ျမန္မာ့ရုပ္ရွင္ေတြကို ကမာၻ႕ေဈးကြက္မွာေရာင္းခ်ႏိုင္ဖို႔ ႀကိဳးစားေနတယ္လို႔ သရုပ္ေဆာင္ဇာဏ္ခီေျပာ

ျပည္၊ ႏိုဝင္ဘာလ ၈-၂၀၁၉
လမင္း (VOM)

ယခုလက္ရိွျမန္မာ့ရုပ္ရွင္ေတြဟာ ႏိုင္ငံတကာကရုပ္ရွင္ေတြနဲ႔ယွဥ္ရင္ ေငြသံုးစြဲမႈ႔အားနည္းသလို စံခ်ိန္ေတြလည္းက်ေနတယ္လို႔ ေဝဖန္တာေတြမ်ားေနတဲ့အတြက္ ျမန္မာ့ရုပ္ရွင္ေတြကို ႏိုင္ငံတကာေဈးကြက္ကို ထိုးေဖာက္ႏိုင္ဖို႔အတြက္ ႀကိဳးစားေနၿပီလို႔ ျပည္ၿမိဳ႕က မဂၤလာသီရီရုပ္ရွင္ရံုမွာ ထာဝရေနွာင္ႀကိဳးရုပ္ရွင္ဇာတ္ကား အမွတ္တရလက္မွတ္ေရးထိုးပြဲတက္ေရာက္ခဲ့တဲ့ သရုပ္ေဆာင္ဇာတ္ခီက ေျပာပါတယ္ ။

“အစထဲကကြၽန္ေတာ္တို႔ရည္ရြယ္ထားတဲ့အတိုင္းဘဲ ျမန္မာရုပ္ရွင္ကို ကမာၻ႔ေဈးကြက္မွာေရာင္းခ်ႏိုင္ေရးေပါ့ ကမ႓ာ့ေဈးကြက္ကၾကမ္းတယ္၊ ေတာ္ရံုတန္ရံုေကာင္းယံုနဲ႔ေရာင္းစားလို႔မရဘူး၊ ကြၽန္ေတာ္တို႔မွန္ထားတာကေတာ့ ေဈးကြက္မွာေရာင္းခ်ႏိုင္တဲ့အဆင့္ထိေရာက္ေအာင္ မွန္းထားပါတယ္” လို႔ ရုပ္ရွင္သရုပ္ေဆာင္ ဇာတ္ခီကေျပာပါတယ္ ။

“ ဒီဇာတ္ကားေလးထဲကခ်စ္ျခင္းေမတၲာကိုၾကၫ့္ၿပီးေတာ့က်ေတာ္ေတာ္ေလးကိုမ်က္ရည္က်မိတယ္ ရံုထဲမွာဆိုးလည္းၿငိမ္ေနတာဘဲပရိတ္သတ္ကဘာျဖစ္လာမလဲဘာျဖစ္လာမလဲဆိုေစာင့္ၾကၫ့္ေနၾကတာ ဘာသံမွမၾကားရဘူး၊ ထာဝရေနွာင္ႀကီဳးဇာတ္ကားႀကီးက ရသမ်ိဳးစံုကိုေပးစြမ္းႏိုင္ၿပီး လာၾကည့္တဲ့ ပရိသတ္ေတြကို ဖမ္းစားႏိုင္တဲ့ဇာတ္ကားတစ္ကားျဖစ္လို႔ ေနာက္ကိုလည္း ခုလိုရသစံုလင္ၿပီး ပရိတ္သတ္ဖမ္းစားႏိုင္တဲ့ ဇာတ္ကားမ်ိဳးေတြေမွ်ာ္လင့္ေနတယ္ ” လို႔ ထာဝရေႏွာင္ႀကိဳးရုပ္ရွင္ကို လာၾကည့္တဲ့ ေဒၚေအးေအးၿပံဳးကေျပာပါတယ္။

ထာဝရေနွာင္ႀကိဳးရုပ္ရွင္ဇာတ္ကားအတြက္ ဒီလိုမ်ိဳးအမွတ္တရလက္မွတ္ေရးထိုးပြဲေတြကို ပဲခူး၊ေတာင္ငူ၊ေနျပည္ေတာ္၊ပ်ဥ္းမနား၊ရန္ကုန္၊ မႏၱေလး၊မံုရြာ၊မိတၳီလာ၊မေကြး နဲ႔ ျပည္ၿမိဳ႔ေတြမွာ ေအာက္တိုဘာလ ၃၁ ရက္ ‌ေန႔ကေန နို၀င္ဘာလ ၆ ရက္ေန့အထိလိုက္လံျပဳလုပ္ခဲ့ၿပီး ျဖစ္တယ္လို႔သိရပါတယ္။

