မန္တလေး၊ မေ၂၃-၂၀၁၉ ဟိန်းကို(VOM) အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ပုဒ်မ ၆၆/ဃ နဲ့ တရားစွဲဆိုခံထားရတဲ့ ဆရာတော်ဦးသောဘိတကို ပုဒ်မ ၅၀၅/ခ နဲ့ ထပ်မံ တရားစွဲဆိုဖို့ ဒီကနေ့ မနက်ပိုင်းက အမပူရ တရားရုံးကို လာရောက်လျှောက်ထားမှု ပြုလုပ်ခဲ့ပါတယ်။ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဦးစီး ပထမတန်း ဒု-ဗိုလ်မှူးကြီး အောင်မျိုးကျော်က လာရောက်လျှောက်ထားခဲ့တာပါ။ ဒီကနေ့ ရုံးချိန်းမှာ ဆရာတော်ဦးသောဘိတ လာရောက်ခြင်းမရှိဘဲ နောက်တပတ်ရုံးချိန်ကို ဇွန်လ ၆ရက်နေ့ကို ထပ်မံချိန်းဆိုထားပါတယ်။ #voiceofmyanmar#ဦးသောဘိတ #၅၀၅(ခ) #မန္တလေး # အမရပူရ
Read MoreCategory: ဓာတ်ပုံ ဗီဒီယို
ကာမလိမ်လည်မှု၊ မုဒိမ်းမှုတို့နဲ့တရားစွဲဆိုခံထားရသူကို အပြီးပြတ်လွှတ်ပေးတဲ့အတွက် မကျေနပ်လို့ ဆန္ဒထုတ်ဖော်
စစ်ကိုင်း၊ မေ – ၂၁ -၂၀၁၉ စောပြည့်ချမ်းသာ(VOM) ကာမလိမ်လည်မှု၊ မုဒိမ်းမှုတို့နဲ့တရားစွဲဆိုခံထားရသူကို စစ်ကိုင်းမြို့နယ် တရားရုံးက အပြီးပြတ်လွှတ်ပေးလိုက်တဲ့အတွက် တရားလိုဘက်က မကျေနပ်လို့ ဒီနေ့မနက်မှာ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်က စစ်ကိုင်းမြို့ နန်းစုရပ် နေ မ….(၂၁)နှစ်နဲ့ စစ်ကိုင်းမြို့၊ပန်းဘဲတန်းရပ်ကွက်နေထိုင်သူ ကိုမျိုးကျော် (၃၉)နှစ်တို့ Viber က တစ်ဆင့်ခင်မင်ရင်းနှီးခဲ့ပြီး အပြင်မှာတွေ့ဆုံရန်ချိန်းဆိုခဲ့ပါတယ်။ အဲဒီနောက် တည်းခိုခန်းသို့ ခေါ်ဆောင်ပြီး အလိုမတူဘဲ သားမယားအဖြစ်အကြိမ်ကြိမ် ပြုကျင့်ခဲ့တယ်လို့ တရားလိုဘက် သိရပါတယ်။ ဒါကို ကျေနပ်မှုမရှိလို့ ကျူးလွန်ခံရသူအမျိုးသမီးဟာ ပြီးခဲ့တဲ့နှစ် မေလ ၂၂ ရက်က စစ်ကိုင်းမြို့နယ် တရားရုံးမှာ တရားစွဲဆိုခဲ့ပါတယ်။ ယခုနှစ် မတ်လမှာတော့ တရားစွဲဆိုခံရသူ ကိုမျိုးကျော်ကို ပုဒ်မ ၃၆၆၊ ၃၇၆ (ကာမလိမ်လည်မှု ၊…
Read Moreအောင်မြေသာစံမြို့နယ်မှာ မီးလောင်မှု နေအိမ်သုံးလုံးဆုံးရှုံး
