NLDပါတီCEC အစည်းအဝေးကနေ CEC တဦးကို နုတ်ထွက်ခွင့်လက်ခံလိုက်ကြောင်းနဲ့ ဗဟိုသုတေသနမှူးကို တာဝန်ရပ်ဆိုင်း

နေပြည်တော်သြဂုတ်၁၈-၂၀၁၉ ကိုထွန်း    သြဂုတ်​လ၁၈ရက်မွန်းလွဲ၁နာရီနေပြည်​​တော်​၊စည်​ပင်​ဧည့်​ရိပ်​သာ၊စားရိပ်​သာ ၅မှာအမျိုးသားဒီမိုက​ရေစီအဖွဲ့ချူပ်​ ဗဟိုအလုပ်အမှုဆောင်အစည်းအ​ဝေးကျင်းပပြုလုပ်​ခဲ့ပါတယ်။  ဗဟိုကော်မတီဝင် ဦးအောင်စိုးနုတ်ထွက်စာကို လက်ခံလိုက်တဲ့အတွက် အစားထိုးဖို့စီစဉ်နေကြောင်းနဲ့ ဗဟိုသုတေသနအတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းကို ပါတီတာဝန်က ရပ်ဆိုင်းလိုက်ကြောင်း ပါတီပြောခွင့်ရသူ ဒေါက်တာမျိုးညွန့်က သတင်းမီဒီယာတွေကို ပြောခဲ့ပါတယ်။ ဒီနေ့ အစည်းအ​ဝေးကို  ပါတီဗဟိုအလုပ်​အမှု​ဆောင်​အဖွဲ့ဝင်​တွေဖြစ်​တဲ့ဒေါက်​တာ​ဇော်​မြင့်​​မောင်​၊ ​ဒေါက်​တာ​မေဝင်းမြင့်​၊​ ဒေါ်နန်​ခင်​​ထွေးမြင့်​၊​ ဒေါက်​တာမျိုးညွန့်​၊ ဦးသိန်းဦး၊ ဦးဟံသာမြင့်​၊ ဦးဥာဏ်​ဝင်း၊ ဦးတင်​ထွန်းဦး၊ ဦးထွန်းထွန်းဟိန်​၊​ဒေါက်​တာတင်​မျိုးဝင်း၊ ဒေါက်တာမြင့်​နိုင်​၊ ဦး​အောင်​ကြည်​ညွန့်​၊ ဦးညီပု၊ ဦးအင်​ထုံခါး​နော်​ဆမ်​၊​​ ဒေါက်​တာ​အောင်​မိုးညိုနဲ့ဦးဖြိုးမင်​သိန်းတို့တက်​​ရောက်ခဲ့ပါတယ်။   #voiceofmyanmar #NLDCEC #ဒေါက်တာမျိုးညွန့်

Read More

အာဖဂန် မင်္ဂလာပွဲ ဗုံးခွဲတိုက်ခိုက်ခံရ၊ လူ ၆၃ ဦးသေဆုံး ၂၀၀ နီးပါးဒါဏ်ရာရ

ကဘူး၊ သြဂုတ်-၁၈-၂၀၁၉ မျိုးဆက် (VOM) အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးမှာ ကျင်းပတဲ့ မင်္ဂလာပွဲတစ်ခုမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားတာကြောင့် လူ ၆၃ ဦးသေဆုံးပြီး ၂၀၀ နီးပါးဒါဏ်ရာရရှိသွားပါတယ်။   ဒီပေါက်ကွဲမှုဟာ အသေခံဗုံးခွဲသမားတစ်ဦးက မင်္ဂလာပွဲကျင်းပနေချိန်အတွင်းမှာ ဖောက်ခွဲခဲ့တာဖြစ်တယ်လို့ မျက်မြင်သက်သေတွေကပြောပါတယ်။ရှီးယိုက်မွတ်စလင်တွေ အများစုနေထိုင်တဲ့ မြို့ရဲ့ အနောက်ပိုင်းမှာ ဒေသစံတော်ချိန် ည ၁၀ နာရီ ၄၀ မိနစ်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။   တိုက်ခိုက်မှုကို နောက်ကွယ်ကနေ ကြိုးကိုင်လုပ်ဆောင်ခဲ့ခြင်းမရှိဘူးလို့ တာလီဘန်အဖွဲ့က ငြင်းဆိုပါတယ်။ ဗုံးခွဲတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း ဘယ်အဖွဲ့ကမှ ၀န်ခံပြောဆိုတာမျိုးမရှိသေးပါဘူး။   အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်ရှိ လူနည်းစုရှီယိုက်တွေကို တာလီဘန်နဲ့ အိုင်အက်စ်အဖွဲ့အပါအ၀င် ဆွန်နီမူစလင် စစ်သွေးကြွတွေက မကြာခဏဆိုသလို ပစ်မှတ်ထားတိုက်ခိုက်နေကြပါတယ်။   ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သေဆုံးသူအရေအတွက် တိုးမြင့်လာတာကို အာဖဂန် ပြည်ထဲရေ၀န်ကြီးဌာနက အတည်ပြုထားပါတယ်။ မင်္ဂလာခန်းမအတွင်းက ကသောင်းကနင်းလဲကျနေတဲ့…

