ဝန်းရံအားပေး ဖိုက်တင်ပလေး နှင့် မီးမွှေးကြသူများ

မန္တလေး-အောက်တိုဘာ ၂၉-၂၀၂၀

ဆွေလင်းထွန်း+နေလင်း (VOM)

ခွေး၊ခွေးချင်းကိုက်ရင်တောင် ကိုယ့်ခွေးက အနိုင်ရစေချင်တဲ့ လူ့သဘာဝတွေကြောင့် မိမိတို့နှစ်သက်တဲ့ ပါတီ၊ မိမိတို့လိုလားတဲ့ ပါတီကို အုံနဲ့ကျင်းနဲ့ ဝန်းရံအင်အားပြတဲ့ ယဉ်ကျေးမှုအဖြစ် ၂၀၂၀ မှာ ကျင်းပမယ့် ရွေးကောက်ပွဲအကြိုမဲဆွယ်ပွဲတွေမှာ အထင်အရှားတွေ့နေရပါတယ်။ မိမိလိုလားတဲ့ ပါတီမဲဆွယ်ပွဲမှာ လူအင်အားများဖို့ ပါတီခေါင်းဆောင်တွေရဲ့ မေတ္တာရပ်ခံချက်တွေကို လစ်လျူရှုပြီး တီရှပ်အခမဲ့ဝေတာ၊ ရေသန့်ဗူး အခမဲ့ဝေတာ၊ စားသောက်စရာဝေကြတာ စသည်ဖြင့် လူတွေစုလှည့်လည်နေကြပါတယ်။ ဒီလိုကိုဗစ်ကာလ တာမြစ်ချက်တွေကို ချိုးဖေါက်လူစုတာ ရွေးကောက်ပွဲ မဲဆွယ်ကာလမို့လို့ လျှော့တွေးပေးလို့ရပေမယ် သင်္ကြန်မှာလိုလို ၊ တောင်ပြုံးပွဲ ၊ ကူနီပွဲတွေမှာလို လှည့်လည်သူချင်း စနောက်ရာကနေ ရန်ဖြစ်ကြ လူသေကြ ၊ ခေါင်းကွဲကြ ဇာတ်လမ်းတွေ အများအပြားတွေ့နေရပါတယ်။

ကျနော်တို့ မြန်မာနိုင်ငံမှာ နာဂစ်ဥပဒေလို့  တချိန်က အတိုက်ခံနိုင်ငံရေးသမားတွေ ဆိုခဲ့ကြတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရကျင်းပတဲ့ သုံးကြိမ်မြောက် အထွေထွေရွေးကောက်ပွဲကြီးကို  လာမယ့် နိုဝင်ဘာ ၈ ရက်မှာ ကျင်းပတော့မှာမို့ ပါတီကြီးအတော်များများ သူ့ထက်က အပြိုင်ကြဲနေကြတာ ဖြစ်ပါတယ်။

လတ်တလောရွေးကောက်ပွဲတွေကို နိုုင်းယှဉ်ရရင် ၂၀၁၀ ရွေးကောက်ပွဲမှာ ပါတီပေါင်း ၈၁ ပါတီ၊ ၂၀၁၅ မှာ ပါတီပေါင်း၉၁ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကိုတော့ ပါတီပေါင်း ၉၁ ခုက ဝင်ရောက်ယှဉ်ပြိုင်မှာမို့ ပြိုင်ဆိုင်မှုအားကောင်းတဲ့ပွဲလို့ ဆိုရမှာပါ။

ပါတီအရေအတွက် အများအပြားဝင်ရောက်ယှဉ်ပြိုင်တာနဲ့အတူ ပါတီချင်း နိုင်ငံရေးအတွေးအခေါ်အရ တိုက်ခိုက်မှုတွေ၊ ပါတီဝန်းရံသူချင်း  မိမိတို့ပါတီရဲ့ နိုင်ငံရေးပေါ်လစီကို ကိုင်စွဲပြီး အခြားပါတီတွေကို တိုက်ခိုက်တာတွေ တွေ့လာရပါတယ်။ နိုင်ငံရေးအရ တိုက်ခိုက်တာတွေအပြင် ဘာသာရေး၊ လူမျိုးရေးဆိုင်ရာ သတင်းတု၊ သတင်းမှားတွေသုံးပြီး တိုက်ခိုက်တာ၊ ပါတီခေါင်းဆောင်တွေအပေါ် ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တာ၊ ပါတီဝန်းရံသူချင်း ခိုက်ရန်ဖြစ်ပွားတာတွေလည်း အများပြားရှိနေသလို သက်ဆိုင်ရာတွေက မထိမ်းသိမ်းရင် မီးမွှေးနေသူတွေကြောင့် ရန်မီးတွေတောက်လောင်မယ့်အနေအထားတွေ မြင်နေရပါတယ်။

အောက်တိုဘာ ၂၇ ရက်နေ့က ဗန်းမော်-မံစီကားလမ်းဘေးမှာ NLD ပါတီ၊ အစိုးရနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်းဆန်းစုကြည်တို့ကို ဝေဖန်တိုက်ခိုက်ထားတဲ့ ပစ်စာတွေ ပျံ့နှံ့ခဲ့ပါတယ်။ ပစ်စာမှာ NLD ရဲ့ ၂၀၁၅ မဲဆွယ်ကတိကဝတ်တွေကိုအစိုးရဖြစ်လာချိန်မှာ အကောင်အထည်မဖော်တာ၊ အခြေခံပညာ သင်ရိုးညွှန်းတမ်းမှာ ပါဝင်တဲ့ သင်ခန်းစာတွေအပေါ်လွှတ်တော်မှာ ဆွေးနွေးခွင့်မပြုတာ၊ နိုင်ငံခြားဆက်ဆံရေးနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ မေးခွန်းမေးခွင့်မပြုတာ၊ NLD ပါတီရဲ့၂၀၂၀ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်ရာမှာ ပြည်သူမကြိုက်တဲ့ ကိုယ်စားလှယ်လောင်းတွေ ပါလာတာတွေကို အသားပေး ရေးသားထားတာတွေ့ရပါတယ်။

ဘာသာရေးအကဲဆတ်တဲ့ မိတ္ထီလာမြို့မှာလည်း မိတ္ထီလာဟာ အမျိုးသားရေးနယ်မြေ ဖြစ်တဲ့အတွက် အစိမ်းပဲဖြစ်ရမယ်ဆိုပြီးလူမှုကွန်ယက်မှာ ပစ်စာပုံစံ ရေးသားကြတဲ့အထိ ဖြစ်ပွားခဲ့ပါသေးတယ်။ဘာသာရေး၊ လူမျိုးရေးအသုံးပြုပြီး သတင်းတု၊ သတင်းမှားတွေနဲ့ တိုက်ခိုက်ခံရတဲ့ထဲမှာ NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်က အများဆုံးဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ဝင်ပြိုင်မယ့် ကိုယ်စားလှယ်က အောက်တိုဘာလဆန်းပိုင်းကပဲ ဘာသာရေးအသုံးချ မဲဆွယ်ခဲ့တယ်ဆိုပြီး ပါတီဖျက်သိမ်းပေးဖို့ထိ တိုင်ကြားတဲ့စာတွေ့ရပါတယ်။  NLD ပါတီမှာ ပန်းဘဲတန်းမြို့နယ်က ကိုစည်သူမောင်အပါအဝင် အစ္စလာမ်ဘာသာဝင် ၄၂ ဦးဝင်ပြိုင်မှာ ဖြစ်တာကြောင့် သေချာစဉ်းစားချင့်ချိန်ပြီးမှ မဲပေးဖို့လိုတယ်လို့ ပြောကြားခဲ့တယ်လို့ သတင်းတွေမှာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မြင်းခြခံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ ပြည်ခိုင်ဖြိုးပါတီအမှတ်တံဆိပ်ပါ အင်္ကျီတွေကို ဝတ်ဆင်ပြီးလှည့်လည်မဲဆွယ်ခဲ့သူတွေက NLD ပါတီရဲ့ မဲဆွယ်သီချင်းတပုဒ်ကို ဘာသာတခုကို တိုက်ခိုက်ထားတဲ့ စာသားတွေ အစားထိုးထည့်သွင်းပြီး သီဆိုခဲ့ကြတဲ့ ဗီဒီယိုဖိုင်တွေ လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပါသေးတယ်။

