ပုဂံဒေသမှာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဒေသဆိုင်းဘုတ် ၅ နေရာစိုက်ထူသွားမယ်

အောက်တိုဘာ ၂၉ -၂၀၂၀ မောင်တာရာ(VOM) ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေဒေသမှာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဒေသဆိုင်းဘုတ် ၅ နေရာစိုက်ထူသွားမယ်လို့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)ကနေ သိရပါတယ်။ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသဆိုင်းဘုတ်တွေ စိုက်ထူသွားမယ့် ၅ နေရာကတော့ ရွှေစည်းခုံဘုရားအနီး၊ ငါးမျက်နှာဘုရားအနီး(ခေမင်္ဂဘုရားစုရှေ့) ၊သရပါဂိတ်ရှေ့ ၊ ဓမ္မရံကြီးဘုရားအနီး၊ မင်းနန်သူရွာ၊ ဆုတောင်းပြည့်အုတ်ကျောင်းအနီးမှာ စိုက်ထူသွားမှာဖြစ်တယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)က ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်ကပြောပါတယ်။ ”ကမ္ဘာ့အမွေအနှစ် စာရင်းဖြစ်ဖို့ သက်ဆိုင်ရာနိုင်ငံတွေရဲ့ အမွေအနှစ်တွေရဲ့ ကမ္ဘာ့အဆင့် စံတန်းဖိုးတွေနဲကိုက်ညီဖို့ လိုတာကိုး ၊အဲ့ဒါတွေနဲ့ကိုက်ညီတဲ့ အမွေအနှစ် ဖြစ်မှလည်း ကမ္ဘာ့အမွေအနှစ်ကော်မတီက ဒီဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းသွင်းတာပေါ့။ ကမ္ဘာ့အမွေအနှစ်စာရင်းသွင်းခံရတဲ့ နိုင်ငံတိုင်းမှာရှိတဲ့ အမွေအနှစ်တွေရဲ့ ဆိုက်တွေမှာတော့ ဒီ logo တွေက စိုက်ထူကြတာပဲလေ၊ ပုဂံက ၂၀၁၉ ကတည်းက ကမ္ဘာ့အမွေအနှစ်ရပြီး ခုချိန်ထိ မစိုက်ထူရသေးတော့ ကျွန်တော်တို့ စိုက်ဖို့လုပ်တာပါ”လို့ ဒေါက်တာသန်းထိုက်ကပြောပါတယ်။ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို ၂၀၁၉…

Read More

စက္ကရေကျေးရွာမှာ လက်နက်ကြီးကျပြီး လူ(၃)ဦး လက်နက်ကြီးကျည်ထိမှန်

အောက်တိုဘာ ၂၉-၂၀၂၀ ထက်အောင်စိုင်း(VOM) ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မင်းပြားမြို့နယ်မှာ ဒီကနေ့ မနက်ပိုင်းက လက်နက်ကြီးငယ် ပစ်ခတ်မှုတွေဖြစ်ပွားပြီး စက္ကရေကျေးရွာက အသက် (၁၄) နှစ်နဲ့ (၁၃) နှစ်အရွယ် မိန်းကလေးငယ် နှစ်ဦးအပါအဝင် အသက် (၆၀) အရွယ် လူကြီးတစ်ဦး လက်နက်ကျည်ထိမှန် ဒဏ်ရာရရှိသွားပြီး အသက် (၁၄) နှစ်အရွယ် မိန်းကလေးဟာ ဒဏ်ရာပြင်းထန်တာကြောင့် စစ်တွေဆေးရုံကို ရောက်ရှိနေတယ်လို့ သိရပါတယ်။ စစ်တွေဆေးရုံကိုရောက်နေတဲ့ ကလေးဟာ အသက် (၁၄) နှစ်အရွယ် (၆) တန်းကျောင်းသူ မသန်းသန်းစိုး ဖြစ်ပြီး ညာဖက် ပေါင်ကို ကျည်ဝင်ဒဏ်ရာနဲ့ ကျန်တဲ့ နှစ်ဦးကတော့ မဌေးဌေးဝင်း အသက် (၁၃)နှစ်နဲ့ ဦးအောင်ကျော်နု အသက် (၆၀) နှစ်တို့ဖြစ်ကာ ဒဏ်ရာပြင်းထန်မှုမရှိတာကြောင့် ပေါက်တော်မြို့နယ်၊ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ မသန်းသန်းစိုးရဲ့ ဖခင်ဖြစ်သူက ပြောပါတယ်။…

