ဝေဖန်တာတွေအပေါ် စိတ်ထိခိုက်မခံဘူးဆိုတဲ့ ရွှေအိမ်စည်

ရန်ကုန် ဇန်နဝါရီ ၂၁-၂၀၁၉ သင်းသဒ္ဒါ (VOM) အလှမယ် သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ရွှေအိမ်စည်ကတော့ ဝေဖန်တာတွေအပေါ် စိတ်ထိခိုက်မခံဘူးလို့ ဆိုပါတယ်။ ”အိမ်စည်က ကိုယ့်အတွက် ကောင်းတဲ့ဝေဖန်မှုပဲ ဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် ဆေးဆေးပဲနေပါတယ်။ သိပ်စိတ်ထိခိုက်တာလည်း မခံပါဘူး။ကိုယ်နေတတ်သလိုပဲ နေပါတယ်။ ၂၀၁၉ ခုနှစ်မှာအိမ်စည်ပျော်ရွှင်စွာဖြတ်သန်းမယ်။ကြုံလာသမျှ ပြဿနာတွေကို ရင်ဆိုင်ဖို့အသင့်ပဲ။ ပေါ့ပါးလွတ်လပ်စွာနေသွားမှာပါ”လို့ဆိုပါတယ်။ သူမက လက်ရှိမှာတော့ Model ပိုင်းကိုပဲ အသားပေးလုပ်ဆောင်နေတယ်လို့ သိရပါတယ်။25 % ပညာပေး ရုပ်ရှင်ဇာတ်ကားနဲ့  တခြား ရုပ်ရှင်ဇာတ်ကားတွေကိုလည်း ရိုက်ကူးထားတယ်လို့ သိရပါတယ်။       ယူနှိုက်တက်ဗီးရှင်းပွဲတက် ဖက်ရှင်နဲ့ ပတ်သက်ပြီး ”အိမ်စည်က ခုနောက်ပိုင်း ရိုးရှင်းတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ထားတယ်လေ။ မိန်းမသားဆန်ပြီးတော့ လှလှလေးနဲ့ လှပြီးဆန်အောင် ဒီဇိုင်နာကို ချုပ်ခိုင်းထားတာပါ”လို့ဆိုပါတယ်။ အလှအပ ထိန်းသိမ်းမှုနဲ့ ပတ်သက်ပြီးတော့ မျက်လုံးအတွက်ပဲဖြစ်ဖြစ် အသား အရည်ပတ်သက်ပြီးပဲ…

Read More

မက္ကဆီကို ရေနံပိုက်လိုင်းပေါက်ကွဲမှု သေဆုံးသူ ၈၅ ဦးအထိရှိလာ

မက္ကဆီကိုစီးတီး၊ ဇန်န၀ါရီ-၂၁-၂၀၁၉ မျိုးဆက် (VOM) မက္ကဆီကိုနိုင်ငံအလယ်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ရေနံပိုက်လိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသူအရေအတွက်ဟာ ၈၅ ဦးအထိမြင့်တက်လာကြောင်း မက္ကဆီကို ကျန်းမာရေးဝန်ကြီးက  ဇန်န၀ါရီ ၂၀ ရက်မှာပြောပါတယ်။ ဇန်န၀ါရီ ၁၈ ရက်မှာ တီလာဟူလီပန်ခရိုင် ဟီဒယ်ဂိုပြည်နယ်မှာရှိတဲ့ ရေနံပိုက်လိုင်း ပေါက်ကွဲမှုဖြစ်ပွားချိန်မှာ  လူပေါင်း ၈၀၀ လောက်ဟာ ပေါက်နေတဲ့ ပိုက်လိုင်းက ရေနံတွေကို ခပ်ယူနေကြတာကြောင့် မီးလောင်ကျွမ်းပြီး သေဆုံးခဲ့တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အခင်းဖြစ်ရာနေရာမှာ မီးလောင်ကျွမ်းနေတဲ့ လူသေအလောင်းတွေကျန်ရှိနေဆဲဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖုံးအုပ်ထားပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လူ ၇၄ ဦးကို ဆေးရုံတင်ထားရတယ်လို့ ဟီဒယ်ဂိုပြည်နယ် အုပ်ချုပ်ရေးမှူး အိုမာဖာရက်က ပြောပါတယ်။ မက္ကဆီကို သမ္မတ လိုပက်ဇ်အိုဘရာဒေါရဲ့ ရေနံသူခိုးတွေအပေါ် နှိမ်နှင်းတဲ့ မူဝါဒကြောင့် လောင်စာဆီရှားပါးမှုဖြစ်ပေါ်ပြီး ဒီလိုဖြစ်ရပ် ဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ဝေဖန်ပြောဆိုပါတယ်။ လူတွေက သူတို့ရဲ့ကားတွေအတွက်…