ဖျက်ထားတဲ့ သီချင်းစာသားမှာ NLD ပါတီဟာ သာသနာဖျက်တဲ့ ပါတီဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အင်္ဂလိပ်မယားဖြစ်ကြောင်း စတဲ့ စာသားတွေ ပါဝင်ပါတယ်။ အဆိုပါ‌ ပြောဆိုမှုတွေဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် ၁၉၉၀ ကျော်ကာလတွေက ထုတ်ဝေတဲ့ နိုင်ငံပိုင်သတင်းစာပါ ဆောင်းပါးတွေက ပြောဆိုမှုတွေနဲ့ ဆင်တူနေတာကို တွေ့ရပါတယ်။ ဒီကိစ္စလည်း NLD ပါတီကနေ ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားထားတယ်လို့ သိရပါတယ်။

ဘာသာရေး လူနည်းစုအုပ်စုတွေ တည်ထောင်ထားတဲ့ ပါတီတွေကိုလည်း ဘာသာရေးအသုံးချ တိုက်ခိုက်ကြပါတယ်။ “USDP နဲ့NLD ရန်ဖြစ်နေချိန်မှာ ဦးကျော်မင်း ဦးဆောင်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီဟာ ရွေးကောက်ပွဲမှာ နေရာ ၄၀ ကျော်ဝင်ပြိုင်ပြီး အစ္စလာမ်ဘာသာဝင်တွေရဲ့ အကျိုးကို လုပ်တော့မှာ” လို့ လူမှုကွန်ယက်မှာ အကောင့်တုတွေနဲ့ ရေးသားခဲ့ကြတာ ဖြစ်ပါတယ်။ မူရင်းပို့စ်မှာ ဦးကျော်မင်းကို “ဘင်္ဂါလီကျော်မင်း”၊ အစ္စလာမ်ဘာသာဝင်တွေကိုလည်း “မွတ်တွေ” စတဲ့ အသုံးအနှုန်းတွေနဲ့တိုက်ခိုက်ထားတာလည်းတွေ့ရပါတယ်။

ပြည်ခိုင်ဖြိုးပါတီ အမှတ်တံဆိပ်ပါအင်္ကျီတွေ ဝတ်ဆင်ပြီး အင်အားပြရာမှာ ပါဝင်သူတွေက ဝိုင်းရိုက်လို့ NLD ပါတီအမှတ်တံဆိပ်ပါ အင်္ကျီ ဝတ်ဆင်ထားသူတဦး စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကားဘိုးရွာမှာ သေဆုံးခဲ့ပါတယ်။

နေပြည်တော်မှာ ပြည်ခိုင်ဖြိုးပါတီရဲ့ မဲဆွယ်ယာဉ်တန်းကို NLD အမှတ်တံဆိပ်ပါအင်္ကျီ ဝတ်ဆင်ထားတဲ့ ကျွဲကျောင်းသားတွေကလေးခွနဲ့ ပစ်ပါတယ်။ နေပြည်တော်မှာပဲ NLD မဲဆွယ်ယာဉ်တန်းကို လေးခွနဲ့ ပစ်တာခံရလို့ မဲဆွယ်ရာမှာ လိုက်ပါခဲ့တဲ့ ကားတစီး ပြတင်းမှန် ကွဲသွားခဲ့ပါသေးတယ်။

မကွေးတိုင်း၊ မြိုင်မြို့နယ်က NLD ပါတီဝင်တဦးရဲ့အိမ်မှာ မဲဆွယ်သီချင်းတွေ အသံချဲ့စက်ကြီးတွေနဲ့ ဖွင့်လို့ဆိုပြီးတားဆီးရာက အချင်းများပြီး ရွာထဲက လူတချို့က နေအိမ်နဲ့ ကားတွေကို ဖျက်ဆီးခဲ့တဲ့အတွက် ပါဝင်သူ ၂၀ကျော် အမှုဖွင့်ခံထားရတာလည်းရှိပါတယ်။

အလားတူ မိတ္ထိလာြမို့နယ်က ရွာတရွာမှာ မဲဆွယ်ရင်း ရန်စရာက NLD ပါတီဝင်ရဲ့အိမ်ကို  ပြည်ခိုင်ဖြိုးအင်္ကျီဝတ်ထားသူတွေက ခဲတွေတုတ်တွေပစ်တဲ့ ဖြစ်စဉ် စက်တင်ဘာလထဲက ဖြစ်ခဲ့ပါသေးတယ်။

 

မကွေးတိုင်းအတွင်းက ကံမမြို့မှာလည်း ပြည်ခိုင်ဖြိုးပါတီကို အပုပ်ချပြီး လူမှုကွန်ယက်မှာ လိုက်ဖ်လွှင့်ထားတဲ့ ပို့စ်ကို ပြန်လည်မျှဝေတယ်ဆိုပြီး NLD ဝန်းရံသူ ၂၀ကျော်ကို ဦးအောင်ထူးဆိုသူက ၆၆(ဃ)နဲ့ ကံမမြို့မ ရဲစခန်းမှာ အမှုဖွင့်ပါတယ်။အောက်တိုဘာ ၂၈ ရက် မကွေးမြို့ မြို့ဟောင်းရပ်ကွက် ဘုရားကြီးလမ်းမှာ ကြံခိုင်ရေးပါတီမဲဆွယ်လှည့်လှည်ချိန်  NLDထောက်ခံသူတချို့က ကြံ့ခိုင်ရေးအလိုမရှိလို့ အော်ဟစ်ခဲ့ကြလို့ တဖက်က ခဲနဲ့ပေါက်တဲ့အတွက် ၃ယောက်ခေါင်းပေါက်သွားခဲ့ပါသေးတယ်။

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်မှာတော့ မဲဆွယ်ရင်း ဆိုင်ကယ်ချင်းငြိမိသူကို တူရွင်းနဲ့ ရိုက်လို့ NLD မဲဆွယ်အဖွဲ့ထဲ လိုက်ပါသူတဦးသေဆုံးသွားခဲ့ပါတယ်။

ပါတီဝန်းရံသူချင်း ဖြစ်ပွားတဲ့ ကိစ္စတွေဟာ တဖက်အဖွဲ့အစည်းတွေရဲ့ လွန်ကဲတဲ့ အပြုအမူတွေကြောင့်ဖြစ်ပြီး NLD ဝန်းရံသူတွေအနေနဲ့ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့ NLD ပါတီက စာတစောင်ထုတ်ပြီး ပြောပါတယ်။ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကတော့

“ ဒီလိုဖြစ်စဉ်တွေမှာ ကျနော်တို့ပါတီကလူတွေချည်း ခံရတာများပါတယ်၊ တဖက်က စတင်ရန်စတဲ့ ဖြစ်စဉ်အများစုဖြစ်တာကိုတွေ့ရပါတယ် သူတို့အနေနဲ့ ဝန်းရံသူတွေချင်း ပြဿနာမတက်ဖို့ လှည့်လည်မယ့်အစီအစဉ်တွေသိရင် ပါတီဝင်တွေကို တာဝန်ရှိသူတွေကိုယ်တိုင်အချိန်မှီတားပြီး အစီအစဉ်တွေ ဖျက်ိခုင်းပါတယ် ”  လို့  VOM က ဆက်သွယ်မေးမြန်ချိန်မှာ ဖြေကြားခဲ့ပါတယ်။

ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ ဒေါက်တာနန္ဒာလှမြင့်ကတော့ NLD ရဲ့ ပြောဆိုမှုကို သဘောမတူပါဘူး။

“အဲ့လိုရေးသားထုတ်ပြန်မူမျိုးက မဖြစ်သင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် အွန်လိုင်းပေါ်မှာရော၊ video ဖိုင်တွေမှာရောအထောက်အထားတွေ အများကြီးရှိနေပါတယ်။ ပြဿနာဖြစ်တာကိုကြည့်ရင် ဘယ်အဖွဲ့အစည်းက စတယ်၊ လုပ်တယ် ဘယ်အဖွဲ့အစည်းကြောင့် ပြဿနာတက်နေတယ်ဆိုတာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့မြင်ကြသိကြပါတယ်။ ကျွန်တော်တို့အနေနဲ့ဘာမှမဖြစ်ဘူး။ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ကတော့ မည်သည့်ပါတီနဲ့မှ ပြဿနာမဖြစ်ဖို့၊ တစ်ဖက်ပါတီက ရှိလာရင်လည်း ဥပဒေအရဖြေရှင်းဖို့၊ မူးယစ်ရမ်းကားမူလုံးဝမလုပ်ဖို့၊ ရန်မစဖို့သေချာမှာထားပြီးသားဖြစ်ပါတယ်” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ လူမှုကွန်ယက် ဖေ့ဘုတ်သုံးစွဲမှု မြင့်တက်လာတာနဲ့အတူ အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ကြေညာချက်တွေကိုအတုလုပ်တာတွေ၊ ပါတီတခုနဲ့ တခုကြား သတင်းမှားတွေသုံးပြီး သပ်လျှိုတာတွေဟာ အရင်ထက် များပြားလာတာလည်း ဖြစ်ပါတယ်။

သတင်းတု၊ သတင်းမှားတွေကို တုံ့ပြန်နေတဲ့ အရပ်ဖက်အဖွဲ့ Myanmar ICT for Development Organization(MIDO)ရဲ့အစီအစဉ်မန်နေဂျာ ကိုငြိမ်းချမ်းအောင်က သူတို့ရဲ့တွေ့ရှိချက်တွေကို VOM ကို ပြောပြထားပါတယ်။

ကိုငြိမ်းချမ်းအောင်က “အရင်ကထက်စာရင် ဖေ့ဘုတ်သုံးတဲ့ လူဦးရေ တက်လာတဲ့အတွက် သတင်းတု၊ သတင်းမှားအရေအတွက်တွေဟာ အရင်ထက် ပိုများလာတာလို့ သုံးသပ်လို့ရပါတယ်။ ထုတ်ပြန်ကြေညာချက်တွေ အထူးသဖြင့် EAO တွေရဲ့ကြေညာချက်တွေကို အတုလုပ်ပြီး EAO တွေကို တိုက်ခိုက်တာတွေ၊ ပါတီတခုနဲ့တခုကြား သပ်လျှိုတိုက်ခိုက်တာတွေ၊ ကြိုတင်မဲတွေနဲ့ပတ်သက်တဲ့ သတင်းမှားတွေ၊ ဘာသာရေးနွှယ်တဲ့ သတင်းမှား၊ ကိုဗစ် ၁၉ နဲ့ ပတ်သက်တဲ့ သတင်းမှားတွေ အတွေ့ရများပါတယ်” လို့ ပြောပါတယ်။

NLD ပါတီဟာ မြန်မာနိုင်ငံအတွက် ဒီမိုကရေစီဖော်ဆောင်ပေးနိုင်မယ့် တခုတည်းသော ပါတီဖြစ်ကြောင်းနဲ့ NLD အနိုင်မရခဲ့ရင်စစ်အာဏာရှင်စနစ် ပြန်လာမှာဖြစ်ကြောင်း NLD ပါတီထောက်ခံသူအချို့က လူမှုကွန်ယက်မှာ ရေးသားကြတာတွေလည်း ရှိပါတယ်။ NLD ပါတီ ဒုဥက္ကဌဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်ကလည်း မဲဆန္ဒရှင်တွေအနေနဲ့ အစိုးရဖွဲ့နိုင်မယ့် NLD ကိုသာ မဲပေးဖို့ပြောပါတယ်။

“ကျနော်ပြောချင်တာက ခုဆို တိုင်းရင်းသားပါတီတွေက စုစည်းလာကြတာပေါ့။ အဲ့တော့ ဝေဖန်မှုတွေက တိုင်းရင်းသားပါတီတွေ အင်အားကောင်းလာတယ်။ တိုင်းရင်းသားပါတီတွေကို မဲပေးခြင်းအားဖြင့် တိုင်းရင်းသားတွေအခွင့်အရေး ပိုရလာမယ်ဆိုပြီး ပြောကြတာပေါ့။ မဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့က တိုင်းရင်းသားပါတီဖြစ်တယ်။တိုင်းရင်းသားတွေကို ခေါင်းဆောင်ထားပြီးတော့ ပြည်နယ်တွေမှာ ဝင်ပြိုင်တဲ့အတွက် တိုင်းရင်းသားတွေအတွက် ကျနော်တို့NLD က အစိုးရဖွဲ့နိုင်ရင် ပိုလုပ်ပေးနိုင်တာပေါ့။ တိုင်းရင်းသားပါတီတွေ နိုင်သွားပြီဆိုပါတော့၊ သူတို့က တတိုင်းတပြည်လုံးမှာခြုံပြီးတော့ အစိုးရမဖွဲ့နိုင်ဘူး။ အဲ့လို အစိုးရမဖွဲ့နိုင်ဘူးဆိုလို့ရှိရင် စစ်တပ်က ၂၅% ရှိတယ်။ လွှတ်တော်ထဲမှာ အစိုးရဖွဲ့မယ်ဆိုလို့ရှိရင် တိုင်းရင်းသားဝန်ကြီးချုပ်ဖြစ်မယ် မျှော်လင့်နေသလားတော့ မသိဘူး။ တပ်က ပေးချင်တဲ့လူ ဖြစ်သွားမှာပေါ့နော်။ အဲ့ဒီတချက်လေးကတော့ တိုင်းရင်းသားတွေကို ကျနော်တို့ သဘောပေါက်အောင် ရှင်းပြထားမှ ဖြစ်မယ်” လို့ VOM ကိုပြောပါတယ်။

လူမှုကွန်ယက်ကနေ အကောင့်တုတွေနဲ့ တိုက်ခိုက်တာ၊ လူမျိုးရေး၊ ဘာသာရေးအသုံးချပြီး အပုပ်ချတာတွေအပြင် ပါတီဝန်းရံသူချင်း ကိုယ်ထိလက်ရောက်လည်း တိုက်ခိုက်ကြပါတယ်။

လူမျိုးရေး၊ ဘာသာရေးကို အကြောင်းပြပြီး မဲပေးဖို့ ဒါမှမဟုတ် မဲမပေးဖို့ လှုံ့ဆော်ရင် ရွေးကောက်ပွဲံဥပဒေ ပုဒ်မ(၁၃)အရထောင်တနှစ်အထိကျခံရနိုင်သလို တကယ်လို့ ရွေးကောက်ပွဲမှာ နိုင်ခဲ့ရင်လည်း ပုဒ်မ(၁၄)အရ အခြားကိုယ်စားလှယ်လောင်းကကန့်ကွက်ခဲ့ရင် ရှုံးသွားနိုင်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာလဆန်းပိုင်းမှာ မီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောထားပါတယ်။

