မြစ်ကြီးနားကာဝင်းမှာ ဝင်ထွက်နေတဲ့ မော်တော်ယာဉ်တွေ စည်းကမ်းလိုက်နာမှု အားနည်း မြစ်ကြီးနား၊ အောက်တိုဘာ- ၂၄- ၂၀၂၀ ရန်အောင်ထွန်း(VOM) မြစ်ကြီးနားမြို့ကားဝင်းအတွင်းမှာ ဝင်ထွက်နေတဲ့ ယာဉ်တွေနဲ့ ယာဉ်မောင်းအများစုဟာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို မလိုက်နာကြဘူးလို့ မြစ်ဖျားဧရာကားဝင်း အတွင်း တာဝန်ကျနေတဲ့ ကျန်းမာရေးဝန်ထမ်းရဲ့ ပြောကြာချက်အရ သိရပါတယ်။ Covid-19 ရောဂါကာကွယ်ထိန်းချုပ်နေတဲ့ ကာလအတွင်း ကုန်စည်စီးဆင်မှု ရပ်တန့်မသွားအောင် တိုင်းကျော်နယ်ကျော်ဒေသကို ကုန်စည်နဲ့ထွက်မယ့် ကားတွေနဲ့ ပြည်နယ်အတွင်း လူစီးကားတွေကို ကားအသင်းရဲ့ထောက်ခံချက်၊ မော်တော်ယာဉ်များကြီးကြပ်ရေး ကော်မတီ (ယကတ)ရဲ့ ထောက်ခံချက်နဲ့ လိုက်ပါမယ့် ယာဉ်မောင်းနဲ့ ယာဉ်အကူရဲ့ ကျန်းမာရေးထောက်ခံချက် ဝင်ထွက်သွားလာခွင့်ပြုပေးနေတာ ဖြစ်ပါတယ်။ တစ်ရက်ကို ကားအစီးရေ ၃၀ လောက်ဝင်နေပြီး ဗန်းမော်၊ တနိုင်း၊ ပူတာအို၊ မိုးကောင်း နဲ့ အင်းတော်ကြီး ဒေသက ကားတွေအများဆုံး ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ပေးနေရတယ်လို့ မြစ်ဖျားဧရာကားဝင်း…
Read MoreCategory: Lifestyle
သာယာဝတီ အကျဉ်းထောင်မှာ Covid-19ပိုးတွေ့သူ ၁၈၀ ဝန်းကျင်ရှိနေ
အောက်တိုဘာ ၂၃ -၂၀၂၀ နေလင်း+ကောင်းလက်ျာ(VOM) ပြီးခဲ့တဲ့ ရက်ပိုင်းက ပဲခူးတိုင်းဒေသကြီး သာယာဝတီ အကျဉ်းထောင်မှာ အကျဉ်းကျခံနေရသူ ၁၆ ဦး Covid-19ရောဂါပိုးတွေ့ရှိခဲ့လို့ အကျဉ်း ကျခံနေရသူနဲ့ဝန်ထမ်း၂၅၀ ကျော်ကို နှာခေါင်းတို့ပတ်နမူနာယူစစ်ဆေးတာမှာ မနေ့က အဖြေအရ ၁၆၀ ထပ်မံစစ်ဆေးတွေ့ရှိ ခဲ့တယ်လို့ သာယာဝတီအကျဉ်းထောင်ရဲ့ အကြီးတန်းအရာရှိတစ်ဦးထံကသိရှိရပါတယ်။ ၁၉ ရက်နေ့က အကျဉ်းသား ၁၆ ဦးပိုး စစ်ဆေးတွေ့ရှိတဲ့အတွက် ထိစပ်ခဲ့သူတွေကို ထပ်မံစစ်ဆေးထားတယ်လို့သိရတယ်။ လက်တလောမှာ အကျဉ်းသားတွေ ကိုဗစ်ပိုးတွေ့ခဲ့တယ် ဆိုတဲ့ ကိစ္စ ပြည်ထဲရေးဘက်ကမှအတည်ပြုပေးမှရမယ်လို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးတစ်ဦးက ပြောပြပါတယ်။ အောက်တိုဘာ၂၂ ရက်နေ့မှာ သာယာဝတီအကျဉ်းထောင် အိပ်ဆောင်တစ်ခုက အကျဉ်းသား၂၄၀ ကျော်နဲ့အကျဉ်းထောင်ဝန်ထမ်း ၁၁ ဦးကို ရောဂါပို့စစ်ဆေးရာက အကျဉ်းသား ၁၅၇ ဦးနဲ့ဝန်ထမ်း ၃ ဦး စုစုပေါင်း ၁၆၀ ခန့်ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပြီး ပိုးရှိ လူနာများလာတာကြောင့်…
