ထိုင်းမှာ ဆေးခြောက်ပင်တွေ တရား၀င် စိုက်ပျိုးရောင်းချနိုင်ပြီ

ဗန်ကောက်၊ ဇွန်-၉-၂၀၂၂
မျိုးဆက်(VOM)

ထိုင်းနိုင်ငံမှာ ဆေးခြောက်ကို တားမြစ်ထားတဲ့ မူးယစ်ဆေးဝါးစာရင်းကနေ ဖယ်ရှားပြီးနောက် ထိုင်းပြည်သူတွေဟာ သူတို့ရဲ့နေအိမ်တွေမှာ ဆေးခြောက်ပင်တွေကို စိုက်ပျိုးရောင်းချနိုင်ပြီဖြစ်ပါတယ်။

မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး တင်းကြပ်တဲ့ ဥပဒေတွေချမှတ်ထားတဲ့ အရှေ့တောင်အာရှဒေသမှာ ထိုင်းနိုင်ငံဟာ ဆေးခြောက်ကို မူးယစ်ဆေးဝါးစာရင်းကနေ ပယ်ဖျက်ပေးလိုက်တဲ့ ပထမဆုံးနိုင်ငံဖြစ်ပါတယ်။

ဒါပေမယ့် ဆေးခြောက်ကို အပန်းဖြေအသုံးပြုမှုကို တားမြစ်ထားဆဲဖြစ်ပါတယ်။

ဆေးခြောက်နဲ့ပတ်သက်ပြီး ဖြေလျှော့မှုတွေ ပြုလုပ်လိုက်ပြီးနောက် ပြည်တွင်းဆေးခြောက်ရောင်း၀ယ်မှု တိုးတက်လာခြင်းက စိုက်ပျိုးရေးနဲ့ ခရီးသွားလုပ်ငန်းကို မြှင့်တင်နိုင်မယ်လို့ ထိုင်းအစိုးရက မျှော်လင့်နေပါတယ်။

ဆေးခြောက်နဲ့ လျှော်ပင်တွေကနေ ၀င်ငွေရှာဖို့ ပြည်သူတွေနဲ့ နိုင်ငံအတွက် အခွင့်အလမ်းဖြစ်တယ်လို့ ထိုင်း ဒုတိယ၀န်ကြီးချုပ်နဲ့ ကျန်းမာရေး၀န်ကြီး အနူတင်ချာဗီရာကူက ထုတ်ဖော်ပြောဆိုထားပါတယ်။

ပြည်သူတွေအနေနဲ့ ဇွန် ၉ ရက်မှစပြီး အာဏာပိုင်များထံတင်ပြကာ နေအိမ်မှာ ဆေးခြောက်ပင် ခြောက်ပင်ထိ စိုက်ပျိုးနိုင်ပြီး ကုမ္ပဏီတွေအနေနဲ့လည်း ခွင့်ပြုချက်ယူကာ စိုက်ခင်းပြုလုပ်နိုင်မှာဖြစ်ပါတယ်။

စားသောက်ဆိုင်တွေမှာလည်း ဆေးခြောက်ပါ၀င်တဲ့ အစားအသောက်တွေကို မှာယူစားသုံးနိုင်တော့မှာဖြစ်ပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ဗန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW