ဂျာမန်ီမှာ 5G ကွန်ရက်စနစ်အတွက် ဟွာဝေးထုတ်ကုန်တွေ ပိတ်ပင်ဖို့ စီစဉ်နေ

ဘာလင်၊ ဇန်န၀ါရီ-၂၁-၂၀၁၉
မျိုးဆက် (VOM)
ဂျာမနီနိုင်ငံမှာ 5G မိုဘိုင်းကွန်ရက်စနစ်တည်ဆောက်ရာမှာ တရုတ်ကုမ္ပဏီဖြစ်တဲ့ ဟွာဝေးရဲ့ ထုတ်ကုန်တွေကို ပိတ်ပင်ဖို့နည်းလမ်းတွေကို ဂျာမနီအစိုးရက လုပ်ဆောင်နေပါတယ်။
5G မိုဘိုင်းကွန်ရက်စနစ်အတွက် ဟွာဝေးရဲ့ ထုတ်ကုန်တွေကို တားမြစ်နိုင်ဖွယ်ရှိတဲ့ လုံခြုံရေးဆိုင်ရာ လိုအပ်ချက်နည်းလမ်းတွေကို ဂျာမနီအစိုးက ရှာဖွေနေတာဖြစ်ပါတယ်။ နိုင်ငံအတော်များများကလည်း လုံခြုံရေးစိုးရိမ်ပူပန်မှုတွေကြောင့် တရုတ်နည်းပညာ ကုမ္ပဏီ ဟွာဝေးရဲ့ ထုတ်ကုန်တွေကို အသုံးပြုတာတွေကို ရှောင်ရှားဖို့ တွန်းအားပေးနေကြပါတယ်။
5G ကွန်ရက်စနစ်ဟာ အနာဂါတ် မိုဘိုင်းနည်းပညာအတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်။ ကမ္ဘာမှာ ဆက်သွယ်ရေးဆိုင်ရာ ထုတ်ကုန်တွေ အများအပြားထုတ်လုပ်နေတဲ့ ဟွာဝေးအနေနဲ့ ၎င်းရဲ့နည်းပညာတွေဟာ လျှို့ဝှက်ထောက်လှမ်း သတင်းယူနိုင်တယ်ဆိုတဲ့ အန္တရာယ်ရှိတယ်ဆိုပြီး နိုင်ငံအတော်များများကနေ ထုတ်ကုန်တွေသုံးစွဲဖို့ ဆန့်ကျင်တာနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီလို လျှို့ဝှက်ပြီး သတင်းအချက်အလက်ရယူနိုင်တယ်ဆိုတဲ့စွပ်စွဲချက်တွေကို ဟွာဝေးကတော့ အခိုင်အမာငြင်းဆိုထားပါတယ်။
ဂျာမနီ ဒါမှမဟုတ် ဘယ်နိုင်ငံမှာမဆို 5G မိုဘိုင်းကွန်ရက်အတွက် ဟွာဝေးထုတ်ကုန်တွေကို ဘာကြောင့် ငြင်းဆန်တယ်ဆိုတာနဲ့ပတ်သက်ပြီး ယထာဘူတကျတဲ့ အကြောင်းပြချက်ကို မတွေ့ရဘူးလို့ ထုတ်ပြန်ချက်တစ်ရပ်မှာ ဟွာဝေးက ဆိုပါတယ်။
Ref : BBC Photo : Getty Image

 

Related posts

✕
VOM News

FREE
VIEW