ကြင္းတြင္းလမ္းၾကမ္းဆိုင္ကယ္ၿပိဳင္ပြဲကို မႏၲေလး ၁၁မိုင္ (MX Bike Park) မွာ ပထမဆံုုး က်င္းပမည္

မႏၱေလး ေအာက္တိုုဘာ ၂၀-၂၀၁၉
ရဲရင့္မင္းခန္႕(VOM)

 

ျမန္မာႏိုင္ငံမွာ ပထမဆုံးအျဖစ္ ကြင္းတြင္းလမ္းၾကမ္းဆိုင္ကယ္ၿပိဳင္ပြဲ MYANMAR MOTOCROSS 2019 (MMX 2019)ကို ၇မိုင္ကမ္းေျခ နဲ႕ ဒီးဒုတ္ေရျပာအိုင္သြား လမ္းေဘး 11 Miles (MX Bike Park)မွာ (၂၀၁၉)ခုႏွစ္ ေအာက္တိုဘာ(၂၆)ရက္ မွ (၂၇)ရက္ေန႔ထိ က်င္းပမယ္လိုု႕ ေအာက္တိုဘာ ၂၀ရက္ ဒီကေန႕ မွာ သတင္းစာရွင္းလင္းပြဲလုုပ္ေျပာလိုုက္ပါတယ္။

 

ၿပိဳင္ပြဲမွာ MMX-A (Senior) 231cc ႏွင့္ 231cc အထက္ (Pro)၊ ကြင္း ( ၁၀ ) ပတ္ MMX-A (Junior) 231 cc ႏွင့္ 231cc အထက္ (Pro)၊ ကြင္း(၁၀)ပတ္l MMX-B (Senior) 125cc မွ 230cc အထိ (Master)ကြင္း
( ၇ ) ပတ္ MMX-B (Junior) 125cc မွ 230cc အထိ (Master) ကြင္း ( ၇ ) ပတ္ ႏွင့္ MMX-C 110 cc မွ 125 cc (Beginner) ကြင္း ( ၅ ) ပတ္ စသည့္ ၿပိဳင္ပြဲအမ်ိဳးအစား ၅မ်ိဳး က်င္းပမွာ ျဖစ္ပါတယ္။

 

” ဒီၿပိဳင္ပြဲကေတာ့ လက္ရွိ ရွမ္းျပည္နယ္ကေနလည္း လာၿပိဳင္ဖို႔စာရင္းေပး ထားတာေတြ ရွိသလို ရန္ကုန္ လားရႈိးမိုးကုတ္ နဲ႔ ဗန္ေမာ္ ေဒသေတြကလည္း လာေရာက္ၿပိဳင္ၾကမွာပါ။ ဒီၿပိဳင္ပြဲမွာ ျမန္မာ တစ္ႏိုင္ငံလုံးေမာင္းႏွင္ခြင့္ရွိတဲ့ လိုင္စင္ ရရွိထားသူေတြသာ ပြဲဝင္ရမွာပါ ” လိုု႕ စက္ဘီးစီ အဖြဲ႕က တာဝန္ရွိသူ ကိုုေအာင္နိုုင္ထြန္းက ရွင္းျပပါတယ္။

 

ၿပိဳင္ပြဲဝင္ေဖာင္ေတြကိုု ၇၇လမ္း၊ ၃၂လမ္း ႏွင့္ ၃၃လမ္ၾကားရွိ 501 Fashion၊ 11 Mile MX Bike Park တို႔တြင္ ေဖာင္ရယူႏိုင္မည္ျဖစ္ၿပီး ၿပိဳင္ပြဲဝင္လိုသူမ်ားအေနျဖင့္ ဓာတ္ပုံ တစ္ပုံ၊ မွတ္ပုံတင္မိတၱဴ၊ ၿပိဳင္ပြဲဝင္ေၾကး ( အာမခံ ပါ) ႏွစ္ေသာင္းက်ပ္ ေပးသြင္းရမွာပါ။ လက္ရွိ ၿပိဳင္ပြဲဝင္ရန္ စာရင္းေပးသြင္းထားသူ ၆၀ရွိၿပီး ၿပိဳင္ပြဲေဖာင္ေတြကိုု (၂၀၁၉)ခုႏွစ္ ေအာက္တိုဘာ(၂၅)ရက္ ေနာက္ဆုံးထား ေပးပို႔ရမည္မွာျဖစ္တယ္လိုု႕လည္း တာဝန္ရွိသူေတြက ေျပာပါတယ္။

 

ကြင္းတြင္းလမ္းၾကမ္းဆိုင္ကယ္ၿပိဳင္ပြဲ MYANMAR MOTOCROSS 2019 (MMX 2019) ဆုေၾကးေတြကိုု မၾကာခင္ ထုတ္ျပန္ေပးမယ္လိုု႕လည္း ေျပာသြားပါတယ္။

