုန်း၊တံတိုင်း၊ကျုံး၊ပိဋကတ်တိုက်၊စဥ့်ထည်၊စဥ့်ဖိုတွေ၊ညီလာခံသဘင်ကျင်းပခဲ့တဲ့နေရာတွေနဲ့စပါးကျီတွေစတဲ့အမွေအနှစ်တွေပါဝင်တယ်လို့ကော်မတီကပြောပါတယ်။ ဒါ့အပြင်လက်ရှိမှာမြောက်ဦးမြို့တော်ဟောင်းကိုကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ်အသိအမှတ်ပြုခံရရေးအတွက်ဆောင်ရွက်နေကြတဲ့အချိန်တစ်ဖက်မှာလည်းယဉ်ကျေးမှုနယ်မြေအတွင်းကွန်ကရစ်လမ်းတွေပြုလုပ်နေတဲ့အတွက်ပျက်စီးဆုံးရှုံးမှုတွေနဲ့လည်းရင်ဆိုင်နေရတယ်လို့ဒေါ်ခင်သန်းကဆက်လက်ပြောကြားခဲ့ပါတယ်။ “ဒေသဖွံ့ဖြိုးရေးဆိုတဲ့စီမံကိန်းတွေကိုရေးဆွဲပြီးတော့မြောက်ဦးမှာကွန်ကရစ်လမ်းတွေခင်းလာတယ်။ဒီလမ်းတွေကိစ္စကိုကျွန်မတို့ဘယ်လိုဖြေရှင်းကြမလဲ။ဒါတွေနဲ့ပတ်သက်လို့စီမံခန့်ခွဲမှုစီမံကိန်းတွေရေးဆွဲထားတာမရှိတာ့မြောက်ဦးကိုဘယ်လိုထိန်းမလဲ။လူတွေနဲ့ယဉ်ကျေးမှုအမွေအနှစ်တွေသဟဇာတဖြစ်အောင်ဘယ်လိုလုပ်မလဲဆိုတဲ့အစီအမံတွေမရှိတဲ့အတွက်စိတ်ပူမိပါတယ်။”လို့ဒေါ်ခင်သန်းကပြောပါတယ်။ ဒါ့အပြင်အခုတင်သွင်းလိုက်တဲ့အဆိုပြုလွှာမှုကြမ်းဟာပထမပိုင်းသာဖြစ်ပြီးနောက်ကျန်ရှိနေသေးတဲ့အမွေအနှစ်တွေနဲ့ပတ်သက်လို့လည်းထပ်မံပြီးတင်သွင်းသွားဖို့ရှိနေသေးတယ်လို့သူကပြောကြားခဲ့ပါတယ်။ #voiceofmyanmar #မြောက်ဦး
Read Moreပုပ္ပားတောင်ဒေသကို ကမ္ဘာ့ဘူမိဥယျာဉ်အဖြစ် သတ်မှတ်ခံရဖို့အလားလာကောင်းများရှိနေ
ရန်ကုန် ၊စက်တင်ဘာ၂၃-၂၀၁၉ သူရိန် ( VOM ) မြန်မာနိုင်ငံမှာ Global Geopark ကမ္ဘာ့ဘူမိဥယျာဉ်အဖြစ်သတ်မှတ်ခံရဖို့အလားအလာကောင်းများပိုင်ဆိုင်တဲ့နေရာအများအပြားရှိတဲ့အနက် မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းလေ့လာမှုအရ ပုပ္ပါးတောင်ဒေသကအလားအလာအကောင်းဆုံးဖြစ်တယ်လို့သိရပါတယ်။ အဲဒီဒေသမှာထူးခြားတဲ့ကျောက်ဖြစ်ရုပ်ကြွင်းတွေ၊ပုဂံခေတ်သံရည်ကျိုမီးဖိုတွေ၊ ထူးခြားတဲ့ဇီဝမျိုးစုံမျိုးကွဲများရှိနေတယလို့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်းကပြောပါတယ်။ ဒါ့အပြင်အစွယ်(၂)ထပ်ဆင်ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းမေးရိုးများလည်းရှိတယ်လို့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်းကဆိုပါတယ်။ UNESCO ဟာကမ္ဘာ့ဘူမိဥယျာဉ်အစီအစဉ်ကို၂၀၀၁ခုနှစ်တွင်စတင်ခဲ့ပြီးလက်ရှိမှာ၄၁နိုင်ငံတွင်ကမ္ဘာ့ဘူမိဥယျာဉ်၁၄၇ခုရှိနေတယ်လို့သိရပါတယ်။ တရုတ်နိုင်ငံ၊အင်ဒိုနီးရှား၊ထိုင်း၊ဗီယက်နမ်နဲ့မလေးရှားနိုင်ငံတို့မှာလည်းကမ္ဘာ့ဘူမိဥယျာဉ်များရှိနေပါတယ်။ မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းရဲ့လေ့လာမှုအရမြန်မာနိုင်ငံမှာ Global Geopark အဖြစ်သတ်မှတ်ခံရဖို့အလားအလာရှိတဲ့ နေရာအများအပြားရှိနေတယ်လို့ဆိုပါတယ်။ #voiceofmyanmar #ပုပ္ဗါး ဓာတ်ပုံ…Mount Popa
Read Moreဆွမ်းဦးပုညရှင်စေတီတော်မှာမှန်သားခင်း(View Point) ပြုလုပ်မယ့် အစီအစဉ်ပျက်
စစ်ကိုင်းစက်တင်ဘာ၂၂၊၂၀၁၉ မောင်တာရာ(VOM) ဆွမ်းဦးပုညရှင်စေတီတော်ရဲ့ရင်ပြင်တော်တွေကိုတိုးချဲ့ပြီး မှန်သားခင်း(View Point) ပြုလုပ်ရန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကစီစဉ်ခဲ့ပေမယ့် ခုတော့ ပြုလုပ်တော့မှာမဟုတ်တော့ကြောင်း ဆွမ်းဦးပုညရှင်ဘုရားဂေါပကအဖွဲ့ကနေ သိရပါတယ်။ စစ်ကိုင်းတောင်ရိုး၊ဆွမ်းဦးပုညရှင်စေတီတော်ဂေါပကအဖွဲ့ ဥက္ကဌဦးစိုးဝင်းကပြောပြတာကတော့ ”ကျွန်တော်တို့ဒေသဖွံ့ဖြိုးရေးလုပ်ချင်တယ်၊ရှေးဟောင်းနယ်မြေဖြစ်တယ်၊ သာသနာထွန်းကားတဲ့နယ်မြေတွေဖြစ်တယ်အဲလိုလုပ်မယ်ဆိုဖွံ့ဖြိုးရေးအမြင်တစ်ခုတည်းနဲ့ကြည့်လို့မရဘူးပေါ့နော်။ သာသာနာဆိုင်ရာကိစ္စတွေ၊ယဉ်ကျေးမှုဆိုင်ရာကိစ္စတွေဒါတွေပါထည့်သွင်းစဉ်းစားပြီးတော့မလုပ်ဖြစ်တော့ဘူး”ဟု ဆွမ်းဦးပုညရှင်ဘုရားဂေါပကအဖွဲ့ဥက္ကဌဦးစိုးဝင်းကပြောပါတယ်။ ဆွမ်းဦးပုညရှင်စေတီတော်ရဲ့ရင်ပြင်တော်တွေကိုတိုးချဲ့ပြီးမှန်သားခင်း(View Point) ပြုလုပ်ရန်အတွက်ဒီနှစ်မေလ၈ရက်နေ့ကစစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်၊စစ်ကိုင်းခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌဦးကျော်ဝင်းလှိုင်၊ ဘုရားဂေါပကအဖွဲ့ဝင်တွေကတရုတ်နိုင်ငံမှပညာရှင်တွေနဲ့အတူလာရောက်ကွင်းဆင်းကြည့်ရှု့တိုင်းတာမှုတွေပြုလုပ်သွားခဲ့ပါတယ်။ ဒီလိုမှန်သားရင်ပြင်ခင်းရင်အောက်မှာ သာသသနိက အဆောက်အဦးတွေရှိနေတော့ အမြင်မတင့်တယ်တာတွေကြောင့် ဝေဖန်မှုတွေရှိလာခဲ့တဲ့ နောက်မှာ ခုလို မှန်သားရင်ပြင်ခင်းမယ့် အစီအစဉ် ဖျက်လိုက်တာဖြစ်ပါတယ်။ #voiceofmyanmar #ဆွမ်းဦးပုညရှင် #မှန်သားရင်ပြင် #စစ်ကိုင်း
Read Moreမြောက်ဦးကပြိုပျက်သွားတဲ့မောက်တော်တံခါးကိုပြန်လည်ထိန်းသိမ်းမှုစတင်
မြောက်ဦး၊စက်တင်ဘာ၁၉-၂၀၁၉ ခိုင်လင်းစံ(VOM) ပြီးခဲ့တဲ့စက်တင်ဘာလ၈ရက်နေ့ညနေပိုင်း၎နာရီခန့်လောက်မှာရခိုင်ရှေးဟောင်းနယ်မြေမြောက်ဦးမြို့ရှိရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်တဲ့မောက်တော်တံခါးဟာမိုးကြီးပြီးပြိုပျက်သွားခဲ့ပါတယ်။ အဲ့ဒီတံခါးပြိုပျက်မှုဟာတံခါးအဆောက်အဦးရဲ့၄၀ရာခိုင်နှုန်းလောက်ထိပျက်စီးသွားခဲ့တာဖြစ်ပြီးအခုအခါမှာရှေးဟောင်းသုတေသနဌာနကပြန်လည်ထိန်းသိမ်းမှုလုပ်ငန်းတွေစတင်နေပြီလို့ဆိုပါတယ်။ “လွန်ခဲ့တဲ့နှစ်ရက်သုံးရက်လောက်ကနေထိန်းသိမ်းမှုလုပ်ငန်းတွေစတင်နေပါပြီ။လောလောဆယ်မှာတော့ကျောက်တွေနဲ့လိုအပ်တာတွေစုဆောင်းနေပါတယ်။ရာသီးဥတုအခြေအနေအရမိုးမရွာလိုရှိရင်တော့တစ်လကျော်လောက်ဆိုရင်ပြီးစီးမှာဖြစ်ပါတယ်။” လို့မြောက်ဦးရှေးဟောင်းသုတေသနဌာနညွှန်ကြားရေးမှူးဒေါက်တာသန်းထိုက်ကပြောပါတယ်။ အဲ့ဒီတံခါးဟာလွန်ခဲ့တဲ့နှစ်ပေါင်း၆၀၀လောက်ကနေတည်ထားခဲ့တဲ့မြို့အဝင်တခါးတစ်ခုဖြစ်ပြီးထိန်းသိမ်းကာကွယ်မှုအားနည်းတဲ့အတွက်အခုလိုပြိုပျက်သွားခဲ့ရတာဖြစ်တယ်လို့မြောက်ဦးမြို့ရှေးဟောင်းသုတေသနဌာနကပြောပါတယ်။ “ထိန်းသိမ်းတာကတော့သတ်မှတ်စံနှုန်းတွေအတိုင်းပဲထိန်းသိမ်းမှာဖြစ်ပါတယ်။ထိန်းသိမ်းမှုကုန်ကျစရိတ်ကတော့ကျပ်သိန်း၇၀လောက်ကုန်ကျခံပြုလုပ်သွားဖို့အတွက်လျာထားပါတယ်။”လို့ ဒေါက်တာသန်းထိုက်ကဆိုပါတယ်။ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ်ယူနက်စ်ကိုအသိအမှတ်ပြုခံရရေးအတွက်ဆောင်ရွက်နေတဲ့အချိန်မှာခိုင်ခန့်မှုအားနည်းလာနေတဲ့အတွက်သဘာဝဘေးဒဏ်တွေကိုမခံနိုင်တော့တာကြောင့်ပြိုပျက်သွားခဲ့ရတာလည်းဖြစ်ပါတယ်။ ဒါ့အပြင်အခုနှစ်မိုးတွင်းရာသီမှာမိုးသည်ထန်စွာရွာသွန်းခဲ့တဲ့အတွက်အနောက်မြတန်ဆောင်းစေတီတော်မှာရှိတဲ့အရံစေတီငယ်တစ်ဆူပြိုပျက်ခဲ့တာတွေလည်းရှိနေပြီးလွန်ခဲ့တဲ့နှစ်တွေကလည်းအခုလိုမိုးတွင်းရာသီမှာပြိုပျက်မှုနဲ့ရင်ဆိုင်ခဲ့ရတဲ့ရှေးဟောင်းအမွေအနှစ်တွေအများအပြားရှိနေတာဖြစ်ပါတယ်။ #voiceofmyanmar #မြောက်ဦး #မောက်တော်တံခါး
Read Moreရန်ကုန်တက္ကသိုလ်ထဲက သစ်ပုပ်ပင်ကို သဘာဝအမွေအနှစ်အဖြစ်သတ်မှတ်ပြီး အပြာရောင်ကမ္ဗည်းပြားတပ်ဆင်
