ကမ္ဘာ့အသက်အကြီးဆုံးအမျိုးသား အသက် ၁၁၃ နှစ်အရွယ်မှာ ကွယ်လွန်

တိုကျို၊ ဇန်န၀ါရီ-၂၀-၂၀၁၉

မျိုးဆက် (VOM)

ကမ္ဘ့ာ့အသက်အကြီးဆုံးအမျိုးသားအဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ အသက် ၁၁၃ နှစ်အရွယ် ဂျပန်လူမျိုး မာဆာဇိုနိုနာကာဟာ ဇန်န၀ါရီ ၂၀ ရက်မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။

၎င်းဟာ ရူပဗေဒပညာရှင် အိုင်းစတိုင်း နှိုင်းရသီအိုရီကို ထုတ်ဝေခဲ့တဲ့ လွန်ခဲ့တဲ့ ၁၉၀၃ ခုနှစ် ဇူလိုင် ၂၅ ရက်မှာ မွေးဖွားခဲ့ပြီး လွန်ခဲ့တဲ့ ကိုးလက ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသားအဖြစ် ဂင်းနစ်မှတ်တမ်းမှာ သတ်မှတ်ဖော်ပြတာခံခဲ့ရပါတယ်။

နိုနာကာဟာ ဟော့ကိုင်းဒိုးရှိ အာရှိုရိုမြို့က ၎င်းကရဲ့နေအိမ်မှာ ဇန်န၀ါရီ ၂၀ ရက်နံနက်ပိုင်းမှာ ကွယ်လွန်သွားတယ်လို့ ဂျပန်တိုင်းမ်သတင်းဌာနက ဖော်ပြထားပါတယ်။

၎င်းကွယ်လွန်ချိန်မှာတော့ သားသမီးငါးဦးအနက် အသက်ရှင်နေသူ နှစ်ဦး ကျန်ရှိနေသေးပါတယ်။ အခြား ကမ္ဘာ့အသက်အကြီးဆုံးအမျိုးသားတစ်ဦးလည်း ဂျပန်နိုင်ငံမှ ကီမူရာ အသက် ၁၁၆ နှစ်ဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။

နောက်ထပ် အသက်အကြီးဆုံးအမျိုးအဖြစ် မှတ်တမ်းဝင်ခဲ့သူတစ်ဦးမှာ ၁၉၀၃ ခုနှစ် ဇန်န၀ါရီ ၂ ရက်မှာ  မွေးဖွားခဲ့တဲ့  ဂျပန်နိုင်ငံသား ကာနီတာနာကာ ဆိုသူဖြစ်ပြီး အသက် ၁၁၆ နှစ် ၁၈ ရက်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

Ref :UPI

Photo : Guinness World Records

#voiceofmyanmar#ကမ္ဘာ့အသက်ကြီးဆုံးဂျပန်အဘိုးအိုကွယ်လွန်

 

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW