မကွေးမြို့မှာ ပြည်ခိုင်ဖြိုးပါတီမဲဆွယ်ယာဉ်တန်း ခဲနဲ့ပေါက်ခံရပြီး လူ ၃ ဦး ထိခိုက်ဒဏ်ရာရ

အောက်တိုဘာ၂၉-၂၀၂၀
ဂျန်ကိုးလ် (VOM)

မကွေးမြို့၊ မြို့ဟောင်းရပ်ကွက်၊ ဘုရားကြီးလမ်းမှာ မနေ့အောက်တိုဘာ၂၈ရက်နေ့က ပြည်ခိုင်ဖြိုးပါတီဝန်းရံသူတွေ အင်အားပြလှည့်လည်နေချိန် ပါတီယာဉ်တန်း ခဲနဲ့ပစ်ပေါက်ခံရတဲ့အတွက် လူ၃ ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ မကွေးတိုင်း ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးဆန်းညွန့်အောင်ကပြောပါတယ်။

”၃ယောက်ခေါင်းထိတယ်၊ ဆေးရုံမှာချုပ်ရတယ်၊ နစ်နာသူကိုယ်တိုင်အမှုဖွင့်ထားတယ်၊
ဖြစ်စဉ်က၂နေရာ၊ မကွေးနဲ့ ယင်းဆိပ်ရွာနဲ့၁၄မိုင်ဝေးတယ်၊ အဲ့ဒီကိုအပြန်မှာ ကားကိုခဲနဲ့ထုလို့ ဆင်းလိုက်ဖမ်းတော့၂ယောက်မိပါတယ်၊ ယင်းဆိပ်ရဲစခန်းအပ်တယ်”လို့ ဦးဆန်းညွန့်အောင်ကပြောပါတယ်။

မနေ့ အောက်တိုဘာ ၂၈ရက် နေ့လယ်ပိုင်းမှာလည်း ရေနံချောင်းမြို့ကနေ ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာကြတဲ့NLDဝန်းရံသူတွေနဲ့ မကွေးမြို့ပေါ်မှာလှည့်လည်နေကြတဲ့ USDPပါတီထောက်ခံသူတွေ ထိပ်တိုက်တွေ့ဆုံပြီး ပြဿနာဖြစ်မှာကိုဒေသခံတွေစိုးရိမ်နေချိန် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနဲ့ မကွေးတိုင်းရဲတပ်ဖွဲ့မှူးတို့က အချိန်မှီလာရောက်ဖြေရှင်းပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

”ဒီလိုလုပ်တဲ့ဝန်းရံသူတွေမှာတော့ စိတ်ခံစားမှုတွေအမျိုးမျိုးရှိကြမှာပေါ့၊ ဒါပေမယ့် အချင်းချင်း ရန်လိုနေအောင်လုပ်ထားတဲ့လူတွေ၊ ပြည်သူကတော့ သူတို့စိတ်ခံစားမှုတွေရှိမှာပေါ့၊ တာဝန်ယူထားတဲ့လူတွေ ပါတီအချင်းချင်းကို မုန်းတီးအောင်လုပ်ထားတဲ့သူတွေ ထိန်းကြောင်းမှုအားနဲတယ်လို့မြင်ပါတယ်”လို မကွေးတိုင်း ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးဆန်းညွန့်အောင်ကပြောပါတယ်။

မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုကတော့ “ ကြံ့ခိုင်ရေးက ဒီမှာသူတို့လှည့်လည်ပြီးတော့စည်းရုံးအင်အားပြတယ်၊ ရေနံချောင်းကလည်း NLDဝန်းရံသူတွေကလည်းစက်လှေတွေနဲ့လာပြီး ထောက်ခံအားပေးတယ်၊ အဲ့ဒီ၂ဖွဲ့ကြားမှာပြဿနာမဖြစ်အောင်ထိန်းရတာပါ၊ အေးအေးဆေးဆေးထိန်းနိုင်တဲ့အတွက်ပြဿနာတစ်စုံတစ်ရာ မဖြစ်တာကြောင့် ဝမ်းသာပါတယ်၊၂ဖက်လုံးက နင်းကန်တက်ကြွနေကြပြီး စိတ်ကလှုပ်ရှား‌နေကြတော့ တစုံတခုဖြစ်သွားရင်မကောင်းဘူး၊ အဲ့ဒါကြောင့်မို့လို့ လာတားလိုက်တယ်တားနိုင်လိုက်တော့ ပြဿနာမဖြစ်ပါဘူး” လို့ မနေ့က အင်အားပြဝန်းရံသူတွေကိစ္စ လာရောက်ဖြေရှင်းချိန် သတင်းမီဒီယာတွေကိုပြောဆိုထားတာဖြစ်ပါတယ်။

ဒါ့အပြင် မနေ့ နေ့လယ်ပိုင်းက ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူတွေ အင်အားပြလှည့်လည်တဲ့လမ်းတချို့မှာ NLDပါတီဝန်းရံသူတချို့ ကြံ့ခိုင်ရေးအလိုမရှိ စတာတွေကို ဝိုင်းဝန်းအော်ဟစ်ခဲ့ကြတဲ့ဖြစ်စဉ်လည်းဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #မကွေး #ပြည်ခိုင်ဖြိုးဝန်းရံသူ #ယာဉ်တန်းခဲနဲ့ပေါက်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW