ဖားကန့်တောင်ပြိုရွာမှာ လော့ဒေါင်း ပြန်ဖျက်ပေးဖို့ ဆန္ဒပြ

အောက်တိုဘာ ၂၇-၂၀၂၀
ရန်အောင်ထွန်း (VOM)
ဓာတ်ပုံ – နောင်ရိုး

ကချင်ပြည်နယ် ဖားကန့်မြို့နယ် တောင်ပြိုကျေးရွာမှာ လော့ဒေါင်းချထားတာ ပြန်ပြင်ပေးဖို့ လူအင်အား ရာနဲ့ချီတဲ့ ကျေးရွာလူထုဟာ အောက်တိုဘာ ၂၇ မွန်းလွဲပိုင်းက ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ပါတယ်။

ဖားကန့်ဒေသမှာ ပိုးတွေ့လူနာများလာလို့ အောက်တိုဘာ ၂၀ ရက်နေ့မှာ ရောဂါပိုးကူးစက်မှုကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ရေးအတွက် ဖားကန့်နဲ့ မိုးညှင်းနှစ်မြို့နယ်ကို Stay At Home နေထိုင်ကြဖို့ ကျန်းမာရေးနှင့် အားကစာဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ တောင်ပြိုကျေးရွာ ကိုတော့ ရောဂါပိုးတွေ့သူများလာလို့ အဲ့ဒီမတိုင်ခင်ကတည်းက အသွားအလာ ကန့်သတ်ထားတာလို့ သိရပါတယ်။

“ ကယ်ဆယ်ရေးက ပေးတော့ပေးတာပေါ့ အာလူးတို့ ဆန် ဆီ ဆားတို့ ပေးတာရှိတယ်။ ပိုက်ဆံကတော့ ဘယ်သူပေးတယ်မသိဘူး တစ်အိမ် ၄၇၀၀၀ ပေးတာ ဆယ်ရက်လာက်ရှိပြီ တစ်ခါတော့ပေးတယ်။ အဲ့ဒီကယ်ဆယ်ရေး ပေးတာနဲ့ မလုံလောက်ဘူးလေ ဒီမှာ လော့ဒေါင်းလုပ်တာ အချိန်ကြာတော့ ကလေးတွေနဲ့ မိသားစုတွေနဲ့ အဆင်မပြေဘူး ဆရာ၊ လော့ဒေါင်း ဖြုတ်ပေးစေချင်တယ်။ လော့ဒေါင်းဖြုတ်လိုက်လို့ ရောဂါပျံ့မယ်ဆိုတဲ့ ကိစ္စလည်း စိုးရိမ်တာကတော့ စိုးရိမ်ပါတယ်။ တကယ်လို့ လော့ဒေါင်းဖြုတ်ပေးလို့ မရဘူးဆိုလည်း ကျေးရွာလူထုရဲ့ မိသားစု စားဝတ်နေရေး အဆင်ပြေအောင် လုပ်ပေးစေချင်တာပါ “ လို့ တောင်ပြိုကျေးရွာက ဦးဝင်းဗိုလ်က ပြောပါတယ်။

ဆန္ဒပြသူတွေဆီကို ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ၊ သက်ဆိုင်ရာရဲတပ်ဖွဲ့တာဝန်ရှိသူတွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ သွားရောက်ပြီး ညှိနှိုင်းဖြေရှင်းပေး နေကြတယ်လို့ သိရပါတယ်။

