ကိုဗစ် ၁၉ ကပ်ရောဂါကာလအတွင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာဌာနများက ကိုဗစ်ကပ်ရောဂါကာလ လိုက်နာရမယ့် အချက်များကို သီးသန့်ထုတ်ပြန်ခဲ့ပါတယ်။
ယင်းအနက် ကိုဗစ်ကပ်ရောဂါကာလ ကျူဝင်နေရသူများ စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်း၊ လူမှုရေးပိုင်းဆိုင်ရာနှင့် ပတ်သက်ပြီး သိရှိလိုက်နာရမည့် အချက်များကို စိတ်ကျန်းမာရေး စီမံချက်နှင့် ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲမှ မေလဆန်းပိုင်းမှ ထုတ်ပြန်ထားတဲ့ အချက်တွေကနေ ကောက်နုတ်ဖော်ပြလိုက်ပါတယ်။
၁ – ကျူစခန်းဝင်နေ(အသွားအလာကန့်သက်မှုဖြင့်နေ)တဲ့ အချိန်မှာ ဖုန်းနဲ့ဖြစ်စေ၊ အင်တာနက်ဖြင့်ဖြစ်စေ ကိုယ့်ရဲ့မိတ်ဆွေ အသိုင်းအဝိုင်းနှင့် ပုံမှန် ဆက်သွယ်ပါ။
၂ – ကိုယ့်ရဲ့ တစ်ကိုယ်ရေ လိုအပ်ချက်၊ ခံစားချက်တွေကို အာရုံစိုက်ပါ။
၃ – ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အပန်းပြေစေတဲ့ လှုပ်ရှားဆောင်ရါက်မှုတွေကို လုပ်ပါ။
၄ – ပုံမှန် လေ့ကျင့်ခန်းတွေလုပ်ပါ။
၅ – အိပ်ချိန်၊ အိပ်ရာထချိန် မှန်ပါစေ။ အိပ်ရေးဝဝအိပ်ဖြစ်ဖို့ သတိရှိပါ။
၆ – ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာကို စားပါ။
၇ – အကြောင်းကြားချက်တစ်ခုထဲကို ကြည့်ပြီး ကောက်ချက်ချတာမျိုးမဟုတ်ဘဲ ဘတ်စုံမြင်နိုင်အောင် အမြင်ကျယ်ကျယ်ထားပါ။
၈ – ကူးဆက်ရောဂါနဲ့ ပတ်သက်တဲ့ သတင်းတွေ အဆက်မပြတ်ထွက်ပေါ်နေတာက ဘယ်သူ့ကိုမဆို စိုးရိမ်မှု၊ စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် နေ့တစ်နေ့တာမှာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတွေက ထုတ်ပြန်တဲ့သတင်းတွေကိုသာ ပုံမှန်ကြည့်ပါ။
၉ – ကောလဟာလသတင်းတွေက စိတ်မသက်အသာ ဖြစ်စေတဲ့အတွက် ကောလဟာလတွေကို နားထောင်တာ၊ စဉ်းစားသွေးပူနေတာမျိုးကို ရှောင်ကြဉ်ပါ။
၁၀ – ကိုယ်နေစဉ် လုပ်လေ့လုပ်ထရှိတာတွေ (ဥပမာ- လေ့ကျင့်ခန်းလုပ်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း၊ သီချင်းဆိုခြင်း၊ ပန်းချီဆွဲခြင်း စသဖြင့်)ကို ပုံမှန်ုလုပ်ပါ။ ပတ်ဝန်းကျင်အသစ်ဆိုလည်း အဲ့ဒီပတ်ဝန်းကျင်နဲ့ ကိုညီတဲံ လုပ်ဆောင်မှုတွေကိုလုပ်ပါ
#VOM #VoiceofMyanmar #COVID-19 #Quarantineဝင်နေရသူများ