Read More

Grab သုံးဘီး စီးနင်းစဉ် မတော်တဆထိခိုက်မှုဖြစ်ခဲ့ရင် ယာဉ်မောင်းနဲ့ ခရီးသည်တွေကို လျော်ကြေးငွေ ပြန်လည်ပေးအပ်မယ် 

ရန်ကုန် ဇန်န၀ါရီ ၂၁ -၂၀၁၉ TGH (VOM) မြန်မာနိုင်ငံရဲ့ ရှေးဟောင်းမြို့တော်တစ်ခုဖြစ်တဲ့ ပုဂံဒေသမှာ GrabThoneBane စီးနင်းနေစဉ် မတော်တဆ ထိခိုက်မှုတစ်စုံတစ်ရာဖြစ်ပေါ်ခဲ့လျှင် ယာဉ်မောင်းနဲ့ ခရီးသည်တွေအတွက် လျော်ကြေး ငွေပြန်လည်ပေးအပ်သွားမယ်လို့ ကုမ္ပဏီကနေ သိရပါတယ်။ ဒီလိုလုပ်ဆောင်ပေးတာဟာ Grab ရဲ့ အရှေ့တောင်အာရှ ဒေသတွင်း အာမခံပေါ်လစီအရ ဆောင်ရွက် ပေးတာဖြစ်တယ်လို့ Grab Myanmar ရဲ့ Acting Country Manager ဖြစ်သူ Alvin Loh က ပြောပါတယ်။ “ပုဂံမှာ  Grab အက်ပလီကေးရှင်းမလိုဘူး။ကိုယ်သွားချင်တဲ့ခရီးစဉ်ကို စိတ်ကြိုက်ငှားနိုင်တယ်။ အဓိက ကတော့ ယာဉ်မောင်းနဲ့အပြန်အလှန်စကားပြောလို့ရတယ်ဆိုတဲ့ သယ်ယူပို့ဆောင်ရေးပုံစံအသစ်ကိုမိတ်ဆက်ပေးတာပါ။နောက်ပြီးအရပ်ဒေသနဲ့ ကိုက်ညီမှုရှိ အောင်ကြိုတင်စီစဉ်ထားတဲ့ ၀န်ဆောင်မှုဖြစ်ပါတယ်။ပုဂံမှာ သုံးဘီးတရားဝင်မိတ်ဆက်တာကတော့ တစ်လကျော်လောက်ရှိပြီ။ ခရီးသွားတွေလည်းသဘောကျတယ်လို့ ပြန်ကြားရတာရှိတယ်” လို့ ပြောပါတယ်။ ပုဂံဒေသမှာ အသုံးပြုနေပြီဖြစ်တဲ့ GrabThoneBane ငှားရမ်းမှုပုံစံသည် တခြားနေရာဒေသတွေလို…

