စလင်းမြို့မှာ ရဲနဲ့စစ်တပ်က ပစ်ခတ်လို့ ၁ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရ

မတ် ၃-၂၀၂၁
Voice Of Myanmar

မကွေးတိုင်း စလင်းမြို့မှာ ဒီနေ့ မတ်လ ၃ရက်နေ့ မနက်ပိုင်း ဆန္ဒပြပွဲအတွင်း ဖမ်းခံရသူတွေပြန်လွတ်ဖို့ စလင်းမြို့မရဲစခန်းရှေ့မှာ တောင်းဆိုနေကြသူတွေကို ရဲနဲ့စစ်တပ်က ပစ်ခတ်ခဲ့တဲ့အတွက် ၁ဦး သေဆုံးပြီး အနည်းဆုံး ၈ဦးလောက် ဒဏ်ရာရခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဒဏ်ရာရတဲ့ထဲကတယောက်ကတော့ စိုးရိမ်ရပြီး အသက်လုနေရတဲ့ အနေအထားဖြစ်တယ်လို့ သိရပါတယ်။

#VoiceOfMyanmar #VOM ##စလင်းမြို့ #ဆန္ဒပြ #သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW