ပြည်မြို့က ဆန္ဒပြသူတွေ ဖြိုခွဲခံရမှုမှာ ရိုက်နှက်ဖမ်းဆီးခံရသူ ၄ ဦးရှိပြီး ဘယ်မှာဖမ်းထားသလဲမသိရသေး

မတ် ၃ -၂၀၂၁ VOM ပြည်မြို့ ဆန္ဒပြပွဲ ရဲနဲ့စစ်တပ် အကြမ်းဖက်ဖြိုခွဲခံရမှုမှာ သတင်းထောက်တစ်ဦးအပါအဝင် ဖမ်းဆီးခံလိုက်ရသူ ၄ ဦးရှိခဲ့ပြီး ဘယ်နေရာမှာဖမ်းဆီးထားသလဲဆိုတာ ခုထိမသိရသေးဘူးလို့ဆန္ဒပြပွဲပါဝင်သူတွေဆီကနေ သိရပါတယ်။ ဖမ်းဆီးခံလိုက်ရသူတွေထဲမှာ အသက် ၁၄ နှစ်အရွယ် ကလေးတစ်ဦးပါဝင်ကြောင်း၊ ဖမ်းဆီးခံ ရသူလေးဦးကတော့ DVB သတင်းထောက် ကိုမင်းညို၊ကိုအောင်သူရ၊ကိုထွန်းထွန်း ဝင်း (ခ) တိပွား ၊မောင်အောင်လင်းထက်(အသက် ၁၄ နှစ်)တို့ဖြစ်တယ်လို့သိရပါတယ်။ “ရဲစခန်းတွေမှာ စုံစမ်းကြည့်တော့ မရှိဘူးလို့သိရတယ်။ ရှေ့နေတွေကလည်းကူညီပေးနေပါတယ်”လို့ ဖမ်းဆီးခံထားရတဲ့ DVB သတင်းထောက်နဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။ ဆန္ဒပြပွဲမှာဖမ်းဆီးခဲ့သူတွေကို ရဲနဲ့စစ်တပ်က ရိုက်နှက်ပြီး ဖမ်းဆီးသွားတာဖြစ်လို့ ထိခိုက်ဒဏ်ရာရရှိမှုတွေရှိတာတွေ့ရတယ်လို့ မျက်မြင်တွေ့ရှိသူတွေကပြောပြပါတယ်။ ပြည်မြို့ရဲ့ ဒီကနေ့ ဆန္ဒပြပွဲ ဖြိုခွင်းခံရမှုမှာ ရဲနဲ့စစ်တပ်ဘက်က လူစုခွဲဖို့အသိပေးတာမရှိဘဲ ဝင်ရောက်ပစ်ခတ် ဖြိုခွဲကာ၊ လိုက်လံရိုက်နှက်ခဲ့သလို၊ ရပ်ကွက်ထဲအထိ လိုက်လံရှာဖွေပစ်ခတ်မှုတွေရှိခဲ့တယ်လို့မျက်မြင်တွေ့ရှိသူတွေပြောပြချက်အရ သိရပါတယ် ။ #voiceofmyanmar #VOM…

Read More

ဖေဖော်ဝါရီ ၈ရက်ကနေ မတ်လ ၃ရက်နေ့အထိ ဆန္ဒပြပွဲတွေအတွင်း ရဲနဲ့စစ်တပ်ရဲ့ ဖြိုခွဲမှုကြောင့် သေဆုံးသူတွေစာရင်းကို VOM က စုဆောင်းထားတာ ၃၇ဦး ရှိပြီဖြစ်ပါတယ်။

အခုစာရင်းဟာ VOM က အတည်ပြုလို့ ရသလောက်သာ ဖြစ်ပြီး ဆန္ဒပြပွဲတွေအတွင်း သေဆုံးသူအရေအတွက်ဟာ အခုထက် ပိုမိုများပြားဖွယ်ရှိပါတယ်။ ဆန္ဒပြပွဲအတွင်း ရဲနဲ့စစ်တပ်ရဲ့ဖြိုခွဲမှုကြောင့် သေဆုံးသူတွေကို ထပ်မံသိရှိရင် နာမည်၊ လိပ်စာ၊ အသက်၊ ဘယ်ဖြစ်စဉ်မှာ သေဆုံးတယ်ဆိုတဲ့ အချက်အလက်တွေနဲ့တကွ VOM ကို ပေးပို့နိုင်ပါတယ်။ #VoiceOfMyanmar #VOM #ဆန္ဒပြပွဲ #သေဆုံးစာရင်း