Read More

ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်ရှေ့မှာ ကခုန်နေတဲ့ NLDပါတီဝန်းရံသူ အရိုက်ခံရ

အောက်တိုဘာ ၂၉-၂၀၂၀ ကိုတိုးကြီး(VOM) စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ အောင်သာယာကျေးရွာမှာ အောက်တိုဘာ ၂၇ရက် ညနေပိုင်းက NLDပါတီဝန်းရံထောက်ခံသူနဲ့ ပြည်ခိုင်ဖြိုးပါတီ ဝန်းရံထောက်ခံသူတို့ ရိုက်ပွဲဖြစ်ခဲ့ပြီး NLD ဝန်းရံထောက်ခံသူ တစ်ယောက် အပြင်းအထန်ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။ အောင်သာယာကျေးရွာရှိ ဈေးဆိုင်တစ်ဆိုင်ရှေ့က မျက်နှာချင်းဆိုင်နေရာမှာ စိုက်ထူထားတဲ့ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်ရှေ့မှာ NLDဝန်းရံသူတစ်ဦးက ကခုန်ခဲ့တာကစပြီး ရိုက်ပွဲဖြစ်ခဲ့တာလို့ သိရပါတယ်။ ” NLDပါတီ ဝန်းရံထောက်ခံသူ ဦးမောင်အေး(ခ) အေးသန်း ကို ပြည်ခိုင်ဖြိုးပါတီ ဝန်းရံထောက်ခံသူ ကိုသောင်းနိုင် နဲ့ ကိုဇော်ထွေးတို့က ပါတီဆိုင်းဘုတ်ရှေ့မှာ မကဖို့ တားမြစ်ခဲ့ရာကနေ ခိုက်ရန်ဖြစ်ပွားခဲ့တယ် ၊ အခု အမှုဖွင့် အရေးယူထားတယ်”လို့ ထီးချိုင့်မြို့မရဲစခန်းက ရဲဝန်ထမ်းတစ်ယောက်က ပြောပါတယ်။ အောက်တိုဘာ ၂၇ မနက်ပိုင်းက အောင်သာယာကျေးရွာထဲမှာ NLD ပါတီအောင်နိုင်ရေး မဲဆွယ်စည်းရုံရေးပြုလုပ်နေချိန် ပြည်ခိုင်ဖြိုးပါတီ ဝန်းရံထောက်ခံသူတစ်ယောက်က သူရဲ့အိမ်ရှေ့လမ်းကို…

Read More

မြန်မာစီနီကို နီကယ်စက်ရုံထဲမှာ မြန်မာအလုပ်သမားနဲ့ တရုတ်နိုင်ငံသားတွေ ခိုက်ရန်ဖြစ်

အောက်တိုဘာ ၂၉-၂၀၂၀ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့၊ မောင်းကုန်းကျေးရွာ၊ ဗန်းမော် – မန္တလေး ကားလမ်းဘေးက မြန်မာစီနီကို နီကယ်စက်ရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ တရုတ်နိုင်ငံသား အလုပ်သမား ၂ ယောက်နဲ့ မြန်မာအလုပ်သမား ၁ ယောက်တို့ ခိုက်ရန်ဖြစ်ပွားရာကနေ တရုတ်နိုင်ငံသား ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ထီးချိုင့်မြို့နယ်ရဲတပ်ဖွဲ့ကနေ သိရပါတယ်။ ” နီကယ်စက်ရုံထဲမှာ ရိုက်ပွဲဖြစ်တာဟုတ်တယ် ၊ ဖြစ်ပွားတဲ့နေ့ရက်နဲ့ အချိန်က အောက်တိုဘာ ၂၆ရက် ညနေ ၅ နာရီ ၄၅ မှာဖြစ်တယ် ၊ ရဲစခန်းကိုလာပြီး အမှုဖွင့်တိုင်တန်းတာက နောက်တနေ့ ည ၁၁ နာရီကျော်မှ ဖြစ်တယ်”လို့ ထီးချိုင့်မြို့နယ်ရဲတပ်ဖွဲ့က ရဲဝန်ထမ်းတစ်ယောက်က ပြောပါတယ်။ နီကယ်စက်ရုံရှိ သတ္ထုချော်ထုတ်ဌာနက အဖွဲ့ခေါင်းဆောင် တရုတ်နိုင်ငံသား ဟန်လိမင်း (ဗီဇာသက်တမ်းရှိ)သူဟာ ချော်ထုတ်ဌာန နားနေခန်းအတွင်းရှိနေချိန်…