Read Moreကပ်ဘေးကာလအတွင်း အလုပ်သွားတဲ့အခါ
လူသားများသက်တမ်းစေ့နေထိုင်နိုင်ရန်အတွက် အာဟာရပြည့်ဝဖို့လိုအပ်ပါတယ်။ ကိုဗစ်ဟူသော အခက်အခဲ၊ အကြပ်အတည်းကာလမှာ အာဟာရပြည့်ဝဖို့၊ ဗိုက်ဝစေဖို့ တစ်နေ့စာတစ်နေ့ဖြေရှင်းကြရသူတွေအများကြီး အပြင်မထွက်ဖို့ သတိပေးထားပေမယ့် ရောဂါပိုးထက်ဝမ်းစာကအရေးကြီးလေတော့လမ်းထွက်ကြ၊ အလုပ်သွားကြရမှာပါ။ အချို့ကားကိုယ်နဲ့ဆိုင်တဲ့ရုံးခန်း၊ အချို့က ကိုယ်နဲ့သက်ဆိုင်တဲ့စက်ရုံ၊ အချို့ ကရပ်ကွက်ထဲမှာ ပဲဖိနပ်ပါးအောင်လမ်းလျှောက်ဈေးရောင်းကြရတယ် စသည်ဖြင့်စုံလို့။ ဒါ့ကြောင့်ကိုဗစ်ကာလ၊ ကပ်ဘေးကာလမှာအလုပ်သွားကြရတဲ့အခါ မဖြစ်မနေပြုလုပ်ရမယ့်အရာတွေကိုမျှဝေ ပေးချင်ပါတယ်။ -အလုပ်ခွင်ကိုရောက်တာနဲ့လက်ဆေးခြင်းကိုဦးစွာလုပ်ပါ အလုပ်ခွင်ကိုရောက်ပြီဆိုတာနဲ့ဦးစွာလက်ဆေးဖို့လိုပါတယ်။ လက်ဆေးတဲ့နေရာမှာလည်း စက္ကန့်(၂၀)ကြာတဲ့ အထိဆေးကြောပေးဖို့လိုပါတယ်။ -ကိုယ်နဲ့အတူပါလာတာတွေကို ပိုးသတ်ပေးပါ။ ကိုယ်နဲ့အတူပါလာတဲ့ပစ္စည်းတွေကို အရက်ပြန်သုတ်ထားတဲ့ဝါဂွမ်းနဲ့ပွတ်ပေးဖို့လိုပါတယ်။ဥပမာ။လက်ကိုင် အိတ်၊လက်ကိုင်ဖုန်းစသည်ဖြင့်.. -မိမိထိုင်မယ့်နေရာကိုပိုးသတ်ပေးပါ မိမိထိုင်မယ့်နေရာကိုဂရုတစိုက်ပိုးသတ်ပေးဖို့လိုပါတယ်။ စားပွဲပေါ်ရှိပစ္စည်းတွေကိုပါ သန့်စင်ပေးဖို့လိုတာကို မမေ့စေချင်ဘူး။ စားပွဲပေါ်ကကော်ဖီခွက်ကအစ သီးသန့်ထားထားဖို့လိုပါတယ်။ အရင်အချိန်တွေကလိုမိတ်ဆွေ တွေနဲ့ကော်ဖီတစ်ခွက်တည်းသောက်တာတွေကိုပါ မလုပ်သင့်ပါဘူး။ -ပိုးသတ်ပြီးတိုင်းမိမိလက်ကိုပြန်စစ်ပေးပါ။ ပစ္စည်းတစ်ခုခုကိုပိုးသတ်ပြီးတိုင်း၊သန့်စင်ပြီးတဲ့အခါတိုင်း မိမိလက်ကိုလည်း ဆေးကြောဖို့လိုတာကိုမမေ့စေချင်ဘူး။ မိမိမျက်နှာကိုလက်နဲ့မကြာခဏကိုင်ခြင်းမျိုးမဖြစ်စေဖို့ဂရုပြုရပါမယ်။ -စကားတွေနီးကပ်စွာ ပြောတာကိုရှောင်ပါ အရင်အချိန်တွေလို တစ်ယောက်နဲ့တစ်ယောက်ရင်းရင်းနီးနီး စကားတွေပြော၊ရယ်မောတာတွေကိုရှောင်ကြဉ် သင့်ပါတယ်။ -လက်ဆွဲနှုတ်ဆွဲတာကိုလည်း ရှောင်ပါ။ အလုပ်မှာတစ်ယောက်နဲ့တစ်ယောက် ယဉ်ကျေးမှုအရ လက်ဆွဲနှုတ်ဆက်တာမျိုးကိုလည်းရှောင်ကြဉ်ပါ။…
Read Moreတောင်ကြီး သီတင်းကျွတ်ညအတွက် ဘာတွေစီစဉ်ထားသလဲ
Read Moreကိုဗစ်ကာလ ကွာရန်တင်း ဝင်နေရသူတွေ စိတ်ပိုင်းဆိုင်ရာအတွက် ဘာတွေ သတိပြုလိုက်နာရမလဲ
