နန်ဆမ်ယန်တွင်မဲဆန္ဒရှင်တချို့ မှတ်ပုံတင်နှင့်အိမ်ထောင်စုဇယားအတွက်အခက်ကြုံ

နန်ဆမ်ယန်တွင်မဲဆန္ဒရှင်တချို့ မှတ်ပုံတင်နှင့်အိမ်ထောင်စုဇယားအတွက်အခက်ကြုံ နန်ဆမ်ယန်-ဩဂုတ်၁-၂၀၂၀ ရန်အောင်ထွန်း (VOM) ကချင်ပြည်နယ်မှာ ပထမဆုံး စစ်ရှောင်ပြည်သူတွေ နေရပ်ပြန်အခြေချ နေထိုင်တဲ့ ဝိုင်းမော်မြို့နယ် ၊ နမ်ဆန်ယန်ကျေးရွာမှာ နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက်မဲဆန္ဒရှင်စာရင်း မဲဆန္ဒရှင် ၅၁၁ ဦး ရှိပြီး အဲ့ဒီအထဲက မဲဆန္ဒရှင် တချို့ မှတ်ပုံတင်နဲ့ အိမ်ထောင်စုဇယား ပျက်စီးပျောက်ဆုံးတာတွေရှိလို့ အခက်ကြုံနေရတယ်လို့ နန်ဆန်ယန်ဒေသခံတွေက ပြောပါတယ်။ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ထုတ်ပြန်ထားတဲ့ စာရင်းလာကြည့်သူတွေထဲမှာ အိမ်ထောင်စု ဇယားပျောက်ဆုံးတာ ၊ ပျက်စီးတာ ၊ မှတ်ပုံတင် မပီပြင်တော့တာ စတဲ့ ပြဿနာရှိသူတချို့ကို တွေ့ရပါတယ်။ ကျေးရွာဥက္ကဋ္ဌ ဦးဘရန်နီကို ဒါနဲ့ပတ်သက်ပြီး ဘယ်လိုဆောင်ရွက်နေသလဲ တိတိကျကျ သိရဖို့ VOM က မေးပေမယ့် ဖြေကြာပေးခြင်းတော့ မရှိပါဘူး။ မဲဆန္ဒရှင်တွေဘက်ကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကိုယ်စာလှယ်တွေ၊…

Read More
VOM News

FREE
VIEW