တနိုင်ငံလုံး မဲဆန္ဒနယ် ၁၁၀၆ နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် NLD ပါတီဟာ ပါတီရဲ့ ကိုယ်စားလှယ်လောင်းဆိုင်းဘုတ်တွေဖြုတ်ချ၊ ဖျက်ဆီးခံရမှု အများဆုံး ဖြစ်ပါတယ်။ VOM က ပြုစုထားတဲ့ စာရင်းတွေအရ မဲဆွယ်စည်းရုံးရေးတွေ စတင်ခဲ့တဲ့စက်တင်ဘာ ၈ရက်ကနေ အောက်တိုဘာ တလအတွင်း နိုင်ငံအနှံ့က NLD ကိုယ်စားလှယ်လောင်းတွေရဲ့ ဆိုင်းဘုတ် ၃၃ ခုကိုဖြုတ်ချတာ၊ ဖျက်ဆီးတာတွေ လုပ်ခံရပါတယ်။ ဖြစ်စဉ်အများစုမှာ ကျူးလွန်သူတွေကို ဖော်ထုတ်နိုင်မှု မရှိတာကိုတော့ တွေ့ရပါတယ်။

နိုင်ငံရေးပါတီဝန်းရံသူချင်း တိုက်ခိုက်ကြသလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း ပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေကို တိုက်ခိုက်ကြပါတယ်။ ရခိုင်က တောင်ကုတ်မြို့နယ်မှာ ဝင်ပြိုင်မယ့် NLD ကိုယ်စားလှယ်လောင်း သုံးဦးကို AA အဖွဲ့က ဖမ်းဆီးထားပါတယ်။ ရှမ်းပြည်နယ်၊ မိုင်းကိုင်မှာလည်း ရွေးကောက်ပွဲဝင်မယ့် တအာင်း(ပလောင်)အမျိုးသားပါတီကိုယ်စားလှယ်လောင်းတွေဟာ NCA လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်(RCSS/SSA) က ခြိမ်းခြောက်တဲ့အတွက် မဲဆွယ်လို့ မရကြပါဘူး။

ဒီလိုမျိုး ပြဿနာတွေအများစုဖြစ်ပေမယ့် တချို့မိသားစုတွေမှာ တအိမ်တည်း အလံအစိမ်းနဲ့ အလံအနီ ၂ခုပြိုင်စိုက်ထားပြီး ကိုယ့်ဝါဒနဲ့ကို ကိုယ်ကြိုက်တာအားပေးပြီး ပြဿနာမတက် အတူနေကြတာတွေ့ရသလို အနီနဲ့အစိမ်း ဆိုင်ကယ်အတူစီးပြီး မဲဆွယ်ပွဲတွေအတူသွားကြတဲ့ ချစ်စရာ ပုံရိပ်တွေလည်းတွေ့ရပါတယ်။ ဒါပေမယ့် အများစုက ပါတီမတူရန်သူ ဝါဒမတူရင် လက်မခံကြတာတွေ လည်းတွေ့ရပါတယ်။

ဒီလိုအခြေအနေတွေကိုခြုံငုံကြည့်ရင်  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ကိုင်တွယ်မှု အားနည်းတာ အများစုဖြစ်တာတွေရသလို ၊ ပါတီခေါင်းဆောင်တွေက တားသလိုလိုနဲ့ မဲဆွယ်တာကို မသိချင်ယောာင်ဆောင်တာ၊ အာဏာပိုင်တွေရဲ့ လျော့ရဲတဲ့ စည်းကမ်းတင်းကြပ်မှုတွေကြောင့် ဖြစ်တာကိုတွေ့ရမှာပါ။ ဒီလိုအခြေအနေကြောင့် USDP ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့ ဆုတောင်းယုံမှတပါး အခြားမရှိဘူးလို့ VOM ကို ပြောခဲ့ပါသေးတယ်။

ခု အောက်ခြေမှာြဖစ်နေတဲ့ အခြေအနေတွေကို အချိန်မှီမထိမ်းသိမ်းရင် အမှိုက်ကစ ပြဿဒ်မီးလောင်ဆိုသလို ဖြစ်နိုင်တာမို့ တင်းကြပ်တဲ့ စည်းကမ်း ၊ ဥပဒေနဲ့  အချိန်မှီထိန်းသိမ်းနိုင်မှသာ ပြည်ထောင်စုသားအချင်းချင်း သွေးမကွဲဘဲ စည်းစည်းလုံးလုံးနဲ့ အားလုံးပျော်ပျော်ရွှင်ရွှင်ပါဝင်တဲ့ လွတ်လပ်၊သန့်ရှင်းတဲ့ ရွေးကောက်ပွဲဖြစ်ပြီး အနိုင်အရှုံးတွေကို အားလုံးကျေကျေနပ်နပ်လက်ခံနိုင်ကြမှာဖြစ်ပါတယ်။

 

#voiceofmyanmar #VOM #မဲဆွယ်စည်းရုံးရေး  #ဝန်းရံအားပေးဖိုက်တင်ပလေးနှင့်မီးမွှေးကြသူများ

 

zawgyi

ဝန္းရံအားေပး ဖိုက္တင္ပေလး ႏွင့္ မီးေမႊးၾကသူမ်ား

မႏၲေလး-ေအာက္တိုဘာ ၂၉-၂၀၂၀
ေဆြလင္းထြန္း+ေနလင္း (VOM)

ေခြး၊ေခြးခ်င္းကိုက္ရင္ေတာင္ ကိုယ့္ေခြးက အႏိုင္ရေစခ်င္တဲ့ လူ႔သဘာဝေတြေၾကာင့္ မိမိတို႔ႏွစ္သက္တဲ့ ပါတီ၊ မိမိတို႔လိုလားတဲ့ ပါတီကို အုံနဲ႔က်င္းနဲ႔ ဝန္းရံအင္အားျပတဲ့ ယဥ္ေက်းမႈအျဖစ္ ၂၀၂၀ မွာ က်င္းပမယ့္ ေ႐ြးေကာက္ပြဲအႀကိဳမဲဆြယ္ပြဲေတြမွာ အထင္အရွားေတြ႕ေနရပါတယ္။ မိမိလိုလားတဲ့ ပါတီမဲဆြယ္ပြဲမွာ လူအင္အားမ်ားဖို႔ ပါတီေခါင္းေဆာင္ေတြရဲ႕ ေမတၱာရပ္ခံခ်က္ေတြကို လစ္လ်ဴရႈၿပီး တီရွပ္အခမဲ့ေဝတာ၊ ေရသန႔္ဗူး အခမဲ့ေဝတာ၊ စားေသာက္စရာေဝၾကတာ စသည္ျဖင့္ လူေတြစုလွည့္လည္ေနၾကပါတယ္။ ဒီလိုကိုဗစ္ကာလ တာျမစ္ခ်က္ေတြကို ခ်ိဳးေဖါက္လူစုတာ ေ႐ြးေကာက္ပြဲ မဲဆြယ္ကာလမို႔လို႔ ေလွ်ာ့ေတြးေပးလို႔ရေပမယ္ သၾကၤန္မွာလိုလို ၊ ေတာင္ၿပဳံးပြဲ ၊ ကူနီပြဲေတြမွာလို လွည့္လည္သူခ်င္း စေနာက္ရာကေန ရန္ျဖစ္ၾက လူေသၾက ၊ ေခါင္းကြဲၾက ဇာတ္လမ္းေတြ အမ်ားအျပားေတြ႕ေနရပါတယ္။