မန္တလေး၊ မေ – ၂၁-၂၀၁၉ ဟိန်းကို(VOM) မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၇လမ်း နဲ့ ၈လမ်းကြား ၈၆လမ်း နဲ့ ၈၇လမ်းကြားရှိ ရွှေပန်းထိမ် လုပ်ကိုင်တဲ့ နေအိမ်မှာ ဒီကနေ့ မနက်ပိုင်းက နေအိမ်အပေါ်ထပ် ခြင်ဆေးခွေထွန်းထားရာက အနားရှိ အဝတ်စများကို မီးစွဲပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။ မီးလောင်မှုကို Level-3 အဆင့် သက်မှတ်ကာ မီးငြိမ်းသတ်ခဲ့ကြပြီး နေအိမ် ၃လုံး နဲ့ တန်ဖိုးငွေ ၂၄၅၀၀၀၀ သိန်း ဆုံးရှုံး ပျက်စီးခဲ့ပါတယ်။ #voiceofmyanmar#မန္တလေး#မီးလောင်မှု#
Read Moreအစိုးရက အပစ်ခတ်ရပ်စဲရေးလုပ်မပေးနိုင်ကြောင်းတုံ့ပြန်တဲ့အတွက်စစ်တွေမှာ လူထုအင်အား၂၀၀၀ခန့်ကဆန္ဒပြ
စစ်တွေ၊မေ၁၉-၂၀၁၉ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်စစ်တွမြို့မှာဒီကနေ့မေလ၁၉ရက်နေ့မှာလူထုအင်အား၂၀၀၀ခန့်ကရခိုင်ပြည်နယ်အတွင်းမှာဖြစ်ပွားနေတဲ့စစ်ပွဲတွေရပ်စဲဖို့နဲ့ဒုက္ခသည်တွေရဲ့အရေးတွေကိုဖြေရှင်းဆောင်ရွက်ပေးဖို့အတွက်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်လို့အရပ်ဖက်အဖွဲ့အစည်းတွေနဲ့သံဃာတော်တွေကသက်ဆိုင်ရာအစိုးရတွေနဲ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆီကိုအချက်လေးချက်ပါဝင်တဲ့တောင်းဆိုချက်တစ်စောင် တင်ပြတောင်းဆိုခဲ့ပြီးတဲ့နောက်မှာရခိုင်ပြည်နယ်အစိုးရကအပစ်အခတ်ရပ်စဲရေးကိုလုပ်မပေးနိုင်ကြောင်းအကြောင်းပြန်တဲ့အတွက်အခုလိုဆန္ဒဖော်ထုတ်ခဲ့ကြတာလို့ သိရပါတယ်။ ဆန္ဒပြပွဲမှာပူးပေါင်းပါဝင်ခဲ့သူတစ်ဦးကတော့ပြည်သူတွေခံစားနေရတဲ့ခံစားချက်တွေကိုအစိုးရကအသိအမှတ်ပြုပေးဖို့နဲ့နှစ်ဖက်အဖွဲ့အစည်းတွေကလည်းလျှော့ပေါ့စဉ်းစားပေးကြဖို့လိုလားကြောင်းနဲ့အပစ်ခတ်ရပ်စဲပြီးတော့ငြိမ်းချမ်းရေးဆွေးနွးမှုတွေကိုပြုလုပ်ကြဖို့အတွက်တိုက်တွန်းခဲ့ကြပါတယ်။ #voiceofmyanmar #စစ်တွေ #အပစ်ခတ်ရပ်စဲရေး #ဆန္ဒပြ
Read MoreTNLA အထွေထွေအတွင်းရေးမှူးနဲ့ တွေ့ဆုံမေးမြန်းခန်း နောက်ဆုံးအပိုင်း
အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဘာကြောင့်လက်မှတ်မထိုးနိုင်သေးတာလဲ၊ ပြည်သူတွေကိုငဲ့ညှာတယ်လို့ ပြောကြပေမယ့် တကယ်လက်တွေ့မှာ စစ်သားစုဆောင်းခံရမှာ ကြောက်လို့လူငယ်တွေ၊ ဆက်ကြေးပေးရမှာစိုးလို့ အဝေးတစ်နေရာကို ရွှေ့သွားသူတွေအတွက် TNLA က ဘာလုပ်ပေးနိုင်မလဲဆိုတာ သိရနိုင်ဖို့ PSLF/TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်ကို VOM သတင်းဌာနက ကိုနေလင်းကနေ တွေ့ဆုံ မေးမြန်းထားပါတယ်။ #VoiceofMyanmar #TNLA #PSLF #NCA
Read MoreTNLA အထွေထွေအတွင်းရေးမှူးနဲ့တွေ့ဆုံမေးမြန်းခန်း အပိုင်း (၂)
အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ NCA မှာ ဘယ်ဟာက အဖုအထစ်ဖြစ်နေသလဲ၊ စစ်ရေးနဲ့နိုင်ငံရေး ဘယ်ဟာကို အရေးကြီးဆွေးနွေးရမလဲ၊ NRPC ရဲ့အခန်းကဏ္ဍကရော ဘယ်လောက်အရေးပါသလဲဆိုတာ သိရနိုင်ဖို့ PSLF/TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်ကို VOM သတင်းဌာနက ကိုနေလင်းကနေ တွေ့ဆုံ မေးမြန်းထားပါတယ်။ #VoiceofMyanmar #TNLA #PSLF #NCA
Read MoreTNLA အထွေထွေအတွင်းရေးမှူးနဲ့တွေ့ဆုံမေးမြန်းခန်း အပိုင်း (၁)
အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေ ဗဟိုဌာန (NRPC) နဲ့ အပစ်ခတ်ရပ်စဲရေးလက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့ KIO, မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ MNTJP, ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA , ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA တို့ဟာ ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့တုန်းက မူဆယ်မြို့မှာ တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။ အဲ့ဒီ ဆွေးနွေးပွဲကြောင့် ဘာတွေ အကျိုးရှိခဲ့လဲ အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်ရဲ့ အလားအလာ ဘယ်လိုရှိမလဲ၊ ငြိမ်းချမ်းရေးရဖို့ နီးစပ်နေပြီလား၊ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ သဘောထားက ဘယ်လိုရှိနေလဲ၊ စတာတွေနဲ့ ပတ်သက်ပြီး သိရနိုင်ဖို့ PSLF/TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်ကို VOM သတင်းဌာနက ကိုနေလင်းကနေ တွေ့ဆုံ မေးမြန်းထားပါတယ်။ #VoiceofMyanmar #TNLA #PSLF…
Read Moreအစ္စလာမ်ဘာသာကိုတဖက်သတ်မုန်းတီးနေသူလား ၊ စစ်တပ်လော်ဘီလား ၊ ဦးဝီရသူနဲ့ ဗီအိုအမ် အင်တာဗျူး နောက်ဆုံးပိုင်း