ပါးစပ်နှင့် နှာခေါင်းစည်း အရည်အသွေးကောင်း/ မကောင်း ဘယ်လိုစစ်မလဲ
မြစ်ကြီးနားကမ္ဘောဇဘဏ်ခွဲ(၁)က ပိုးတွေ့လူနာဘဏ်၀န်ထမ်းနဲ့ အတူတာဝန်ကျတဲ့ ဝန်ထမ်း၉ယောက် Quarantine ဝင်
မြစ်ကြီးနားကမ္ဘောဇဘဏ်ခွဲ(၁)က ပိုးတွေ့လူနာဘဏ်၀န်ထမ်းနဲ့ အတူတာဝန်ကျတဲ့ ဝန်ထမ်း၉ယောက် Quarantine ဝင် မြစ်ကြီးနား-အောက်တိုဘာ ၁၉-၂၀၂၀ ရန်အောင်ထွန်း (VOM) မြစ်ကြီးနားမြို့ကမ္ဘောဇဘဏ်ခွဲ (၁) က အသက် ၂၇ နှစ်အရွယ် အမျိုးသမီး ဘဏ်၀န်ထမ်းတစ်ဦး Covid-19 ရောဂါပိုးတွေ့လို့ ဆေးရုံပို့ထားသလို သူနဲ့ထိစပ်တဲ့ နောက်ထပ်၀န်ထမ်း ၉ ဦးကိုလည်း အသွားအလာကန့်သတ်ထားပါတယ်။ Covid-19 အတည်ပြုလုနာ ဘဏ်၀န်ထမ်းအမျိုးသမီးဟာ အောက်တိုဘာ ၁၇ ရက်မှာ အနံ့ပျောက်လာလို့ နှာခေါင်တို့ဖတ် အာခေါင်တို့ဖတ်တွေ စစ်ဆေးတဲ့အခါမှာ ရောဂါပိုးတွေ့ခဲ့တာပါ။ အဲ့ဒီအမျိုးသမီးနဲ့ ကမ္ဘောဇဘဏ်ခွဲ (၁) စီမံဌာနမှာ တာ၀န်အထူထမ်ဆောင်ခဲ့သူ ၉ ဦးကို အောက်တိုဘာ ၁၈ ရက်နေက Quarntine ၀င်ခိုင်းထာပြီး ၁၉ ရက်နေ့မှာ ဆေးစစ်မှုတွေ ပြုလုပ်သွားမှာပါဖြစ်ပါတယ်။ “ ဘဏ်မှာက နှစ်ပတ်တက်…
Read Moreညောင်တုန်းမှာ COVID-19 သတိပေးချက်တွေကို လိုက်နာမှုအားနည်းနေတဲ့အတွက် ဒေသခံတွေ စိုးရိမ်
ညောင်တုန်းမှာ COVID-19 သတိပေးချက်တွေကို လိုက်နာမှုအားနည်းနေတဲ့အတွက် ဒေသခံတွေ စိုးရိမ်အောက်တိုဘာ၊ ၁၈- ၂၀၂၀ ရှိုင်းအောင်(VOM) ကိုဗစ်ကာလအတွင်း ညောင်တုန်းမြို့မှာ အခြေခံစားသောက်ကုန် ရောင်းချနေတဲ့ဆိုင်တွေကို အချိန်အကန့်အသက်နဲ့ဖွင့်ဖို့ အစိုးရက ညွှန်ကြားထားပေမယ့် လိုက်နာမှုအားနည်းပြီး COVID-19 အတည်ပြုလူနာတွေများလာတာကြောင့် စိုးရိမ်နေကြတယ်လို့ ဒေသခံတစ်ချို့က VOM ကိုပြောပါတယ်။ “စိုးရိမ်တယ်၊ ခုဆို လဘက်ရည်ဆိုင်တွေက ဖွင့်တုန်းပဲ နေ့လယ် ၂ နာရီနောက်ပိုင်းဆို ဆိုင်တွေ ပိတ်ရမယ်လို့ ပြောနေပေမယ့် ဖွင့်တဲ့ ဆိုင်တွေက ဖွင့်တုန်းပဲ၊ ခုထပ်တွေ့တဲ့ ၅ ယောက်ကလည်း မြို့ပေါ်မှာ နေသူတွေ သူတို့ဘယ်လို ပိုးကူးလာလည်း ဆိုတာလည်း မသိဘူး၊ အဲ့တော့ မြို့ပေါ်မှာ ပိုးရှိလူနေတွေ ရှိနေသေးလား ကျွန်တော်တို့ စိုးရိမ်တယ်ဗျ” လို့ ညောင်တုန်းမြို့က ဒေသခံတစ်ဦးကပြောပါတယ်။ အဲ့ဒီကိစ္စနဲ့ပါတ်သက်ပြီး ညောင်တုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းလွင်ကို ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ ”…