Read More

၁၆မိုင်ဂိတ်မှာတွေ့တဲ့ ချိန်ကိုက်မိုင်းဟာ သောင်းကြမ်းသူတွေအသုံးပြုလေ့ရှိတဲ့ မိုင်းဖြစ်တယ်လို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကပြော

အောက်တိုဘာ ၂၉-၂၀၂၀ ဖြူဖြူ(VOM) မန္တလေး-ပြင်ဦးလွင်သွားရာကားလမ်းရှိ ၁၆ မိုင်စစ်ဆေးရေးတိုးဂိတ်မှာ မနေ့ အောက်တိုဘာ ၂၈ရက်နေ့ညပိုင်းကတွေ့ရှိခဲ့တဲ့ ချိန်ကိုက်မိုင်းဟာ သောင်းကြမ်းသူတွေအသုံးပြုတဲ့ မိုင်းဖြစ်ပြီး အနည်းဆုံးမီတာ သုံးဆယ်လောက်အတွင်းကို ပေါက်ကွဲနိုင်တယ်လို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုးကြည်ခင်က ပြောပါတယ်။ “ယမ်းက ကိုးလုံးပါတယ်ဆိုတော့ ပြင်းအားက သာမန်လောက်ရှိတာပေါ့။ အနည်းဆုံးမီတာ သုံးဆယ်လောက်ကတော့ ထိရောက်မှုရှိတာပေါ့။ ဒါက လက်လုပ်မိုင်း၊ သောင်းကြမ်းသူတွေ အများဆုံးအသုံးပြုတဲ့မိုင်းပဲ”လို့ ဗိုလ်မှူးကြီး စိုးကြည်ခင်ကပြောပါတယ်။ ချိန်ကိုက်မိုင်းကို အောက်တိုဘာ ၂၈ ရက် ည ၈ နာရီဝန်းကျင်က ပုသိမ်ကြီးမြို့နယ် ကျောက်ချောကျေးရွာရှိ ၁၆ မိုင် စစ်ဆေးရေးဂိတ်အနီးမှာ တိုးဂိတ်မှာတာဝန်ကျတဲ့ အမှတ်-၉၁၀ စစ်မြေပြင်အင်ဂျင်နီယာတပ်က တပ်သားနှစ်ဦးဟာ ဆိုင်ကယ်နဲ့ ဖြတ်သွားချိန် လမ်းဘေးမှာ မသင်္ကာဖွယ်ရာ ကြွပ်ကြွပ်အိတ်အမဲရောင်နဲ့ ဖုံးအုပ်ထားတဲ့ အရာကိုတွေ့ရှိခဲ့ပြီး သက်ဆိုင်ရာကို သတင်းပေးပို့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ည…

