
မျိုးဆက် (VOM)







Unicode

ဟောင်ကောင်ပြည်သူတွေကို ထောက်ခံတဲ့ဥပဒေကြမ်း အမေရိကန်အောက်လွှတ်တော်အတည်ပြု

ဝါရှင်တန်၊ အောက်တိုဘာ ၁၆-၂၀၁၉
မျိုးဆက် (VOM)

အမေရိကန် လွှတ်တော်အမတ်တွေဟာ ဟောင်ကောင်ရှိ လူ့အခွင့်အရေးအခြေအနေများကို ထောက်ခံဖို့ရည်ရွယ်တဲ့ ဥပဒေကြမ်းတစ်ခုကို အတည်ပြုလိုက်ပြီး ဟောင်ကောင်ဆန္ဒပြသူတွေကို ထောက်ခံလိုက်ပါတယ်။

အထက်လွှတ်တော်က အတည်ပြုဖို့ လိုအပ်နေသေးတဲ့ အဲဒီဥပဒေကြမ်းမှာ ဟောင်ကောင်ရဲ့ အထူးကုန်သွယ်ခွင့်ကို တရုတ်နိုင်ငံကပေးအပ်ထားတာ ဖြစ်ပေမယ့် သိသာထင်ရှားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိမရှိကို သိရှိနိုင်ဖို့ အမေရိကန် ဆီးနိတ်က နှစ်စဉ်ပြန်လည်သုံးသပ်ရမယ်လို့ ပြဌာန်းထားပါတယ်။

ဒါ့အပြင် ဟောင်ကောင်ကို မျက်ရည်ယိုဗုံးတွေ တင်ပို့တာကို ရပ်တန့်ဖို့အတွက်လည်း အောက်လွှတ်တော်က အတည်ြ့ပုခဲ့ပါတယ်။ ဟောင်ကောင်ဆန္ဒပြသူတွေဟာ အမေရိကန်ရဲ့ ဥပဒေကြမ်းကို ထောက်ခံဖို့ အောက်တိုဘာ ၁၄ ရက်က လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ခဲ့ကြပါသေးတယ်။

ဟောင်ကောင်ဆန္ဒပြပွဲတွေ အရှိန်မြင့်လာတဲ့ ဇွန်လမှာ တင်သွင်းခဲ့တဲ့ အဲဒီဥပဒေကြမ်းကို အမေရိကန်အောက်လွှတ်တော်အမတ်တွေက ထောက်ခံအတည်ပြုခဲ့တာဖြစ်ပြီး အမေရိကန်ရဲ့ ဥပဒေအရ ဟောင်ကောင်မှာ အကျိုးထူးခံစားရမယ်လို့ဆိုပါတယ်။

ဟောင်ကောင်ဟာ တရုတ်နိုင်ငံရဲ့အစိတ်အပိုင်းဖြစ်ပေမယ့်လည်း ဥပဒေနဲ့ စီးပွားရေးစနစ်တွေကတော့ ကျယ်ကျယ်ပြန့်ပြန့်ကွဲပြားခြားနားနေတယ်လို့ ၎င်းတို့က ပြောသည်။ အောက်လွှတ်တော်က အတည်ပြုလိုက်တဲ့ ဥပဒေကြမ်းမှာ အကြမ်းမဖက်ဆန္ဒပြမှုကြောင့် ဟောင်ကောင်ပြည်သူတွေ အဖမ်းခံရမယ်ဆိုရင် အမေရိကန်ဗီဇာရရှိဖို့ ခွင့်ပြုရမယ်ဆိုတဲ့ အချက်လည်းပါဝင်နေပါတယ်။

Ref : BBC , Photo : Getty Images
#voiceofmyanmar#ဟောင်ကောင်ပြည်သူတွေကို#ထောက်ခံတဲ့ဥပဒေကြမ်း#အမေရိကန်အောက်လွှတ်တော်အတည်ပြု#

Related posts

Leave a Comment

VOM News

FREE
VIEW