စစ်ဘေးရှောင်တောင်သူတွေရဲ့ စိုက်ပျိုးမြေတွေ ပြန်ဖော်ထုတ်ပေးဖို့တောင်းဆို

မန်စီ၊ ဒီဇင်ဘာ ၁၈-၂၀၁၉
ရန်အောင်ထွန်း(VOM)

ကချင်ပြည်နယ်၊ မန်စီမြို့နယ်၊ မုန်းတိန်းပါကျေးရွာက ပြန်လည်အခြေချနေထိုင်နေတဲ့ စစ်ဘေးရှောင်တွေရဲ့ လယ်ယာမြေ ၃၆၃ ဧကကျော်ကို နိုင်ငံတော်အစိုးရအကူအညီနဲ့ ပြန်လည်ဖော်ထုတ်ပေးဖို့ ဒီဇင်ဘာ ၁၇ ရက်ကကျင်းပတဲ့ ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့မှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းကတောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

“ပြန်နေတာ ၂ လလောက်ပဲ ရှိသေးလို့ အခက်အခဲများစွာရှိတဲ့အထဲက အရေးအကြီးဆုံး ဖြစ်တဲ့ လုပ်ကိုင်စားစရာမြေအတွက်တောင်းဆိုပေးတာဖြစ်တယ်”လို့ မံစီမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းက ပြောပါတယ်။

အဲ့ဒီ မုန်းတိန်းပါကျေးရွာမှာ အရင်က အိမ်ခြေ တစ်ရာကျော်ရှိခဲ့ပြီး တစ်ကျော့ပြန်စစ်ပွဲကြောင့် ရှစ်နှစ်လောက် စစ်ရှောင်စခန်းတွေမှာ နေခဲ့ပြီးမှ မြို့နယ်ထွေအုပ် ၊ လွှတ်တော်ကိုယ်စားလှယ်၊ တာဝန်ရှိသူတွေရဲ့ ကူညီမှုနဲ့ အိမ်ထောင်စု ၆၀ လောက် ပြန်လည်အခြေချနေထိုင်နေထိုင်တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #မန်စီ #စစ်ရှောင် #စိုက်ပျိုးမြေ

Zawgyi

စစ္ေဘးေရွာင္ေတာင္သူေတြရဲ႕ စိုက္ပ်ိဳးေျမေတြ ျပန္ေဖာ္ထုတ္ေပးဖို႔ေတာင္းဆို

မန္စီ၊ ဒီဇင္ဘာ ၁၈-၂၀၁၉
ရန္ေအာင္ထြန္း(VOM)

ကခ်င္ျပည္နယ္၊ မန္စီၿမိဳ႕နယ္၊ မုန္းတိန္းပါေက်း႐ြာက ျပန္လည္အေျခခ်ေနထိုင္ေနတဲ့ စစ္ေဘးေရွာင္ေတြရဲ႕ လယ္ယာေျမ ၃၆၃ ဧကေက်ာ္ကို ႏိုင္ငံေတာ္အစိုးရအကူအညီနဲ႔ ျပန္လည္ေဖာ္ထုတ္ေပးဖို႔ ဒီဇင္ဘာ ၁၇ ရက္ကက်င္းပတဲ့ ဒုတိယအႀကိမ္ ကခ်င္ျပည္နယ္လႊတ္ေတာ္ (၁၇)ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး ဒုတိယေန႔မွာ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးမင္းမင္းကေတာင္းဆိုခဲ့တာ ျဖစ္ပါတယ္။

“ျပန္ေနတာ ၂ လေလာက္ပဲ ရွိေသးလို႔ အခက္အခဲမ်ားစြာရွိတဲ့အထဲက အေရးအႀကီးဆုံး ျဖစ္တဲ့ လုပ္ကိုင္စားစရာေျမအတြက္ေတာင္းဆိုေပးတာျဖစ္တယ္”လို႔ မံစီၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ (၁) ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးမင္းမင္းက ေျပာပါတယ္။

အဲ့ဒီ မုန္းတိန္းပါေက်း႐ြာမွာ အရင္က အိမ္ေျခ တစ္ရာေက်ာ္ရွိခဲ့ၿပီး တစ္ေက်ာ့ျပန္စစ္ပြဲေၾကာင့္ ရွစ္ႏွစ္ေလာက္ စစ္ေရွာင္စခန္းေတြမွာ ေနခဲ့ၿပီးမွ ၿမိဳ႕နယ္ေထြအုပ္ ၊ လႊတ္ေတာ္ကိုယ္စားလွယ္၊ တာ၀န္ရွိသူေတြရဲ႕ ကူညီမႈနဲ႔ အိမ္ေထာင္စု ၆၀ ေလာက္ ျပန္လည္အေျခခ်ေနထိုင္ေနထိုင္တယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #မန္စီ #စစ္ေရွာင္ #စိုက္ပ်ိဳးေျမ

Related posts

Leave a Comment

VOM News

FREE
VIEW