Read More

ဗီယက်နမ်မှာ အင်အားပြင်းမုန်တိုင်းကြောင့် လူ ၂၅ ဦးသေဆုံး၊ အများအပြားပျောက်ဆုံးနေ

ဟနွိုင်း၊ အောက်တိုဘာ-၂၉-၂၀၂၀ မျိုးဆက် (VOM) ဒေသတွင်းမှာ ဆယ်စုနှစ်များအတွင်း အင်အားပြင်းမုန်တိုင်းတစ်ခုဖြစ်တဲ့ မိုလာဗီတိုင်ဖွန်းမုန်တိုင်းကြောင့် ဗီယက်နမ်နိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုတွေဖြစ်ပွားပြီးနောက် အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေဖို့ ရာပေါင်းများစွာသော တပ်ဖွဲ့ဝင်တွေနဲ့ စက်ယန္တရာယားကြီးတွေကို အောက်တိုဘာ ၂၉ ရက်မှာ ဖြန့်ကြက်ချထားလိုက်ပါတယ်။ နိုင်ငံအလယ်ပိုင်း ကွမ်နမ်ပြည်နယ်ရှိ ကျေးလက်ဒေသတွေမှာ မြေပြိုမှုများဖြစ်ပွားခဲ့တာကြောင့် လူ ၁၃ ဦးသေဆုံးပြီး ၄၀ ဦးပျောက်ဆုံးနေကာ မုန်တိုင်းအပြီးမှာ ရာသီဥတုဆိုးရွားမှုကြောင့် ကယ်ဆယ်ရေးအားထုတ်မှုတွေ နှောင့်နှေးခဲ့ရတယ်လို့ ဗီယက်နမ်အစိုးရက ဆိုပါတယ်။ ပင်လယ်ပြင်အတွင်းမှာလည်း ငါးဖမ်းသမား ၁၂ ဦး သေဆုံးသွားတယ်လို့ အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မိမိတို့အနေနဲ့ မုန်တိုင်းလမ်းကြောင်း၊ မိုးရွာသွန်းမှုပမာဏကို ခန့်မှန်းနိုင်ပေမယ့် ဘယ်အချိန်မှာ မြေပြိုမယ်ဆိုတာကိုတော့ မခန့်မှန်းနိုင်ကြောင်း ဗီယက်နမ် ဒုတိယဝန်ကြီးချုပ် ကကြေညာချက်ထုတ်ပြန်ရာမှာ ပြောပါတယ်။ ဘေးသင့်ဒေသရှိလမ်းမှာ ရွံ့နွံ့တွေဖုံးလွှမ်းနေပြီး မိုးသည်းထန်းစွာရွာသွန်းမှုတွေ ဆက်လက်ဖြစ်ပေါ်နေပေမယ့်လည်း ကယ်ဆယ်ရေးလုပ်ငန်းတွေကို အလျှင်အမြန်လုပ်ဆောင်နေတယ်လို့…

Read More

ကိုဗစ်ကာလ ကျူဝင်နေရသူများ စိတ်ပိုင်းဆိုင်ရာအတွက် ဘာတွေသတိပြု လိုက်နာရမလဲ

ကိုဗစ် ၁၉ ကပ်‌ရောဂါကာလအတွင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာဌာနများက ကိုဗစ်ကပ်ရောဂါကာလ လိုက်နာရမယ့် အချက်များကို သီးသန့်ထုတ်ပြန်ခဲ့ပါတယ်။ ယင်းအနက် ကိုဗစ်ကပ်ရောဂါကာလ ကျူဝင်နေရသူများ စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်း၊ လူမှုရေးပိုင်းဆိုင်ရာနှင့် ပတ်သက်ပြီး သိရှိလိုက်နာရမည့် အချက်များကို စိတ်ကျန်းမာရေး စီမံချက်နှင့် ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲမှ မေလဆန်းပိုင်းမှ ထုတ်ပြန်ထားတဲ့ အချက်တွေကနေ ကောက်နုတ်ဖော်ပြလိုက်ပါတယ်။ ၁ – ကျူစခန်းဝင်နေ(အသွားအလာကန့်သက်မှုဖြင့်နေ)တဲ့ အချိန်မှာ ဖုန်းနဲ့ဖြစ်စေ၊ အင်တာနက်ဖြင့်ဖြစ်စေ ကိုယ့်ရဲ့မိတ်ဆွေ အသိုင်းအဝိုင်းနှင့် ပုံမှန် ဆက်သွယ်ပါ။ ၂ – ကိုယ့်ရဲ့ တစ်ကိုယ်ရေ လိုအပ်ချက်၊ ခံစားချက်တွေကို အာရုံစိုက်ပါ။ ၃ – ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အပန်းပြေစေတဲ့ လှုပ်ရှားဆောင်ရါက်မှုတွေကို လုပ်ပါ။ ၄ – ပုံမှန် လေ့ကျင့်ခန်းတွေလုပ်ပါ။ ၅ – အိပ်ချိန်၊ အိပ်ရာထချိန် မှန်ပါစေ။…