က်ေနာ္တို႔ ျမန္မာႏိုင္ငံမွာ နာဂစ္ဥပေဒလို႔ တခ်ိန္က အတိုက္ခံႏိုင္ငံေရးသမားေတြ ဆိုခဲ့ၾကတဲ့ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ က်င္းပတဲ့ သုံးႀကိမ္ေျမာက္ အေထြေထြေ႐ြးေကာက္ပြဲႀကီးကို လာမယ့္ ႏိုဝင္ဘာ ၈ ရက္မွာ က်င္းပေတာ့မွာမို႔ ပါတီႀကီးအေတာ္မ်ားမ်ား သူ႔ထက္က အၿပိဳင္ႀကဲေနၾကတာ ျဖစ္ပါတယ္။

လတ္တေလာေ႐ြးေကာက္ပြဲေတြကို ႏိုုင္းယွဥ္ရရင္ ၂၀၁၀ ေ႐ြးေကာက္ပြဲမွာ ပါတီေပါင္း ၈၁ ပါတီ၊ ၂၀၁၅ မွာ ပါတီေပါင္း ၉၁ပါတီ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး လာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲကိုေတာ့ ပါတီေပါင္း ၉၁ ခုက ဝင္ေရာက္ယွဥ္ၿပိဳင္မွာမို႔ ၿပိဳင္ဆိုင္မႈအားေကာင္းတဲ့ပြဲလို႔ ဆိုရမွာပါ။

ပါတီအေရအတြက္ အမ်ားအျပားဝင္ေရာက္ယွဥ္ၿပိဳင္တာနဲ႔အတူ ပါတီခ်င္း ႏိုင္ငံေရးအေတြးအေခၚအရ တိုက္ခိုက္မႈေတြ၊ ပါတီဝန္းရံသူခ်င္း မိမိတို႔ပါတီရဲ႕ ႏိုင္ငံေရးေပၚလစီကို ကိုင္စြဲၿပီး အျခားပါတီေတြကို တိုက္ခိုက္တာေတြ ေတြ႕လာရပါတယ္။ ႏိုင္ငံေရးအရ တိုက္ခိုက္တာေတြအျပင္ ဘာသာေရး၊ လူမ်ိဳးေရးဆိုင္ရာ သတင္းတု၊ သတင္းမွားေတြသုံးၿပီး တိုက္ခိုက္တာ၊ ပါတီေခါင္းေဆာင္ေတြအေပၚ ပုဂၢိဳလ္ေရးအရ တိုက္ခိုက္တာ၊ ပါတီဝန္းရံသူခ်င္း ခိုက္ရန္ျဖစ္ပြားတာေတြလည္း အမ်ားျပားရွိေနသလို သက္ဆိုင္ရာေတြက မထိမ္းသိမ္းရင္ မီးေမႊးေနသူေတြေၾကာင့္ ရန္မီးေတြေတာက္ေလာင္မယ့္အေနအထားေတြ ျမင္ေနရပါတယ္။

ေအာက္တိုဘာ ၂၇ ရက္ေန႔က ဗန္းေမာ္-မံစီကားလမ္းေဘးမွာ NLD ပါတီ၊ အစိုးရနဲ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္းဆန္းစုၾကည္တို႔ကို ေဝဖန္တိုက္ခိုက္ထားတဲ့ ပစ္စာေတြ ပ်ံ႕ႏွံ႔ခဲ့ပါတယ္။ ပစ္စာမွာ NLD ရဲ႕ ၂၀၁၅ မဲဆြယ္ကတိကဝတ္ေတြကို အစိုးရျဖစ္လာခ်ိန္မွာ အေကာင္အထည္မေဖာ္တာ၊ အေျခခံပညာ သင္႐ိုးၫႊန္းတမ္းမွာ ပါဝင္တဲ့ သင္ခန္းစာေတြအေပၚ လႊတ္ေတာ္မွာ ေဆြးေႏြးခြင့္မျပဳတာ၊ ႏိုင္ငံျခားဆက္ဆံေရးနဲ႔ ပတ္သက္ၿပီး လႊတ္ေတာ္မွာ ေမးခြန္းေမးခြင့္မျပဳတာ၊ NLD ပါတီရဲ႕ ၂၀၂၀ ေ႐ြးေကာက္ပြဲအတြက္ ကိုယ္စားလွယ္ေလာင္း ေ႐ြးခ်ယ္ရာမွာ ျပည္သူမႀကိဳက္တဲ့ ကိုယ္စားလွယ္ေလာင္းေတြ ပါလာတာ ေတြကို အသားေပး ေရးသားထားတာေတြ႕ရပါတယ္။

ဘာသာေရးအကဲဆတ္တဲ့ မိတၳီလာၿမိဳ႕မွာလည္း မိတၳီလာဟာ အမ်ိဳးသားေရးနယ္ေျမ ျဖစ္တဲ့အတြက္ အစိမ္းပဲျဖစ္ရမယ္ဆိုၿပီး လူမႈကြန္ယက္မွာ ပစ္စာပုံစံ ေရးသားၾကတဲ့အထိ ျဖစ္ပြားခဲ့ပါေသးတယ္။
ဘာသာေရး၊ လူမ်ိဳးေရးအသုံးျပဳၿပီး သတင္းတု၊ သတင္းမွားေတြနဲ႔ တိုက္ခိုက္ခံရတဲ့ထဲမွာ NLD ပါတီနဲ႔ ေဒၚေအာင္ဆန္းစုၾကည္က အမ်ားဆုံးျဖစ္ပါတယ္။

စစ္ကိုင္းတိုင္း၊ မင္းကင္းၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္မဲဆႏၵနယ္မွာ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ကိုယ္စားျပဳ ဝင္ၿပိဳင္မယ့္ ကိုယ္စားလွယ္က ေအာက္တိုဘာလဆန္းပိုင္းကပဲ ဘာသာေရးအသုံးခ် မဲဆြယ္ခဲ့တယ္ဆိုၿပီး ပါတီဖ်က္သိမ္းေပးဖို႔ထိ တိုင္ၾကားတဲ့စာေတြ႕ရပါတယ္။ NLD ပါတီမွာ ပန္းဘဲတန္းၿမိဳ႕နယ္က ကိုစည္သူေမာင္အပါအဝင္ အစၥလာမ္ဘာသာဝင္ ၄၂ ဦးဝင္ၿပိဳင္မွာ ျဖစ္တာေၾကာင့္ ေသခ်ာစဥ္းစားခ်င့္ခ်ိန္ၿပီးမွ မဲေပးဖို႔လိုတယ္လို႔ ေျပာၾကားခဲ့တယ္လို႔ သတင္းေတြမွာ ေတြ႕ရပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းကလည္း ျမင္းျခခံခ႐ိုင္၊ ႏြားထိုးႀကီးၿမိဳ႕နယ္မွာ ျပည္ခိုင္ၿဖိဳးပါတီအမွတ္တံဆိပ္ပါ အက်ႌေတြကို ဝတ္ဆင္ၿပီး လွည့္လည္မဲဆြယ္ခဲ့သူေတြက NLD ပါတီရဲ႕ မဲဆြယ္သီခ်င္းတပုဒ္ကို ဘာသာတခုကို တိုက္ခိုက္ထားတဲ့ စာသားေတြ အစားထိုးထည့္သြင္းၿပီး သီဆိုခဲ့ၾကတဲ့ ဗီဒီယိုဖိုင္ေတြ လူမႈကြန္ယက္မွာ ပ်ံ႕ႏွံ႔ခဲ့ပါေသးတယ္။

