အကြမ်းဖက်ဖြိုခွင်းမှုဖြစ်ခဲ့တဲ့ မန္တလေးမြို့ စီးပွားရေးဘဏ်ခွဲ့(၁)ရှေ့မှာ လုံခြုံရေးတင်းကြပ်

ဖေဖော်ဝါရီ ၁၆ -၂၀၂၁
VOICE OF MYANMAR

မန္တလေးမြို့ ၈၂ လမ်းနဲ့ ၂၆ လမ်းထောင့်က မြန်မာ့စီးပွားရေးဘဏ်ခွဲ(၁)ရှေ့မှာ ဒီကနေ့မနက်ပိုင်း လုံခြုံရေးတင်ကြပ်ထားတာကို တွေ့ရပါတယ်။

မနေ့ ဖေဖော်ဝါရီ ၁၅ရက်နေ့ ညနေပိုင်းက အဲ့ဒီ ဘဏ်ရှေ့မှာဆန္ဒပြတဲ့သူတွေကို တပ်မတော်နဲ့ ရဲယူနီဖောင်းဝတ်ဆင်ထားတဲ့သူတွေက အကြမ်းဖက်ဖြိုခွင်းမှုဖြစ်ခဲ့ပါတယ်။

အဲ့ဒီဆန္ဒပြမှုကို လေသေနတ်တွေအပြင် လေးခွ၊ ရာဘာတုတ် စတဲ့ လက်နက်ပစ္စည်းတွေကို အသုံးပြုပြီး ဆန္ဒထုတ်ဖော်တဲ့သူတွေကို ဖြိုခွင်းခဲ့ပါတယ်။

ဆန္ဒပြတဲ့သူတွေထဲမှာ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းတွေ အပါအဝင် အမျိုးသား၊ အမျိုးသမီး ၁၅ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

အဲ့ဒီဖမ်းဆီးခံရတဲ့သူတွေကိုတော့ အမှတ် (၈) နယ်မြေရဲစခန်းက ဖမ်းဆီးသွားတာဖြစ်တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #မန္တလေး #ဆန္ဒထုတ်ဖော် #ဒဏ်ရာရ #တပ်မတော် #ပစ်ခတ်ခံရ

Related posts

✕
VOM News

FREE
VIEW