Read More

NLDပါတီ မဲဆွယ်ယာဉ်တန်းကို ကျေးရွာအတွင်း ဝင်ခွင့်မပေးတဲ့ ရာအိမ်မှူးကို အမှုဖွင့် အရေးယူ

အောက်တိုဘာ ၂၉ -၂၀၂၀ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကြိုးကြာကန်ကျေးရွာက ရာအိမ်မှူးတစ်ယောက်ကို NLD ပါတီ အောင်နိုင်ရေး မဲဆွဲယာဉ်တန်း ကျေးရွာအတွင်း ဝင်ခွင့်မပေးတဲ့ကိစ္စနဲ့ပတ်သက်လို့ အမှုဖွင့်အရေးလိုက်တယ်လို့ သိရပါတယ်။ အောက်တိုဘာ ၂၇ရက် မနက်ပိုင်းက မုံရွာမြို့နယ် NLD ပါတီအဖွဲ့ဟာ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ရဲ့ ခွင့်ပြုချက်အရ မုံရွာမြို့နယ် ၊ ကြိုးကြာကန်ကျေးရွာကို ပါတီအောင်နိုင်ရေး မဲဆွယ်စည်းရုံးရေး သွားရောက်ခဲ့ချိန် ရွာအဝင်ကနေ ရာအိမ်မှုးတစ်ယောက်က ဝါးလုံးနဲ့ လမ်းကိုပိတ်ပြီး ကျေးရွာအတွင်း ပါတီ မဲဆွယ်စည်းရုံးခွင့်ကို ဟန့်တားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ” အဲ့ဒီကိစ္စနဲ့ ပတ်သက်လို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ဦးစီးအရာရှိ ဦးအာကာမြင့်က တရားလိုပြုလုပ်ပြီး လမ်းပိတ်ဟန့်တားခဲ့တဲ့ ရာအိမ်မှူး ဦးမောင်ခိုင်ကို အရေးယူဖို့ တိုင်တန်းခဲ့တာဖြစ်တယ် ” လို့ မုံရွာနယ်မြေရဲစခန်းက ရဲဝန်ထမ်းတစ်ယောက်ကပြောပါတယ်။ အဲ့ဒီအမှုကို…

Read More

မကွေးမြို့မှာ ပြည်ခိုင်ဖြိုးပါတီမဲဆွယ်ယာဉ်တန်း ခဲနဲ့ပေါက်ခံရပြီး လူ ၃ ဦး ထိခိုက်ဒဏ်ရာရ

