နေပြည်တော် NLD ဥက္ကဋ္ဌ ဦးမင်းသူကို ထောင်နှစ်နှစ် အမိန့်ချပြီး ရမည်းသင်းထောင်ပို့

ဒီဇင်ဘာ ၂၃၊၂၀၂၁
KK(VOM)
 
နေပြည်တော် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ NLD ဥက္ကဋ္ဌ ဦးမင်းသူကို မနေ့က နေပြည်တော်အချုပ်ထောင် အထူးတရားရုံးကနေ ထောင်ဒဏ် ၂နှစ်ချမှတ်ပြီး ဒီကနေ့မနက်ပိုင်း ရမည်သင်းအကျဥ်းထောင်ကိုပို့လိုက်တယ်လို့ NLD ပါတီဝင်တွေဆီက သိရပါတယ်။
 
ဦးမင်းသူဟာ နေပြည်တော်ကောင်စီနယ်မြေအတွင်းက အစိုးရဝန်ထမ်းတွေကို CDM မှာ ပါဝင်လာဖို့ လှုံ့ဆော်ခဲ့လို့ ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆိုခဲ့တာဖြစ်တယ်လို့ NLDပါတီဝင်တဦးက ပြောပါတယ်။
 
“ပုဒ်မ ၅၀၅(က)အတွက်ကထောင်ဒဏ်၂နှစ်အမိန့်ချတယ် နောက်ထပ် ကိုဗစ်ဥပဒေနဲ့လည်း အမှုဖွင့်ထားလို့ မနေ့ကစစ်သေးတယ်”လို့ သူကပြောပါတယ်။
 
လက်တလောမှာ ဦးမင်းသူကို သဘာဝဘေးအန္တရယ်စီမံခန်ခွဲမှုဥပဒေပုဒ်မ ၂၅ နဲ့ ဒုရဲမှုးကြီးသန်းအေးက တရားစွဲဆိုထားတဲ့အတွက် ထပ်မံစစ်ဆးနေဆဲပဲလို့ NLD ပါတီဝင်တွေဆီက သိရပါတယ်။
 
ဦးမင်းသူကို စစ်တပ်ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ဥတ္တရသီရိမြို့နယ်က ရွှေဂုံတိုင်ဟိုတယ်မှာ စစ်တပ်က ဖမ်းဆီးခဲ့ပြီး ပုဗ္ဗသီရိ မြို့နယ် ပတ္တာရဲစခန်းမှာ၅၀၅(က) ဖြင့် အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။
 
ထောင်ဒဏ် ၂နှစ်ချမှတ်ခံရသူ ဦးမင်းသူမှာ နေပြည်တော် NLD ပါတီဥက္ကဋ္ဌတဦးဖြစ်သလို NLD အစိုးရလက်ထက်မှာ နေပြည်တော်စည်ပင်သာယာရေး ကော်မတီဝင်(၂)အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။
 
ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်သူလွှတ်တော်ဒုဥက္ကဌတို့ကိုလည်း မနေ့က ထောင်အထူးတရားရုံးတွေကနေ ထောင်ဒဏ်သုံးနှစ်၊လေးနှစ် စသဖြင့် အမိန့်ချမှတ်ခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #ဦးမင်းသူ

Related posts

✕
VOM News

FREE
VIEW