ဖ်က္ထားတဲ့ သီခ်င္းစာသားမွာ NLD ပါတီဟာ သာသနာဖ်က္တဲ့ ပါတီျဖစ္ေၾကာင္း၊ ေဒၚေအာင္ဆန္းစုၾကည္ကိုလည္း အဂၤလိပ္မယားျဖစ္ေၾကာင္း စတဲ့ စာသားေတြ ပါဝင္ပါတယ္။ အဆိုပါ‌ ေျပာဆိုမႈေတြဟာ ေဒၚေအာင္ဆန္းစုၾကည္အေပၚ ၁၉၉၀ ေက်ာ္ကာလေတြက ထုတ္ေဝတဲ့ ႏိုင္ငံပိုင္သတင္းစာပါ ေဆာင္းပါးေတြက ေျပာဆိုမႈေတြနဲ႔ ဆင္တူေနတာကို ေတြ႕ရပါတယ္။ ဒီကိစၥလည္း NLD ပါတီကေန ေ႐ြးေကာက္ပြဲေကာ္မရွင္ကို တိုင္ၾကားထားတယ္လို႔ သိရပါတယ္။

ဘာသာေရး လူနည္းစုအုပ္စုေတြ တည္ေထာင္ထားတဲ့ ပါတီေတြကိုလည္း ဘာသာေရးအသုံးခ် တိုက္ခိုက္ၾကပါတယ္။ “USDP နဲ႔ NLD ရန္ျဖစ္ေနခ်ိန္မွာ ဦးေက်ာ္မင္း ဦးေဆာင္တဲ့ ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရးပါတီဟာ ေ႐ြးေကာက္ပြဲမွာ ေနရာ ၄၀ ေက်ာ္ဝင္ၿပိဳင္ၿပီး အစၥလာမ္ဘာသာဝင္ေတြရဲ႕ အက်ိဳးကို လုပ္ေတာ့မွာ” လို႔ လူမႈကြန္ယက္မွာ အေကာင့္တုေတြနဲ႔ ေရးသားခဲ့ၾကတာ ျဖစ္ပါတယ္။ မူရင္းပို႔စ္မွာ ဦးေက်ာ္မင္းကို “ဘဂၤါလီေက်ာ္မင္း”၊ အစၥလာမ္ဘာသာဝင္ေတြကိုလည္း “မြတ္ေတြ” စတဲ့ အသုံးအႏႈန္းေတြနဲ႔ တိုက္ခိုက္ထားတာလည္းေတြ႕ရပါတယ္။

ျပည္ခိုင္ၿဖိဳးပါတီ အမွတ္တံဆိပ္ပါအက်ႌေတြ ဝတ္ဆင္ၿပီး အင္အားျပရာမွာ ပါဝင္သူေတြက ဝိုင္း႐ိုက္လို႔ NLD ပါတီအမွတ္တံဆိပ္ပါ အက်ႌ ဝတ္ဆင္ထားသူတဦး စစ္ကိုင္းတိုင္း၊ ကန႔္ဘလူၿမိဳ႕နယ္၊ ကားဘိုး႐ြာမွာ ေသဆုံးခဲ့ပါတယ္။

ေနျပည္ေတာ္မွာ ျပည္ခိုင္ၿဖိဳးပါတီရဲ႕ မဲဆြယ္ယာဥ္တန္းကို NLD အမွတ္တံဆိပ္ပါအက်ႌ ဝတ္ဆင္ထားတဲ့ ကြၽဲေက်ာင္းသားေတြက ေလးခြနဲ႔ ပစ္ပါတယ္။ ေနျပည္ေတာ္မွာပဲ NLD မဲဆြယ္ယာဥ္တန္းကို ေလးခြနဲ႔ ပစ္တာခံရလို႔ မဲဆြယ္ရာမွာ လိုက္ပါခဲ့တဲ့ ကားတစီး ျပတင္းမွန္ ကြဲသြားခဲ့ပါေသးတယ္။

မေကြးတိုင္း၊ ၿမိဳင္ၿမိဳ႕နယ္က NLD ပါတီဝင္တဦးရဲ႕အိမ္မွာ မဲဆြယ္သီခ်င္းေတြ အသံခ်ဲ႕စက္ႀကီးေတြနဲ႔ ဖြင့္လို႔ဆိုၿပီးတားဆီးရာက အခ်င္းမ်ားၿပီး ႐ြာထဲက လူတခ်ိဳ႕က ေနအိမ္နဲ႔ ကားေတြကို ဖ်က္ဆီးခဲ့တဲ့အတြက္ ပါဝင္သူ ၂၀ေက်ာ္ အမႈဖြင့္ခံထားရတာလည္းရွိပါတယ္။

အလားတူ မိတၳိလာၿမိဳ႕နယ္က ႐ြာတ႐ြာမွာ မဲဆြယ္ရင္း ရန္စရာက NLD ပါတီဝင္ရဲ႕အိမ္ကို ျပည္ခိုင္ၿဖိဳးအက်ႌဝတ္ထားသူေတြက ခဲေတြတုတ္ေတြပစ္တဲ့ ျဖစ္စဥ္ စက္တင္ဘာလထဲက ျဖစ္ခဲ့ပါေသးတယ္။

မေကြးတိုင္းအတြင္းက ကံမၿမိဳ႕မွာလည္း ျပည္ခိုင္ၿဖိဳးပါတီကို အပုပ္ခ်ၿပီး လူမႈကြန္ယက္မွာ လိုက္ဖ္လႊင့္ထားတဲ့ ပို႔စ္ကို ျပန္လည္မွ်ေဝတယ္ဆိုၿပီး NLD ဝန္းရံသူ ၂၀ေက်ာ္ကို ဦးေအာင္ထူးဆိုသူက ၆၆(ဃ)နဲ႔ ကံမၿမိဳ႕မ ရဲစခန္းမွာ အမႈဖြင့္ပါတယ္။ ေအာက္တိုဘာ ၂၈ ရက္ မေကြးၿမိဳ႕ ၿမိဳ႕ေဟာင္းရပ္ကြက္ ဘုရားႀကီးလမ္းမွာ ႀကံခိုင္ေရးပါတီမဲဆြယ္လွည့္လွည္ခ်ိန္ NLD ေထာက္ခံသူတခ်ိဳ႕က ႀကံ့ခိုင္ေရးအလိုမရွိလို႔ ေအာ္ဟစ္ခဲ့ၾကလို႔ တဖက္က ခဲနဲ႔ေပါက္တဲ့အတြက္ ၃ေယာက္ေခါင္းေပါက္သြားခဲ့ပါေသးတယ္။

ပဲခူးတိုင္း၊ ေတာင္ငူၿမိဳ႕နယ္မွာေတာ့ မဲဆြယ္ရင္း ဆိုင္ကယ္ခ်င္းၿငိမိသူကို တူ႐ြင္းနဲ႔ ႐ိုက္လို႔ NLD မဲဆြယ္အဖြဲ႕ထဲ လိုက္ပါသူတဦး ေသဆုံးသြားခဲ့ပါတယ္။

ပါတီဝန္းရံသူခ်င္း ျဖစ္ပြားတဲ့ ကိစၥေတြဟာ တဖက္အဖြဲ႕အစည္းေတြရဲ႕ လြန္ကဲတဲ့ အျပဳအမူေတြေၾကာင့္ျဖစ္ၿပီး NLD ဝန္းရံသူေတြအေနနဲ႔ ထိန္းထိန္းသိမ္းသိမ္း ေဆာင္႐ြက္ၾကဖို႔ NLD ပါတီက စာတေစာင္ထုတ္ၿပီး ေျပာပါတယ္။ ပါတီရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ိဳးၫြန႔္ကေတာ့
“ ဒီလိုျဖစ္စဥ္ေတြမွာ က်ေနာ္တို႔ပါတီကလူေတြခ်ည္း ခံရတာမ်ားပါတယ္၊ တဖက္က စတင္ရန္စတဲ့ ျဖစ္စဥ္အမ်ားစုျဖစ္တာကိုေတြ႕ရပါတယ္ သူတို႔အေနနဲ႔ ဝန္းရံသူေတြခ်င္း ျပႆနာမတက္ဖို႔ လွည့္လည္မယ့္အစီအစဥ္ေတြသိရင္ ပါတီဝင္ေတြကို တာဝန္ရွိသူေတြကိုယ္တိုင္အခ်ိန္မွီတားၿပီး အစီအစဥ္ေတြ ဖ်က္ိခုင္းပါတယ္ ” လို႔ VOM က ဆက္သြယ္ေမးျမန္ခ်ိန္မွာ ေျဖၾကားခဲ့ပါတယ္။