အောက်တိုဘာ၂၉-၂၀၂၀ ဂျန်ကိုးလ် (VOM) မကွေးမြို့၊ မြို့ဟောင်းရပ်ကွက်၊ ဘုရားကြီးလမ်းမှာ မနေ့အောက်တိုဘာ၂၈ရက်နေ့က ပြည်ခိုင်ဖြိုးပါတီဝန်းရံသူတွေ အင်အားပြလှည့်လည်နေချိန် ပါတီယာဉ်တန်း ခဲနဲ့ပစ်ပေါက်ခံရတဲ့အတွက် လူ၃ ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ မကွေးတိုင်း ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးဆန်းညွန့်အောင်ကပြောပါတယ်။ ”၃ယောက်ခေါင်းထိတယ်၊ ဆေးရုံမှာချုပ်ရတယ်၊ နစ်နာသူကိုယ်တိုင်အမှုဖွင့်ထားတယ်၊ ဖြစ်စဉ်က၂နေရာ၊ မကွေးနဲ့ ယင်းဆိပ်ရွာနဲ့၁၄မိုင်ဝေးတယ်၊ အဲ့ဒီကိုအပြန်မှာ ကားကိုခဲနဲ့ထုလို့ ဆင်းလိုက်ဖမ်းတော့၂ယောက်မိပါတယ်၊ ယင်းဆိပ်ရဲစခန်းအပ်တယ်”လို့ ဦးဆန်းညွန့်အောင်ကပြောပါတယ်။ မနေ့ အောက်တိုဘာ ၂၈ရက် နေ့လယ်ပိုင်းမှာလည်း ရေနံချောင်းမြို့ကနေ ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာကြတဲ့NLDဝန်းရံသူတွေနဲ့ မကွေးမြို့ပေါ်မှာလှည့်လည်နေကြတဲ့ USDPပါတီထောက်ခံသူတွေ ထိပ်တိုက်တွေ့ဆုံပြီး ပြဿနာဖြစ်မှာကိုဒေသခံတွေစိုးရိမ်နေချိန် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနဲ့ မကွေးတိုင်းရဲတပ်ဖွဲ့မှူးတို့က အချိန်မှီလာရောက်ဖြေရှင်းပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ”ဒီလိုလုပ်တဲ့ဝန်းရံသူတွေမှာတော့ စိတ်ခံစားမှုတွေအမျိုးမျိုးရှိကြမှာပေါ့၊ ဒါပေမယ့် အချင်းချင်း ရန်လိုနေအောင်လုပ်ထားတဲ့လူတွေ၊ ပြည်သူကတော့ သူတို့စိတ်ခံစားမှုတွေရှိမှာပေါ့၊ တာဝန်ယူထားတဲ့လူတွေ ပါတီအချင်းချင်းကို မုန်းတီးအောင်လုပ်ထားတဲ့သူတွေ ထိန်းကြောင်းမှုအားနဲတယ်လို့မြင်ပါတယ်”လို မကွေးတိုင်း ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးဆန်းညွန့်အောင်ကပြောပါတယ်။ မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုကတော့ “ ကြံ့ခိုင်ရေးက…

Read More

ဝန်းရံအားပေး ဖိုက်တင်ပလေး နှင့် မီးမွှေးကြသူများ

မန္တလေး-အောက်တိုဘာ ၂၉-၂၀၂၀ ဆွေလင်းထွန်း+နေလင်း (VOM) ခွေး၊ခွေးချင်းကိုက်ရင်တောင် ကိုယ့်ခွေးက အနိုင်ရစေချင်တဲ့ လူ့သဘာဝတွေကြောင့် မိမိတို့နှစ်သက်တဲ့ ပါတီ၊ မိမိတို့လိုလားတဲ့ ပါတီကို အုံနဲ့ကျင်းနဲ့ ဝန်းရံအင်အားပြတဲ့ ယဉ်ကျေးမှုအဖြစ် ၂၀၂၀ မှာ ကျင်းပမယ့် ရွေးကောက်ပွဲအကြိုမဲဆွယ်ပွဲတွေမှာ အထင်အရှားတွေ့နေရပါတယ်။ မိမိလိုလားတဲ့ ပါတီမဲဆွယ်ပွဲမှာ လူအင်အားများဖို့ ပါတီခေါင်းဆောင်တွေရဲ့ မေတ္တာရပ်ခံချက်တွေကို လစ်လျူရှုပြီး တီရှပ်အခမဲ့ဝေတာ၊ ရေသန့်ဗူး အခမဲ့ဝေတာ၊ စားသောက်စရာဝေကြတာ စသည်ဖြင့် လူတွေစုလှည့်လည်နေကြပါတယ်။ ဒီလိုကိုဗစ်ကာလ တာမြစ်ချက်တွေကို ချိုးဖေါက်လူစုတာ ရွေးကောက်ပွဲ မဲဆွယ်ကာလမို့လို့ လျှော့တွေးပေးလို့ရပေမယ် သင်္ကြန်မှာလိုလို ၊ တောင်ပြုံးပွဲ ၊ ကူနီပွဲတွေမှာလို လှည့်လည်သူချင်း စနောက်ရာကနေ ရန်ဖြစ်ကြ လူသေကြ ၊ ခေါင်းကွဲကြ ဇာတ်လမ်းတွေ အများအပြားတွေ့နေရပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာ နာဂစ်ဥပဒေလို့  တချိန်က အတိုက်ခံနိုင်ငံရေးသမားတွေ ဆိုခဲ့ကြတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရကျင်းပတဲ့ သုံးကြိမ်မြောက်…

Read More
VOM News

FREE
VIEW