ပြည်မြို့က ဆန္ဒပြသူတွေ ဖြိုခွဲခံရမှုမှာ ရိုက်နှက်ဖမ်းဆီးခံရသူ ၄ ဦးရှိပြီး ဘယ်မှာဖမ်းထားသလဲမသိရသေး

မတ် ၃ -၂၀၂၁
VOM

ပြည်မြို့ ဆန္ဒပြပွဲ ရဲနဲ့စစ်တပ် အကြမ်းဖက်ဖြိုခွဲခံရမှုမှာ သတင်းထောက်တစ်ဦးအပါအဝင် ဖမ်းဆီးခံလိုက်ရသူ ၄ ဦးရှိခဲ့ပြီး ဘယ်နေရာမှာဖမ်းဆီးထားသလဲဆိုတာ ခုထိမသိရသေးဘူးလို့ဆန္ဒပြပွဲပါဝင်သူတွေဆီကနေ သိရပါတယ်။

ဖမ်းဆီးခံလိုက်ရသူတွေထဲမှာ အသက် ၁၄ နှစ်အရွယ် ကလေးတစ်ဦးပါဝင်ကြောင်း၊ ဖမ်းဆီးခံ ရသူလေးဦးကတော့ DVB သတင်းထောက် ကိုမင်းညို၊ကိုအောင်သူရ၊ကိုထွန်းထွန်း ဝင်း (ခ) တိပွား ၊မောင်အောင်လင်းထက်(အသက် ၁၄ နှစ်)တို့ဖြစ်တယ်လို့သိရပါတယ်။

“ရဲစခန်းတွေမှာ စုံစမ်းကြည့်တော့ မရှိဘူးလို့သိရတယ်။ ရှေ့နေတွေကလည်းကူညီပေးနေပါတယ်”လို့ ဖမ်းဆီးခံထားရတဲ့ DVB သတင်းထောက်နဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

ဆန္ဒပြပွဲမှာဖမ်းဆီးခဲ့သူတွေကို ရဲနဲ့စစ်တပ်က ရိုက်နှက်ပြီး ဖမ်းဆီးသွားတာဖြစ်လို့ ထိခိုက်ဒဏ်ရာရရှိမှုတွေရှိတာတွေ့ရတယ်လို့ မျက်မြင်တွေ့ရှိသူတွေကပြောပြပါတယ်။

ပြည်မြို့ရဲ့ ဒီကနေ့ ဆန္ဒပြပွဲ ဖြိုခွင်းခံရမှုမှာ ရဲနဲ့စစ်တပ်ဘက်က လူစုခွဲဖို့အသိပေးတာမရှိဘဲ ဝင်ရောက်ပစ်ခတ် ဖြိုခွဲကာ၊ လိုက်လံရိုက်နှက်ခဲ့သလို၊ ရပ်ကွက်ထဲအထိ လိုက်လံရှာဖွေပစ်ခတ်မှုတွေရှိခဲ့တယ်လို့မျက်မြင်တွေ့ရှိသူတွေပြောပြချက်အရ သိရပါတယ် ။

#voiceofmyanmar #VOM #ပြည်

Related posts

Leave a Comment

VOM News

FREE
VIEW