ဒဂုံဆိပ်ကမ်းမှာ သေနတ်မှန်ပြီး ​သေဆုံးခဲ့တဲ့ လူငယ်သုံးဦး ရဲ့ ရုပ်အလောင်းပြန်ရ

ရန်ကုန်၊မတ် ၁၆ -၂၀၂၁
အေးချမ်းသူ(VOM)

ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်မှာ မနေ့ မတ်လ(၁၅)ရက် မနက်အစောပိုင်းက ဆန္ဒပြသူတွေကို ဖြိုခွင်းခဲ့တဲ့ဖြစ်စဥ်မှာ ဒဏ်ရာရသေဆုံးခဲ့တဲ့ လူငယ်သုံးဦးရဲ့ ရုပ်အလောင်းကို သင်္ဃန်းကျွန်းဆေးရုံကနေ ပြန်လည်ရရှိ​ခဲ့တယ်လို့ ယုဇနXYZ integration အဖွဲ့ကနေ သိရပါတယ်။

“အဲ့ဒီ၃ဦးက ကျည်ထိမှန်ချိန်မှာ သေဆုံးခဲ့တာမဟုတ်ဘဲ ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက်မှ သင်္ဃန်းကျွန်းဆေးရုံမှာ သေဆုံးခန္ဒာကိုယ်တွေ့ရှိခဲ့တာဖြစ်တယ်”လို့ ယုဇန XYZ integration အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

သေဆုံးသူတွေကတော့ မောင်ခန့်အောင်ဖြိုး ၁၈နှစ်၊ မောင်နန္ဒဖြိုးအောင် အသက်၂၁နှစ်၊မောင်အောင်ဖြိုးထက်တို့ပဲ ဖြစ်ပြီး မနက်ဖြန် နေ့လယ်၂နာရီအချိန် ကျီစုသုဿာန်မှာ မီးသဂြိုလ်မှာဖြစ်ပါတယ်။

ဒဂုံဆိပ်ကမ်းမြို့နယ် ၊ယုဇနဥယျာဥ်မြို့တော်
ပုဏ္ဏမီမှတ်တိုင်အနီးမှာ ဆန္ဒပြသူကိုဖြိုခွင်းခဲ့ရာမှာတော့ သုံးဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူအများအပြားရှိ​ခဲ့တယ်လို့လည်း ရပ်ကွက်နေပြည်သူတစ်ဦးကပြောပါတယ်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ကို မတ်လ(၁၅)ရက်က စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ဒဂုံဆိပ်ကမ်း #သေဆုံးသူသုံးဦး #ရုပ်အလောင်းပြန်ရ

Related posts

Leave a Comment

VOM News

FREE
VIEW