မေလဆန်းပိုင်းက ထိုင်းကိုကြွတုန်း တရားပွဲပိတ်ခံရတယ်ဆိုတဲ့ အကြောင်း၊ မြန်မာနောင်းအယ်ဒီတာ ကိုဆွေကို တရားစွဲထားတဲ့အမှု ဘာ့ကြောင့်ရုံးတော်ကိုလာပြီး မထွက်ဆိုသေးလဲ ဆိုတာအပါအဝင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို ဦးဝီရသူ ဘယ်လောက်ထိ စိတ်ဝင်စားသလဲဆိုတာ ဗီအိုအမ်သတင်းဌာနက ကိုနေလင်းကနေ မစိုးရိမ်တိုက်သစ်က ဓမ္မသဟာရကျောင်းတိုက် ဆရာတော် ဦးဝိစိတ္တာဘိဝံသ ခေါ် ဦးဝီရသူကို လျှောက်ထားမေးမြန်းထားတဲ့ နောက်ဆုံးပိုင်းကို တင်ပြပေးလိုက်ပါတယ်။ #voiceofmyanmar #ဦးဝီရသူ #ဦးဝိစိတ္တာဘိဝံသ #မစိုးရိမ်တိုက်သစ် #ဓမ္မသဟာရ
Read Moreအမျိုးသားရေးဝါဒီဟာ စစ်တပ်လော်ဘီ ဖြစ်သွားတာလား ၊ ဦးဝီရသူနဲ့ ဗီအိုအမ် အင်တာဗျူး အပိုင်း(၂)
တချိန်က ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံဖို့ လှုံ့ဆော်ခဲ့တဲ့ အမျိုးသားရေးဝါဒီဟာ ဘာ့ကြောင့် စစ်တပ်လော်ဘီအဖြစ် ပြောင်းသွားခဲ့တာလဲ ၊ နိုင်ငံအတွက် လုပ်ခဲ့ကြတာချင်းအတူတူ ဘာ့ကြောင့် တပ်မတော်ကျေးဇူးပိုများတယ်ပြောပြီး အလွန်အကျူးတင်စားခဲ့တာလဲဆိုတာ ဗီအိုအမ်သတင်းဌာနက ကိုနေလင်းကနေ မစိုးရိမ်တိုက်သစ်က ဓမ္မသဟာရကျောင်းတိုက် ဆရာတော် ဦးဝိစိတ္တာဘိဝံသ ခေါ် ဦးဝီရသူကို လျှောက်ထားမေးမြန်းထားတဲ့ အပိုင်း(၂) ကို တင်ပြပေးလိုက်ပါတယ်။ #voiceofmyanmar #ဦးဝီရသူ #ဦးဝိစိတ္တာဘိဝံသ #မစိုးရိမ်တိုက်သစ် #ဓမ္မသဟာရ
Read Moreအမျိုးသားရေးဝါဒီ ဦးဝီရသူနဲ့ လျှောက်ထားမေးမြန်းချက် အပိုင်း(၁)
မန္တလေး မေ ၁၀-၂၀၁၉ ပြီးတဲ့ရက်ပိုင်းက မြိတ်မြို့နဲ့ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ အမျိုးသားရေးဝါဒီလို့ သိထားကြတဲ့ ဆရာတော် ဦးဝိစိတ္တာဘိဝံသ ခေါ် ဦးဝီရသူဟာ နို်င်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ရည်ညွန်းပုတ်ခတ်တဲ့ စကားလုံးတွေနဲ့ ဟောပြောခဲ့တာကြောင့် သာသနာရေးဝန်ကြီးဌာနက တရားစွဲဖို့ပြင်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ တရားစွဲမယ့် အဖွဲ့အစည်းက ဆရာတော်ဦးဝီရသူဆီကို အကြောင်းကြားပြီလား ဘာလို့ဒီလိုပုဂ္ဂိုလ်ရေး တိုက်ခိုက်တဲ့စကားလုံးတွေနဲ့ ဟောပြောခဲ့သလဲ ၊ ဒီဟောပြောချက်တွေကိုရော သံဃာတပါးအနေနဲ့ ပြန်လည်ဆန်းစစ်တဲ့အခါ ဝိနည်းအရ အပြစ်သင့်တယ်လို့ဆင်ခြင်မိလားဆိုတာတွေကို VOM (Voice Of Myanmar ) သတင်းဌာနက ကိုနေလင်းကနေ သွားရောက်လျှောက်ထားမေးမြန်းထားတဲ့ အပိုင်း (၁)ကို တင်ပြလိုက်ပါတယ်။ #voiceofmyanmar #ဦးဝီရသူ #ဦဝိစိတ္တာဘိဝံသ #မစိုးရိမ် #အမျိုးသားရေးဝါဒီ
Read More