မြန်မာ့နိုင်ငံရေး အကျပ်အတည်းနဲ့ အာဆီယံအထူးသံတမန်ရဲ့ ဒုတိယမ္ပိ ဝိရောဓိခရီးစဉ်

ဇွန် ၁၀-၂၀၂၂ မျိုးဆက်(VOM) မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံရေးအကျပ်အတည်းနဲ့ပတ်သက်ပြီး ဖြေရှင်းဖို့ရည်ရွယ်ကာ အာဆီယံအထူးသံတမန်ဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံခြားရေး၀န်ကြီး ပရက်ခ်ဆိုခွန်ဟာ အခုလထဲမှာ မြန်မာနိုင်ငံကို ဒုတိယကြိမ်အဖြစ် လာရောက်ဖို့ရှိနေပါတယ်။ ဒီခရီးစဉ်မှာ အပြုသဘောဆောင်တဲ့ ရလဒ်တွေထွက်ပေါ်ဖို့၊ မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ ပါ၀င်သူတွေအားလုံးနဲ့ ပိုမိုကျယ်ပြန့်စွာတွေ့ဆုံနိုင်မယ်လို့ မျှော်လင့်ကြောင်း အထူးသံတမန်က ထုတ်ဖော်ပြောဆိုထားပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်မှုတွေ၊ ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေး၊ ဆိုးရွားလာနေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေစတဲ့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အာဆီယံအထူးသံတမန်က မေ ၂၇ ရက်က ရှင်းလင်းတင်ပြခဲ့ပါတယ်။ အာဆီယံအထူးသံတမန် ပရက်ခ်ဆိုခွန်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန် နိုရယ်လင်းဟေဇာပါတက်ရောက်ခဲ့တဲ့ ဒီအစည်းအဝေးမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကြေညာချက်တစောင်ကို လုံခြုံရေးကောင်စီက ထုတ်ပြန်ချက်ထုတ်ဖို့ ဗြိတိန်ရဲ့အဆိုပြုမှုဟာ တရုတ်နဲ့ရုရှားတို့ရဲ့ ကန့်ကွက်မှုကြောင့် အကောင်အထည်မပေါ်ခဲ့ပါဘူး။ အဓိကအားဖြင့် အာဆီယံ ဘုံသဘောတူညီချက်တွေကို မြန်မာဘက်က…

Read More

တွံတေးမြို့နယ်မှာ ဆိုင်ကယ်စီးခွင့် ရက်အကန့်အသတ်မရှိ ပိတ်

ဇွန် ၉-၂၀၂၂ KK(VOM) တွံတေးမြို့နယ်မှာ မနက်ဖြန်ကစပြီး ဆိုင်ကယ်စီးခွင့်ကို ရက်အကန်အသတ်မရှိပိတ်လိုက်ပြီလို့ မြို့ခံတွေဆီက သိရပါတယ်။ တွံတေးမြို့နယ်က ရပ်ကွက်နဲ့ကျေးရွာအချို့မှာ ဒီကနေ့ နေလယ်ပိုင်းက အုပ်ချုပ်ရေးတာဝန်ရှိသူတွေဟာ ဇွန် ၁၀ ရက်မှစတင်ကာ ဆိုင်ကယ်စီးခွင့်ကို ရက်အကန့်အသတ်မရှိပိတ်လိုက်ကြောင်း လိုက်လံကြေညာနေတယ်လို့ မြသီတာရပ်ကွက်နေသူတဦးက ပြောပါတယ်။ “သုံးဘီးနဲ့လိုက်ကြေညာနေတာ ရွှေဆံတော်ဘုရားလမ်းအတိုင်း၊ မနက်ဖြန်ကစပြီး ဆိုင်ကယ်စီးခွင့်ကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်တယ်ဆိုပြီး”လို့ သူကပြောပါတယ်။ ဒီလိုဆိုင်ကယ်ပိတ်လိုက်တာဟာ အခြေခံလူတန်းစားတွေသာမက ရုံးဝန်ထမ်းနဲ့ဌာနဆိုင်ရာဝန်ထမ်းတွေပါ စီးခွင့်မပြုဘူးကြောင်း သိရတယ်လို့ အမည်မဖော်လိုသူတဦးက ပြောပါတယ်။ “ရန်ကုန်မှာ အလုပ်သွားလုပ်တဲ့သူတွေ ပိုခက်ခဲသွားတယ်၊ ဒလဘက်မှာလည်း ဆိုင်ကယ်ရော သမ္ဗန်ရောပိတ်၊ အခုတွံတေးထပ်ပိတ်တယ်”လို့ သူကပြောပါတယ်။ ဒါ့အပြင် တွံတေးနဲ့နီးစပ်နေတဲ့ ကော့မှုးမြို့နယ်ဘက်ကို ဆိုင်ကယ်စီးခွင့်ပိတ်မယ်ဆိုတဲ့အသံတွေ ကြားနေတာကြောင့် ဆိုင်ကယ်နဲ့ကုန်ရောင်းကုန်ဝယ်လုပ်သူတွေအခက်အခဲဖြစ်ရတယ်လို့ စမ်းရွာမှာနေထိုင်သူတဦးက ပြောပါတယ်။ အခုလို ဆိုင်ကယ်စီးခွင့်ပိတ်လိုက်တာဟာ တွံတေးမြို့နယ်က ကံဘဲ့ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရေကျော်စုကျေးရွာရှိအမျိုးသားတဦးရဲ့ နေအိမ်ကို ကျည်ဆံနဲ့အတူ သတိပေးစာပေးပို့ခဲ့တာနဲ့သက်ဆိုင်နေတယ်လို့…

