လေးနှစ်အသုံးပြုနိုင်ပြီး တခြားပစ္စည်းတွေထက် ငါးဆဈေးချိုတဲ့လက်မောင်းတွင်းထည့်သားဆက်ခြားပစ္စည်း ဈေးကွက်အတွင်းစတင်

ရန်ကုန် ဇန်နဝါရီ ၂၁-၂၀၁၉

TGH (VOM)

လက်ရှိဈေးကွက်မှာရှိနေတဲ့ တခြားသောလက်မောင်းတွင်းထည့် သားဆက်ခြားပစ္စည်းတွေထက် ကုန်ကျစရိတ်ငါးဆ သက်သာနိုင်မယ့် လက်မောင်းတွင်းထည့်သားဆက်ခြားပစ္စည်းထုတ်ကုန်သစ်ကို DKT International(Myanmar)က  လေဒီယာ Implanex II အမည်နဲ့ပြည်တွင်း ဈေးကွက်အတွင်းမှာရှိ အမျိုးသမီးတွေထံကို မိတ်ဆက်ခဲ့တာပဲဖြစ်ပါတယ်။

DKT International(Myanmar)ရဲ့ Head of Tranining ဖြစ်သူ ဒေါက်တာဖြိုးသီဟက

” ဒီပစ္စည်းက မြန်မာနိုင်ငံမှာရှိတဲ့ တခြားသားဆက်ခြားနည်းလမ်းတွေနဲ့ပတ်သက်တဲ့ အတွေးအဆတွေကိုပြောင်းလဲသွားမှာပါ။ နောက်ပြီးဒါက ၉၉ရာခိုင်နူန်း ထိရောက်မှုရှိပါတယ်။ လူတန်းစား အလွှာအသီးသီးမှာရှိတဲ့အမျိုးသမီးတိုင်းအတွက်ရည်ရွယ်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်”လို့ဆိုပါတယ်။

လက်မောင်းတွင်းထည့်သားဆက်ခြား ပစ္စည်းတွေနဲ့ပတ်သက်ပြီးသတိထားစရာကိစ္စလည်းရှိတယ်လို့ဆိုပါတယ်။ လူတိုင်းနဲ့သင့်တော်မှု ရှိနိုင် မရှိနိုင်ကို သေချာမသိရှိနိုင်တဲ့အတွက် ပစ္စည်းမထည့်သွင်းမီ ကျွမ်းကျင်ဆရာဝန်တွေရဲ့ ညွှန်ကြားချက်ခံယူဖို့လိုကြောင်း၊ ကျန်မာရေးစစ်ဆေးမှုတွေပြုလုပ်သင့်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် သားဆက်ခြားပစ္စည်းထည့်သွင်းတဲ့ ဆောင်ရွက်ပုံအဆင့်ဆင့်ကိုလည်း ခွင့်ပြုချက်ရရှိထားတဲ့ ကျန်းမာရေးဆေးရုံ၊ဆေးခန်းမှာသာ ပြုလုပ်ရမှာဖြစ်ပါတယ်။

အဆိုပါ ထုတ်ကုန်အသစ်ဟာဆိုရင် အချိန်ကာလအားဖြင့် ၄ နှစ်အထိအသုံးပြုနိုင်မှာဖြစ်သလို  မြန်မာကျပ်ငွေ ၁၈၀၀၀ကျပ်နဲ့ ရောင်းချထားတယ်လို့လည်းသိရပါတယ်။

အစိုးရအနေနဲ့ကလည်း မိခင်နှင့်ရင်သွေးတွေ သေဆုံးမှု ၊ရောဂါဖြစ်ပွားမှု ၊မသန်စွမ်းမှု နဲ့ပုံမှန်ဖွံ့ဖြိုးမှုမရှိတဲ့ ကလေးငယ်တွေ မွေးဖွားနေခြင်းကနေကာကွယ်နိုင်စေဖိုနဲ့  မလိုလားအပ်တဲ့ အသက်ဆုံးရှုံးမှုတွေကိုကယ်တင်နိုင်ဖို့အတွက်မိသားစုစီမံကိန်းရေးဆွဲခြင်းအခန်းကဏ္ဍမှာ ပါဝင်နေကြောင်း ရှုမြင်သုံးသပ်ထားတယ်လို့ သိရပါတယ်။

လာမည့် ၂၀၂၀ ခုနှစ်မှာ  မြန်မာနိုင်ငံရဲ့ သားဆက်ခြားခြင်းဆိုင်ရာ ပျံ့နှံ့မှုနှုန်း(CPR)ကို ၄၁ ရာခိုင်နူန်းကနေ  ၆၀ ရာခိုင်နူန်းအထိ မြှင့်တင်သွားမယ်လို့သိရပါတယ်။

#voiceofmyanmar#လက်မောင်းတွင်းထည့်သားဆက်ခြားပစ္စည်းသစ်

 

Related posts

Leave a Comment

VOM News

FREE
VIEW