#voiceofmyanmar #ျပည္ #သရုပ္ေဆာင္ဇဏ္ခီ

Unicode

မြန်မာ့ရုပ်ရှင်တွေကို ကမ္ဘာ့ဈေးကွက်မှာရောင်းချနိုင်ဖို့ ကြိုးစားနေတယ်လို့ သရုပ်ဆောင်ဇာဏ်ခီပြော

ပြည်၊ နိုဝင်ဘာလ ၈-၂၀၁၉
လမင်း (VOM)

ယခုလက်ရှိမြန်မာ့ရုပ်ရှင်တွေဟာ နိုင်ငံတကာကရုပ်ရှင်တွေနဲ့ယှဉ်ရင် ငွေသုံးစွဲမှု့အားနည်းသလို စံချိန်တွေလည်းကျနေတယ်လို့ ဝေဖန်တာတွေများနေတဲ့အတွက် မြန်မာ့ရုပ်ရှင်တွေကို နိုင်ငံတကာဈေးကွက်ကို ထိုးဖောက်နိုင်ဖို့အတွက် ကြိုးစားနေပြီလို့ ပြည်မြို့က မင်္ဂလာသီရီရုပ်ရှင်ရုံမှာ ထာဝရနှောင်ကြိုးရုပ်ရှင်ဇာတ်ကား အမှတ်တရလက်မှတ်ရေးထိုးပွဲတက်ရောက်ခဲ့တဲ့ သရုပ်ဆောင်ဇာတ်ခီက ပြောပါတယ် ။

“အစထဲကကျွန်တော်တို့ရည်ရွယ်ထားတဲ့အတိုင်းဘဲ မြန်မာရုပ်ရှင်ကို ကမ္ဘာ့ဈေးကွက်မှာရောင်းချနိုင်ရေးပေါ့ ကမ္ဘာ့ဈေးကွက်ကကြမ်းတယ်၊ တော်ရုံတန်ရုံကောင်းယုံနဲ့ရောင်းစားလို့မရဘူး၊ ကျွန်တော်တို့မှန်ထားတာကတော့ ဈေးကွက်မှာရောင်းချနိုင်တဲ့အဆင့်ထိရောက်အောင် မှန်းထားပါတယ်” လို့ ရုပ်ရှင်သရုပ်ဆောင် ဇာတ်ခီကပြောပါတယ် ။

“ ဒီဇာတ်ကားလေးထဲကချစ်ခြင်းမေတ္တာကိုကြည့်ပြီးတော့ကျတော်တော်လေးကိုမျက်ရည်ကျမိတယ် ရုံထဲမှာဆိုးလည်းငြိမ်နေတာဘဲပရိတ်သတ်ကဘာဖြစ်လာမလဲဘာဖြစ်လာမလဲဆိုစောင့်ကြည့်နေကြတာ ဘာသံမှမကြားရဘူး၊ ထာဝရနှောင်ကြီုးဇာတ်ကားကြီးက ရသမျိုးစုံကိုပေးစွမ်းနိုင်ပြီး လာကြည့်တဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်တဲ့ဇာတ်ကားတစ်ကားဖြစ်လို့ နောက်ကိုလည်း ခုလိုရသစုံလင်ပြီး ပရိတ်သတ်ဖမ်းစားနိုင်တဲ့ ဇာတ်ကားမျိုးတွေမျှော်လင့်နေတယ် ” လို့ ထာဝရနှောင်ကြိုးရုပ်ရှင်ကို လာကြည့်တဲ့ ဒေါ်အေးအေးပြုံးကပြောပါတယ်။

ထာဝရနှောင်ကြိုးရုပ်ရှင်ဇာတ်ကားအတွက် ဒီလိုမျိုးအမှတ်တရလက်မှတ်ရေးထိုးပွဲတွေကို ပဲခူး၊တောင်ငူ၊နေပြည်တော်၊ပျဉ်းမနား၊ရန်ကုန်၊ မန္တလေး၊မုံရွာ၊မိတ္ထီလာ၊မကွေး နဲ့ ပြည်မြို့တွေမှာ အောက်တိုဘာလ ၃၁ ရက် ‌နေ့ကနေ နိုဝင်ဘာလ ၆ ရက်နေ့အထိလိုက်လံပြုလုပ်ခဲ့ပြီး ဖြစ်တယ်လို့သိရပါတယ်။

#voiceofmyanmar #ပြည် #သရုပ်ဆောင်ဇဏ်ခီ

Related posts

Leave a Comment

VOM News

FREE
VIEW