Read More

မိတ္ထီလာနယ်မှာ နေအိမ်တအိမ် အနုကြမ်းစီးခံရပြီး ရွှေထည်နဲ့​ငွေသားတွေပါသွား

ဇွန် ၉-၂၀၂၂ VOM (GG) မိတ္ထီလာမြို့နယ် ၊ တောမအုပ်စု၊ ပေါက်ပင်သာရွာက နေအိမ်တစ်အိမ် အနုကြမ်းစီးခံရပြီး ရွှေထည်ပစ္စည်းနဲ့ငွေသားတွေ ပါသွားတယ်လို့ သိရပါတယ်။ မနေ့ ဇွန်လ ၇ ရက်နေ့ မနက်အစောပိုင်းမှာ မျက်နှာဖုံး စွပ်ထားတဲ့ အမျိုးသား၅ယောက်ရောက်လာပြီး ရွှေတကျပ်သားနဲ့အတူ ငွေသားလေးသိန်းကျော်ကို ဓားပြတိုက်ပြီး ယူဆောင်သွားတာဖြစ်တယ်လို့ ဒေသခံတဦးကပြောပါတယ်။ ” ၇ရက်နေ့ မနက် ၁နာရီခွဲလောက်ကဖြစ်တာ၊သူတို့ မိသားစုအိပ်နေတဲ့အချိန် လူ၅ယောက်လောက်က မျက်နှာဖုံးစွပ်တွေနဲ့ဝင်လာတယ်၊ ဝင်လာပြီးတော့ သူတို့ကိုဓားနဲ့ထောက်ပြီးတော့ ပစ္စည်းတွေယူသွားတယ်၊ရွှေက၁ကျပ်သား​ကျော်လောက်ပါတယ်၊ငွေကတော့ အိမ်ဆောက်ဖို့ဆိုပြီး စုထားတဲ့၄သိန်းကျော်လောက်ပါသွားတယ်ပြောတယ် “လို့ ဒေသခံတဦးက ပြောပါတယ် ။ ဓားပြတိုက်သူတွေဟာ ငွေသားနဲ့ရွှေထည်ပစ္စည်းသာယူသွားပြီး ဆိုင်ကယ်နဲ့ဖုန်းတွေကိုတော့ ယူသွားတာမရှိကြောင်း၊ အိမ်ပိုင်ရှင်မိသားစုကိုလည်း ရန်ပြုသွားတာမျိုးမရှိဘူးလို့ သိရပါတယ်။ ဓားပြတိုက်ခံရတဲ့မိသားစုကလည်း သက်ဆိုင်ရာရဲစခန်းကို တိုင်ကြားတာမျိုးမရှိ​သေးဘူးလို့ သိရပါတယ်။ ” သူတို့ကိုခြိမ်းခြောက်သွားသလားဘာလားတော့မသိဘူး၊ရဲစခန်းဘာညာမတိုင်ဘူးလို့မရှိဘူးကြားတယ်၊ ကျနော်တို့လည်း အခုမနက်မှသိရတာ၊ဘယ်သူမှမပြောဘဲနေတဲ့သဘော၊လူတွေကိုရန်ပြုသွားတာမရှိဘူး၊ဆိုင်ကယ်တွေ၊ဖုန်းတွေလည်းယူသွားတာမရှိဘူးပြောတယ် “လို့ ဒေသခံတဦးကပြောပြပါတယ်​။ မိတ္ထီလာမြို့နယ်မှာ…