ရန်ကုန် စက်တင်ဘာ ၆-၂၀၁၉ သိဂီ င်္(VOM) ရန်ကုန်တက္ကသိုလ်အတွင်းက သစ်ပုပ်ပင်ကို သဘာဝအမွေအနှစ်အဖြစ် သတ်မှတ်ပြီး ရန်ကုန်မြို့ပြအမွေအနှစ်အထိမ်းအမှတ်အပြာရောင် ကမ္ဗည်းပြားကို ဒီကနေ့ စက်တင်ဘာ ၆ ရက်မှာ တပ်ဆင်ခဲ့ပါတယ်။ ရန်ကုန်မြို့ပြအမွေအနှစ်အထိမ်းအမှတ်အပြာရောင် ကမ္ဗည်းပြားတပ်ဆင်မှုအနေနဲ့ဆိုပါက ၃၂ ခုမြောက် တပ်ဆင်ခြင်းဖြစ်ပေမယ့် သဘာဝအမွေအနှစ် အဖြစ်သတ်မှတ်တပ်ဆင်မှုက ရန်ကုန်မှာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။သစ်ပုပ်ပင်ဟာ နှစ်သက်တမ်းအနေနဲ့ နှစ်ပေါင်း ၁၀၀ ကျော်ရှိပြီလို့သိရပါတယ်။ ” ရန်ကုန်တက္ကသိုလ်ထဲက မြို့ပြအမွေအနှစ်အဆောက်အအုံတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ အစိုးရအဖွဲ့နဲ့ ပညာရေးဝန်ကြီးဌာန ပူးပေါင်းပြီး ကြိုးစားနေပါတယ်။ ခု သစ်ပုပ်ပင်ကို အပြာရောင်ကမ္ဗည်းပြားတပ်ဆင်တာလည်း တစ်ခုပါ။ ဂုဏ်ယူပါတယ်။ နောက်ထပ်လည်း ရန်ကုန်တက္ကသိုလ်ထဲက အထင်ကရအဆောက်အဦးတွေကို အပြာရောင်ကမ္ဗည်းပြားတွေတပ်နိုင်ဖို့ ဆောင်ရွက်သွားပါမယ်”ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောပါတယ်။ ရန်ကုန်တက္ကသိုလ်ရှိ သစ်ပုပ်ပင်ကြီးဟာ သက်တမ်းရင့် ရွက်ကြွေပင်ကြီးဖြစ်ပြီး ရန်ကုန်မြို့ရဲ့ အထင်ရှားဆုံးသစ်ပင်ကြီးတွေအနက် တစ်ခုအပါအဝင်ဖြစ်ပါတယ် ။…
Read Moreမိုးရေကြောင့် သရေခေတ္တရာ ရှေးဟောင်းဇုံထဲက ဘုရားတောင် ဘုရားပြိုကျတော့မည့်အခြေအနေရှိ
ပြည် – သြဂုတ် ၁၈-၂၀၁၉ ဂျန်ကိုးလ်(VOM) လတ်တလောရွာခဲ့တဲ့မိုးကြောင့် ပြည်မြို့အနီးသရေခေတ္တရာ ပျူမြို့ဟောင်းထဲက စေတီတဆူဖြစ်တဲ့ ဘုရားတောင်ဘုရားမှာနံရံတွေဖောင်းလာပြီး ပတ်ကြားအက်တာတွေပေါ်လာနေပါတယ်။ ဒီစေတီပြိုကျမသွားအောင်လတ်တလောမှာအလှူရှင်တွေရဲ့အကူအညီနဲ့ထိမ်းသိမ်းမှုတွေဆောင်ရွက်နေရတယ်လို့ကမ္ဘာ့အမွေအနှစ်ဌာနခွဲသရေခေတ္တရာဌာနစုကသိရပါတယ်။ “ပြုပြင်ထိမ်းသိမ်းဖို့ တင်ထားတာ ၁နှစ်ကျော်ပြီခုထိတော့မကျသေးဘူးအလှူငွေနဲ့ရသလောက်ပြုပြင်နေတယ်၊ အလှူငွေဆိုတာကဇုံထဲကို လာလည်တဲ့ဧည့်သည်တွေထဲကတချို့ဆိုရှေးဟောင်းဘုရားပြုပြင်ချင်လို့ အလှူငွေထည့်တာတွေရှိတယ်၊အဲဒါတွေကိုစနစ်တကျထွေအုပ်တို့နဲ့တင်ပြပြီးလုပ်နိုင်သရွေ့ပေါ့၊ အပေါ်မှာအက်ရာကြီးတွေရှိတယ်အဲဒီအထဲရေဝင်ရင်ပြိုကျနိုင်လို့လုံးတော်ပြည့်တာပေါ်လင်အုပ်ထားလို့သက်သာနေတာ” လို့ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနသရေခေတ္တရာဌာနစု ဒုတိယညွှန်ကြားရေးမှူးဦးကျော်မျိုးဝင်းကပြောပြပါတယ်။ သရေခေတ္တရာမြို့ဟောင်းရဲ့အကျယ်အဝန်းဟာဧကပေါင်း၁၂၀၀၀ကျော်ရှိပြီး မတူးရသေးတဲ့စေတီတွေနဲ့ မြေပေါ်မှာရှိတဲ့ ဘုရားစေတီပေါင်း ရာချီပြီးရှိပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ၂၉ရက်နေ့ကလည်းအရှေ့ဘက်နန်းမြို့ရိုးအစိတ်အပိုင်းတချို့ အချိန်မှီမထိမ်းသိမ်းနိုင်ခဲ့လို့ ပြိုကျတဲ့ဖြစ်စဉ်ရှိခဲ့ပါသေးတယ်။ #voiceofmyanamr #သရေခေတ္တရာ #ပြည် #ပျူမြို့ဟောင်း
Read Moreမင်းတုန်းမြို့မှာ H1N1 ပိုး စတွေ့
မင်းတုန်း-သြဂုတ် ၁-၂၀၁၉ ဂျန်ကိုးလ်(VOM) မကွေးတိုင်းဒေသကြီးသရက်ခရိုင်မင်းတုန်းမြို့ကကောင်းမှန်ဘော်ဒါဆောင်မှာနေတဲ့ နဝမတန်းကျောင်းသူ၂ဦးရဲ့ရောဂါကို သြဂုတ် ၁ရက်မနက်၁၁နာရီခန့်ကစစ်ဆေးတာမှာH1N1ရောဂါပိုးတွေ့လို့ မကွေးတိုင်းဆေးရုံကြီးကို ချက်ချင်းလွှဲပေးလိုက်ရတယ်လို့ ဆေးရုံအသိုင်းအဝိုင်းကသိရပါတယ်။ “ပထမစတွေ့တဲ့ ကလေးမလေးက ထန်းညှောင့်တင်ရွာကဒီမှာဘော်ဒါနေပြီး ကျောင်းတက်နေတာရောဂါပိုးတွေ့တာ၂ယောက်ဟုတ်တယ်၁၅နှစ်အရွယ်မ—- နောက်တယောက်က ထန်းညှောင့်တင်ရွာက ၉တန်းကျောင်းသူမ —”လို့ပရဟိတအဖွဲ့ကဦးမြင့်အောင်ကပြောပါတယ်။ ပို့တွေ့ကျောင်းသူ၂ဦးကိုမင်းတုန်းမြို့ကပရဟိတအဖွဲ့ကမကွေးဆေးရုံကိုနေ့လည်၁၂နာရီခန့်မှာလိုက်လံပို့ဆောင်ပေးနေတယ်လို့သိရပါတယ် ။ “ဟုတ်တယ်ပိုးတွေ့တာမှန်ပါတယ်ကိုးတန်းအရွယ်မိန်းကလေး၂ယောက်ပါပိုးတွေ့တာပါအခြေအနေမဆိုးသေးပါဘူးမကွေးကိုလွှဲလိုက်တယ်အခုအလုပ်အရမ်းများနေလို့ပါနော်” လို့မင်းတုန်းဆေးရုံအုပ် ဒေါက်တာထွန်းလင်းအောင်က အတည်ပြုဖြေကြားပေးပါတယ်။ မင်းတုန်းမြို့ဟာလူဦးရေ ၅သောင်းခန့်သာရှိပြီး ကျောင်းပညာရေးဟာလမ်းပမ်းအခက်အခဲတွေကြောင့်မြို့ပေါ်ကဘော်ဒါကျူရှင်တွေမှာ ကျောင်းအိပ်ကျောင်းစားနဲ့နေထိုင်ပြီး အထက်တန်းကျောင်းကိုတက်ကြရတာဖြစ်ပါတယ်။ လတ်တလော ဖြစ်ပွားနေတဲ့ H1N1 ရောဂါပိုးကြောင့် နိုင်ငံတဝှမ်းမှာ ၈၁ ဦး သေဆုံးပြီးဖြစ်တယ်လို့ ကျမ္မာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ #voiceofmyanmar #မင်းတုန်း #H1N1
Read More