တောင်တွင်းကြီးမှာ စစ်တပ်ရဲ့ ပစ်ခတ်မူကြောင့် အသက် ၁၆ နှစ် လူငယ်တစ်ဦးသေဆုံး

မတ် ၃ -၂၀၂၁
BP(VOM)

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့ ဆတ်သွားနဲ့တောစိမ်းကျေးရွာအကြားမှာရှိနေတဲ့ ဓာတ်ဆီဆိုင်နားက လူငယ်တွေကို မနေ့ မတ်လ ၂ရက်နေ့ ညနေပိုင်းမှာ စစ်တပ်က ပစ်ခတ်မူကြောင့် အသက် ၁၆ နှစ်လူငယ်တစ်ဦးသေဆုံးခဲ့တယ်လို့ တောင်တွင်းကြီးမြို့ခံတဦးဆီကနေ သိရပါတယ်။

တောင်တွင်းကြီးမြို့ခံ ကိုနောင်က “ဆတ်သွားနဲ့ တောစိမ်းကျေးရွာအကြားမှာရှိနေတဲ့ ဓါတ်ဆီဆိုင်အနီးက လူငယ် ၅ ဦး ထိုင်နေတဲ့ နေရာကို သေနတ်နဲ့ပစ်ခတ်သွားတဲ့အတွက် တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွား၊ အမှတ် ၅ ရပ်ကွက်မှာ နေထိုင်တဲ့ ဦးစိုးဝင်း+မသင်းသင်းခိုင် တို့ရဲ့သား ကိုသီဟဇော် (ခ) နောင်နောင် (၁၆) နှစ် ကျည်ဆံထိမှန်သည့်ဒဏ်ရာနဲ့ ညနေ ၅ နာရီ ခွဲမှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်” လို့ VOM ကိုပြောပါတယ်။

လက်ရှိမှာတော့ သေဆုံးသူလူငယ်ရဲ့ ရုပ်အလောင်းကို မကွေးဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ခုလို ပစ်ခတ်မှုမဖြစ်ခင်မှာပဲ တောစိမ်းကျေးရွာအနီးမှာ စစ်အာဏာရှင်အလိုမရှိလို့ ကြွေးကြော်ခဲ့တဲ့ ကျွဲကျောင်းသားလူငယ်နှစ်ဦးကို ဖြတ်သွားတဲ့ စစ်ကားပေါ်က စစ်သားတွေက ထိုးကြိတ်ရိုက်နှက်ခဲ့ပါသေးတယ်။

ဖေဖော်ဝါရီ ၁ရက်နေ့မှာ န.စ.အ ကောင်စီက အာဏာရယူပြီးနောက် ရန်ကုန်က ဆန္ဒပြပွဲတွေအတွင်း ရဲနဲ့ စစ်တပ်ရဲ့ ဖြိုခွင်းမှုကြောင့် သေဆုံးသူ ၅ဦးထိရှိနေပြီး တနိုင်ငံလုံးမှာတော့ ၂၀ဦးကျော်အထိ သေဆုံးခဲ့ပြီဖြစ်ပါတယ်။

#VoiceOfMyanmar #VOM #တောင်တွင်းကြီး #သေဆုံး #၁၆နှစ်လူငယ်

Related posts

Leave a Comment

VOM News

FREE
VIEW