Read More

အမ်းမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတဦး ဓားဒဏ်ရာ အချက်(၂၀)ကျော်ထိုးခံရပြီး သေဆုံး

ဇွန် ၉-၂၀၂၂ SW(VOM) ရခိုင်ပြည်နယ်၊ အမ်းမြို့မှာ ဒီကနေ့ မနက် ၉ နာရီခန့်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတဦး နေအိမ်အနီး လမ်းမပေါ်မှာ ဓားနဲ့ ထိုးခံရပြီး သေဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။ သေဆုံးသွားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးဟာ အမ်းမြို့ပေါ်၊ အမှတ် (၅) ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်ပြီး အသက် (၃၀) ကျော်အရွယ်ရှိ ဦးချစ်ဇော်ဝင်း (ခ) ဦးပိုင်ပိုင် ဖြစ်တယ်လို့ သိရပါတယ်။ သူ့မှာ ဓားဒဏ်ရာ (၂၂)ချက်လောက်နဲ့ သေဆုံးနေတာဖြစ်ပြီး ရင်ဘတ်နဲ့နောက်ကျောကုန်းတို့မှာ ဓားထိုးဒဏ်ရာတွေတွေ့ရပြီး နောက်ကျောမှာ ဓားဒဏ်ရာတွေ ပိုမိုများတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။ ဓားနဲ့ထိုးသွားတဲ့လူတွေဟာ ဆိုင်ကယ်နှစ်စီးနဲ့ လာရောက်လုပ်ဆောင်သွားတာဖြစ်ပြီး နေအိမ်နဲ့ စစ်မှူးထမ်းဟောင်းရုံးအနီးမှာ အခင်းဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက”ဖြစ်စဉ်ကတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ဘယ်သူတွေ လုပ်သွားလည်း ဆိုတာမသိဘူး။ တရားခံတွေကိုလည်း မမိဘူး”လို့ ပြောပါတယ်။…

Read More

မြန်မာ့သူနာပြုလောကမှာ ထင်ရှားကျော်ကြားတဲ့ သူနာပြုဆရာမကြီး အီလင်းဘာဘရို ကွယ်လွန်

ဇွန် ၉-၂၀၂၂ KK(VOM) မြန်မာ့သူနာပြုလောကမှာ ထင်ရှားကျော်ကြားတဲ့ အသက် ၉၃ ခုနှစ်အရွယ် အီတလီသူနာပြုဆရာမကြီး အီလင်းဘာဘရို(Eileen Barbaro)ဟာ ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့ ညပိုင်းက ကွယ်လွန်သွားတယ်လို့ ကျန်းမာရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်မှာနေထိုင်တဲ့ အငြိမ်းစားသူနာပြုဆရာမကြီး ဒေါ်အီလင်းဘာဘရိုဟာ ဇွန်လ ၇ ရက် ညပိုင်းက အင်းစိန်ဆေးရုံကြီးမှာကွယ်လွန်ခဲ့ပြီး ဒီကနေ့ နေ့လယ်ပိုင်းမှာပဲ ရေဝေးခရစ်ယာန်ဂိုဏ်းပေါင်းစုံသုဿန်ခန်းမမှာ ဆရာမကြီးရဲ့စျာပနကို ပြုလုပ်ခဲ့တယ်လို့ ဆရာဝန်တဦးကပြောပါတယ်။ “မာမီကြီးက ဆေးလောကမှာရော သူနာပြုလောကမှာ အရမ်းတန်ဖိုးမဖြတ်နိူင်တဲ့ သူနာပြုကြီးတယောက်ပါ၊ အစားမထိုးနိူင်အောင်ဖြစ်ရပါတယ်”လို့ သူကပြောပါတယ်။ သူနာပြုဆရာမကြီး အီလင်းဘာဘရိုကို၁၉၂၉ ခုနှစ်မှာ ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့မှာ အီတလီလူမျိုးမိဘနှစ်ပါးဖြစ်တဲ့မစ္စတာလူးစစ်အီးဘီဘာရိုနဲ့ မိခင်ဖြစ်သူဒေါ်ရူဘီတို့က မွေးဖွားခဲ့ပြီး မွေးချင်းမောင်နှမနှစ်ယောက်မှာ သူကအကြီးဖြစ်ပါတယ်။ ရန်ကုန်ကို ၁၉၄၆ ခုနှစ်မှာ ရောက်ရှိလာပြီး မိခင်သူငယ်ချင်းဖြစ်သူ သူနာပြုဆရာမကြီး ဆူဇန်ရဲ့စောင့်ရှောက်မှုကိုခံယူရင်း ရန်ကုန်ပြည်သူဆေးရုံကြီးရဲ့သူနာပြုလောကကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။…

Read More

ယူကရိန်းစစ်ပွဲကြောင့် ကမ္ဘာ့စားနပ်ရိက္ခာ အကျပ်အတည်း ကာလရှည်ကြာနိုင်တယ်လို့ WTO သတိပေး

ဂျီနီဗာ၊ ဇွန်-၉-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းစစ်ပွဲကြောင့် ကမ္ဘာ့စားနပ်ရိက္ခာအကြပ်အတည်းဟာ ကာလရှည်ကြာနိုင်တယ်လို့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)အကြီးအကဲက ဇွန် ၈ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။ အထူးသဖြင့် ဂျုံနဲ့ ဓါတ်မြေသြဇာပြတ်လပ်မှုကြောင့် အာဖရိကနိုင်ငံတွေကို ပိုမိုထိခိုက်နိုင်ကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အကြီးအကဲ အင်ဂိုဇီအိုခွန်ဂျိုဝေလာက ပြောပါတယ်။ ယူကရိန်းစစ်ပွဲကြောင့် ကောက်ပဲသီးနှံတန်ချိန်သန်းပေါင်းများစွာမှာ ကုန်လှောင်ရုံတွေမှာရှိနေပြီး ယူကရိန်းဆိပ်ကမ်းတွေမှတဆင့် တင်ပို့နိုင်ခြင်းမရှိဖြစ်နေပါတယ်။ ဒီအခြေအနေမှာ စိုက်ပျိုးရေးထုတ်ကုန်တွေစျေးကြီးမြင့်လာနေကြောင်း သူကပြောပါတယ်။ ယူကရိန်းဟာ ဂျုံတင်ပို့တဲ့ အဓိကနိုင်ငံဖြစ်ပြီး ကမ္ဘာ့စျေးကွက်ရဲ့ ကိုး ရာခိုင်နှုန်းကို ပံ့ပိုးပေးနေပြီး ကမ္ဘာ့နေကြာဆီစျေးကွက်ရဲ့ ၄၂ ရာခိုင်နှုန်းနဲ့ ပြောင်းစျေးကွက်ရဲ့ ၁၆ ရာခိုင်နှုန်း တင်ပို့နေတဲ့ နိုင်ငံဖြစ်ပါတယ်။ ကမ္ဘာ့ကောက်ပဲသီးနှံစျေးနှုန်းတွေ မြင့်တက်နေချိန်မှာ ပင်လယ်နက်ဆိပ်ကမ်းတွေကို ရုရှားကပိတ်ဆို့ထားတာကြောင့် ဂျုံတန်ချိန်သန်း ၂၀ မှ ၂၅ သန်းအကြား ယူကရိန်းမှာ ပိတ်မိနေပါတယ်။ ယမန်နှစ်ကနဲ့ နှိုင်းယှဉ်ပါက ဂျုံစျေးနှုန်းဟာ ၅၉ ရာခိုင်နှုန်း၊ နေကြာဆီ…