ျပည္ခိုင္ၿဖိဳးပါတီ အေထြေထြအတြင္းေရးမႉးျဖစ္တဲ့ ေဒါက္တာနႏၵာလွျမင့္ကေတာ့ NLD ရဲ႕ ေျပာဆိုမႈကို သေဘာမတူပါဘူး။

“အဲ့လိုေရးသားထုတ္ျပန္မူမ်ိဳးက မျဖစ္သင့္ပါဘူး။ ဘာျဖစ္လို႔လဲဆိုရင္ အြန္လိုင္းေပၚမွာေရာ၊ video ဖိုင္ေတြမွာေရာ အေထာက္အထားေတြ အမ်ားႀကီးရွိေနပါတယ္။ ျပႆနာျဖစ္တာကိုၾကည့္ရင္ ဘယ္အဖြဲ႕အစည္းက စတယ္၊ လုပ္တယ္ ဘယ္အဖြဲ႕အစည္းေၾကာင့္ ျပႆနာတက္ေနတယ္ဆိုတာ တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ျမင္ၾကသိၾကပါတယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ဘာမွမျဖစ္ဘူး။ ျပည္ခိုင္ၿဖိဳးပါတီအေနနဲ႔ကေတာ့ မည္သည့္ပါတီနဲ႔မွ ျပႆနာမျဖစ္ဖို႔၊ တစ္ဖက္ပါတီက ရွိလာရင္လည္း ဥပေဒအရေျဖရွင္းဖို႔၊ မူးယစ္ရမ္းကားမူလုံးဝမလုပ္ဖို႔၊ ရန္မစဖို႔ေသခ်ာမွာထားၿပီးသားျဖစ္ပါတယ္” လို႔ ဆိုပါတယ္။

ျမန္မာႏိုင္ငံမွာ လူမႈကြန္ယက္ ေဖ့ဘုတ္သုံးစြဲမႈ ျမင့္တက္လာတာနဲ႔အတူ အဖြဲ႕အစည္းေတြရဲ႕ ထုတ္ျပန္ေၾကညာခ်က္ေတြကို အတုလုပ္တာေတြ၊ ပါတီတခုနဲ႔ တခုၾကား သတင္းမွားေတြသုံးၿပီး သပ္လွ်ိဳတာေတြဟာ အရင္ထက္ မ်ားျပားလာတာလည္း ျဖစ္ပါတယ္။
သတင္းတု၊ သတင္းမွားေတြကို တုံ႔ျပန္ေနတဲ့ အရပ္ဖက္အဖြဲ႕ Myanmar ICT for Development Organization(MIDO)ရဲ႕ အစီအစဥ္မန္ေနဂ်ာ ကိုၿငိမ္းခ်မ္းေအာင္က သူတို႔ရဲ႕ေတြ႕ရွိခ်က္ေတြကို VOM ကို ေျပာျပထားပါတယ္။

ကိုၿငိမ္းခ်မ္းေအာင္က “အရင္ကထက္စာရင္ ေဖ့ဘုတ္သုံးတဲ့ လူဦးေရ တက္လာတဲ့အတြက္ သတင္းတု၊ သတင္းမွား အေရအတြက္ေတြဟာ အရင္ထက္ ပိုမ်ားလာတာလို႔ သုံးသပ္လို႔ရပါတယ္။ ထုတ္ျပန္ေၾကညာခ်က္ေတြ အထူးသျဖင့္ EAO ေတြရဲ႕ ေၾကညာခ်က္ေတြကို အတုလုပ္ၿပီး EAO ေတြကို တိုက္ခိုက္တာေတြ၊ ပါတီတခုနဲ႔တခုၾကား သပ္လွ်ိဳတိုက္ခိုက္တာေတြ၊ ႀကိဳတင္မဲေတြနဲ႔ပတ္သက္တဲ့ သတင္းမွားေတြ၊ ဘာသာေရးႏႊယ္တဲ့ သတင္းမွား၊ ကိုဗစ္ ၁၉ နဲ႔ ပတ္သက္တဲ့ သတင္းမွားေတြ အေတြ႕ရမ်ားပါတယ္” လို႔ ေျပာပါတယ္။

NLD ပါတီဟာ ျမန္မာႏိုင္ငံအတြက္ ဒီမိုကေရစီေဖာ္ေဆာင္ေပးႏိုင္မယ့္ တခုတည္းေသာ ပါတီျဖစ္ေၾကာင္းနဲ႔ NLD အႏိုင္မရခဲ့ရင္ စစ္အာဏာရွင္စနစ္ ျပန္လာမွာျဖစ္ေၾကာင္း NLD ပါတီေထာက္ခံသူအခ်ိဳ႕က လူမႈကြန္ယက္မွာ ေရးသားၾကတာေတြလည္း ရွိပါတယ္။ NLD ပါတီ ဒုဥကၠဌျဖစ္တဲ့ ေဒါက္တာေဇာ္ျမင့္ေမာင္ကလည္း မဲဆႏၵရွင္ေတြအေနနဲ႔ အစိုးရဖြဲ႕ႏိုင္မယ့္ NLD ကိုသာ မဲေပးဖို႔ ေျပာပါတယ္။

“က်ေနာ္ေျပာခ်င္တာက ခုဆို တိုင္းရင္းသားပါတီေတြက စုစည္းလာၾကတာေပါ့။ အဲ့ေတာ့ ေဝဖန္မႈေတြက တိုင္းရင္းသားပါတီေတြ အင္အားေကာင္းလာတယ္။ တိုင္းရင္းသားပါတီေတြကို မဲေပးျခင္းအားျဖင့္ တိုင္းရင္းသားေတြအခြင့္အေရး ပိုရလာမယ္ဆိုၿပီး ေျပာၾကတာေပါ့။ မဟုတ္ဘူးလို႔ က်ေနာ္ထင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ က်ေနာ္တို႔က တိုင္းရင္းသားပါတီျဖစ္တယ္။ တိုင္းရင္းသားေတြကို ေခါင္းေဆာင္ထားၿပီးေတာ့ ျပည္နယ္ေတြမွာ ဝင္ၿပိဳင္တဲ့အတြက္ တိုင္းရင္းသားေတြအတြက္ က်ေနာ္တို႔ NLD က အစိုးရဖြဲ႕ႏိုင္ရင္ ပိုလုပ္ေပးႏိုင္တာေပါ့။ တိုင္းရင္းသားပါတီေတြ ႏိုင္သြားၿပီဆိုပါေတာ့၊ သူတို႔က တတိုင္းတျပည္လုံးမွာ ၿခဳံၿပီးေတာ့ အစိုးရမဖြဲ႕ႏိုင္ဘူး။ အဲ့လို အစိုးရမဖြဲ႕ႏိုင္ဘူးဆိုလို႔ရွိရင္ စစ္တပ္က ၂၅% ရွိတယ္။ လႊတ္ေတာ္ထဲမွာ အစိုးရဖြဲ႕မယ္ဆိုလို႔ရွိရင္ တိုင္းရင္းသားဝန္ႀကီးခ်ဳပ္ျဖစ္မယ္ ေမွ်ာ္လင့္ေနသလားေတာ့ မသိဘူး။ တပ္က ေပးခ်င္တဲ့လူ ျဖစ္သြားမွာေပါ့ေနာ္။ အဲ့ဒီတခ်က္ေလးကေတာ့ တိုင္းရင္းသားေတြကို က်ေနာ္တို႔ သေဘာေပါက္ေအာင္ ရွင္းျပထားမွ ျဖစ္မယ္” လို႔ VOM ကိုေျပာပါတယ္။