Read More

ဂျာမန်ီမှာ 5G ကွန်ရက်စနစ်အတွက် ဟွာဝေးထုတ်ကုန်တွေ ပိတ်ပင်ဖို့ စီစဉ်နေ

ဘာလင်၊ ဇန်န၀ါရီ-၂၁-၂၀၁၉ မျိုးဆက် (VOM) ဂျာမနီနိုင်ငံမှာ 5G မိုဘိုင်းကွန်ရက်စနစ်တည်ဆောက်ရာမှာ တရုတ်ကုမ္ပဏီဖြစ်တဲ့ ဟွာဝေးရဲ့ ထုတ်ကုန်တွေကို ပိတ်ပင်ဖို့နည်းလမ်းတွေကို ဂျာမနီအစိုးရက လုပ်ဆောင်နေပါတယ်။ 5G မိုဘိုင်းကွန်ရက်စနစ်အတွက် ဟွာဝေးရဲ့ ထုတ်ကုန်တွေကို တားမြစ်နိုင်ဖွယ်ရှိတဲ့ လုံခြုံရေးဆိုင်ရာ လိုအပ်ချက်နည်းလမ်းတွေကို ဂျာမနီအစိုးက ရှာဖွေနေတာဖြစ်ပါတယ်။ နိုင်ငံအတော်များများကလည်း လုံခြုံရေးစိုးရိမ်ပူပန်မှုတွေကြောင့် တရုတ်နည်းပညာ ကုမ္ပဏီ ဟွာဝေးရဲ့ ထုတ်ကုန်တွေကို အသုံးပြုတာတွေကို ရှောင်ရှားဖို့ တွန်းအားပေးနေကြပါတယ်။ 5G ကွန်ရက်စနစ်ဟာ အနာဂါတ် မိုဘိုင်းနည်းပညာအတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်။ ကမ္ဘာမှာ ဆက်သွယ်ရေးဆိုင်ရာ ထုတ်ကုန်တွေ အများအပြားထုတ်လုပ်နေတဲ့ ဟွာဝေးအနေနဲ့ ၎င်းရဲ့နည်းပညာတွေဟာ လျှို့ဝှက်ထောက်လှမ်း သတင်းယူနိုင်တယ်ဆိုတဲ့ အန္တရာယ်ရှိတယ်ဆိုပြီး နိုင်ငံအတော်များများကနေ ထုတ်ကုန်တွေသုံးစွဲဖို့ ဆန့်ကျင်တာနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီလို လျှို့ဝှက်ပြီး သတင်းအချက်အလက်ရယူနိုင်တယ်ဆိုတဲ့စွပ်စွဲချက်တွေကို ဟွာဝေးကတော့ အခိုင်အမာငြင်းဆိုထားပါတယ်။ ဂျာမနီ ဒါမှမဟုတ် ဘယ်နိုင်ငံမှာမဆို 5G မိုဘိုင်းကွန်ရက်အတွက်…

Read More

ကမ္ဘာ့အသက်အကြီးဆုံးအမျိုးသား အသက် ၁၁၃ နှစ်အရွယ်မှာ ကွယ်လွန်

တိုကျို၊ ဇန်န၀ါရီ-၂၀-၂၀၁၉ မျိုးဆက် (VOM) ကမ္ဘ့ာ့အသက်အကြီးဆုံးအမျိုးသားအဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ အသက် ၁၁၃ နှစ်အရွယ် ဂျပန်လူမျိုး မာဆာဇိုနိုနာကာဟာ ဇန်န၀ါရီ ၂၀ ရက်မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။ ၎င်းဟာ ရူပဗေဒပညာရှင် အိုင်းစတိုင်း နှိုင်းရသီအိုရီကို ထုတ်ဝေခဲ့တဲ့ လွန်ခဲ့တဲ့ ၁၉၀၃ ခုနှစ် ဇူလိုင် ၂၅ ရက်မှာ မွေးဖွားခဲ့ပြီး လွန်ခဲ့တဲ့ ကိုးလက ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသားအဖြစ် ဂင်းနစ်မှတ်တမ်းမှာ သတ်မှတ်ဖော်ပြတာခံခဲ့ရပါတယ်။ နိုနာကာဟာ ဟော့ကိုင်းဒိုးရှိ အာရှိုရိုမြို့က ၎င်းကရဲ့နေအိမ်မှာ ဇန်န၀ါရီ ၂၀ ရက်နံနက်ပိုင်းမှာ ကွယ်လွန်သွားတယ်လို့ ဂျပန်တိုင်းမ်သတင်းဌာနက ဖော်ပြထားပါတယ်။ ၎င်းကွယ်လွန်ချိန်မှာတော့ သားသမီးငါးဦးအနက် အသက်ရှင်နေသူ နှစ်ဦး ကျန်ရှိနေသေးပါတယ်။ အခြား ကမ္ဘာ့အသက်အကြီးဆုံးအမျိုးသားတစ်ဦးလည်း ဂျပန်နိုင်ငံမှ ကီမူရာ အသက် ၁၁၆ နှစ်ဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ နောက်ထပ် အသက်အကြီးဆုံးအမျိုးအဖြစ်…