Read More

ထိုင်းမှာ ဆေးခြောက်ပင်တွေ တရား၀င် စိုက်ပျိုးရောင်းချနိုင်ပြီ

ဗန်ကောက်၊ ဇွန်-၉-၂၀၂၂ မျိုးဆက်(VOM) ထိုင်းနိုင်ငံမှာ ဆေးခြောက်ကို တားမြစ်ထားတဲ့ မူးယစ်ဆေးဝါးစာရင်းကနေ ဖယ်ရှားပြီးနောက် ထိုင်းပြည်သူတွေဟာ သူတို့ရဲ့နေအိမ်တွေမှာ ဆေးခြောက်ပင်တွေကို စိုက်ပျိုးရောင်းချနိုင်ပြီဖြစ်ပါတယ်။ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး တင်းကြပ်တဲ့ ဥပဒေတွေချမှတ်ထားတဲ့ အရှေ့တောင်အာရှဒေသမှာ ထိုင်းနိုင်ငံဟာ ဆေးခြောက်ကို မူးယစ်ဆေးဝါးစာရင်းကနေ ပယ်ဖျက်ပေးလိုက်တဲ့ ပထမဆုံးနိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့် ဆေးခြောက်ကို အပန်းဖြေအသုံးပြုမှုကို တားမြစ်ထားဆဲဖြစ်ပါတယ်။ ဆေးခြောက်နဲ့ပတ်သက်ပြီး ဖြေလျှော့မှုတွေ ပြုလုပ်လိုက်ပြီးနောက် ပြည်တွင်းဆေးခြောက်ရောင်း၀ယ်မှု တိုးတက်လာခြင်းက စိုက်ပျိုးရေးနဲ့ ခရီးသွားလုပ်ငန်းကို မြှင့်တင်နိုင်မယ်လို့ ထိုင်းအစိုးရက မျှော်လင့်နေပါတယ်။ ဆေးခြောက်နဲ့ လျှော်ပင်တွေကနေ ၀င်ငွေရှာဖို့ ပြည်သူတွေနဲ့ နိုင်ငံအတွက် အခွင့်အလမ်းဖြစ်တယ်လို့ ထိုင်း ဒုတိယ၀န်ကြီးချုပ်နဲ့ ကျန်းမာရေး၀န်ကြီး အနူတင်ချာဗီရာကူက ထုတ်ဖော်ပြောဆိုထားပါတယ်။ ပြည်သူတွေအနေနဲ့ ဇွန် ၉ ရက်မှစပြီး အာဏာပိုင်များထံတင်ပြကာ နေအိမ်မှာ ဆေးခြောက်ပင် ခြောက်ပင်ထိ စိုက်ပျိုးနိုင်ပြီး ကုမ္ပဏီတွေအနေနဲ့လည်း ခွင့်ပြုချက်ယူကာ စိုက်ခင်းပြုလုပ်နိုင်မှာဖြစ်ပါတယ်။ စားသောက်ဆိုင်တွေမှာလည်း ဆေးခြောက်ပါ၀င်တဲ့…

Read More

မုံရွာမြို့မှာ သိန်း ၁ ထောင်ကျော် အနုကြမ်းစီးသွားတဲ့ အမျိုးသမီးကို ကျောက်ဆည်မှာ ဖမ်းမိ

ဇွန် ၊ ၉-၂၀၂၂ SP( VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ ရတနာပုံရပ်ကွက် ၊ အမှတ် ၃ လမ်း ၊ အိမ်အမှတ် ၆၀ ကို ဇွန် ၆ ရက် မနက်ပိုင်းက တကိုယ်တော် အနုကြမ်းဝင်စီးသွားတဲ့ အမျိုးသမီးကို ကျောက်ဆည်မြို့နယ်မှာ လုရာပါပိုက်ဆံတွေနဲ့အတူ ဖမ်းဆည်းရမိခဲ့တယ်လို့ မုံရွာမြို့နယ်ရဲတပ်ဖွဲ့ကနေ သိရပါတယ်။ ” ဒီလ ၇ ရက်နေ့ ညက သူ့ကိုဖမ်းမိတာပါ ၊ လုယက်သူ အမျိုးသမီးက အဲ့ဒီ အခင်းဖြစ်ပွားတဲ့နေအိမ်မှာ အိမ်ဖော်အဖြစ် အလုပ် လုပ်ခဲ့ဖူးသူ၊ ကျောက်ဆည်မြို့နယ် ဆင်နတ်တောင်ကျေးရွာက မနွယ်နီသန်း ခေါ် မမီးမီးဆိုသူဖြစ်တယ် “လို့ မုံရွာမြို့နယ်ရဲတပ်ဖွဲ့ရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။ အနုကြမ်းစီးတဲ့ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဆက်လက်ရှင်းပြတာက ” အခင်းဖြစ်တဲ့မနက်က အိမ်မှာ…

