၂၀၂၅ ခုနှစ်မှာ လကမ္ဘာပေါ်ကို လူသားတွေစေလွှတ်ဖို့ နာဆာစီစဉ်

၀ါရှင်တန်၊ နို၀င်ဘာ-၁၄-၂၀၂၁
မျိုးဆက်(VOM)
 
၁၉၇၂ ခုနှစ်မှာ နာဆာရဲ့ လကမ္ဘာခရီးစဉ်နောက်ပိုင်း လကမ္ဘာရဲ့မျက်နှာပြင်ပေါ်ကို လူသားတွေစေလွှတ်ဖို့ နာဆာက ၂၀၂၅ ခုနှစ်မှာ စီစဉ်ထားတယ်လို နာဆာအကြီးအကဲ ဘီလ်နယ်ဆန်က အတည်ပြုပြောဆိုပါတယ်။
 
မျှော်လင့်ထားပေမယ့် ရန်ပုံငွေပြတ်လပ်မှုနဲ့ ဂြိုဟ်ဆင်းယာဉ်တည်ဆောက်ရေးအပေါ် တရားစွဲမှုတွေဖြစ်ပွားခဲ့တာကြောင့် ယခင်စီစဉ်ထားတဲ့ ၂၀၂၄ ခုနှစ်မှာ စေလွှတ်ရေးကို စောင့်ကြည့်လေ့လာသူ အနည်းငယ်ကသာ မျှော်လင့်ခဲ့ကြပါတယ်။
 
ဒီလိုစေလွှတ်ရေး တစ်နှစ်နောက်ဆုတ်လိုက်တာကို နာဆာအကြီးအကဲ ဘီလ်နယ်ဆန်က သတင်းစာရှင်းလင်းပွဲတခုမှာ အတည်ပြုပြောဆိုခဲ့တာဖြစ်ပါတယ်။ Artemis အဲဒီအစီအစဉ်အရ လကမ္ဘာပေါ်ကို ပထမဆုံးအမျိုးသမီးအာကာသယာဉ်မှူးတဦးနဲ့ ၁၃ ယောက်မြောက် အမျိုးသားအာကာသယာဉ်မှူးတဦးတို့ကို စေလွှတ်မှာဖြစ်ပါတယ်။
 
ဒီမစ်ရှင်အတွက် အီလွန်မာ့ခ်ရဲ့ Space X ကုမ္ပဏီက ဂြိုဟ်ဆင်းယာဉ်ကို တည်ဆောက်ပေးဖို့အတွက် စာချုပ်ကို အမေရိကန်အစိုးရတရားသူကြီးတဦးက မကြာသေးမီက အတည်ပြုဆုံးဖြတ်ပေးခဲ့ပါတယ်။
 
လကမ္ဘာခရီးစဉ် နှောင့်နှေးရတာဟာ Space X ကုမ္ပဏီနဲ့ အမေဇုန်တည်ထောင်သူ ဂျက်ဘီဇော့တို့အကြား အာကာသယာဉ်တည်ဆောက်ရေးနဲ့ပတ်သက်ပြီး တရားတဘောင်ဖြစ်တာတွေကြောင့်လို့ နာဆာအကြီးအကဲက ပြစ်တင်ပြောဆိုထားပါတယ်။
 
Ref: BBC
Photo: NASA
 
#voiceofmyanmar #VOM #လကမ္ဘာ #နာဆာ

Related posts

Leave a Comment

VOM News

FREE
VIEW