Read More

အလောင်းတော်ကဿပလမ်း ဖွင့်ပြီး ၁ လအတွင်း ယာဉ်မတော်တဆမှု ၂ ကြိမ်ဖြစ်။

ကနီ ဇန်နဝါရီ ၂၁-၂၀၁၉ ဗျဂ္ဃ (VOM) ဇန်နဝါရီလ ၂၀ ရက်နေ့က ကနီမြို့နယ်ထဲက အလောင်းတော်ကဿပကားလမ်း နတ်ထိပ်အဆင်းမှာ အလောင်းတော်ကဿပဖက်ကနေ ကပိုင်ဖက်ကို ယာဉ်မောင်း စိုးလင်းထွန်းမောင်းလာပြီး ခရီးသည် ၄၀လောက်ပါလာတဲ့ကားဟာ ဘရိတ်ပေါက်ပြီး လမ်းဘေးသစ်ပင်ဝင်တိုက်တဲ့အတွက် ၁၃ ဦးဒဏ်ရာရခဲ့ပါတယ်။ ဒီဖြစ်စဉ်ဖြစ်တဲ့နေရာအပိုင် ချောင်းမရဲကင်းစခန်းမှ တာဝန်ရှိသူတဦးက “စိုးရိမ်ရတဲ့ ပြင်းထန်ဒဏ်ရာတွေတော့ မရခဲ့ဘူး။ ပွန်းပဲတာလောက်ပါပဲ။ ကားက အဆင်းမှာ ဘရိတ်ပေါက်သွားတာပါ။ အဲဒါကနေ လမ်းဘေးသစ်ပင်ဝင်တိုက်မိတာ။ ကားဦးခေါင်းပိုင်းတော့ ကြေသွားတယ်။ခရီးသည် ၄၀ ဦးခန့်ရှိခဲ့ပြီး ၁၃ ဦးမှာ မစိုးရိမ်ရတဲ့ ထိခိုက်ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့လို့ မုံရွာပြည်သူ့ဆေးရုံကြီးကို ပို့ထားတယ်လို့ “  ဖြစ်စဉ်ကို ခုလိုပြောပြပါတယ်။ ယာဉ်မတော်တဆမှုနဲ့ပတ်သက်ပြီး ယာဉ်မဆင်မခြင်မောင်းနှင်ခဲ့တဲ့ ယာဉ်မောင်း စိုးလင်းထွန်း (၃၅ နှစ်)ကိုတော့ ကနီမြို့မရဲစခန်းက ယာဉ်(ပ)၂/၂၀၁၉၊ ရာဇတ်သတ်ကြီးဥပဒေပုဒ်မ ၃၃၈/ ၃၃၇ အရ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့…

Read More

လူဖြစ်ရကျိုးနပ်ချင်တယ်ဆိုတဲ့ သင်ဇာဝင့်ကျော်

ရန်ကုန် ဇန်န၀ါရီ ၂၁-၂၀၁၉ သင်းသဒ္ဒါ (VOM) ပွဲတက်ဖက်ရှင်လန်းလန်းတွေကြောင့်မို့ ပရိသတ် ပိုစိတ်ဝင်စားခြင်းခဲ့ရတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော် ကတော့လူဖြစ်ရကျိုးနပ်ချင်တယ်ဆိုတယ်လို့ ဆိုပါတယ်။ ”အလုပ်ရှုပ်နေတဲ့ သူတစ်ယောက်ဖြစ်နေတဲ့အတွက် ဒီနေ့တရားစခန်း ၀င်ချင်လည်း ၀င်မယ်။နောက်ရက် ပွဲတက်ချင်တက်မယ် ။ခရီးသွားရင်ထွက်ဖြစ်မယ်။ အချိန်ကတော့ သင်ဇာအတွက် အရမ်းကို တန်ဖိုးရှိပါတယ်။ ရတဲ့အချိန်မှာ ကိုယ်လုပ်ချင်တာတွေ အကုန်လုပ်မှာပါ။ လူဆိုတာ နောက်နေ့ဘာဖြစ်မလဲ ကြိုမပြောနိုင်ဘူးလေ။ ဒီနေ့အသက်ရှင်ပေမယ့် နောက်နေ့အသက်ရှင်ချင်မှ ရှင်တာမျိုးဆိုတော့လေ။ အချိန်ရတဲ့အချိန် ကိုယ့်လုပ် တာကို လုပ်ချင်တယ်။ လုပ်ခွင့်ရသူလည်း ဖြစ်ချင်တယ်။လူဖြစ်ရကျိုးလည်း နပ်ချင်တယ်”လို့ဆိုပါတယ်။ သူမကတော့ ပြီးတဲ့လက တရားစခန်းကိုတော့ ၃ ရက်ဝင်ခဲ့တယ်လို့ သိရပါတယ်။၂၀၁၉ ခုနှစ်တော့ ဖက်ရှင်ပိုင်းကိုတော့ အပြောင်းအလဲတွေလုပ်ဆောင်သွားမှာဖြစ်သလို ဖေဖော်ဝါရီလမှာတော့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ တရားစခန်းဝင်ဖြစ်တာနဲ့ ပတ်သက်ပြီးတော့  ”ဒီနေ့ကိုယ့် ဘာပဲ ဖြစ်ဖြစ် နောက်နေ့ တရားစခန်းမ၀င်ရဘူးလို့ ဘယ်သူပြောလို့လဲ။…