Read More

အင်းစိန်မှာ ဆန္ဒပြသူတွေကို ဒုတိယအကြိမ်ဖြိုခွင်းပြီး ဆယ်ဦးဖမ်းဆီးခံရ

ရန်ကုန်၊ မတ် ၃-၂၀၂၁ အေးချမ်းသူ(VOM) အင်းစိန်ပေါက်တောဝလမ်းဆုံမှာ ထိုင်သပိတ်ပြုလုပ်ဆန္ဒပြနေသူတွေကို ဒီနေ့ မတ်လ ၃ရက်နေ့ နေ့လယ် ၁နာရီကျော်က ရဲတပ်ဖွဲ့က ဖြိုခွင်းပြီး ဆန္ဒပြသူဆယ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆန္ဒပြရာမှာ ပါဝင်သူတစ်ဦးဆီကနေ သိရပါတယ်။ ဒီနေ့ မနက်ပိုင်းက အင်းစိန်ဈေးရှေ့ ထိုင်သပိတ်ပြုလုပ်ဆန္ဒပြနေသူတွေကို လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေက ဖြိုခွင်းခဲ့တာကြောင့် ပေါက်တောဝလမ်းဆုံမှာ ဒုတိယအကြိမ်ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။ ဆန္ဒပြရာမှာ ပါဝင်သူတစ်ဦးက “အင်းစိန်ဈေးရှေ့ကနေ အထိုင်သပိတ်ကို မနက်ကဖြိုတယ်။ လူထုက ပေါက်တောဝမီးပွိုင့်နားမှာ ခံစစ်လုပ်ပြီး ဆန္ဒဆက်ပြတယ်။ အဲ့ဒီခံစစ်ကိုထပ်ပြီး ပစ်ခတ်ပြီး ထွက်သွားတာ လူဆယ်ဦးလည်း ဖမ်းသွားတယ်”လို့ VOM ကို ပြောပါတယ်။ လက်ရှိအခြေအနေမှာ ဖမ်းဆီးခံရသူဆယ်ဦးရှိပြီး ရာဘာကျည်ထိမှန်သူတစ်ဦးရှိတယ်လို့ ပေါက်တောဝရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ပြောပြပါတယ်။ “သုံးနာရီမထိုးခင်လောက်ထပ်ပစ်တယ်။ ခံစစ်စည်းပွင့်သွားတော့ ပစ်ပြီးလို့ လူရှဲသွားတာနဲ့ ရွာမ၊ ပြည်တော်သာ ဘက်တက်သွားတယ်” လို့ ပြောပါတယ်။ ဖေဖော်ဝါရီ…

Read More

မြင်းခြံဆန္ဒပြပွဲ လူ ၁ဦးသေ ၁၈ဒဏ်ရာရ

မြင်းခြံ-မတ် ၃-၂၀၂၁ MPG မြင်းခြံမြို့မှာ စနိုက်ပါသမားကပစ်ခတ်လို့ ဆန္ဒပြပွဲမှာပါတဲ့ အမှတ် ၁၉ ရပ် ဆွမ်းလွန်းရပ်က မောင်လွင်ကိုကိုဇော် (၂၂)နှစ်ဟာ နေရာမှာတင်သေဆုံးခဲ့ပါတယ်။ ဒီနေ့ဖြစ်စဉ်မှာ မြဝတီဘဏ်ပေါ်ကနေ စနိုက်ပါသမားကပစ်ခတ်ခဲ့တာလို့သိရပြီး ဒဏ်ရာရသူ ၁၆ ရောက် ဆေးကုသမှုခံယူနေရတယ်လို့သိရပါတယ်။ #VoiceOfMyanmar #VOM #မြင်းခြံဆန္ဒပြပွဲ #သေဆုံး

Read More

စလင်းမြို့မှာ ရဲနဲ့စစ်တပ်က ပစ်ခတ်လို့ ၁ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရ

မတ် ၃-၂၀၂၁ Voice Of Myanmar မကွေးတိုင်း စလင်းမြို့မှာ ဒီနေ့ မတ်လ ၃ရက်နေ့ မနက်ပိုင်း ဆန္ဒပြပွဲအတွင်း ဖမ်းခံရသူတွေပြန်လွတ်ဖို့ စလင်းမြို့မရဲစခန်းရှေ့မှာ တောင်းဆိုနေကြသူတွေကို ရဲနဲ့စစ်တပ်က ပစ်ခတ်ခဲ့တဲ့အတွက် ၁ဦး သေဆုံးပြီး အနည်းဆုံး ၈ဦးလောက် ဒဏ်ရာရခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဒဏ်ရာရတဲ့ထဲကတယောက်ကတော့ စိုးရိမ်ရပြီး အသက်လုနေရတဲ့ အနေအထားဖြစ်တယ်လို့ သိရပါတယ်။ #VoiceOfMyanmar #VOM ##စလင်းမြို့ #ဆန္ဒပြ #သေဆုံး

Read More

လှိုင်မြို့နယ်မှာ ရဲနဲ့စစ်တပ်က ဆန္ဒပြသူတွေကိုဖြိုခွင်းမှု ဒဏ်ရာရသူတွေရှိ္

မတ် ၃-၂၀၂၁ Voice Of Myanmar ဒီနေ့ မတ်လ ၃ရက်နေ့ နေ့လယ်ပိုင်းက လှိုင်မြို့နယ်၊ လှိုင်ဘူတာရုံလမ်းမှာ ရဲနဲ့ စစ်တပ်က ရာဘာကျည်တွေ၊ မျက်ရည်ယိုဗုံးတွေနဲ့ ရပ်ကွက်အတွင်း ဝင်ရောက်ဖြိုခွဲခဲ့ပါတယ်။ အဲ့ဒီဖြိုခွဲမှုကြောင့် ရာဘာကျည်ထိမှန်ပြီး ဒဏ်ရာရသူ ၂ဦးနဲ့ ဖမ်းခံရသူ ၂ဦး ရှိတယ်လို့ သိရပါတယ်။ #VoiceOfMyanmar #VOM #လှိုင်ဘူတာရုံလမ်း #ဖြိုခွင်း

Read More

မုံရွာမှာ သေနတ်ကျည်ထိမှန်လို့ လူ ၅ ဦးသေဆုံးပြီး ၂ ဒါဇင်ကျော် ဒဏ်ရာရ

မုံရွာ- မတ် ၃ ၊ ၂၀၂၁ Voice Of Myanmar စစ်ကိုင်းတိုင်း မုံရွာမြို့ ထန်းတောရက်ကွက်နဲ့ ရန်ကင်းရပ်ကွက်အကြား ပြည်ထောင်စုလမ်းနဲ့ ဘုရားနီလမ်းဆုံ နေရာမှာ ဒီမနက် ၁၁ နာရီဝန်းကျင်က မုံရွာ ဆန္ဒပြ ပင်မ သပိတ် စစ်ကြောင်းနဲ့ လုံခြုံရေးတပ်ဖွဲ့တို့ ထိပ်တိုက်ဆုံးမိရာက ပစ်ခတ်ဖြိုခွင်းခဲ့လို့ ဆန္ဒပြသူ လူ ၅ ယောက် သေဆုံးသွားခဲ့ပါတယ်။ အဲ့ဒီ သေဆုံးသူ လူ ၅ ယောက်ဟာ ဆရာမဒေါ်မြင့်မြင့်ဇင် (၃၆နှစ်)၊အောင်ချမ်းသာရပ်၊ မုံရွာ၊ ကိုမိုးအောင် (၂၃နှစ်) ကျူရှင်ဆရာ၊မြဝတီရပ်၊နယ်မြေ(၂)၊မကျော့နန္ဒာအောင် (၂၅နှစ်) ကရုဏာလမ်း၊မြဝတီရပ်၊ မောင်မင်းခန့်ကျော်(ခ)ဖိုးသဲ (၁၇နှစ်)နန္ဒဝန်ရပ်နဲ့အသက်၄၅နှစ်အရွယ် အမည်မသိအမျိုးသား ၁ ယောက်ဖြစ်တယ်လို့ နာရေးကိစ္စကူညီဆောင်ရွက်ပေးနေတဲ့ စေတနာ့ဝန်ထမ်း တစ်ဦးက VOM ကို အတည်ပြုပြောပါတယ်။ ဒါ့အပြင် ဒဏ်ရာရသူ ၂ ဒါဇင်ကျော်ဟာလည်း နီးစပ်ရာ…