Read More

ဘင်္ဂလားဒေ့ရှ်မှာ လောင်တဲ့မီး အိမ်ခြေ တစ်သောင်းခွဲမီးသင့်

ဒါကာ၊ သြဂုတ်-၁၈-၂၀၁၉ မျိုးဆက် (VOM)   ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာရှိတဲ့ ဆင်းရဲသားရပ်ကွက်ကတစ်ဆင့် မီးအကြီးအကျယ်လောင်ကျွမ်းမှုကြောင့် လူငါးသောင်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။မီးလောင်ကျွမ်းမှုဟာ သြဂုတ် ၁၇ ရက်နှောင်းပိုင်းက ချာလန်တီခါ ဆင်းရဲသားရပ်ကွက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး နေအိမ် တစ်သောင်းခွဲ ပျက်ဆီးသွားပါတယ်။   နေအိမ်အများစုဟာ မီးလောင်ကျွမ်းလွယ် ကူးစက်လွယ်တဲ့ ပလတ်စတစ်တွေကို အိမ်အမိုးအဖြစ် အသုံးပြုထားကြပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူမရှိပေမယ့် လူအချို့တော့ ထိခိုက်ဒါဏ်ရာရရှိခဲ့ပါတယ်။   အဲဒီရပ်ကွက်မှာ နေထိုင်သူအများစုကတော့ ၀င်ငွေနည်းမိသားစုတွေဖြစ်ပြီး မွတ်စလင်အိဒ်ပွဲတော်ပြီးနောက် အတော်များများက နေအိမ်ကနေ အဝေးကိုသွားရောက်နေကြတာဖြစ်ပါတယ်။ မီးလောင်ကျွမ်းရတဲ့ အကြောင်းရင်းကိုတော့ လက်ရှိအချိန်ထိ မသိရသေးပါဘူး။   ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး မီးလောင်ကျွမ်းမှုကို မီးသတ်သမားတွေက ခြောက်နာရီကျော်ကြာ ငြိမ်းသတ်ခဲ့ရပါတယ်။   အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူထောင်ပေါင်းများစွာအတွက် နေရာထိုင်ခင်းတွေ ထောက်ပံ့ပေးသွားမယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရကပြောပါတယ်။ ဖေဖော်ဝါရီလအတွင်းကလည်း ဒါကာရှိ…

Read More

မူဆယ်-မန္တလေး ရထားလမ်းဖောက်လုပ်မယ့်စီမံကိန်းကို ဒေသခံအချို့နဲ့ သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းတဲ့အဖွဲ့ စိုးရိမ်မှုများဖြစ်ပေါ်နေ

မန္တလေး၊ဩဂုတ် ၁၇-၂၀၁၉ ဟိန်းကို( VOM ) မန္တလေး-ပြင်ဦးလွင်-လားရှိုး-မှုဆယ်ထိ အချိန်၃နာရီနဲ့ ရောက်နိုင်မယ့် ရထားလမ်းသစ် စီမံကိန်းကို ရထားလမ်းဖြတ်သွားမယ့် နယ်မြေအတွင်းက ဒေသခံအချို့နဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့အဖွဲ့တွေက စိုးရိမ်မှုတွေဖြစ်ပေါ်နေပါတယ်။ ရထားလမ်းမှာ ၄ပေနဲ့ ၈လက်မခွဲရှိ လျှပ်စစ်ရထားနဲ့ ပြေးဆွဲသွားမှာဖြစ်ပြီး ရထားလမ်းအရှည်မှာ ၄၁၄ကီလိုမီတာရှိကာ ရထားလမ်းစီမံကိန်းကို တရုတ်နိုင်ငံနဲ့ အကျိုးတူပူးပေါင်းလုပ်ဆောင်သွားမယ့် ရထားလမ်းဖြစ်ပါတယ်။ ရထားလမ်းဖောက်မယ့် ဒေသအတော်များများမှာ လမ်းဖောက်မှာဖြစ်တဲ့အတွက် ထိခိုက်မှုတွေရှိလာနိုင်တယ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့ အဖွဲ့က သုံးသပ်ပြောဆိုနေပြီး လူမူရေးအကြောင်းအရ လူကုန်ကူးမှုတွေ နဲ့ ယဉ်ကျေးမှုရေးရာတွေ စီးမျှောသွားမှာကိုလည်း စိုးရိမ်တယ်လို့ ဒေသခံအချို့က သုံးသပ်ပြောဆိုထားပါတယ်။ #voiceofmyanmar#မန္တလေး#မူဆယ်-မန္တလေးရထားလမ်းစီမံကိန်း#

Read More

မိုးရေကြောင့် သရေခေတ္တရာ ရှေးဟောင်းဇုံထဲက ဘုရားတောင် ဘုရားပြိုကျတော့မည့်အခြေအနေရှိ

ပြည် – သြဂုတ် ၁၈-၂၀၁၉ ဂျန်ကိုးလ်(VOM)   လတ်တလောရွာခဲ့တဲ့မိုးကြောင့် ပြည်မြို့အနီးသရေခေတ္တရာ ပျူမြို့ဟောင်းထဲက စေတီတဆူဖြစ်တဲ့ ဘုရားတောင်ဘုရားမှာနံရံတွေဖောင်းလာပြီး ပတ်ကြားအက်တာတွေပေါ်လာနေပါတယ်။   ဒီစေတီပြိုကျမသွားအောင်လတ်တလောမှာအလှူရှင်တွေရဲ့အကူအညီနဲ့ထိမ်းသိမ်းမှုတွေဆောင်ရွက်နေရတယ်လို့ကမ္ဘာ့အမွေအနှစ်ဌာနခွဲသရေခေတ္တရာဌာနစုကသိရပါတယ်။   “ပြုပြင်ထိမ်းသိမ်းဖို့ တင်ထားတာ ၁နှစ်ကျော်ပြီခုထိတော့မကျသေးဘူးအလှူငွေနဲ့ရသလောက်ပြုပြင်နေတယ်၊ အလှူငွေဆိုတာကဇုံထဲကို လာလည်တဲ့ဧည့်သည်တွေထဲကတချို့ဆိုရှေးဟောင်းဘုရားပြုပြင်ချင်လို့ အလှူငွေထည့်တာတွေရှိတယ်၊အဲဒါတွေကိုစနစ်တကျထွေအုပ်တို့နဲ့တင်ပြပြီးလုပ်နိုင်သရွေ့ပေါ့၊ အပေါ်မှာအက်ရာကြီးတွေရှိတယ်အဲဒီအထဲရေဝင်ရင်ပြိုကျနိုင်လို့လုံးတော်ပြည့်တာပေါ်လင်အုပ်ထားလို့သက်သာနေတာ” လို့ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနသရေခေတ္တရာဌာနစု ဒုတိယညွှန်ကြားရေးမှူးဦးကျော်မျိုးဝင်းကပြောပြပါတယ်။   သရေခေတ္တရာမြို့ဟောင်းရဲ့အကျယ်အဝန်းဟာဧကပေါင်း၁၂၀၀၀ကျော်ရှိပြီး မတူးရသေးတဲ့စေတီတွေနဲ့ မြေပေါ်မှာရှိတဲ့ ဘုရားစေတီပေါင်း ရာချီပြီးရှိပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ၂၉ရက်နေ့ကလည်းအရှေ့ဘက်နန်းမြို့ရိုးအစိတ်အပိုင်းတချို့ အချိန်မှီမထိမ်းသိမ်းနိုင်ခဲ့လို့  ပြိုကျတဲ့ဖြစ်စဉ်ရှိခဲ့ပါသေးတယ်။   #voiceofmyanamr #သရေခေတ္တရာ #ပြည် #ပျူမြို့ဟောင်း

Read More
VOM News

FREE
VIEW