 

#voiceofmyanmar #ကြင္းတြင္းဆိုုင္ကယ္လမ္းၾကမ္းျပိဳင္ပြဲ #မႏၱေလး #၁၁မိုုင္

Unicode

 

ကွင်းတွင်းလမ်းကြမ်းဆိုင်ကယ်ပြိုင်ပွဲကို မန္တလေး ၁၁မိုင် (MX Bike Park) မှာ ပထမဆုံး ကျင်းပမည်

မန္တလေး အောက်တိုဘာ ၂၀-၂၀၁၉
ရဲရင့်မင်းခန့်(VOM)

 

မြန်မာနိုင်ငံမှာ ပထမဆုံးအဖြစ် ကွင်းတွင်းလမ်းကြမ်းဆိုင်ကယ်ပြိုင်ပွဲ MYANMAR MOTOCROSS 2019 (MMX 2019)ကို ၇မိုင်ကမ်းခြေ နဲ့ ဒီးဒုတ်ရေပြာအိုင်သွား လမ်းဘေး 11 Miles (MX Bike Park)မှာ (၂၀၁၉)ခုနှစ် အောက်တိုဘာ(၂၆)ရက် မှ (၂၇)ရက်နေ့ထိ ကျင်းပမယ်လို့ အောက်တိုဘာ ၂၀ရက် ဒီကနေ့ မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြောလိုက်ပါတယ်။

 

ပြိုင်ပွဲမှာ MMX-A (Senior) 231cc နှင့် 231cc အထက် (Pro)၊ ကွင်း ( ၁၀ ) ပတ် MMX-A (Junior) 231 cc နှင့် 231cc အထက် (Pro)၊ ကွင်း(၁၀)ပတ်l MMX-B (Senior) 125cc မှ 230cc အထိ (Master)ကွင်း
( ၇ ) ပတ် MMX-B (Junior) 125cc မှ 230cc အထိ (Master) ကွင်း ( ၇ ) ပတ် နှင့် MMX-C 110 cc မှ 125 cc (Beginner) ကွင်း ( ၅ ) ပတ် စသည့် ပြိုင်ပွဲအမျိုးအစား ၅မျိုး ကျင်းပမှာ ဖြစ်ပါတယ်။

 

” ဒီပြိုင်ပွဲကတော့ လက်ရှိ ရှမ်းပြည်နယ်ကနေလည်း လာပြိုင်ဖို့စာရင်းပေး
ထားတာတွေ ရှိသလို ရန်ကုန် လားရှိုးမိုးကုတ် နဲ့ ဗန်မော် ဒေသတွေကလည်း လာရောက်ပြိုင်ကြမှာပါ။ ဒီပြိုင်ပွဲမှာ မြန်မာ တစ်နိုင်ငံလုံးမောင်းနှင်ခွင့်ရှိတဲ့ လိုင်စင် ရရှိထားသူမ ားသာပြိုင်
ပွဲဝင်ရ မှာပါ ” လို့ စက်ဘီးစီ အဖွဲ့က တာဝန်ရှိသူ ကိုအောင်နိုင်ထွန်းက ရှင်းပြပါတယ်။

 

ပြိုင်ပွဲဝင်ဖောင်တွေကို ၇၇လမ်း၊ ၃၂လမ်း နှင့် ၃၃လမ်ကြားရှိ 501 Fashion၊ 11 Mile MX Bike Park တို့တွင် ဖောင်ရယူနိုင်မည်ဖြစ်ပြီး ပြိုင်ပွဲဝင်လိုသူများအနေဖြင့် ဓာတ်ပုံ တစ်ပုံ၊ မှတ်ပုံတင်မိတ္တူ၊ ပြိုင်ပွဲဝင်ကြေး ( အာမခံ ပါ) နှစ်သောင်းကျပ် ပေးသွင်းရမှာပါ။ လက်ရှိ ပြိုင်ပွဲဝင်ရန် စာရင်းပေးသွင်းထားသူ ၆၀ရှိပြီး ပြိုင်ပွဲဖောင်တွေကို (၂၀၁၉)ခုနှစ် အောက်တိုဘာ(၂၅)ရက် နောက်ဆုံးထား ပေးပို့ရမည်မှာဖြစ်တယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

 

ကွင်းတွင်းလမ်းကြမ်းဆိုင်ကယ်ပြိုင်ပွဲ MYANMAR MOTOCROSS 2019 (MMX 2019) ဆုကြေးတွေကို မကြာခင် ထုတ်ပြန်ပေးမယ်လို့လည်း ပြောသွားပါတယ်။

#voiceofmyanmar #ကွင်းတွင်းဆိုင်ကယ်လမ်းကြမ်းပြိုင်ပွဲ #မန္တလေး #၁၁မိုင်

Related posts

Leave a Comment

VOM News

FREE
VIEW