မုံရွာမှာ သေနတ်ကျည်ထိမှန်လို့ လူ ၅ ဦးသေဆုံးပြီး ၂ ဒါဇင်ကျော် ဒဏ်ရာရ

မုံရွာ- မတ် ၃ ၊ ၂၀၂၁
Voice Of Myanmar

စစ်ကိုင်းတိုင်း မုံရွာမြို့ ထန်းတောရက်ကွက်နဲ့ ရန်ကင်းရပ်ကွက်အကြား ပြည်ထောင်စုလမ်းနဲ့ ဘုရားနီလမ်းဆုံ နေရာမှာ ဒီမနက် ၁၁ နာရီဝန်းကျင်က မုံရွာ ဆန္ဒပြ ပင်မ သပိတ် စစ်ကြောင်းနဲ့ လုံခြုံရေးတပ်ဖွဲ့တို့ ထိပ်တိုက်ဆုံးမိရာက ပစ်ခတ်ဖြိုခွင်းခဲ့လို့ ဆန္ဒပြသူ လူ ၅ ယောက် သေဆုံးသွားခဲ့ပါတယ်။

အဲ့ဒီ သေဆုံးသူ လူ ၅ ယောက်ဟာ ဆရာမဒေါ်မြင့်မြင့်ဇင် (၃၆နှစ်)၊အောင်ချမ်းသာရပ်၊ မုံရွာ၊ ကိုမိုးအောင် (၂၃နှစ်) ကျူရှင်ဆရာ၊မြဝတီရပ်၊နယ်မြေ(၂)၊မကျော့နန္ဒာအောင် (၂၅နှစ်) ကရုဏာလမ်း၊မြဝတီရပ်၊ မောင်မင်းခန့်ကျော်(ခ)ဖိုးသဲ (၁၇နှစ်)နန္ဒဝန်ရပ်နဲ့အသက်၄၅နှစ်အရွယ် အမည်မသိအမျိုးသား ၁ ယောက်ဖြစ်တယ်လို့ နာရေးကိစ္စကူညီဆောင်ရွက်ပေးနေတဲ့ စေတနာ့ဝန်ထမ်း တစ်ဦးက VOM ကို အတည်ပြုပြောပါတယ်။

ဒါ့အပြင် ဒဏ်ရာရသူ ၂ ဒါဇင်ကျော်ဟာလည်း နီးစပ်ရာ ဆေးရုံးတွေမှာ ဆေးကုသမှုခံယူနေရပြီး ဒီကနေ့ ညနေ ၃ နာရီကျော် အချိန်ထိ သတိမရသေးပဲ မေ့မျောနေတဲ့ လူနာတချို့လည်း ရှိနေတယ်လို့ သိရပါတယ် ။

အဲ့ဒီ လူနာတွေအတွက် သွေးလိုအပ်ချက် အခြေအနေမှာလည်း အရေးပေါ်အဆင့် ရှိနေတယ်လို့ ကျန်းမာရေး အသိုက်အဝန်းဆီက သိရပါတယ်။

ဖြည့်စွက် – ထန်းတောရပ်ကွက်မှာနေထိုင်တဲ့ ကိုဇော်သိန်းအောင်ဟာလည်း ခေါင်းကို ကျည်ထိမှန်ပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာ

Related posts

Leave a Comment

VOM News

FREE
VIEW