Read Moreမန္တလေးမှာ Hotel Quarantine ဝင်နေကြတဲ့သူတွေကို Covid-19 စမ်းသပ်မှုဆိုင်ရာရွေ့လျားယာဉ်တွေနဲ့ ပထမဆုံး Sawb Test စစ်ဆေး
မန္တလေးမှာ Hotel Quarantine ဝင်နေကြတဲ့သူတွေကို Covid-19 စမ်းသပ်မှုဆိုင်ရာရွေ့လျားယာဉ်တွေနဲ့ ပထမဆုံး Sawb Test စစ်ဆေး မန္တလေး၊ အောက်တိုဘာ- ၁၆- ၂၀၂၀ ညီသစ်(VOM) မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် ပြည့်သူ့ကျန်းမာရေးဌာနက ဦးဆောင်ပြီး အောင်မြေသာစံမြို့နယ် အတွင်းက Quarantine Center တွေဖြစ်တဲ့ Eastern Palace Hotel Quarantine Center ၊ Ayarwaddy River View Hotel Quarantine Center တွေမှာထားရှိတဲ့ Quarantine ဝင်နေတဲ့လူတွေရဲ့ Sawb Test နမူနာတွေကို လိုက်လံ စစ်ဆေးခဲ့ပါတယ်။ ဒီကနေ့ အာက်တိုဘာ ၁၆ ရက်နေ့ကစတင်ကာ Covid-19 စမ်းသပ်မှုဆိုင်ရာရွေ့လျားယာဉ် (Covid-19 Mobile Sample Collection)တွေကို ပထမဆုံးအကြိမ်အသုံးပြုပြီး စစ်ဆေးပေးနေတာဖြစ်ပါတယ်။ ဒီကနေ့ မနက်ပိုင်း က Eastern…
Read Moreမောင်တောမှာ ၂ ရက်အတွင်း ကိုဗစ်ပိုးတွေ့သူ များလာလို့ အ-ထ-က၂ ကို ယာယီဆေးရုံအဖြစ် အသုံးပြုဖို့ပြင်ဆင်
မောင်တောမှာ ၂ ရက်အတွင်း ကိုဗစ်ပိုးတွေ့သူ များလာလို့ အ-ထ-က၂ ကို ယာယီဆေးရုံအဖြစ် အသုံးပြုဖို့ပြင်ဆင် အောက်တိုဘာ ၇-၂၀၂၀ ကောင်းလက်ျာ(VOM) ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အောက်တိုဘာလ ၆ ရက်နေ့ကထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ် စစ်တွေ၊ကျောက်ဖြူ၊ ကျောက်တော် ၊ သံတွဲနဲ့ပုဏ္ဍားကျွန်းမှာ Covid-19 ပိုးတွေ့သူ ၁၂ ဦးရှိခဲ့ပြီး မောင်တောမှာ ဒီနေ့ထပ်မံ ပိုးတွေ့သူ ၇ ယောက်ရှိတဲ့အတွက် နောက်ရက်လူနာဦးရေတိုးနိုင်တာမို့ မောင်တောမြို့အထက(၂ )ကို တိုးချဲ့ယာယီဆေးရုံအဖြစ်သတ် မှတ်ပြင်ဆင်သွားမယ်လို့ အုပ်ချုပ်ရေးမှူးရုံးကသိရပါတယ်။ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်ပြောပြတာက” လက်တလော ဘူးသီးတောင်မှာက လုံလောက်တယ်။ မောင်တောမှာဆေးရုံနဲ့ မြို့နယ်ခန်းမမှာ လူနာ ၃၀ စီထားရှိပြီးဖြစ်ပေမယ့် နောင်တိုးလာမယ့်အနေအထားတစ်ခုဆို လုံလောက်အောင် ကြိုပြင်ပါတာ” လို့ ဆိုပါတယ်။ ကိုဗစ်ဒုတိယလှိုင်းကာလဖြစ်တဲ့ ဩဂုတ်လကနေ ယနေ့ အထိ မောင်တောခရိုင်မြို့နယ်များဖြစ်တဲ့ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ ကိုဗစ်ပိုးတွေ့လူနာ…
Read More