Read More

မြစ်ကြီးနား လူငယ်သပိတ်ကို ရဲအင်အားအလုံးအရင်းနဲ့ ဖြိုခွင်းခဲ့

မတ် ၃-၂၀၂၁ Voice Of Myanmar မြစ်ကြီးနားလူငယ်သပိတ်ကို ဒီနေ့ မတ်လ ၃ ရက်နေ့ မနက်က ယုဇနရပ်ကွက် စည်ပင်လမ်းအနီးမှာ စစ်ကား ၁၀ စီးနဲ့ ရဲအင်အားအလုံးအရင်းသုံးပြီး ဖြိုခွင်းခဲ့ပါတယ်။ ရဲဝန်ထမ်းတွေဖက်ကလည်း သတင်းထောက်တွေကို လောက်လေးခွနဲ့ ပစ်ခတ်ပြီး သတင်းရယူနိုင်ခြင်းမရှိအောင် ပြုလုပ်ခဲ့ပါတယ်။ #VoiceOfMyanmar #VOM #မြစ်ကြီးနားလူငယ်သပိတ် #ဖြိုခွင်း

Read More

မန္တလေးက ထိုင်သပိတ် ဒုတိယအကြိမ် ဖြိုခွဲခံရမှုမှာ ဆန္ဒပြသူ ၂ဦးသေဆုံး

မတ် ၃-၂၀၂၁ Voice Of Myanmar မန္တလေးမြို့ လမ်း၃၀နဲ့ ၈၄လမ်းက ထိုင်သပိတ်ကို ဒီနေ့ မတ်လ ၃ရက်နေ့ နေ့လယ်ပိုင်းမှာ ရဲနဲ့စစ်တပ်က ဒုတိယအကြိမ်ဖြိုခွဲရာမှာ ဦးခေါင်ကျည်မှန်ဒဏ်ရာနဲ့ အသက်၂၀၀န်းကျင် အမျိုးသမီးတဦး၊ ရင်ညွန့်ကျည်မှန်ဒဏ်ရာနဲ့ အသက်၃၇နှစ်အရွယ် အမျိုးသားတဦး သေဆုံးခဲ့တယ်လို့ မဟာလူမှုကူညီရေးအသင်းကနေ သိရပါတယ်။ ဓါတ်ပုံ – မဟာလူမှုကူညီရေးအသင်း #VoiceOfMyanmar #VOM #မန္တလေးမြို့ #ထိုင်သပိတ် #နှစ်ဦးသေ

Read More

မကွေးဖြိုခွင်းမှုမှာ RED News Agency က သတင်းထောက်ထိခိုက်ပြီး ၁၂ ဦးဖမ်းခံရ

မကွေး မတ်၃_ ၂၀၂၀ JC (VOM) မကွေးမြို့မြင်သာရပ် မဲထီးလမ်းမှာ ဒီကနေ့မနက်ပိုင်းက ဆန္ဒပြနေတဲ့ လူအုပ်ကိုပစ်ခတ်ဖြိုခွဲလို့ Red News Agency သတင်းဌာနက သတင်းထောက်တဦးအစထိမှန်ပြီး ၁၂ဦးအဖမ်းခံရတယ်လို့ မျက်မြင်တွေကပြောပါတယ်။ “အသံဗုံးအစ လက်၂ဘက်လုံးကိုစင်တာ သိပ်မများပေမယ့် အလုပ်တွေပျက်ရပြီပေါ့”လို့ထိမှန် ခံရသူ သတင်းထောက် ကိုဒီလှိုင်းကပြောပါတယ်။ မကွေးမြို့မှာ ဖမ်းဆီးဖြိုခွင်းမှုတွေကြားက နေ့စဉ်စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ဖြစ်နေတာပါ။ #voiceofmyanmar #VOM #မကွေး

Read More
VOM News

FREE
VIEW