မူဆယ်-မန္တလေး ရထားလမ်းဖောက်လုပ်မယ့်စီမံကိန်းကို ဒေသခံအချို့နဲ့ သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းတဲ့အဖွဲ့ စိုးရိမ်မှုများဖြစ်ပေါ်နေ

မန္တလေး၊ဩဂုတ် ၁၇-၂၀၁၉
ဟိန်းကို( VOM )

မန္တလေး-ပြင်ဦးလွင်-လားရှိုး-မှုဆယ်ထိ အချိန်၃နာရီနဲ့ ရောက်နိုင်မယ့် ရထားလမ်းသစ် စီမံကိန်းကို ရထားလမ်းဖြတ်သွားမယ့် နယ်မြေအတွင်းက ဒေသခံအချို့နဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့အဖွဲ့တွေက စိုးရိမ်မှုတွေဖြစ်ပေါ်နေပါတယ်။

ရထားလမ်းမှာ ၄ပေနဲ့ ၈လက်မခွဲရှိ လျှပ်စစ်ရထားနဲ့ ပြေးဆွဲသွားမှာဖြစ်ပြီး ရထားလမ်းအရှည်မှာ ၄၁၄ကီလိုမီတာရှိကာ ရထားလမ်းစီမံကိန်းကို တရုတ်နိုင်ငံနဲ့ အကျိုးတူပူးပေါင်းလုပ်ဆောင်သွားမယ့် ရထားလမ်းဖြစ်ပါတယ်။

ရထားလမ်းဖောက်မယ့် ဒေသအတော်များများမှာ လမ်းဖောက်မှာဖြစ်တဲ့အတွက် ထိခိုက်မှုတွေရှိလာနိုင်တယ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့ အဖွဲ့က သုံးသပ်ပြောဆိုနေပြီး လူမူရေးအကြောင်းအရ လူကုန်ကူးမှုတွေ နဲ့ ယဉ်ကျေးမှုရေးရာတွေ စီးမျှောသွားမှာကိုလည်း စိုးရိမ်တယ်လို့ ဒေသခံအချို့က သုံးသပ်ပြောဆိုထားပါတယ်။

#voiceofmyanmar#မန္တလေး#မူဆယ်-မန္တလေးရထားလမ်းစီမံကိန်း#

Related posts

Leave a Comment

VOM News

FREE
VIEW