လူမႈကြန္ယက္ကေန အေကာင့္တုေတြနဲ႔ တိုက္ခိုက္တာ၊ လူမ်ိဳးေရး၊ ဘာသာေရးအသုံးခ်ၿပီး အပုပ္ခ်တာေတြအျပင္ ပါတီဝန္းရံသူခ်င္း ကိုယ္ထိလက္ေရာက္လည္း တိုက္ခိုက္ၾကပါတယ္။

လူမ်ိဳးေရး၊ ဘာသာေရးကို အေၾကာင္းျပၿပီး မဲေပးဖို႔ ဒါမွမဟုတ္ မဲမေပးဖို႔ လႈံ႕ေဆာ္ရင္ ေ႐ြးေကာက္ပြဲံဥပေဒ ပုဒ္မ(၁၃)အရ ေထာင္တႏွစ္အထိက်ခံရႏိုင္သလို တကယ္လို႔ ေ႐ြးေကာက္ပြဲမွာ ႏိုင္ခဲ့ရင္လည္း ပုဒ္မ(၁၄)အရ အျခားကိုယ္စားလွယ္ေလာင္းက ကန႔္ကြက္ခဲ့ရင္ ရႈံးသြားႏိုင္တယ္လို႔ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က စက္တင္ဘာလဆန္းပိုင္းမွာ မီဒီယာေတြနဲ႔ ေတြ႕ဆုံစဥ္မွာ ေျပာထားပါတယ္။

တႏိုင္ငံလုံး မဲဆႏၵနယ္ ၁၁၀၆ ေနရာမွာ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ NLD ပါတီဟာ ပါတီရဲ႕ ကိုယ္စားလွယ္ေလာင္းဆိုင္းဘုတ္ေတြ ျဖဳတ္ခ်၊ ဖ်က္ဆီးခံရမႈ အမ်ားဆုံး ျဖစ္ပါတယ္။ VOM က ျပဳစုထားတဲ့ စာရင္းေတြအရ မဲဆြယ္စည္း႐ုံးေရးေတြ စတင္ခဲ့တဲ့ စက္တင္ဘာ ၈ရက္ကေန ေအာက္တိုဘာ တလအတြင္း ႏိုင္ငံအႏွံ႔က NLD ကိုယ္စားလွယ္ေလာင္းေတြရဲ႕ ဆိုင္းဘုတ္ ၃၃ ခုကို ျဖဳတ္ခ်တာ၊ ဖ်က္ဆီးတာေတြ လုပ္ခံရပါတယ္။ ျဖစ္စဥ္အမ်ားစုမွာ က်ဴးလြန္သူေတြကို ေဖာ္ထုတ္ႏိုင္မႈ မရွိတာကိုေတာ့ ေတြ႕ရပါတယ္။

ႏိုင္ငံေရးပါတီဝန္းရံသူခ်င္း တိုက္ခိုက္ၾကသလို တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြကလည္း ပါတီေတြနဲ႔ ကိုယ္စားလွယ္ေလာင္းေတြကို တိုက္ခိုက္ၾကပါတယ္။ ရခိုင္က ေတာင္ကုတ္ၿမိဳ႕နယ္မွာ ဝင္ၿပိဳင္မယ့္ NLD ကိုယ္စားလွယ္ေလာင္း သုံးဦးကို AA အဖြဲ႕က ဖမ္းဆီးထားပါတယ္။ ရွမ္းျပည္နယ္၊ မိုင္းကိုင္မွာလည္း ေ႐ြးေကာက္ပြဲဝင္မယ့္ တအာင္း(ပေလာင္)အမ်ိဳးသားပါတီ ကိုယ္စားလွယ္ေလာင္းေတြဟာ NCA လက္မွတ္ေရးထိုးထားတဲ့ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ/ရွမ္းျပည္တပ္မေတာ္(RCSS/SSA) က ၿခိမ္းေျခာက္တဲ့အတြက္ မဲဆြယ္လို႔ မရၾကပါဘူး။

ဒီလိုမ်ိဳး ျပႆနာေတြအမ်ားစုျဖစ္ေပမယ့္ တခ်ိဳ႕မိသားစုေတြမွာ တအိမ္တည္း အလံအစိမ္းနဲ႔ အလံအနီ ၂ခုၿပိဳင္စိုက္ထားၿပီး ကိုယ့္ဝါဒနဲ႔ကို ကိုယ္ႀကိဳက္တာအားေပးၿပီး ျပႆနာမတက္ အတူေနၾကတာေတြ႕ရသလို အနီနဲ႔အစိမ္း ဆိုင္ကယ္အတူစီးၿပီး မဲဆြယ္ပြဲေတြအတူသြားၾကတဲ့ ခ်စ္စရာ ပုံရိပ္ေတြလည္းေတြ႕ရပါတယ္။ ဒါေပမယ့္ အမ်ားစုက ပါတီမတူရန္သူ ဝါဒမတူရင္ လက္မခံၾကတာေတြ လည္းေတြ႕ရပါတယ္။

ဒီလိုအေျခအေနေတြကိုၿခဳံငုံၾကည့္ရင္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ ကိုင္တြယ္မႈ အားနည္းတာ အမ်ားစုျဖစ္တာေတြရသလို ၊ ပါတီေခါင္းေဆာင္ေတြက တားသလိုလိုနဲ႔ မဲဆြယ္တာကို မသိခ်င္ေယာာင္ေဆာင္တာ၊ အာဏာပိုင္ေတြရဲ႕ ေလ်ာ့ရဲတဲ့ စည္းကမ္းတင္းၾကပ္မႈေတြေၾကာင့္ ျဖစ္တာကိုေတြ႕ရမွာပါ။ ဒီလိုအေျခအေနေၾကာင့္ USDP ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာ နႏၵာလွျမင့္က တရားမွ်တတဲ့ေ႐ြးေကာက္ပြဲျဖစ္ဖို႔ ဆုေတာင္းယုံမွတပါး အျခားမရွိဘူးလို႔ VOM ကို ေျပာခဲ့ပါေသးတယ္။

ခု ေအာက္ေျခမွာျဖစ္ေနတဲ့ အေျခအေနေတြကို အခ်ိန္မွီမထိမ္းသိမ္းရင္ အမႈိက္ကစ ျပႆဒ္မီးေလာင္ဆိုသလို ျဖစ္ႏိုင္တာမို႔ တင္းၾကပ္တဲ့ စည္းကမ္း ၊ ဥပေဒနဲ႔ အခ်ိန္မွီထိန္းသိမ္းႏိုင္မွသာ ျပည္ေထာင္စုသားအခ်င္းခ်င္း ေသြးမကြဲဘဲ စည္းစည္းလုံးလုံးနဲ႔ အားလုံးေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ပါဝင္တဲ့ လြတ္လပ္၊သန႔္ရွင္းတဲ့ ေ႐ြးေကာက္ပြဲျဖစ္ၿပီး အႏိုင္အရႈံးေတြကို အားလုံးေက်ေက်နပ္နပ္လက္ခံႏိုင္ၾကမွာျဖစ္ပါတယ္။

#voiceofmyanmar #VOM #မဲဆြယ္စည္း႐ုံးေရး #ဝန္းရံအားေပးဖိုက္တင္ပေလးႏွင့္မီးေမႊးၾကသူမ်ား

 

Related posts

Leave a Comment

VOM News

FREE
VIEW