ကာမလိမ်လည်မှု၊ မုဒိမ်းမှုတို့နဲ့တရားစွဲဆိုခံထားရသူကို အပြီးပြတ်လွှတ်ပေးတဲ့အတွက် မကျေနပ်လို့ ဆန္ဒထုတ်ဖော်

စစ်ကိုင်း၊  မေ – ၂၁ -၂၀၁၉

စောပြည့်ချမ်းသာ(VOM)

 

ကာမလိမ်လည်မှု၊ မုဒိမ်းမှုတို့နဲ့တရားစွဲဆိုခံထားရသူကို  စစ်ကိုင်းမြို့နယ် တရားရုံးက  အပြီးပြတ်လွှတ်ပေးလိုက်တဲ့အတွက်  တရားလိုဘက်က မကျေနပ်လို့ ဒီနေ့မနက်မှာ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

 

လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်က  စစ်ကိုင်းမြို့ နန်းစုရပ် နေ မ….(၂၁)နှစ်နဲ့ စစ်ကိုင်းမြို့၊ပန်းဘဲတန်းရပ်ကွက်နေထိုင်သူ ကိုမျိုးကျော် (၃၉)နှစ်တို့  Viber က တစ်ဆင့်ခင်မင်ရင်းနှီးခဲ့ပြီး အပြင်မှာတွေ့ဆုံရန်ချိန်းဆိုခဲ့ပါတယ်။ အဲဒီနောက် တည်းခိုခန်းသို့ ခေါ်ဆောင်ပြီး အလိုမတူဘဲ သားမယားအဖြစ်အကြိမ်ကြိမ် ပြုကျင့်ခဲ့တယ်လို့ တရားလိုဘက် သိရပါတယ်။

 

ဒါကို ကျေနပ်မှုမရှိလို့ ကျူးလွန်ခံရသူအမျိုးသမီးဟာ ပြီးခဲ့တဲ့နှစ် မေလ  ၂၂ ရက်က စစ်ကိုင်းမြို့နယ် တရားရုံးမှာ တရားစွဲဆိုခဲ့ပါတယ်။ ယခုနှစ် မတ်လမှာတော့  တရားစွဲဆိုခံရသူ ကိုမျိုးကျော်ကို  ပုဒ်မ ၃၆၆၊ ၃၇၆ (ကာမလိမ်လည်မှု ၊ မုဒိမ်းမှု) မမြောက်ဘူးဆိုပြီး တရားရုံးက အပြီးပြတ်လွှတ်ပေးခဲ့ပါတယ်။ အဲဒီစီရင်ချက်ကို မကျေနပ်တဲ့အတွက် တရားလိုရဲ့ကိုယ်စား စစ်ကိုင်းမြို့ခံ ကိုအောင်မြတ်မင်းက တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်ခဲ့တာလို့ သိရပါတယ်။

 

တကိုယ်တော်ဆန္ဒထုတ်ဖော်မှုကို စစ်ကိုင်းမြို့ ဇေယျာသီရိရုပ်ရှင်ရုံကနေ စတင်ပြီး   မြို့မဈေးလမ်းအတိုင်း စစ်ကိုင်းမြို့နယ်တရားရုံးကတစ်ဆင့် မြို့တော်ခန်းမအထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့တာပါ။

 

ဒီစီရင်ချက် ကြောင့် ကာယကံရှင်တရားလိုဘက်မှာ နစ်နာမှုများရှိနေခြင်း၊ မှန်ကန်သောတရားစီရင်ရေး တစ်ရပ်ပေါ်ပေါက်လာစေရေး၊  အမျိုးသမီးငယ်များ အဓ္ဓမပြုကျင့်ခံရမှုနဲ့ပက်သတ်ပြီး တရားခံများကို ဥပဒေနဲ့အညီ ထိရောက်စွာပြစ်ဒဏ်ပေးရေးစတဲ့ စာသားပါဗီနိုင်းကို ကိုင်ဆောင်ကာ ကြွေးကြော်ခဲ့ပါတယ်။

 

#voiceofmyanmar #ပုဒ်မ ၃၆၆/၃၇၆ စွပ်စွဲခံရသူကို အပြီးပြတ်လွှတ်ပေးတာမကျေနပ် #တကိုယ်တော်ဆန္ဒထုတ်ဖော် #စစ်ကိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW