မင်းပြားမြို့နယ်က ဘင်္ဂါလီကျေးရွာမီးလောင် အိမ်လေးဆောင်လောင်ကျွမ်း

မင်းပြား၊ ၂၀-၂၀၁၉
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်းရှိ  စမ္ဘလယ်ဘင်္ဂါလီကျေးရွာတွင် ယနေ့နံနက် ၁ နာရီခွဲအချိန်က မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။
မီးလောင်ကျွမ်းသွားတဲ့အခြေအနေကို  မင်းပြားမြို့ မီးသတ်ဦးစီးမှူးက “မီးလောင်တာဟုတ်ပါတယ်။ ဒီမနက် ၁ နာရီခွဲလောက်မှာ စလောင်တာပါ။ အဒူလာကိန်းနေအိမ်မီးဖိုချောင်ရဲ့ မီးကြွင်းမီးကျန်ကနေ လောင်သွားတာပါ။ နေအိမ်လေးဆောင်လောင်ကျွမ်းသွားပါတယ်။”လို့  ပြောပါတယ်။

မီးလောင်မှုဖြစ်ပွားပုံမှာ မီးစတင်လောင်ကျွမ်းခဲ့တဲ့ နေအိမ်ပိုင်ရှင် အဒူလာကိန်းရဲ့ ဖခင်ဖြစ်သူမှာ ထမင်းချက်စားပြီး ကျန်ခဲ့တဲ့မီးကနေတစ်ဆင့် ဘေးထရံကိုကူးစက်လောင်ကျွမ်းခဲ့တာဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

“မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုးကတော့ ၁၄ သိန်း ၅ သောင်းဖြစ်ပါတယ်။ မီးစလောင်တဲ့ အိမ်ပိုင်ရှင် အဒူလာကိန်းကိုတော့ အမှုဖွင့်ထားပါတယ်။ တရားစွဲဆိုတာတွေကိုတော့ ရဲတပ်ဖွဲ့ကဆောင်ရွက်မှာဖြစ်ပါတယ်။”လို့ မီးသတ်ဦးစီးမှူးက ပြောပါတယ်။

ဒါ့အပြင် မင်းပြားမြို့မှာ အခလ ၁၂ ရက်နေ့ကလည်း ဥက္ကာပျံရပ်ကွက် ကံ့ကော်မြိုင်လမ်းကနေအိမ်တစ်လုံးဟာ ဘုရားမီးပူဇော်ရာကနေ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ပြီးခဲ့တဲ့ဒီဇင်ဘာလ ၈ ရက်နေ့ကလည်း မြောက်ဦးမှာ ဆီဆိုင်တန်းတွေမီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar#မင်းပြား#ဘင်္ဂလီရွာမီးလောင်

Related posts

Leave a Comment

VOM News

FREE
VIEW