“ တောင်ပြိုက အဖြစ်များနေတာ ဆိုတော့လေ အခြားတိုင်းနဲ့ ပြည်နယ်တွေမှာလည်း အဖြစ်များနေတဲ့ နေရာတွေ အသွားအလာကန့်သတ်တာရှိတယ်။ အဲ့ဒီဟာတွေလျော့မှပဲ ဒါဖြေလျော့ပေးလို့ရမယ် နောက်တစ်ချက်က တစ်ရွာလုံးက ကလေးလူကြီး အားလုံးကို Test Kit နဲ့ စစ်ဆေးဖို့က Test Kit အလုံအလာက် ရဖို့ကလည်း ခက်ခဲတယ် ကျန်းမာရေးဝန်ကြီးဌာနကို တင်ပြရအုန်းမှာ ဖြေလျော့ပေးဖို့က လောလောဆယ် တော့ မလွယ်သေးဘူး swab ယူပြီး စောင့်ကြည့်ရတဲ့ လူနာတွေရဲ့ စစ်ဆေးထားတဲ့ အဖြေတွေကလည်း မသိရသေးဘူးလေ “ဆိုပြီး ဖြေလျှော့ပေး ခက်နေတဲ့ ကိစ္စကို ကချင်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးဇော်ကပြောပါတယ်။

ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးဌာနရဲ့ အောက်တိုဘာ ၂၇ ရက်နေ့ ညနေ ၅ နာရီ ထုတ်ပြန်ချက်အရ စုစုပေါင်း ပိုးတွေ့လူနာ ၁၂၆ ဦးရှိပြီး လက်ရှိ ကုသမှုခံယူနေရတဲ့ လူနာ ၆ ဦးရှိတယ်လို့ သိရပါတယ်။ အဲ့ဒီအထဲမှာ ဖားကန့်က ၃ ဦးပါဝင်နေပါတယ်။

#voiceofmyanmar #VOM #ဖားကန့် #တောင်ပြိုရွာမှာဆန္ဒပြ

Zawgy

ဖားကန႔္ေတာင္ၿပိဳ႐ြာမွာ ေလာ့ေဒါင္း ျပန္ဖ်က္ေပးဖို႔ ဆႏၵျပ

ေအာက္တိုဘာ ၂၇-၂၀၂၀
ရန္ေအာင္ထြန္း (VOM)
ဓာတ္ပုံ – ေနာင္႐ိုး

ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ႕နယ္ ေတာင္ၿပိဳေက်း႐ြာမွာ ေလာ့ေဒါင္းခ်ထားတာ ျပန္ျပင္ေပးဖို႔ လူအင္အား ရာနဲ႔ခ်ီတဲ့ ေက်း႐ြာလူထုဟာ ေအာက္တိုဘာ ၂၇ မြန္းလြဲပိုင္းက ဆႏၵေဖာ္ထုတ္ ေတာင္းဆိုခဲ့ပါတယ္။

ဖားကန႔္ေဒသမွာ ပိုးေတြ႕လူနာမ်ားလာလို႔ ေအာက္တိုဘာ ၂၀ ရက္ေန႔မွာ ေရာဂါပိုးကူးစက္မႈကို ထိထိေရာက္ေရာက္ ထိန္းခ်ဳပ္ႏိုင္ေရးအတြက္ ဖားကန႔္နဲ႔ မိုးညႇင္းႏွစ္ၿမိဳ႕နယ္ကို Stay At Home ေနထိုင္ၾကဖို႔ က်န္းမာေရးႏွင့္ အားကစာဝန္ႀကီးဌာနက ထုတ္ျပန္ခဲ့ပါတယ္။ ေတာင္ၿပိဳေက်း႐ြာ ကိုေတာ့ ေရာဂါပိုးေတြ႕သူမ်ားလာလို႔ အဲ့ဒီမတိုင္ခင္ကတည္းက အသြားအလာ ကန႔္သတ္ထားတာလို႔ သိရပါတယ္။

