မိုးရေကြောင့် သရေခေတ္တရာ ရှေးဟောင်းဇုံထဲက ဘုရားတောင် ဘုရားပြိုကျတော့မည့်အခြေအနေရှိ

ပြည် – သြဂုတ် ၁၈-၂၀၁၉

ဂျန်ကိုးလ်(VOM)

 

လတ်တလောရွာခဲ့တဲ့မိုးကြောင့် ပြည်မြို့အနီးသရေခေတ္တရာ ပျူမြို့ဟောင်းထဲက စေတီတဆူဖြစ်တဲ့ ဘုရားတောင်ဘုရားမှာနံရံတွေဖောင်းလာပြီး ပတ်ကြားအက်တာတွေပေါ်လာနေပါတယ်။

 

ဒီစေတီပြိုကျမသွားအောင်လတ်တလောမှာအလှူရှင်တွေရဲ့အကူအညီနဲ့ထိမ်းသိမ်းမှုတွေဆောင်ရွက်နေရတယ်လို့ကမ္ဘာ့အမွေအနှစ်ဌာနခွဲသရေခေတ္တရာဌာနစုကသိရပါတယ်။

 

“ပြုပြင်ထိမ်းသိမ်းဖို့ တင်ထားတာ ၁နှစ်ကျော်ပြီခုထိတော့မကျသေးဘူးအလှူငွေနဲ့ရသလောက်ပြုပြင်နေတယ်၊ အလှူငွေဆိုတာကဇုံထဲကို လာလည်တဲ့ဧည့်သည်တွေထဲကတချို့ဆိုရှေးဟောင်းဘုရားပြုပြင်ချင်လို့ အလှူငွေထည့်တာတွေရှိတယ်၊အဲဒါတွေကိုစနစ်တကျထွေအုပ်တို့နဲ့တင်ပြပြီးလုပ်နိုင်သရွေ့ပေါ့၊ အပေါ်မှာအက်ရာကြီးတွေရှိတယ်အဲဒီအထဲရေဝင်ရင်ပြိုကျနိုင်လို့လုံးတော်ပြည့်တာပေါ်လင်အုပ်ထားလို့သက်သာနေတာ”

လို့ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနသရေခေတ္တရာဌာနစု ဒုတိယညွှန်ကြားရေးမှူးဦးကျော်မျိုးဝင်းကပြောပြပါတယ်။

 

သရေခေတ္တရာမြို့ဟောင်းရဲ့အကျယ်အဝန်းဟာဧကပေါင်း၁၂၀၀၀ကျော်ရှိပြီး မတူးရသေးတဲ့စေတီတွေနဲ့ မြေပေါ်မှာရှိတဲ့ ဘုရားစေတီပေါင်း ရာချီပြီးရှိပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ၂၉ရက်နေ့ကလည်းအရှေ့ဘက်နန်းမြို့ရိုးအစိတ်အပိုင်းတချို့ အချိန်မှီမထိမ်းသိမ်းနိုင်ခဲ့လို့  ပြိုကျတဲ့ဖြစ်စဉ်ရှိခဲ့ပါသေးတယ်။

 

#voiceofmyanamr #သရေခေတ္တရာ #ပြည် #ပျူမြို့ဟောင်း

Related posts

Leave a Comment

VOM News

FREE
VIEW