ဂျပန်နိုင်ငံက နိုင်ငံခြားသား အလုပ်သမားတွေ ပိုမိုလက်ခံတော့မည်

တိုကျို၊ ဒီဇင်ဘာ-၈၊ ၂၀၁၈

မျိုးဆက် (VOM)

 

ဂျပန်နိုင်ငံမှာ အလုပ်သမားရှားပါးမှုပြဿနာကို လျှော့ချဖို့ အတွက် နိုင်ငံခြားသားအလုပ်သမား သိန်းပေါင်းများစွာကို လာရောက်အလုပ်လုပ်ခွင့်ပြုတော့မယ့် ဥပဒေသစ်တစ်ရပ်ကို ဂျပန်လွှတ်တော်က ဒီဇင်ဘာ ၇ ရက်က အတည်ပြုလိုက်ပါတယ်။

 

အသစ်ပြဌာန်းလိုက်တဲ့ ဥပဒေအရ ၂၀၁၉ ခုနှစ် ဧပြီလကစပြီး ဆောက်လုပ်ရေး၊ စိုက်ပျိုးရေးနဲ့ သူနာပြုကဲ့သို့သော အလုပ်တွေလုပ်ဖို့ နိုင်ငံခြားသား အလုပ်သမားတွေကို ခွင့်ပြုတော့မှာဖြစ်ပါတယ်။

 

ဂျပန်နိုင်ငံဟာ လူဝင်မှုကြီးကြပ်ရေးနဲ့ပတ်သက်ပြီး အစဉ်အလာအရ သတိထားပြီး တင်းကြပ်နေခဲ့ပေမယ့် နိုင်ငံအတွင်း သက်ကြီးရွယ်အို များပြားလာတာကြောင့် နိုင်ငံခြားသားအလုပ်သမားတွေ ပိုမိုလိုအပ်နေတယ်လို့ ဂျပန်အစိုးရကပြောပါတယ်။

 

စနစ်သစ်အရ အလုပ်သမားရှားပါးတဲ့ လုပ်ငန်းကဏ္ဍတွေမှာ လုပ်ကိုင်ဖို့ နိုင်ငံခြားသားအလုပ်သမား သုံးသိန်းကျော်ကို လာရောက်လုပ်ကိုင်ခွင့်ပြုသွားမှာဖြစ်ပြီး ဗီဇာအမျိုးအစား နှစ်မျိုးသတ်မှတ်ထားပါတယ်။

ပထမဗီဇာမှာ ကျွမ်းကျင်မှုအဆင့် သတ်မှတ်ချက်တစ်ခုရှိပြီး ဂျပန်ဘာသာစကား တတ်ကျွမ်းပါက နိုင်ငံအတွင်း ငါးနှစ်နေထိုင်လုပ်ကိုင်ဖို့ ခွင့်ပြုသွားမှာဖြစ်ပါတယ်။  လုပ်ငန်းကျွမ်းကျင်မှု အဆင့်မြင့်မားသူတွေကတော့ ဒုတိယဗီဇာရရှိမှာဖြစ်ပြီး ဂျပန်နိုင်ငံမှာ နေထိုင်ခွင့်လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

 

Ref : BBC

Photo : Nikkei Asian Review

Related posts

Leave a Comment

VOM News

FREE
VIEW