Read More

ကျောက်စိမ်း လုပ်ကွက်ဟောင်းထဲ ကားတစီးပြုတ်ကျလို့ လူ ၃ ဦး ပျောက်ဆုံးနေ

ဇွန် ၊ ၉-၂၀၂၂ SP(VOM) ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ် ၊ အေးမြသာယာရပ်ကွက်ထဲမှာရှိတဲ့ လုပ်ကွက်ဟောင်း အင်းထဲကို ဒီမနက် ၉ နာရီဝန်းကျင်က အိမ်စီးကား ၁ စီးပြုတ်ကျပြီး အဲ့ဒီ ကားပေါ်မှာ လိုက်ပါလာတဲ့ မိသားစု ၃ ယောက် ရေနစ်ပျောက်ဆုံးနေတယ်လို့ ဖားကန့်မြို့ခံ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ ” မိုးနဲ့ဆိုတော့ စလစ်ဖြစ်ပြီး ကားတိမ်းမှောက်သွားတဲ့အခါ အနားက လုပ်ကွက်ဟောင်း အင်းထဲကို ကားရော၊ လူတွေပါ ပြုတ်ကျသွားတာပါ ၊ အခုအချိန် (ဒီကနေ့ နေ့ခင်းပိုင်း)အထိတော့ ကားရော လူပါ ပြန်ဆယ်နိုင်တာ မရှိသေးဘူး ၊ ရှာဖွေနေဆဲ ဖြစ်တယ်”လို့ ဖားကန့်မြို့ခံ ပရဟိတသမားတယောက်က VOM ကို ပြောပါတယ်။ ဖားကန့်မြို့နယ် ၊ မှော်မောင်းလျှံကျေးရွာက ၊ ကလေးငယ်…

Read More

ထီးလင်းမြို့နယ်မှာ အခြေခံပညာ စာသင်ကျောင်းတွေ အားလုံးနီးပါး မဖွင့်နိုင်သေး

ဇွန် ၊ ၉-၂၀၂၂ SP(VOM) မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ထီးလင်းမြို့နယ်ထဲက အခြေခံပညာ စာသင်ကျောင်းတွေ အားလုံးနီးပါးဟာ ဒီကနေ့အထိ ပြန်ဖွင့်နိုင်တာ မရှိသေးဘူးလို့ ဒေသခံ ကျောင်းသားမိဘတွေဆီက သိရပါတယ်။ ” တမြို့နယ်လုံးမှာရှိတဲ့ စာသင်ကျောင်းတွေအားလုံးနီးပါး မဖွင့်နိုင်သေဘူး ၊ ကျောင်းနေချင်လို့ အပ်မယ်ဆိုရင်တောင် ၊ ကျောင်းအပ်လက်ခံပေမယ့် ဆရာ ၊ဆရာမ မရှိဘူး “လို့ ကျောင်းသားမိဘတဦးက ပြောပါတယ်။ ထီးလင်းမြို့နယ် စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်တဦးက “တစ်မြို့နယ်လုံး ပညာရေးကျောင်းတွေ အသက် မဝင်သေးဘူး ၊ မြို့နယ်ပညာရေးမှူးလည်း မရှိဘူး ၊ ထီးလင်းမြို့နယ်မှာက မြို့ပေါ် ၂ ရပ်ကွက် ၊ ကျေးရွာအုပ်စု ၇၂ အုပ်စု ၊ ကျေးရွာပေါင်း ၉၄ ရွာရှိတယ် ၊ ကျောင်းပြန်ဖွင့်နိုင်ဖို့ ၊ သင်ကြားမှု ၊…

Read More
VOM News

FREE
VIEW