“ ကယ္ဆယ္ေရးက ေပးေတာ့ေပးတာေပါ့ အာလူးတို႔ ဆန္ ဆီ ဆားတို႔ ေပးတာရွိတယ္။ ပိုက္ဆံကေတာ့ ဘယ္သူေပးတယ္မသိဘူး တစ္အိမ္ ၄၇၀၀၀ ေပးတာ ဆယ္ရက္လာက္ရွိၿပီ တစ္ခါေတာ့ေပးတယ္။ အဲ့ဒီကယ္ဆယ္ေရး ေပးတာနဲ႔ မလုံေလာက္ဘူးေလ ဒီမွာ ေလာ့ေဒါင္းလုပ္တာ အခ်ိန္ၾကာေတာ့ ကေလးေတြနဲ႔ မိသားစုေတြနဲ႔ အဆင္မေျပဘူး ဆရာ၊ ေလာ့ေဒါင္း ျဖဳတ္ေပးေစခ်င္တယ္။ ေလာ့ေဒါင္းျဖဳတ္လိုက္လို႔ ေရာဂါပ်ံ႕မယ္ဆိုတဲ့ ကိစၥလည္း စိုးရိမ္တာကေတာ့ စိုးရိမ္ပါတယ္။ တကယ္လို႔ ေလာ့ေဒါင္းျဖဳတ္ေပးလို႔ မရဘူးဆိုလည္း ေက်း႐ြာလူထုရဲ႕ မိသားစု စားဝတ္ေနေရး အဆင္ေျပေအာင္ လုပ္ေပးေစခ်င္တာပါ “ လို႔ ေတာင္ၿပိဳေက်း႐ြာက ဦးဝင္းဗိုလ္က ေျပာပါတယ္။

ဆႏၵျပသူေတြဆီကို ဖားကန႔္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ၊ သက္ဆိုင္ရာရဲတပ္ဖြဲ႕တာဝန္ရွိသူေတြ၊ ဘာသာေရးေခါင္းေဆာင္ေတြနဲ႔ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးေတြ သြားေရာက္ၿပီး ညႇိႏႈိင္းေျဖရွင္းေပး ေနၾကတယ္လို႔ သိရပါတယ္။

“ ေတာင္ၿပိဳက အျဖစ္မ်ားေနတာ ဆိုေတာ့ေလ အျခားတိုင္းနဲ႔ ျပည္နယ္ေတြမွာလည္း အျဖစ္မ်ားေနတဲ့ ေနရာေတြ အသြားအလာကန႔္သတ္တာရွိတယ္။ အဲ့ဒီဟာေတြေလ်ာ့မွပဲ ဒါေျဖေလ်ာ့ေပးလို႔ရမယ္ ေနာက္တစ္ခ်က္က တစ္႐ြာလုံးက ကေလးလူႀကီး အားလုံးကို Test Kit နဲ႔ စစ္ေဆးဖို႔က Test Kit အလုံအလာက္ ရဖို႔ကလည္း ခက္ခဲတယ္ က်န္းမာေရးဝန္ႀကီးဌာနကို တင္ျပရအုန္းမွာ ေျဖေလ်ာ့ေပးဖို႔က ေလာေလာဆယ္ ေတာ့ မလြယ္ေသးဘူး swab ယူၿပီး ေစာင့္ၾကည့္ရတဲ့ လူနာေတြရဲ႕ စစ္ေဆးထားတဲ့ အေျဖေတြကလည္း မသိရေသးဘူးေလ “ဆိုၿပီး ေျဖေလွ်ာ့ေပး ခက္ေနတဲ့ ကိစၥကို ကခ်င္ျပည္နယ္အစိုးရအဖြဲ႕ ၫႊန္ၾကားေရးမႉး ဦးေဇာ္ကေျပာပါတယ္။

ကခ်င္ျပည္နယ္ျပည္သူ႔က်န္းမာေရးဦးဌာနရဲ႕ ေအာက္တိုဘာ ၂၇ ရက္ေန႔ ညေန ၅ နာရီ ထုတ္ျပန္ခ်က္အရ စုစုေပါင္း ပိုးေတြ႕လူနာ ၁၂၆ ဦးရွိၿပီး လက္ရွိ ကုသမႈခံယူေနရတဲ့ လူနာ ၆ ဦးရွိတယ္လို႔ သိရပါတယ္။ အဲ့ဒီအထဲမွာ ဖားကန႔္က ၃ ဦးပါဝင္ေနပါတယ္။

#voiceofmyanmar #VOM #ဖားကန႔္ #ေတာင္ၿပိဳ႐ြာမွာဆႏၵျပ

 

Related posts

Leave a Comment

VOM News

FREE
VIEW