Read More

အခန်း(၆)ခန်းပါ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိစာအုပ် ထုတ်ဝေမည်

နေပြည်တော်.ဇန်နဝါရီ ၂၁-၂၀၁၉ ဒီပ(နေပြည်တော် VOM) ဇန်နဝါ(၂၁)ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော်(၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာတော့ တွံတေးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်ရဲ့ ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်သွားခဲ့တာ နှစ်ပေါင်း(၇၀)ကျော် ကြာခဲ့ပေမယ့် ဒီကနေ့အထိ မြန်မာပြည်သူအများစုက မေ့မရတာကြောင့် ဗိုလ်ချုပ်ရဲ့ အတ္ထုပ္ပတ္တိစာအုပ်ကို ထုတ်ဝေဖို့ အစီအစဉ်ရှိပါသလား မေးမြန်းခဲ့ခြင်းအပေါ် အစီအစဉ်ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက လွှတ်တော်မှာဖြေကြားခဲ့ပါတယ်။ ဒုတိယဝန်ကြီးက “ ဈေးကွက်လိုအပ်ချက်အရ ပုံနှိပ်ထုတ်ဝေဖို့ အစီအစဉ်ရှိပါတယ် ယင်းစာအုပ်မှာ အခန်၆ခန်းပါရှိပါတယ် ဗိုလ်ချုပ်အောင်ဆန်းရဲ့အခန်း(၁) လူငယ်ဘဝ ၁၉၁၅ကနေ ၁၉၄၇ အခန်း(၂)တက္ကသိုလ်ကျောင်းသားဘဝ၁၉၃၂မှ၁၉၃၈အခန်း(၃)သခင်ဘဝအခန်း(၄)လက်နက်ကိုင်တော်လှန်ရေး ပြင်ဆင်မှုကာလ ၁၉၄၀မှ၁၉၄၁ အခန်း(၅)စစ်ဗိုလ်ချုပ်ဘဝ၁၉၄၂မှ၁၉၄၅အထိ အခန်း(၆)အမျိုးသားခေါင်းဆောင် ၁၉၄၅မှ၁၉၄၆အထိ စသည်ဖြင့် အကြောင်းအရာစုံလင်အောင် ရေးသားပြုစုထားပြီး ဖြစ်ပါတယ်လို”့ ဆိုခဲ့ပါတယ် ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနဲ့ထုတ်ဝေရေးဌာန စာပေဗိမ္မာန်အနေနဲ့ ၁၉၇၁ခုနှစ်မှာ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းများ ၁၇.၃.၄၅ကနေ ၁၉.၇.၄၇အထိ ထုတ်ဝေခဲ့ပြီး ဖြစ်ပါတယ်လို့လည်း…

Read More

လေးနှစ်အသုံးပြုနိုင်ပြီး တခြားပစ္စည်းတွေထက် ငါးဆဈေးချိုတဲ့လက်မောင်းတွင်းထည့်သားဆက်ခြားပစ္စည်း ဈေးကွက်အတွင်းစတင်

