ကျိုက်ထို၊စက်တင်ဘာ ၁၇-၂၀၁၉
သူရိန်(VOM)
မွန်ပြည်နယ်၊ကျိုက်ထိုမြို၊ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးရဲ့တောင်ခြေ ယာဉ်ရပ်နားကွင်းအတွင်းမှာ ကျူးကျော်အဆောက်ဦးများဆောက်လုပ်နေတယ်လို့သိရပါတယ်။
ဒီကျူးကျော်အဆောက်အဦးတွေ ဆောက်လုပ်နေတာကဆယ်အိမ်မှူး၊ရာအိမ်မှူးတွေအတွက်ရံပုံငွေရရှိအောင်ဆောက်လုပ်နေတာဖြစ်တယ်လို့သိရပါတယ်။
အခု ဆောက်လုပ်နေမှု့ကိုဒေသဆိုင်ရာတာဝန်ရှိသူတွေက တားမြစ်ခဲ့ပေမယ့် ဒီနေရာကကျေးရွာပိုင်မြေဖြစ်ပြီး အခုအချိန်မှာ ဂေါပကပိုင်မြေဖြစ်နေတဲ့အတွက်ကျေးရွာသူကျေးရွာသားတွေရဲ့ရပိုင်ခွင့်တွေဆုံးရှုံးနေရတယ်လို့ ရောင်ခြည်ဦးရပ်ကွက်(၆)လမ်းနေ ဆယ်အိမ်စုမှူး ဦးရခိုင်(ခေါ် )ဦးလှကျော်စိန်ကပြောပါတယ်။
အုပ်ချုပ်ရေးမှူး၊ ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲက ဆောက်လုပ်(ခွင့်ပြုချက်)မရှိပါဘဲ မိမိကိုယ်တိုင်ဆောက်လုပ်နေတာဖြစ်တဲ့အတွက် ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အရေးယူရင်ကြည်ဖြူစွာခံယူမှာပါ။ ဒေသပိုင်တာဝန်ရှိသူတွေအကြိမ်ကြိမ်တားမြစ်ထားပေမယ့်ဆိုင်ခန်းတွေ ဆက်ဆောက်မှာပါလို့ သူကဆက်ပြောပါတယ်။
ဒီကားဝင်းအတွင်းမှာအရင်က ဘုရာဖူးလာရောက်ကြတဲ့ နယ်စုံကမော်တော်ယာဉ်တွေညအိပ်ရပ်နားကြတဲ့မော်တော်ယာဉ်ကွင်းနေရာဖြစ်ပြီး အခုချိန်မှာစက်တင်ဘာ ၁၅ ရက်ည ၁၀ နာရီဝန်းကျင်က ကျူးကျော်တဲတွေဆောက်လုပ်နေတာ ၁၀ လုံးနီးပါးရှိနေပြီးဖြစ်ပါတယ်။
ဂေါပကဥက္ကဌ ဦးကျော်ဝင်းလှိုင်က အထက်ကစီမံခန့်ခွဲ မှုအဖွဲ့ကနေဆောက်နေတာတော့သိတယ်။ တရားစွဲတာ တော့ ညွန်ကြားလာရင်စွဲမယ်။ အခုလောလောဆယ်ဘာမှ အစီအစဉ် မရှိသေးဘူးလို့ပြောပါတယ်။
#voiceofmyanmar #ကျိုက်ထီးရိုး