ရန်ကုန် ဇန်နဝါရီ ၂၁-၂၀၁၉ TGH (VOM) လက်ရှိဈေးကွက်မှာရှိနေတဲ့ တခြားသောလက်မောင်းတွင်းထည့် သားဆက်ခြားပစ္စည်းတွေထက် ကုန်ကျစရိတ်ငါးဆ သက်သာနိုင်မယ့် လက်မောင်းတွင်းထည့်သားဆက်ခြားပစ္စည်းထုတ်ကုန်သစ်ကို DKT International(Myanmar)က  လေဒီယာ Implanex II အမည်နဲ့ပြည်တွင်း ဈေးကွက်အတွင်းမှာရှိ အမျိုးသမီးတွေထံကို မိတ်ဆက်ခဲ့တာပဲဖြစ်ပါတယ်။ DKT International(Myanmar)ရဲ့ Head of Tranining ဖြစ်သူ ဒေါက်တာဖြိုးသီဟက ” ဒီပစ္စည်းက မြန်မာနိုင်ငံမှာရှိတဲ့ တခြားသားဆက်ခြားနည်းလမ်းတွေနဲ့ပတ်သက်တဲ့ အတွေးအဆတွေကိုပြောင်းလဲသွားမှာပါ။ နောက်ပြီးဒါက ၉၉ရာခိုင်နူန်း ထိရောက်မှုရှိပါတယ်။ လူတန်းစား အလွှာအသီးသီးမှာရှိတဲ့အမျိုးသမီးတိုင်းအတွက်ရည်ရွယ်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်”လို့ဆိုပါတယ်။ လက်မောင်းတွင်းထည့်သားဆက်ခြား ပစ္စည်းတွေနဲ့ပတ်သက်ပြီးသတိထားစရာကိစ္စလည်းရှိတယ်လို့ဆိုပါတယ်။ လူတိုင်းနဲ့သင့်တော်မှု ရှိနိုင် မရှိနိုင်ကို သေချာမသိရှိနိုင်တဲ့အတွက် ပစ္စည်းမထည့်သွင်းမီ ကျွမ်းကျင်ဆရာဝန်တွေရဲ့ ညွှန်ကြားချက်ခံယူဖို့လိုကြောင်း၊ ကျန်မာရေးစစ်ဆေးမှုတွေပြုလုပ်သင့်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် သားဆက်ခြားပစ္စည်းထည့်သွင်းတဲ့ ဆောင်ရွက်ပုံအဆင့်ဆင့်ကိုလည်း ခွင့်ပြုချက်ရရှိထားတဲ့ ကျန်းမာရေးဆေးရုံ၊ဆေးခန်းမှာသာ ပြုလုပ်ရမှာဖြစ်ပါတယ်။ အဆိုပါ ထုတ်ကုန်အသစ်ဟာဆိုရင် အချိန်ကာလအားဖြင့် ၄ နှစ်အထိအသုံးပြုနိုင်မှာဖြစ်သလို  မြန်မာကျပ်ငွေ…

Read More

မင်းပြားမြို့နယ်က ဘင်္ဂါလီကျေးရွာမီးလောင် အိမ်လေးဆောင်လောင်ကျွမ်း

မင်းပြား၊ ၂၀-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်းရှိ  စမ္ဘလယ်ဘင်္ဂါလီကျေးရွာတွင် ယနေ့နံနက် ၁ နာရီခွဲအချိန်က မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ မီးလောင်ကျွမ်းသွားတဲ့အခြေအနေကို  မင်းပြားမြို့ မီးသတ်ဦးစီးမှူးက “မီးလောင်တာဟုတ်ပါတယ်။ ဒီမနက် ၁ နာရီခွဲလောက်မှာ စလောင်တာပါ။ အဒူလာကိန်းနေအိမ်မီးဖိုချောင်ရဲ့ မီးကြွင်းမီးကျန်ကနေ လောင်သွားတာပါ။ နေအိမ်လေးဆောင်လောင်ကျွမ်းသွားပါတယ်။”လို့  ပြောပါတယ်။ မီးလောင်မှုဖြစ်ပွားပုံမှာ မီးစတင်လောင်ကျွမ်းခဲ့တဲ့ နေအိမ်ပိုင်ရှင် အဒူလာကိန်းရဲ့ ဖခင်ဖြစ်သူမှာ ထမင်းချက်စားပြီး ကျန်ခဲ့တဲ့မီးကနေတစ်ဆင့် ဘေးထရံကိုကူးစက်လောင်ကျွမ်းခဲ့တာဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့က ပြောပါတယ်။ “မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုးကတော့ ၁၄ သိန်း ၅ သောင်းဖြစ်ပါတယ်။ မီးစလောင်တဲ့ အိမ်ပိုင်ရှင် အဒူလာကိန်းကိုတော့ အမှုဖွင့်ထားပါတယ်။ တရားစွဲဆိုတာတွေကိုတော့ ရဲတပ်ဖွဲ့ကဆောင်ရွက်မှာဖြစ်ပါတယ်။”လို့ မီးသတ်ဦးစီးမှူးက ပြောပါတယ်။ ဒါ့အပြင် မင်းပြားမြို့မှာ အခလ ၁၂ ရက်နေ့ကလည်း ဥက္ကာပျံရပ်ကွက် ကံ့ကော်မြိုင်လမ်းကနေအိမ်တစ်လုံးဟာ ဘုရားမီးပူဇော်ရာကနေ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ပြီးခဲ့တဲ့ဒီဇင်ဘာလ ၈ ရက်နေ့ကလည်း မြောက်ဦးမှာ…

Read More
VOM News

FREE
VIEW